[Zawgyi]

ေလယာဥ္လုိင္းေတြ ဘယ္လိုပိုက္ဆံရွာၾကသလဲ

Economy Class ကေန ေလေၾကာင္းလိုင္းေတြက ပိုက္ဆံဘယ္ေလာက္မွ မရပါဘူး။ တကယ္ပိုက္ဆံရတာက Premium အဆင့္ စီးနင္းသူေတြဆီကပါ။ ၿဗိတိသွ်ေလေၾကာင္းလိုင္း ၇၇၇ (British Airways 777) ကို ဥပမာထားၿပီးေျပာပါမယ္။ ဒီေလေၾကာင္းလိုင္းရဲ႕ ေလယာဥ္တစ္စီးစီမွာ ထိုင္ခံုအေရအတြက္ ၂၂၄ ခု ပါဝင္ပါတယ္။ ေန႔စဥ္ခရီးအျဖစ္ လန္ဒန္ ဟီသရိုး (London – Heathrow)  ေလဆိပ္ကေန  ဝါရွင္တန္ ဒူးလပ္စ္ (Washington – Dulles ) ေလဆိပ္ကို ပ်ံသန္းပါတယ္။

Economy Class မွာ ထုိင္ခံုအေရအတြက္ ၁၂၂ ခု ပါဝင္ၿပီး အသြားအျပန္ခရီးစဥ္အတြက္ တစ္ခံုကို ၈၇၆ေဒၚလာက်သင့္ပါတယ္။ ထိုင္ခံုအားလံုးအတြက္ဆိုရင္ ေလေၾကာင္းလိုင္းအတြက္ ၁၀၆,၈၇၂ ေဒၚလာ ရရွိမွာပါ။ Premium-Economy အတြက္ဆိုရင္ တစ္ခံုကုိ ၂,၆၃၃ ေဒၚလာျဖစ္ၿပီး ထိုင္ခံု ၄၀ ပါဝင္ပါတယ္။ အဲ့ဒီကနဲ႔ ရမယ့္ေငြက ၁၀၅,၃၂၀ ေဒၚလာပါ။ (ဒါကိုႏႈိင္းယွဥ္ၾကည့္ရင္ကို ေတာ္ေတာ္သိသာေနပါၿပီ) Business Class မွာဆိုရင္ ထိုင္ခံု ၄၈ ခံုပါၿပီး တစ္ခံုအတြက္ ၆,၇၂၃ ျဖစ္တဲ့အတြက္ စုစုေပါင္း ၃၂၂,၇၀၄ ေဒၚလာ ရရွိပါတယ္။ First Class အတြက္ ထိုင္ခံုအေရအတြက္ ၁၄ ခုရွိပါတယ္။ တစ္ခုံအတြက္ ၈,၇၁၅ ေဒၚလာဆိုေတာ့ သူတို႔ဆီကရမယ့္ ပိုက္ဆံက ေဒၚလာ၁၂၂,၀၁၀ ပါ။

ကမၻာေပၚမွာ ဘယ္ေလေၾကာင္းလိုင္းမွ အတၱလႏၱိတ္သမုဒၵရာကို  ၆ နာရီေလာက္ျဖတ္ေမာင္းရံုနဲ႔ ေဒၚလာသန္းဝက္ေလာက္ မရွာႏိုင္ပါဘူး။ ရွာႏိုင္တဲ့့ေလေၾကာင္းလိုင္းကေတာ့ ပြတာပါပဲ။ ဒီခရီးစဥ္လမ္းေၾကာင္းအတြက္ က်သင့္ေငြက အျခားလမ္းေၾကာင္းေတြထက္ နည္းနည္းပိုမ်ားပါတယ္။ ဘာလို႔လဲဆိုေတာ့ ခရီးစဥ္တစ္ေလွ်ာက္လံုး မရပ္မနားေမာင္းႏွင္တဲ့အျပင္ သူတို႔ေျပးဆြဲတို႔ၿမိဳ႕ႏွစ္ၿမိဳ႕က ဝင္ေငြျမင့္မားၿပီးေစ်းကြက္လိုအပ္ခ်က္အမ်ားအျပားရွိလုိ႔ပါ။

