[Zawgyi]

အိတ္ကပ္ထဲ ေဒၚလာ (၂၀) ပဲရွိတဲ့ဘဝကေန DJ Khaled ျဖစ္တဲ့အထိ ၾကိဳးစားလာသူ

DJ Khaled ဆို ႏုိင္ငံတကာ ဂီတနားဆင္တဲ့သူေတြက ေျပာစရာမလို သိျပီးသားျဖစ္မွာပါ။ DJ Khaled ရဲ့ နာမည္ရင္းကေတာ့ Khaled Mohamed Khaled ျဖစ္ျပီး သူ႔ကိုယ္သူ Music Producer တစ္ေယာက္၊ DJ တစ္ေယာက္၊ အႏုပညာရွင္တစ္ေယာက္လို႔ သတ္မွတ္ထားသူပါ။

သူဟာ နာမည္ၾကီး “The Ellen DeGeneres Show” မွာ မတ္လ ၂၀၁၆ မွာ ေျပာၾကားခဲ့တာက သူဟာ အေကာင္းစားသီခ်င္းေတြ အမ်ားၾကီးထုတ္လုပ္ခဲ့ျပီး Jay-Z ဟာဆုိရင္ သူ႔ရဲ႕မန္ေနဂ်ာျဖစ္ေၾကာင္းလည္း ပါပါတယ္။

Allow me to reintroduce myself!!!! Meet my manager. His name is Jay Z. Jigga. Hov!!! Special cloth alert! The blessings coming in have been overwhelming. So much blessings I needed the right team to help me embrace it right. And when I say embrace I mean brand partnership. When two special cloth brands come together history gets made. I'd like to thank fan luv for walking with me thru the journey of more success. They don't want us to win!!!! So what we gonna do is win more. When I say we, I'm talking fan luv! I'm talking my brother Lenny S! Always seen my vision !!I'm talking Chaka!! I'm talking JIGGA NATION!!!!! I'm up to something. I will never stop!!! I will not lose JIGGA VOICE!!! Ride with me thru the journey of more success. God is the greatest! Bless up. #WeTheBest 🔑#JAYZ 🔑#Rocnation @wethebestmusic JUS KNOW IM WORKING ON NEW MUSIC !! 🔑🔑🔑

A post shared by DJ KHALED (@djkhaled) on

သူ႔ရဲ့ “Top Off” သီခ်င္းဟာဆုိရင္ Jay-Z တင္မဟုတ္ဘဲ Future နဲ႔ Beyonce လို နာမည္ၾကီးၾကယ္ပြင့္ေတြပါ ပါဝင္ထားပါတယ္။ သူ႔ရဲ့ အသက္ဟာ အခုဆို ၄၂ ႏွစ္ရွိျပီျဖစ္ျပီး လူမႈကြန္ရက္မွာဆိုရင္လည္း ဆယ္လီတစ္ေယာက္ ျဖစ္ပါတယ္။ Instagram မွာတင္ သူကို Follow ထားသူ ၉ သန္းရွိျပီး Twitter မွာဆိုရင္ လူ ၄သန္းေလာက္က Follow ထားပါတယ္။

အခုလို ေအာင္ျမင္ေနတဲ့ Khaled ရဲ့ မိဘႏွစ္ပါးဟာဆိုရင္ ပါလက္စတုိင္းကေန ေရႊ႕ေျပာင္းအေျခစိုက္လာသူေတြလို႔ ေျပာရင္ အံ့ၾသၾကမွာပါ။ သူ႔အေဖဟာ လူးဝစ္စီးယားနားျပည္နယ္ကို အိတ္ကပ္ထဲမွာ ေဒၚလာ ၂၀ တည္းနဲ႔ ေရာက္လာခဲ့ျပီး အသက္ရွင္ရပ္တည္ဖို႔ကို ရုန္းကန္ခဲ့ရပါတယ္။ Khaled ကိုေတာ့ ၁၉၇၅ ခုႏွစ္ ႏုိဝင္ဘာလမွာ နယူးေအာလန္းမွာ ေမြးဖြားခဲ့ျပီး Khaled လူမွန္းသိတတ္စတည္းက သူ႔မိဘႏွစ္ပါးဟာ တစ္ပတ္ကို ၇ရက္၊ တစ္ရက္ကို ၂၄ နာရီနီးပါးေလာက္လို႔ ထင္ရေအာင္ကို နားခ်ိန္မရွိ အလုပ္လုပ္ခဲ့ရတယ္လို႔ Khaled က ေဖာက္သည္ခ်ခဲ့ပါတယ္။

