[Zawgyi]

ဂႏၳ၀င္ကစားသမားေတြ နည္းျပဘ၀နဲ႔ အသင္းကုိ ျပန္ကုိင္တြယ္တဲ့အခါ . .

ၿပီးခဲ့တဲ့ရက္ပုိင္းမွာ မုိနာကုိအသင္းဟာ သူတို႔ရဲ႕ ဂႏၳ၀င္ကစားသမားလုိ႔ သတ္မွတ္ရမယ့္ အြန္နရီ Thierry Henry ကုိ နည္းျပသစ္ ခန္႔အပ္ခဲ့ပါတယ္။ အသင္းတစ္သင္းမွာ ဂႏၳ၀င္အျဖစ္ သတ္မွတ္ခံရတဲ့ ကစားသမားေတြ နည္းျပဘ၀နဲ႔ ျပန္ေရာက္လာတာက ေဘာလုံးေလာကရဲ႕ မထူးဆန္းတဲ့ျဖစ္ရပ္ေတြပါ။ ကစားသမားဘ၀မွာ ေအာင္ျမင္မႈေတြရယူခဲ့ၾကေပမယ့္ နည္းျပဘ၀မွာ ရလဒ္ဆုိးေတြေၾကာင့္ သက္တမ္းမရွည္တဲ့သူေတြလည္း အမ်ားႀကီးပါပဲ။ အဲဒီထဲကမွ ပရိသတ္နဲ႔ရင္းႏွီးၿပီးသား ဂႏၳ၀င္ေတြကို ေဖာ္ျပလုိက္ပါတယ္ . .

ဒဲဂလစ္ရွ္ Kenny Dalglish (လီဗာပူးလ္)

Kenny-Dalglish

Kenny-Dalglish

” King Kenny” လုိ႔ ထင္ရွားခဲ့တဲ့ လီဗာပူးလ္ဂႏၳ၀င္ ကန္နီဒဲဂလစ္ရွ္ဟာ ကစားသမားဘ၀မွာေရာ၊ နည္းျပဘ၀မွာပါ လီဗာပူးလ္အသင္းနဲ႔အတူ ေအာင္ျမင္မႈ ရယူႏုိင္ခဲ့ပါတယ္။ လီဗာပူးလ္ကစားသမားဘ၀မွာ အမွတ္ေပးဖလား၊ ဥေရာပဖလား (ခ်န္ပီယံလဂ္)၊ ဥေရာပစူပါဖလားေတြ ရယူခဲ့သလုိ နည္းျပဘ၀မွာလည္း အမွတ္ေပးဖလား၊ လိဂ္ဖလားေတြ ဆြတ္ခူးခဲ့တယ္။

လီဗာပူးလ္ ကစားသမားဘ၀ ေအာင္ျမင္မႈ
Football League First Division: 1978–79, 1979–80, 1981–82, 1982–83, 1983–84, 1985–86
FA Cup: 1985–86
Football League Cup: 1980–81, 1981–82, 1982–83, 1983–84
FA Charity Shield: 1977 (shared),[94] 1979,[95] 1980,[96] 1982,[97] 1986 (shared)[98]
European Cup: 1977–78, 1980–81, 1983–84
European Super Cup: 1977

လီဗာပူးလ္ နည္းျပဘ၀ေအာင္ျမင္မႈ
Football League First Division: 1985–86, 1987–88, 1989–90
FA Cup: 1985–86, 1988–89
Football League Cup: 2011–12
Football League Super Cup: 1986–87
FA Charity Shield: 1986 (shared),1988, 1989, 1990 (shared)

ကြန္တီ Antonio Conte (ဂ်ဴဗင္တပ္စ္)