Premium ေတြကို အဓိက ပစ္မွတ္ထား

Birtish Airline ဆိုတာက Premium Class ကိုအရမ္းအားထားတဲ့ကုမၸဏီတစ္ခုပါ။ ပံုမွန္ဆိုရင္လည္းေလေၾကာင္းလိုင္းေတြရဲ႕ သံုးပံုႏွစ္ပံုေလာက္က Premium Class ကိုအားထားၾကပါတယ္။ဒါေပမယ့္ ေလယာဥ္ေတြ စေပၚခါစကေတာ့ အထက္တန္းတို႔၊ Premium Class တို႔ဆိုတာမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲ့ဒီအခ်ိန္တုန္းက တကယ့္ဂရိတ္ေတြမွ ေလယာဥ္စီးႏိုင္တာေၾကာင့္ပါ။ ၁၉၂၀ တုန္းက ခရီးသြားေလယာဥ္ေတြဟာ ႀကိမ္ခံုေတြနဲ႔ျဖစ္ၿပီးေတာ့ အရမ္းလည္းေစ်းႀကီးပါတယ္။ တျဖည္းျဖည္းနဲ႔ ေလယာဥ္ေစ်းႏႈန္းကလူတိုင္းလက္လွမ္းမီတဲ့ေနရာေရာက္တဲ့အခ်ိန္မွာေတာ့ ေလေၾကာင္းလိုင္းေတြကို စီးပြားရွာတဲ့နည္းလမ္းအသစ္ ေတြကို ၾကံဆလာပါေတာ့တယ္။

၁၉၅၀ ပတ္ဝန္းက်င္တုန္းက နယူးေယာက္ (New York) နဲ႔ လန္ဒန္ (London) ၾကားက အသြားအျပန္ေလယာဥ္ခက ေဒၚလာ ၆၇၅ ဝန္းက်င္ပဲရွိပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ေငြေၾကးေဖာင္းပြမႈေၾကာင့္ ေဒၚလာ ၆၈၀၀ အထိ ရွိေနပါၿပီ။ ထုိင္ခံုအသြင္အျပင္ကြဲသြားေပမယ့္ ေစ်းႏႈန္းသတ္မွတ္မႈ၊ သြားတဲ့လမ္းေၾကာင္းေတြက အတူတူပါပဲ။
ေခတ္ကာလေျပာင္းလဲလာမႈအရ ေလေၾကာင္းလိုင္းေတြက အတြင္းပိုင္းအျပင္အဆင္ေတြကို ပိုမိုအဆင့္ျမွင့္ၿပီးစီးပြားရွာၾကပါတယ္။ လူသားေတြရဲ႕ အားနည္းခ်က္ျဖစ္တဲ့ ဂုဏ္တုဂုဏ္ၿပိဳင္လုပ္ခ်င္တဲ့စိတ္ကို အသံုးခ်ပါတယ္။ ပိုက္ဆံပိုေပးႏိုင္တဲ့သူက သက္ေသာင့္သက္သာစီးနင္းႏိုင္မယ္ဆိုတဲ့သေဘာပါ။ First Class ဆိုၿပီး သတ္မွတ္မႈက ၁၉၄၀ နဲ႔ ၁၉၅၀ ၾကားမွာ စတင္ခဲ့ပါတယ္။ အဲ့ဒီအခိ်န္တုန္းက အေမရိကန္ေလေၾကာင္းလိုင္းေတြရဲ႕ အဓိကဝင္ေငြက စာပို႔တာပါ။ ညအခ်ိ္္န္၊ သန္းေခါင္အခ်ိ္န္ေတြနဲ႔ စာပို႔အမီ ပ်ံသန္းၾကပါတယ္။ ေလယာဥ္ေတြဟာ စာသယ္ဖို႔အဓိကဆိုေပမယ့္ သူတို႔မွာ ခရီးသည္ေတြစီးနင္းဖို႔ထိုင္ခံုေတြ ပါရွိပါတယ္။စာပို႔ေလယာဥ္ေတြျဖစ္တဲ့အတြက္ သူတို႔ဟာ ေလဆိပ္တစ္ခုကေန တစ္ခုကုိ တိုက္ရိုက္မပ်ံပါဘူး။ သူ႔ရဲ႕လမ္းေၾကာင္းမွာရွိတဲ့ ေလဆိပ္အကုန္လံုးကို ဝင္နားပါတယ္။