Khaled ဟာ အသက္ ၁၃ ႏွစ္သားတည္းက သူတို႔ ကားဂိုေဒါင္ေလးထဲမွာ DJ တီးတဲ့အလုပ္ကို စလုပ္ေနျပီး သူ႔မွာရွိတဲ့ ကီးဘုတ္တစ္ခု၊ ဓာတ္ျပားစက္၊ ဒရမ္စက္တစ္ခုနဲ႔တင္ စတင္ လုပ္ေဆာင္ခဲ့ပါတယ္။ ကလပ္ေတြမွာ DJ လုိက္လုပ္ျပီး တစ္ပတ္ကို ေဒၚလာ ၁၀၀ ေလာက္ပဲ ရရွိခဲ့တာပါ။ ၾကမ္းျပင္မွာ ဒီတုိင္းအိပ္ရျပီး ပရိေဘာဂပစၥည္းဆိုတာ ရွိကို မရွိပါဘူးတဲ့။

မီယာမီျမိဳ႕ကိုေတာ့ ၁၉၉၄ ခုႏွစ္မွာ ေရာက္ရွိလာခဲ့ျပီး သူ႔အေဖလိုပဲ အိတ္ကပ္ထဲမွာ ေဒၚလာ ၂၀ေတာင္ မျပည့္တဲ့ ေငြနဲ႔ပါ။ အဲ့ဒီမွာ DJ အေနနဲ႔ ေျခကုတ္ရေအာင္ၾကိဳးစားခဲ့ျပီး ဝင္ေငြရေအာင္ သူ႔ကို ေခၚတဲ့ ေနရာတုိင္းမွာ လိုက္ျပီး တီးပါတယ္။ သူ႔ရည္းစားေကာင္မေလးရဲ့အေမအိမ္နဲ႔ သူ႔ကားေပၚမွာ တလွည့္စီအိပ္ျပီး ရုန္းကန္ေနခဲ့ပါတယ္၊တစ္ခါတေလမွာေတာ့ စတူဒီယုိမွာပဲ အိပ္ရတာေပ့ါ။

ဒီလိုနဲ႔ပဲ သူ႔ရဲ့ သတင္းဟာ တျဖည္းျဖည္းေက်ာ္ၾကားလာျပီး အဲဒီေခတ္က လူမႈကြန္ရက္ေတြ မေပၚေသးေတာ့ လူသတင္းလူခ်င္းေဆာင္ျပီးပဲ သူ႔အေၾကာင္းေတြ ေျပာလာၾကပါျပီ။ ဒီလိုနဲ႔ပဲ တႏုိင္ငံလံုး အသိအမွတ္ျပဳတဲ့ We Takin’ Over အယ္လ္ဘမ္ဟာ ၂၀၀၇ ခုႏွစ္မွာ ထြက္ရွိလာခဲ့ျပီး Lil’ Wayne ၊ Birdman နဲ႔ Akon တို႔လို နာမည္ၾကီးေတြ ပါဝင္သီဆိုခဲ့ပါတယ္။

ပါလက္စတုိင္းေရႊ႕ေျပာင္းအေျခခ်မိဘႏွစ္ပါးက ေမြးဖြားလာတဲ့၊ ငယ္ဘဝမွာ ေလာကဓံမ်ိဳးစံုၾကံဳခဲ့ရတဲ့ Khaled ဟာေတာ့ အခုဆို နာမည္ၾကီးအဆုိေတာ္ေတြရဲ့ သီခ်င္းေတြကို ဖန္တီးထုတ္လုပ္ေပးသူနဲ႔ လက္ရွိၾကြယ္ဝမႈ ေဒၚလာသန္း ၂၀ (Celebrity Network ရဲ့ ေဖာ္ျပမႈအရ) ပုိင္ဆုိင္တဲ့ DJ Khaled ျဖစ္လာခဲ့ပါျပီ။