Antonio-Conte

Antonio-Conte

ေဘာလုံးသမားဘ၀တုန္းက ကြင္းထဲမွာ ၾကမ္းၾကမ္းတမ္းတမ္း ကစားခဲ့သူ ကြန္တီဟာ နည္းျပဘ၀မွာလည္း ႏုိင္လုိစိတ္ျပင္းထန္တဲ့ Aggressive Manners ေတြ ျပဳလုပ္ေလ့ရွိသူပါ။ ဂ်ဴဗင္တပ္စ္အသင္းမွာ ၁၉၉၁ ကေန ၂၀၀၄ ခုႏွစ္အထိ ကစားခဲ့ၿပီး အဓိက ဆုဖလားေတြ ရယူခ့ဲသူ ကြန္တီဟာ ဂ်ဴဗင္တပ္စ္အသင္းကုိ ၂၀၁၁ ကေန ၂၀၁၄ ခုႏွစ္အထိ ကုိင္တြယ္ခဲ့တယ္။ ဥေရာပေအာင္ျမင္မႈ မရခဲ့ေပမယ့္ ျပည္တြင္းဆုဖလားေတြ သိမ္းပုိက္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ ကစားသမားဘ၀ ေအာင္ျမင္မႈ
Serie A: 1994–95, 1996–97, 1997–98, 2001–02, 2002–03
Coppa Italia: 1994–95
Supercoppa Italiana: 1995, 1997, 2002,[139] 2003
UEFA Champions League: 1995–96
UEFA Cup: 1992–93
UEFA Intertoto Cup: 1999

ဂ်ဴဗင္တပ္စ္ နည္းျပဘ၀ ေအာင္ျမင္မႈ
Serie A: 2011–12, 2012–13, 2013–14
Supercoppa Italiana: 2012, 2013

ဆီျမြန္နီ Diego Simeone

Diego-Simeone

Diego-Simeone

အာဂ်င္တီးနား နာမည္ေက်ာ္ ကြင္းလယ္လူေဟာင္း ဆီျမြန္နီကုိလည္း အက္သလက္တီကုိအသင္းရဲ႕ ဂႏၳ၀င္ ကစားသမား၊ ဂႏၳ၀င္နည္းျပအျဖစ္ သတ္မွတ္ရမွာပါ။ ကစားသမားဘ၀မွာ လာလီဂါ၊ စပိန္ဘုရင့္ဖလားတို႔ကုိ ဆြတ္ခူးခဲ့သလုိ နညး္ျပဘ၀မွာလည္း ဆုဖလားေတြ အမ်ားႀကီး ရယူခဲ့တဲ့ ဆီျမြန္နီဟာ အက္သလက္တီကုိအသင္း သမုိင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံး နည္းျပအျဖစ္ သတ္မွတ္ရမွာပဲျဖစ္ပါတယ္။

အက္သလက္တီကုိ ကစားသမားဘ၀ ေအာင္ျမင္မႈ

La Liga (1): 1995–96
Copa del Rey (1): 1995–96

အက္သလက္တီကုိ နည္းျပဘ၀ ေအာင္ျမင္မႈ

La Liga (1): 2013–14
Copa del Rey (1): 2012–13
Supercopa de España (1): 2014
UEFA Europa League (2): 2011–12, 2017–18
UEFA Super Cup (2): 2012, 2018

အလန္ရွီးယား Alan Shearer (နယူးကာဆယ္)

Alan-Shearer-

Alan-Shearer-

ေဘာလုံးသမားဘ၀မွာ ဘလက္ဘန္းအသင္းနဲ႔ ပရီးမီးယားလိဂ္ဖလား ရယူခဲ့ၿပီး နယူးကာဆယ္အသင္းမွာလည္း ဂႏၳ၀င္တစ္ဦးျဖစ္ခဲ့တဲ့ အလန္ရွီးယားရဲ႕ နယူးကာဆယ္ နည္းျပဘ၀က မလွပခဲ့ပါဘူး။ ၂၀၀၉ ခုႏွစ္မွာ နယူးကာဆယ္အသင္း တန္းဆင္းအႏၱရာယ္နဲ႔ ရင္ဆုိင္ေနရခ်ိန္ တာ၀န္ရွိသူေတြက အသင္းရဲ႕ ဂႏၳ၀င္ အလန္ရွီးယားကုိ နည္းျပအျဖစ္ ခန္႔အပ္ခဲ့ေပမယ့္ သူ ကုိင္တြယ္ခဲ့တဲ့ ပဲြစဥ္(၈)ပဲြမွာ (၁)သာ အႏုိင္ရခဲ့ၿပီး တန္းဆင္းခဲ့ရပါတယ္။