လက္မွတ္ ၂ မ်ိဳး

ေလေၾကာင္းလိုင္းေတြကလည္း ေလယာဥ္လက္မွတ္ေရာင္းခ်တဲ့ေနရာမွာ ဝင္ေငြပိုမို ရရွိေအာင္ အမ်ိဳးအစားခြဲျခားေရာင္းခ်ပါတယ္။ ခရီးစဥ္တူ၊ ထုိင္ရမယ့္ေနရာတူ၊ စီးတဲ့ေလယာဥ္တူရင္ေတာင္ လက္မွတ္ေရာင္းခ်တဲ့ပံုစံက မတူပါဘူး။ ဥပမာေျပာရမယ္ဆိုရင္ ေလယာဥ္လက္မွတ္ေရာင္းခ်တဲ့ ပံုစံ ၂ မ်ိဴးရွိပါတယ္။ အဲ့ဒါက Standard နဲ႔Tourist ဆိုၿပီးပါ။ Tourist ဆိုတာက ပံုမွန္ခရီးသြားတဲ့သူေတြအတြက္ ျဖစ္ၿပီး လက္မွတ္ဝယ္မယ္ဆိုရင္ေငြႀကိဳေခ်ရပါတယ္။ ခရီးစဥ္ေျပာင္း၊ အခ်ိန္ေရႊ႕၊ ရက္ေရႊ႕ လုပ္လို႔မရပါဘူး။ သူတို႔က Standard လက္မွတ္ထက္ေစ်းသက္သာပါတယ္။ Standard ကေတာ့ စီးပြားေရးသမားေတြအတြက္ ရည္ရြယ္ေရာင္းခ်တာပါ။ စီးပြားေရးသမားဆိုတဲအတိုင္း သူတို႔ရဲ႕ ခရီးစဥ္ေတြက အလုပ္ေပၚမူတည္ၿပီး အခ်ိန္ေရႊ႕၊ ရက္ေရႊ႕တာေတြ ရွိပါတယ္။ ေနာက္ၿပီးသူတို႔အတြက္ လက္မွတ္ခကို မိခင္ကုမၸဏီကေပးေခ်တာမ်ားပါတယ္။ အဲ့ဒီေတာ့ ေလယာဥ္လက္မွတ္ခကို သိပ္ဂရုစိုက္စရာမလုိပါဘူး။ သူတို႔ဟာ သြားမယ့္အခ်ိ္္န္နီးမွ ေကာင္တာမွာလက္မွတ္ျဖတ္ၿပီး သြားေလ့ရွိၾကတဲ့သူေတြပါ။ ဒီလိုနဲ႔ပဲ ေလယာဥ္ကုမၸဏီေတြက ေစ်းကြက္လိုအပ္ခ်က္ကို အျမတ္ထုတ္ၿပီး လက္မွတ္ခြဲျခားေရာင္းခ်တာကေနလည္း အက်ိဳးအျမတ္ရပါတယ္။

၁၉၆၈ နဲ႔ ၁၉၇၈ ခုႏွစ္အတြင္းမွာေတာ့ ေလေၾကာင္းလိုင္းေတြၾကားမွာ အေျပာင္းအလဲျဖစ္ေပၚခဲ့ပါတယ္။ ၿဗိတိသွ်ေလေၾကာင္းလိုင္းက 747 – Concorde ဆိုတဲ့ ေလယာဥ္အမ်ိဳးအစားအသစ္ကို စတင္ပ်ံသန္းခဲ့ၿပီး သူတို႔ဟာ အေမရိကန္ရဲ႕ေစ်းႏႈန္းစည္းမ်ဥ္းေတြကို လိုက္နာစရာမလိုပါဘူး။ ဒီေလယာဥ္ေတြမွာ တကယ့္ကုိ အထက္တန္းလႊာေတြကို ဦးစားေပးတဲ့ ထိိုင္ခံုေတြပါရွိပါတယ္။ အရင္ကဆိုိ အေမရိကန္အစိုးရက ေလယာဥ္လက္မွတ္ခေတြကို ဥပေဒနဲ႔တင္းတင္းက်ပ္က်ပ္ ကန္႔သတ္ထားလုိ႔ ေလေၾကာင္းလိုင္းေတြက Class ခြဲထားတဲ့အေပၚမွာ ေစ်းအမ်ားႀကီးေတာင္းလို႔ မရပါဘူး။ ေနာက္ပိုင္းမွာေတာ့ ကန္႔သတ္ခ်က္ေတြနည္းသြားပါတယ္။