ရိုးလူ (Akhayar)

www.akhayar.com

Ref : www.cnbc.com

[Unicode]

အိတ်ကပ်ထဲ ဒေါ်လာ (၂၀) ပဲရှိတဲ့ဘဝကနေ DJ Khaled ဖြစ်တဲ့အထိ ကြိုးစားလာသူ

DJ Khaled ဆို နိုင်ငံတကာ ဂီတနားဆင်တဲ့သူတွေက ပြောစရာမလို သိပြီးသားဖြစ်မှာပါ။ DJ Khaled ရဲ့ နာမည်ရင်းကတော့ Khaled Mohamed Khaled ဖြစ်ပြီး သူ့ကိုယ်သူ Music Producer တစ်ယောက်၊ DJ တစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ သတ်မှတ်ထားသူပါ။

သူဟာ နာမည်ကြီး “The Ellen DeGeneres Show” မှာ မတ်လ ၂၀၁၆ မှာ ပြောကြားခဲ့တာက သူဟာ အကောင်းစားသီချင်းတွေ အများကြီးထုတ်လုပ်ခဲ့ပြီး Jay-Z ဟာဆိုရင် သူ့ရဲ့မန်နေဂျာဖြစ်ကြောင်းလည်း ပါပါတယ်။

Allow me to reintroduce myself!!!! Meet my manager. His name is Jay Z. Jigga. Hov!!! Special cloth alert! The blessings coming in have been overwhelming. So much blessings I needed the right team to help me embrace it right. And when I say embrace I mean brand partnership. When two special cloth brands come together history gets made. I'd like to thank fan luv for walking with me thru the journey of more success. They don't want us to win!!!! So what we gonna do is win more. When I say we, I'm talking fan luv! I'm talking my brother Lenny S! Always seen my vision !!I'm talking Chaka!! I'm talking JIGGA NATION!!!!! I'm up to something. I will never stop!!! I will not lose JIGGA VOICE!!! Ride with me thru the journey of more success. God is the greatest! Bless up. #WeTheBest 🔑#JAYZ 🔑#Rocnation @wethebestmusic JUS KNOW IM WORKING ON NEW MUSIC !! 🔑🔑🔑

A post shared by DJ KHALED (@djkhaled) on

သူ့ရဲ့ “Top Off” သီချင်းဟာဆိုရင် Jay-Z တင်မဟုတ်ဘဲ Future နဲ့ Beyonce လို နာမည်ကြီးကြယ်ပွင့်တွေပါ ပါဝင်ထားပါတယ်။ သူ့ရဲ့ အသက်ဟာ အခုဆို ၄၂ နှစ်ရှိပြီဖြစ်ပြီး လူမှုကွန်ရက်မှာဆိုရင်လည်း ဆယ်လီတစ်ယောက် ဖြစ်ပါတယ်။ Instagram မှာတင် သူကို Follow ထားသူ ၉ သန်းရှိပြီး Twitter မှာဆိုရင် လူ ၄သန်းလောက်က Follow ထားပါတယ်။

အခုလို အောင်မြင်နေတဲ့ Khaled ရဲ့ မိဘနှစ်ပါးဟာဆိုရင် ပါလက်စတိုင်းကနေ ရွှေ့ပြောင်းအခြေစိုက်လာသူတွေလို့ ပြောရင် အံ့သြကြမှာပါ။ သူ့အဖေဟာ လူးဝစ်စီးယားနားပြည်နယ်ကို အိတ်ကပ်ထဲမှာ ဒေါ်လာ ၂၀ တည်းနဲ့ ရောက်လာခဲ့ပြီး အသက်ရှင်ရပ်တည်ဖို့ကို ရုန်းကန်ခဲ့ရပါတယ်။ Khaled ကိုတော့ ၁၉၇၅ ခုနှစ် နိုဝင်ဘာလမှာ နယူးအောလန်းမှာ မွေးဖွားခဲ့ပြီး Khaled လူမှန်းသိတတ်စတည်းက သူ့မိဘနှစ်ပါးဟာ တစ်ပတ်ကို ၇ရက်၊ တစ်ရက်ကို ၂၄ နာရီနီးပါးလောက်လို့ ထင်ရအောင်ကို နားချိန်မရှိ အလုပ်လုပ်ခဲ့ရတယ်လို့ Khaled က ဖောက်သည်ချခဲ့ပါတယ်။