နယူးကာဆယ္ ကစားသမားဘ၀ေအာင္ျမင္မႈ -မရွိ၊ နယူးကာဆယ္နည္းျပဘ၀ ေအာင္ျမင္မႈ -မရွိ

႐ုိင္ယန္ဂစ္ Ryan Giggs

Ryan-Giggs

Ryan-Giggs

အလန္ရွီးယားလုိပဲ မန္ယူဂႏၳ၀င္ ႐ုိင္ယန္ဂစ္ဟာ အသင္း႐ုန္းကန္ေနရခ်ိန္မွ နည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရသူပါ။ မန္ယူတစ္သင္းတည္းမွာပဲ ကစားခဲ့တဲ့ One Club Player ႐ုိင္ယန္ဂစ္ဟာ ကစားသမားဘ၀မွာ သမုိင္း၀င္မယ့္ စံခ်ိန္မွတ္တမ္း၊ ဆုဖလားေတြ အမ်ားႀကီး ရယူခဲ့ေပမယ့္ မန္ယူနည္းျပဘ၀မွာေတာ့ ေျပာင္းျပန္ျဖစ္ခဲ့ပါတယ္။ ဖာဂူဆန္ Alex Ferguson ေခတ္လြန္ ၂၀၁၃-၁၄ ရာသီမွာ ရလဒ္ဆုိးေတြေၾကာင့္ နည္းျပ ေဒးဗစ္မြိဳက္စ္ David Moyes ထုတ္ပယ္ခံခဲ့ရေတာ့ ရာသီကုန္ခါနီးအခ်ိန္ ႐ုိင္ယန္ဂစ္ဟာ ကစားသမား/နည္းျပအျဖစ္ မန္ယူအသင္းကုိ ကုိင္တြယ္ခဲ့တယ္။ (၄)ပဲြသာ ကုိင္တြယ္ခဲ့ရေပမယ့္ (၂)ပဲြႏုိင္၊ (၁)ပဲြသေရ၊ (၁)ပဲြ႐ႈံးခ့ဲလုိ႔ သိပ္ေတာ့ မဆုိးဘူးလုိ႔ ေျပာရမွာပါ။

မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈ

Premier League: 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13[161]
FA Cup: 1993–94, 1995–96, 1998–99, 2003–04
Football League Cup: 1991–92, 2005–06, 2008–09
FA Community Shield: 1993, 1994, 1996, 1997, 2003, 2007, 2008, 2010, 2013
UEFA Champions League: 1998–99, 2007–08
UEFA Super Cup: 1991
Intercontinental Cup: 1999

FIFA Club World Cup: 2008

မန္ယူနည္းျပဘ၀ ေအာင္ျမင္မႈ – မရွိ

REF:dreamteamfc
Photo:dreamteamfc,Extra.ie,Under The Cosh,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂန္ထဝင်ကစားသမားတွေ နည်းပြဘဝနဲ့ အသင်းကို ပြန်ကိုင်တွယ်တဲ့အခါ . .

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မိုနာကိုအသင်းဟာ သူတို့ရဲ့ ဂန္ထဝင်ကစားသမားလို့ သတ်မှတ်ရမယ့် အွန်နရီ Thierry Henry ကို နည်းပြသစ် ခန့်အပ်ခဲ့ပါတယ်။ အသင်းတစ်သင်းမှာ ဂန္ထဝင်အဖြစ် သတ်မှတ်ခံရတဲ့ ကစားသမားတွေ နည်းပြဘဝနဲ့ ပြန်ရောက်လာတာက ဘောလုံးလောကရဲ့ မထူးဆန်းတဲ့ဖြစ်ရပ်တွေပါ။ ကစားသမားဘဝမှာ အောင်မြင်မှုတွေရယူခဲ့ကြပေမယ့် နည်းပြဘဝမှာ ရလဒ်ဆိုးတွေကြောင့် သက်တမ်းမရှည်တဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲကမှ ပရိသတ်နဲ့ရင်းနှီးပြီးသား ဂန္ထဝင်တွေကို ဖော်ပြလိုက်ပါတယ် . .