First Class ေတြနညး္သြားၿပီ

Class ခြဲျခားမႈကလည္း ႏွစ္မ်ိဳးပဲရွိေတာ့ၿပီး Economy နဲ႔ Business ဆိုၿပီးပါ။ Tourist အမ်ိဳးအစားက Discount-fare ျဖစ္လာၿပီး Economy Class ျဖစ္သြားပါတယ္။ Standard လက္မွတ္ေတြက Full-fareရယ္လို႔ ျဖစ္လာကာ Business Class ဆိုၿပီးျဖစ္သြားပါတယ္။ ေလေၾကာင္းလိုင္းမ်ားစုမွာ First Class ဆိုတာ မပါဝင္ေတာ့ပဲ Businesss နဲ႔ Economy ပဲ ရွိေတာ့ပါတယ္။Subsonic ေလယာဥ္ေတြမွာပဲ First Class ကိုေတြ႔ရေတာ့ပါတယ္။ အခုဆိုရင္ ကမၻာ့ေလေၾကာင္းလိုင္းႀကီးေတြထဲမွာဆို First Class ထည့္သြင္းတာ ၆ လုိင္းပဲရွိပါေတာ့တယ္။ ဒါဆိုရင္ ေလယာဥ္ေတြအကုန္လံုးကို ဘာလို႔  Business Class နဲ႔မေျပးဆြဲတာလဲလို႔ ေမးစရာရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ေစ်းကြက္အရ အားလံုးက ေစ်းႀကီးေပးမစီးႏိုင္တဲ့အတြက္ ခရီးစဥ္မွာ ထိုင္ခံုလြတ္ေတြျဖစ္ေနပါမယ္။ ဒါဆိုတြက္ေခ်မကိုက္ေတာ့ပါဘူး။

ေလယာဥ္လက္မွတ္ေစ်းႀကီးလို႔ဆိုၿပီး ကၽြန္ေတာ္တို႔အေမရိကကို လမ္းေလွ်ာက္သြားလို႔မရပါဘူး။ အားလံုးက ကုိင္းကၽြန္းမွီ၊ ကၽြန္းကိုင္းမွီပါ။ ဒါေတြက ေလယာဥ္လက္မွတ္ေပၚမူတည္ၿပီး ေလေၾကာင္းလိုင္းေတြ ပိုက္ဆံရွာတဲ့ပံုစံပါ။

မင္းသုခ (အခရာ)

(www.akhayar.com)

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လေယာဉ်လိုင်းတွေ ဘယ်လိုပိုက်ဆံရှာကြသလဲ

Economy Class ကနေ လေကြောင်းလိုင်းတွေက ပိုက်ဆံဘယ်လောက်မှ မရပါဘူး။ တကယ်ပိုက်ဆံရတာက Premium အဆင့် စီးနင်းသူတွေဆီကပါ။ ဗြိတိသျှလေကြောင်းလိုင်း ၇၇၇ (British Airways 777) ကို ဥပမာထားပြီးပြောပါမယ်။ ဒီလေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးစီမှာ ထိုင်ခုံအရေအတွက် ၂၂၄ ခု ပါဝင်ပါတယ်။ နေ့စဉ်ခရီးအဖြစ် လန်ဒန် ဟီသရိုး (London – Heathrow)  လေဆိပ်ကနေ  ဝါရှင်တန် ဒူးလပ်စ် (Washington – Dulles ) လေဆိပ်ကို ပျံသန်းပါတယ်။