Khaled ဟာ အသက် ၁၃ နှစ်သားတည်းက သူတို့ ကားဂိုဒေါင်လေးထဲမှာ DJ တီးတဲ့အလုပ်ကို စလုပ်နေပြီး သူ့မှာရှိတဲ့ ကီးဘုတ်တစ်ခု၊ ဓာတ်ပြားစက်၊ ဒရမ်စက်တစ်ခုနဲ့တင် စတင် လုပ်ဆောင်ခဲ့ပါတယ်။ ကလပ်တွေမှာ DJ လိုက်လုပ်ပြီး တစ်ပတ်ကို ဒေါ်လာ ၁၀၀ လောက်ပဲ ရရှိခဲ့တာပါ။ ကြမ်းပြင်မှာ ဒီတိုင်းအိပ်ရပြီး ပရိဘောဂပစ္စည်းဆိုတာ ရှိကို မရှိပါဘူးတဲ့။

မီယာမီမြို့ကိုတော့ ၁၉၉၄ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး သူ့အဖေလိုပဲ အိတ်ကပ်ထဲမှာ ဒေါ်လာ ၂၀တောင် မပြည့်တဲ့ ငွေနဲ့ပါ။ အဲ့ဒီမှာ DJ အနေနဲ့ ခြေကုတ်ရအောင်ကြိုးစားခဲ့ပြီး ဝင်ငွေရအောင် သူ့ကို ခေါ်တဲ့ နေရာတိုင်းမှာ လိုက်ပြီး တီးပါတယ်။ သူ့ရည်းစားကောင်မလေးရဲ့အမေအိမ်နဲ့ သူ့ကားပေါ်မှာ တလှည့်စီအိပ်ပြီး ရုန်းကန်နေခဲ့ပါတယ်၊တစ်ခါတလေမှာတော့ စတူဒီယိုမှာပဲ အိပ်ရတာပေ့ါ။

ဒီလိုနဲ့ပဲ သူ့ရဲ့ သတင်းဟာ တဖြည်းဖြည်းကျော်ကြားလာပြီး အဲဒီခေတ်က လူမှုကွန်ရက်တွေ မပေါ်သေးတော့ လူသတင်းလူချင်းဆောင်ပြီးပဲ သူ့အကြောင်းတွေ ပြောလာကြပါပြီ။ ဒီလိုနဲ့ပဲ တနိုင်ငံလုံး အသိအမှတ်ပြုတဲ့ We Takin’ Over အယ်လ်ဘမ်ဟာ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိလာခဲ့ပြီး Lil’ Wayne ၊ Birdman နဲ့ Akon တို့လို နာမည်ကြီးတွေ ပါဝင်သီဆိုခဲ့ပါတယ်။

ပါလက်စတိုင်းရွှေ့ပြောင်းအခြေချမိဘနှစ်ပါးက မွေးဖွားလာတဲ့၊ ငယ်ဘဝမှာ လောကဓံမျိုးစုံကြုံခဲ့ရတဲ့ Khaled ဟာတော့ အခုဆို နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းတွေကို ဖန်တီးထုတ်လုပ်ပေးသူနဲ့ လက်ရှိကြွယ်ဝမှု ဒေါ်လာသန်း ၂၀ (Celebrity Network ရဲ့ ဖော်ပြမှုအရ) ပိုင်ဆိုင်တဲ့ DJ Khaled ဖြစ်လာခဲ့ပါပြီ။

ရိုးလူ (Akhayar)

www.akhayar.com

Ref : www.cnbc.com