ဒဲဂလစ်ရှ် Kenny Dalglish (လီဗာပူးလ်)

Kenny-Dalglish

Kenny-Dalglish

” King Kenny” လို့ ထင်ရှားခဲ့တဲ့ လီဗာပူးလ်ဂန္ထဝင် ကန်နီဒဲဂလစ်ရှ်ဟာ ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ လီဗာပူးလ်အသင်းနဲ့အတူ အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကစားသမားဘဝမှာ အမှတ်ပေးဖလား၊ ဥရောပဖလား (ချန်ပီယံလဂ်)၊ ဥရောပစူပါဖလားတွေ ရယူခဲ့သလို နည်းပြဘဝမှာလည်း အမှတ်ပေးဖလား၊ လိဂ်ဖလားတွေ ဆွတ်ခူးခဲ့တယ်။

လီဗာပူးလ် ကစားသမားဘ၀ အောင်မြင်မှု
Football League First Division: 1978–79, 1979–80, 1981–82, 1982–83, 1983–84, 1985–86
FA Cup: 1985–86
Football League Cup: 1980–81, 1981–82, 1982–83, 1983–84
FA Charity Shield: 1977 (shared),[94] 1979,[95] 1980,[96] 1982,[97] 1986 (shared)[98]
European Cup: 1977–78, 1980–81, 1983–84
European Super Cup: 1977

လီဗာပူးလ် နည်းပြဘဝအောင်မြင်မှု
Football League First Division: 1985–86, 1987–88, 1989–90
FA Cup: 1985–86, 1988–89
Football League Cup: 2011–12
Football League Super Cup: 1986–87
FA Charity Shield: 1986 (shared),1988, 1989, 1990 (shared)

ကွန်တီ Antonio Conte (ဂျူဗင်တပ်စ်)

Antonio-Conte

Antonio-Conte

ဘောလုံးသမားဘဝတုန်းက ကွင်းထဲမှာ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့သူ ကွန်တီဟာ နည်းပြဘဝမှာလည်း နိုင်လိုစိတ်ပြင်းထန်တဲ့ Aggressive Manners တွေ ပြုလုပ်လေ့ရှိသူပါ။ ဂျူဗင်တပ်စ်အသင်းမှာ ၁၉၉၁ ကနေ ၂၀၀၄ ခုနှစ်အထိ ကစားခဲ့ပြီး အဓိက ဆုဖလားတွေ ရယူခဲ့သူ ကွန်တီဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့တယ်။ ဥရောပအောင်မြင်မှု မရခဲ့ပေမယ့် ပြည်တွင်းဆုဖလားတွေ သိမ်းပိုက်ခဲ့ပါတယ်။

ဂျူဗင်တပ်စ် ကစားသမားဘ၀ အောင်မြင်မှု
Serie A: 1994–95, 1996–97, 1997–98, 2001–02, 2002–03
Coppa Italia: 1994–95
Supercoppa Italiana: 1995, 1997, 2002,[139] 2003
UEFA Champions League: 1995–96
UEFA Cup: 1992–93
UEFA Intertoto Cup: 1999

ဂျူဗင်တပ်စ် နည်းပြဘ၀ အောင်မြင်မှု
Serie A: 2011–12, 2012–13, 2013–14
Supercoppa Italiana: 2012, 2013

ဆီမြွန်နီ Diego Simeone

Diego-Simeone

Diego-Simeone

အာဂျင်တီးနား နာမည်ကျော် ကွင်းလယ်လူဟောင်း ဆီမြွန်နီကိုလည်း အက်သလက်တီကိုအသင်းရဲ့ ဂန္ထဝင် ကစားသမား၊ ဂန္ထဝင်နည်းပြအဖြစ် သတ်မှတ်ရမှာပါ။ ကစားသမားဘဝမှာ လာလီဂါ၊ စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးခဲ့သလို နည်းပြဘဝမှာလည်း ဆုဖလားတွေ အများကြီး ရယူခဲ့တဲ့ ဆီမြွန်နီဟာ အက်သလက်တီကိုအသင်း သမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံး နည်းပြအဖြစ် သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