Economy Class မှာ ထိုင်ခုံအရေအတွက် ၁၂၂ ခု ပါဝင်ပြီး အသွားအပြန်ခရီးစဉ်အတွက် တစ်ခုံကို ၈၇၆ဒေါ်လာကျသင့်ပါတယ်။ ထိုင်ခုံအားလုံးအတွက်ဆိုရင် လေကြောင်းလိုင်းအတွက် ၁၀၆,၈၇၂ ဒေါ်လာ ရရှိမှာပါ။ Premium-Economy အတွက်ဆိုရင် တစ်ခုံကို ၂,၆၃၃ ဒေါ်လာဖြစ်ပြီး ထိုင်ခုံ ၄၀ ပါဝင်ပါတယ်။ အဲ့ဒီကနဲ့ ရမယ့်ငွေက ၁၀၅,၃၂၀ ဒေါ်လာပါ။ (ဒါကိုနှိုင်းယှဉ်ကြည့်ရင်ကို တော်တော်သိသာနေပါပြီ) Business Class မှာဆိုရင် ထိုင်ခုံ ၄၈ ခုံပါပြီး တစ်ခုံအတွက် ၆,၇၂၃ ဖြစ်တဲ့အတွက် စုစုပေါင်း ၃၂၂,၇၀၄ ဒေါ်လာ ရရှိပါတယ်။ First Class အတွက် ထိုင်ခုံအရေအတွက် ၁၄ ခုရှိပါတယ်။ တစ်ခုံအတွက် ၈,၇၁၅ ဒေါ်လာဆိုတော့ သူတို့ဆီကရမယ့် ပိုက်ဆံက ဒေါ်လာ၁၂၂,၀၁၀ ပါ။

ကမ္ဘာပေါ်မှာ ဘယ်လေကြောင်းလိုင်းမှ အတ္တလန္တိတ်သမုဒ္ဒရာကို  ၆ နာရီလောက်ဖြတ်မောင်းရုံနဲ့ ဒေါ်လာသန်းဝက်လောက် မရှာနိုင်ပါဘူး။ ရှာနိုင်တဲ့လေကြောင်းလိုင်းကတော့ ပွတာပါပဲ။ ဒီခရီးစဉ်လမ်းကြောင်းအတွက် ကျသင့်ငွေက အခြားလမ်းကြောင်းတွေထက် နည်းနည်းပိုများပါတယ်။ ဘာလို့လဲဆိုတော့ ခရီးစဉ်တစ်လျှောက်လုံး မရပ်မနားမောင်းနှင်တဲ့အပြင် သူတို့ပြေးဆွဲတို့မြို့နှစ်မြို့က ဝင်ငွေမြင့်မားပြီးဈေးကွက်လိုအပ်ချက်အများအပြားရှိလို့ပါ။

Premium တွေကို အဓိက ပစ်မှတ်ထား

Birtish Airline ဆိုတာက Premium Class ကိုအရမ်းအားထားတဲ့ကုမ္ပဏီတစ်ခုပါ။ ပုံမှန်ဆိုရင်လည်းလေကြောင်းလိုင်းတွေရဲ့ သုံးပုံနှစ်ပုံလောက်က Premium Class ကိုအားထားကြပါတယ်။ဒါပေမယ့် လေယာဉ်တွေ စပေါ်ခါစကတော့ အထက်တန်းတို့၊ Premium Class တို့ဆိုတာမရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက တကယ့်ဂရိတ်တွေမှ လေယာဉ်စီးနိုင်တာကြောင့်ပါ။ ၁၉၂၀ တုန်းက ခရီးသွားလေယာဉ်တွေဟာ ကြိမ်ခုံတွေနဲ့ဖြစ်ပြီးတော့ အရမ်းလည်းဈေးကြီးပါတယ်။ တဖြည်းဖြည်းနဲ့ လေယာဉ်ဈေးနှုန်းကလူတိုင်းလက်လှမ်းမီတဲ့နေရာရောက်တဲ့အချိန်မှာတော့ လေကြောင်းလိုင်းတွေကို စီးပွားရှာတဲ့နည်းလမ်းအသစ် တွေကို ကြံဆလာပါတော့တယ်။

