ကျွန်တော့်ရဲ့ ဖုန်းတစ်လုံး လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ပျောက်သွားခဲ့ဖူးပါတယ်။ YBS ကားစပေါ်ခါစ ခါးပိုက်နှိုက်တွေ အရမ်းသောင်းကျန်းနေချိန်မှာ ဈေးဦးအဖောက်ခံလိုက်ရတာပါ။

ကျွန်တော်ပြောချင်တာက ဖုန်းဒါမှမဟုတ်၊ တက်ဘလက်၊ လက်ပ်တော့ စတဲ့ ပစ္စည်းတွေ ပျောက်ရှသွားတဲ့အခါမှာ ကိုယ်ကလည်း ဖုန်း Patten Lock / Screen Lock ဘာမှမခံထားဘူးဆိုရင် အထဲက အထူးသဖြင့် Personal Data တွေပါဝင်နေတဲ့ Facebook နဲ့ Messenger စတဲ့ တွေဟာ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က ဖုန်းပျောက်သွားတဲ့အခါ ဖုန်းထဲက Facebook နဲ့ Messenger ကို Logout လှမ်းလုပ်တဲ့ နည်းလမ်းကို ပြသပေးမှာပါ။ လွယ်လွယ်လေးပဲမို့လို့ စမ်းသပ်ပြီး လုပ်ကြည့်နိုင်ပါတယ်။

အရင်ဆုံး အခြေခံအားဖြင့်လိုအပ်တာက အင်တာနက် ကွန်နက်ရှင်ရှိတဲ့ လက်ပ်တော့ ဒါမှမဟုတ်၊ Desktop တစ်ခုခုပါ။ အထဲက Browser ထဲကို facebook.com နဲ့ Login ဝင်ရမှာ ဖြစ်ပါတယ်။

ဝင်ပြီးသွားပြီဆိုရင်တော့ ညာဘက်အပေါ်နားက အောက်စိုက်မျှားလေးကို ကလစ်လုပ်လိုက်ပါ။ အထဲက Settings ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။ အောက်ကပုံအတိုင်းပါပဲ။

ပြီးရင်တော့ Security and Login ဆိုတဲ့ ဒုတိယမြောက် Tab ထဲကို ဝင်လိုက်ပါ။

အထဲက Where you’re logged in ဆိုတဲ့အထဲကို More လုပ်လိုက်ရင် ယခုသင်သုံးနေတဲ့ Device နဲ့ ယခင်သုံးခဲ့တဲ့ ဖုန်းအမျိုးအစား၊ တည်နေရာ အသေးစိတ်တွေကို ဖော်ပြထားတာကို တွေ့ရမှာပါ။

Active Now ဆိုတာက အခုဝင်ထားတဲ့ ကွန်ပျူတာဖြစ်ပြီး အောက်ဖက်ကတော့ ပျောက်သွားတဲ့ ပစ္စည်းပါ။

ဘေးနားက အစက်သုံးစက် Menu ကို ကလစ်လုပ်ပြီး Log Out နှိပ်လိုက်တာနဲ့ အဲ့ဒီ Tab ပျောက်သွားမှာပါ။

အဲ့ဒါက Log Out လုပ်လိုက်ပြီဆိုတဲ့ သဘောပါပဲ။ အောက်က နှစ်ခုကလဲ ဝင်ထားတာပဲ မို့လို့နှစ်ခုလုံးကိုလည်း  အပေါ်ကအတိုင်း Menu ကိုနှိပ်ပြီး Log Out လုပ်လိုက်ပါတယ်။ ဒါဆိုရင်တော့ အခုဝင်ထားတဲ့ အကောင့်ကလွဲလို့ ကျန်တာတွေကိုတွေ့ရတော့မှာ မဟုတ်ပါဘူး။

ပိုစိတ်ချရအောင် အောက်က Login Section မှာ Change password ကိုနှိပ်ပြီး Password ကိုပြောင်းလိုက်နိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်ဖုန်းမှာပါသွားတဲ့ Facebook နဲ့ Messenger အတွက် စိတ်ချလက်ချ ထားလိုက်လို့ရပါပြီ။ ခုဏကလို Log Out လုပ်လိုက်တဲ့အတွက် ဖုန်းကို ရသွားတဲ့သူတစ်ယောက်ယောက်က Facebook / Messenger ကိုဝင်လိုက်တာနဲ့ ဒီအတိုင်းမြင်ရပြီး Logout ဖြစ်သွားမှာပါ။

ပြီးရင် ပျောက်သွားတဲ့ဖုန်းထဲက SIM ကဒ်နဲ့ Facebook နဲ့ ချိတ်ထားတယ်ဆိုရင် SIM ထဲကို Message တွေ၊ Noti မပို့တော့အောင် နောက်ဖုန်းနံပါတ်အသစ်တစ်လုံးနဲ့ အစားထိုးတဲ့နည်းကို ပြသပေးမှာပါ။

ခုနက Security and login ရှိနေတဲ့ Tab ထဲက Mobile ဆိုတဲ့ Tab ထဲကို ဝင်လိုက်ပါ။ အထဲမှာ ထည့်သွင်းထားတဲ့ (ပျောက်သွားတဲ့နံပါတ်) ကို ပြသပေးထားမှာပါ။ ဘေးနားကို Remove ကို ကလစ်လုပ်လိုက်ပါ။ Confirm တောင်းရင် Remove Phone ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ဖုန်းကို ဖယ်ရှားသွားမှာဖြစ်ပြီး အောက်နားက + Add another mobile phone number ကိုနှိပ်ပြီး နောက်ထပ်ဖုန်းနံပါတ်တစ်ခုကို ထည့်သွင်းပေးရမှာပါ။

အောက်က Text Messaging က Edit ကိုနှိပ်ပြီး ဖုန်းနံပါတ်ကို ထပ်ပြောင်းလိုက်ပါဦး။

အိုကေ။ ဒါဆိုရင်တော့ သင့်ပျောက်သွားတဲ့ ဖုန်းထဲမှာ ပါဝင်သွားတဲ့ Facebook က လုံးဝ စိတ်ချလုံခြုံသွားရပါပြီ။ နောက်မကြာခင်မှာလည်း ပျောက်သွားတဲ့ဖုန်းထဲက Gmail နဲ့ သက်ဆိုင်တဲ့အချက်လက်တွေ၊ အကောင့်တွေဖယ်ရှားပုံကို ထပ်မံတင်ဆက်ပေးသွားပါမယ်။ စောင့်မျှော်အားပေးကြပါဦး။

Article ကိုကြိုက်တယ်ဆိုရင်တော့ Like and Share လုပ်သွားနိုင်ပါတယ်။ ??

Joker (Akhayar)