အက်သလက်တီကို ကစားသမားဘ၀ အောင်မြင်မှု

La Liga (1): 1995–96
Copa del Rey (1): 1995–96

အက်သလက်တီကို နည်းပြဘ၀ အောင်မြင်မှု

La Liga (1): 2013–14
Copa del Rey (1): 2012–13
Supercopa de España (1): 2014
UEFA Europa League (2): 2011–12, 2017–18
UEFA Super Cup (2): 2012, 2018

အလန်ရှီးယား Alan Shearer (နယူးကာဆယ်)

Alan-Shearer-

Alan-Shearer-

ဘောလုံးသမားဘဝမှာ ဘလက်ဘန်းအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ရယူခဲ့ပြီး နယူးကာဆယ်အသင်းမှာလည်း ဂန္ထဝင်တစ်ဦးဖြစ်ခဲ့တဲ့ အလန်ရှီးယားရဲ့ နယူးကာဆယ် နည်းပြဘဝက မလှပခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်မှာ နယူးကာဆယ်အသင်း တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန် တာဝန်ရှိသူတွေက အသင်းရဲ့ ဂန္ထဝင် အလန်ရှီးယားကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် သူ ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်(၈)ပွဲမှာ (၁)သာ အနိုင်ရခဲ့ပြီး တန်းဆင်းခဲ့ရပါတယ်။

နယူးကာဆယ် ကစားသမားဘဝအောင်မြင်မှု -မရှိ၊ နယူးကာဆယ်နည်းပြဘ၀ အောင်မြင်မှု -မရှိ

ရိုင်ယန်ဂစ် Ryan Giggs

Ryan-Giggs

Ryan-Giggs

အလန်ရှီးယားလိုပဲ မန်ယူဂန္ထဝင် ရိုင်ယန်ဂစ်ဟာ အသင်းရုန်းကန်နေရချိန်မှ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူပါ။ မန်ယူတစ်သင်းတည်းမှာပဲ ကစားခဲ့တဲ့ One Club Player ရိုင်ယန်ဂစ်ဟာ ကစားသမားဘဝမှာ သမိုင်းဝင်မယ့် စံချိန်မှတ်တမ်း၊ ဆုဖလားတွေ အများကြီး ရယူခဲ့ပေမယ့် မန်ယူနည်းပြဘဝမှာတော့ ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ ဖာဂူဆန် Alex Ferguson ခေတ်လွန် ၂၀၁၃-၁၄ ရာသီမှာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ဒေးဗစ်မွိုက်စ် David Moyes ထုတ်ပယ်ခံခဲ့ရတော့ ရာသီကုန်ခါနီးအချိန် ရိုင်ယန်ဂစ်ဟာ ကစားသမား/နည်းပြအဖြစ် မန်ယူအသင်းကို ကိုင်တွယ်ခဲ့တယ်။ (၄)ပွဲသာ ကိုင်တွယ်ခဲ့ရပေမယ့် (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့လို့ သိပ်တော့ မဆိုးဘူးလို့ ပြောရမှာပါ။

မန်ယူကစားသမားဘ၀ အောင်မြင်မှု

Premier League: 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13[161]
FA Cup: 1993–94, 1995–96, 1998–99, 2003–04
Football League Cup: 1991–92, 2005–06, 2008–09
FA Community Shield: 1993, 1994, 1996, 1997, 2003, 2007, 2008, 2010, 2013
UEFA Champions League: 1998–99, 2007–08
UEFA Super Cup: 1991
Intercontinental Cup: 1999

FIFA Club World Cup: 2008

မန်ယူနည်းပြဘ၀ အောင်မြင်မှု – မရှိ

REF:dreamteamfc
Photo:dreamteamfc,Extra.ie,Under The Cosh,Evening Standard
Naing Linn(Akhayar)
www.akhayar.com