၁၉၅၀ ပတ်ဝန်းကျင်တုန်းက နယူးယောက် (New York) နဲ့ လန်ဒန် (London) ကြားက အသွားအပြန်လေယာဉ်ခက ဒေါ်လာ ၆၇၅ ဝန်းကျင်ပဲရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ ငွေကြေးဖောင်းပွမှုကြောင့် ဒေါ်လာ ၆၈၀၀ အထိ ရှိနေပါပြီ။ ထိုင်ခုံအသွင်အပြင်ကွဲသွားပေမယ့် ဈေးနှုန်းသတ်မှတ်မှု၊ သွားတဲ့လမ်းကြောင်းတွေက အတူတူပါပဲ။
ခေတ်ကာလပြောင်းလဲလာမှုအရ လေကြောင်းလိုင်းတွေက အတွင်းပိုင်းအပြင်အဆင်တွေကို ပိုမိုအဆင့်မြှင့်ပြီးစီးပွားရှာကြပါတယ်။ လူသားတွေရဲ့ အားနည်းချက်ဖြစ်တဲ့ ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်တဲ့စိတ်ကို အသုံးချပါတယ်။ ပိုက်ဆံပိုပေးနိုင်တဲ့သူက သက်သောင့်သက်သာစီးနင်းနိုင်မယ်ဆိုတဲ့သဘောပါ။ First Class ဆိုပြီး သတ်မှတ်မှုက ၁၉၄၀ နဲ့ ၁၉၅၀ ကြားမှာ စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အမေရိကန်လေကြောင်းလိုင်းတွေရဲ့ အဓိကဝင်ငွေက စာပို့တာပါ။ ညအချိ်န်၊ သန်းခေါင်အချိန်တွေနဲ့ စာပို့အမီ ပျံသန်းကြပါတယ်။ လေယာဉ်တွေဟာ စာသယ်ဖို့အဓိကဆိုပေမယ့် သူတို့မှာ ခရီးသည်တွေစီးနင်းဖို့ထိုင်ခုံတွေ ပါရှိပါတယ်။စာပို့လေယာဉ်တွေဖြစ်တဲ့အတွက် သူတို့ဟာ လေဆိပ်တစ်ခုကနေ တစ်ခုကို တိုက်ရိုက်မပျံပါဘူး။ သူ့ရဲ့လမ်းကြောင်းမှာရှိတဲ့ လေဆိပ်အကုန်လုံးကို ဝင်နားပါတယ်။

လက်မှတ် ၂ မျိုး

လေကြောင်းလိုင်းတွေကလည်း လေယာဉ်လက်မှတ်ရောင်းချတဲ့နေရာမှာ ဝင်ငွေပိုမို ရရှိအောင် အမျိုးအစားခွဲခြားရောင်းချပါတယ်။ ခရီးစဉ်တူ၊ ထိုင်ရမယ့်နေရာတူ၊ စီးတဲ့လေယာဉ်တူရင်တောင် လက်မှတ်ရောင်းချတဲ့ပုံစံက မတူပါဘူး။ ဥပမာပြောရမယ်ဆိုရင် လေယာဉ်လက်မှတ်ရောင်းချတဲ့ ပုံစံ ၂ မျိူးရှိပါတယ်။ အဲ့ဒါက Standard နဲ့Tourist ဆိုပြီးပါ။ Tourist ဆိုတာက ပုံမှန်ခရီးသွားတဲ့သူတွေအတွက် ဖြစ်ပြီး လက်မှတ်ဝယ်မယ်ဆိုရင်ငွေကြိုချေရပါတယ်။ ခရီးစဉ်ပြောင်း၊ အချိန်ရွှေ့၊ ရက်ရွှေ့ လုပ်လို့မရပါဘူး။ သူတို့က Standard လက်မှတ်ထက်ဈေးသက်သာပါတယ်။ Standard ကတော့ စီးပွားရေးသမားတွေအတွက် ရည်ရွယ်ရောင်းချတာပါ။ စီးပွားရေးသမားဆိုတဲအတိုင်း သူတို့ရဲ့ ခရီးစဉ်တွေက အလုပ်ပေါ်မူတည်ပြီး အချိန်ရွှေ့၊ ရက်ရွှေ့တာတွေ ရှိပါတယ်။ နောက်ပြီးသူတို့အတွက် လက်မှတ်ခကို မိခင်ကုမ္ပဏီကပေးချေတာများပါတယ်။ အဲ့ဒီတော့ လေယာဉ်လက်မှတ်ခကို သိပ်ဂရုစိုက်စရာမလိုပါဘူး။ သူတို့ဟာ သွားမယ့်အချိ်န်နီးမှ ကောင်တာမှာလက်မှတ်ဖြတ်ပြီး သွားလေ့ရှိကြတဲ့သူတွေပါ။ ဒီလိုနဲ့ပဲ လေယာဉ်ကုမ္ပဏီတွေက ဈေးကွက်လိုအပ်ချက်ကို အမြတ်ထုတ်ပြီး လက်မှတ်ခွဲခြားရောင်းချတာကနေလည်း အကျိုးအမြတ်ရပါတယ်။

