“How deep is your love” ဆိုတဲ့ Calvin Harris ရဲ့ သီချင်းလေးကို ကြားဖူးကြမှာပေါ့ခင်ဗျာ။ မင်းအချစ်က ဘယ်လောက်စစ်မှန်နက်ရှိုင်းပါသလဲတဲ့။ သူတို့လိုပဲ ကျွန်တော်တို့ဆီမှာလည်း ဘယ်လောက်ချစ်လဲဆိုရင် မိုးလောက်ကြီး ချစ်တယ်တို့၊ ပင်လယ်ကြီးလောက်၊ သမုဒ္ဒရာကြီးလောက် တို့ ဖြေတတ်ပါတယ်။

ဒါမယ့် တကယ်ကြီး သမုဒ္ဒရာကြီး ဘယ်လောက်နက်လဲ ကျွန်တော်တို့မှ မသိတာနော်။ တော်ကြာ ကိုယ့်ချစ်သူလေးက သမုဒ္ဒရာကြီးလောက်ဆိုတော့ ဘယ်လောက်နက်လဲလို့ မေးရင် အားလုံး ဂွကျကုန်ကြမှာ။ အဲဒီတော့ ဒီ Post လေးမှာ သမုဒ္ဒရာကြီး ဘယ်လောက်နက်တယ်ဆိုတာကို ရုပ်ပုံတွေနဲ့ရော Video file လေးနဲ့ပါ ပြထားတယ်ဗျ။ ကြည့်ပြီးရင် သေချာရွှီးလို့ ရပြီပေါ့။ 😛

 

40 m depth

အနက် မီတာ ၄၀ ဆိုတာ ရေငုပ်အပန်းဖြေသူများအတွက် အမြင့်ဆုံး အနက်မှတ်ဖြစ်ပါတယ်။

301 m

၃၀၁ မီတာအီဖယ်လ်တာဝါကို ဇောက်ထိုးထားတဲ့ အမြင့်ပဲ ရှိပါသေးတယ်။

500-m

၅၀၀ မီတာဆိုတာ အပြာရောင်ဝေလငါးတွေ ကူးခတ်ဒိုင်ဗင်ထိုးနိုင်တဲ့ အနက်ဆုံးအမှတ်ပါ။

1000-m

မီတာ ၁၀၀၀ ဆိုတာ နေရောင်ခြည်အလင်းတန်းကျရောက်နိုင်တဲ့ အမြင့်ဆုံးအနက်ပါ။

၁၈၂၈ မီတာဆိုတာ မြေပြင်မှာဆို Grand Canyon ချောက်ကြီးရဲ့ အနိမ့်ဆုံးအမှတ်နဲ့ အတူတူပါပဲ။

4267-m

၄၂၆၇ မီတာဆိုတာ သမုဒ္ဒရာတွေရဲ့ ပျမ်းမျှအနက်ပါပဲ။

8850 m

၈၈၅၀ မီတာအနက်ကတော့ ဧဝရက်တောင်ရဲ့ အမြင့်နဲ့ သွားတူပါတယ်။

၁၀၈၉၈ မီတာကတော့ ၂၀၁၂ ခုနှစ်မှာ အနက်ပေစူးစမ်းမှုလုပ်တဲ့ ဖလင်ဒါရိုက်တာ James Cameron ရောက်ခဲ့တဲ့ အမှတ်ဖြစ်ပြီးတော့ ၁၁၀၃၄ မီတာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ သမုဒ္ဒရာတွေရဲ့ အနက်ဆုံးအပိုင်းဖြစ်တဲ့ Mariana Trench ရဲ့ အခြေဖြစ်ပါတယ်။

အောက်မှာ ပြထားတဲ့ Video မှာလည်း သမုဒ္ဒရာကြီး ဘယ်လောက်နက်တယ်ဆိုတဲ့အကြောင်းကို သေချာရှင်းပြထားပါတယ်။ ရှုစားကြည့်ပါဦး အခရာ ပရိသတ်ကြီးခင်ဗျား။ ပြီးရင်တော့ ကိုယ့်အချစ်ကို ကိုယ် သမုဒ္ဒရာကြီးနဲ့ အမှန်သေချာ နှိုင်းဆပြလို့ ရပြီပေါ့။

 

 

 

ရိုးလူ (အခရာ)

www.akhayar.com