၁၉၆၈ နဲ့ ၁၉၇၈ ခုနှစ်အတွင်းမှာတော့ လေကြောင်းလိုင်းတွေကြားမှာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပါတယ်။ ဗြိတိသျှလေကြောင်းလိုင်းက 747 – Concorde ဆိုတဲ့ လေယာဉ်အမျိုးအစားအသစ်ကို စတင်ပျံသန်းခဲ့ပြီး သူတို့ဟာ အမေရိကန်ရဲ့ဈေးနှုန်းစည်းမျဉ်းတွေကို လိုက်နာစရာမလိုပါဘူး။ ဒီလေယာဉ်တွေမှာ တကယ့်ကို အထက်တန်းလွှာတွေကို ဦးစားပေးတဲ့ ထိုင်ခုံတွေပါရှိပါတယ်။ အရင်ကဆို အမေရိကန်အစိုးရက လေယာဉ်လက်မှတ်ခတွေကို ဥပဒေနဲ့တင်းတင်းကျပ်ကျပ် ကန့်သတ်ထားလို့ လေကြောင်းလိုင်းတွေက Class ခွဲထားတဲ့အပေါ်မှာ ဈေးအများကြီးတောင်းလို့ မရပါဘူး။ နောက်ပိုင်းမှာတော့ ကန့်သတ်ချက်တွေနည်းသွားပါတယ်။

First Class တွေနည်းသွားပြီ

Class ခွဲခြားမှုကလည်း နှစ်မျိုးပဲရှိတော့ပြီး Economy နဲ့ Business ဆိုပြီးပါ။ Tourist အမျိုးအစားက Discount-fare ဖြစ်လာပြီး Economy Class ဖြစ်သွားပါတယ်။ Standard လက်မှတ်တွေက Full-fareရယ်လို့ ဖြစ်လာကာ Business Class ဆိုပြီးဖြစ်သွားပါတယ်။ လေကြောင်းလိုင်းများစုမှာ First Class ဆိုတာ မပါဝင်တော့ပဲ Businesss နဲ့ Economy ပဲ ရှိတော့ပါတယ်။Subsonic လေယာဉ်တွေမှာပဲ First Class ကိုတွေ့ရတော့ပါတယ်။ အခုဆိုရင် ကမ္ဘာ့လေကြောင်းလိုင်းကြီးတွေထဲမှာဆို First Class ထည့်သွင်းတာ ၆ လိုင်းပဲရှိပါတော့တယ်။ ဒါဆိုရင် လေယာဉ်တွေအကုန်လုံးကို ဘာလို့  Business Class နဲ့မပြေးဆွဲတာလဲလို့ မေးစရာရှိပါတယ်။ ဘာလို့လဲဆိုတော့ ဈေးကွက်အရ အားလုံးက ဈေးကြီးပေးမစီးနိုင်တဲ့အတွက် ခရီးစဉ်မှာ ထိုင်ခုံလွတ်တွေဖြစ်နေပါမယ်။ ဒါဆိုတွက်ချေမကိုက်တော့ပါဘူး။

လေယာဉ်လက်မှတ်ဈေးကြီးလို့ဆိုပြီး ကျွန်တော်တို့အမေရိကကို လမ်းလျှောက်သွားလို့မရပါဘူး။ အားလုံးက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါ။ ဒါတွေက လေယာဉ်လက်မှတ်ပေါ်မူတည်ပြီး လေကြောင်းလိုင်းတွေ ပိုက်ဆံရှာတဲ့ပုံစံပါ။

မင်းသုခ (အခရာ)

(www.akhayar.com)

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။