[Zawgyi]

ပုိက္ဆံေတြကုိ ဘယ္လုိရွာၿပီး ဘယ္မွာသုံးတာလဲ David Beckham

David Beckham လုိ႔ေျပာလုိက္ရင္ ၂၁ ရာစုရဲ႕ေဘာလုံးမင္းသား။ ၿပီးေတာ့ ဖရီးကစ္ေကာင္းတဲ့သူ။ ေနာက္ေတာ့ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း။ ေဘာလုံးအေၾကာင္းကုိ နကန္းတစ္လုံးမွ နားမလည္တဲ့သူေတြေတာင္ David Beckham ကုိ သိၾကပါတယ္။ ဒီေန႔ေခတ္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ Cristiano Ronaldo ရုပ္ေခ်ာတယ္ဆုိတာ David Beckham နားလန္ထသေလာက္ပဲ ရွိပါေသးတယ္။ ရုပ္ရည္ေၾကာင့္ ကြင္းတြင္းကြင္းျပင္ လႊမ္းမိုးမႈရွိတဲ့သူ။

David Beckham ဆုိတာ ရုပ္ရည္ပဲ ေခ်ာေမာၿပီး ေျခစြမ္းမေကာင္းတဲ့ ‘လူ႔ေပါက္ပန္း’ မဟုတ္ပါဘူး။ မန္ယူ၊ ရီးရဲလ္မက္ဒရစ္၊ LA Galaxy ၊ ေအစီမီလန္နဲ႔ PSG တုိ႔လုိအသင္းႀကီးေတြမွာ က်င္လည္ခဲ့တယ္။ အဂၤလန္၊ စပိန္၊ အေမရိကန္နဲ႔ ျပင္သစ္ႏုိင္ငံေတြမွာ ဖလားရဖူးတဲ့ ပထမဆုံးအဂၤလိပ္ကစားသမား။ ၁၉၉၈၊ ၂ဝဝ၂နဲ႔ ၂ဝဝ၆ ကမၻာ့ဖလားသုံးႀကိမ္လုံးမွာ ဂုိးသြင္းဖူးတဲ့ ပထမဆုံးအဂၤလိပ္ကစားသမား။ ဖရီးကစ္ကန္ခ်က္ေၾကာင့္ ၿပိဳင္ဘက္ေနာက္တန္းေတြနဲ႔ ဂုိးသမားကုိ ေသြးပ်က္ေစခဲ့သူ။

ဂႏၳဝင္ေဘာလုံးသမားႀကီး Pele က ေရြးခ်ယ္ခဲ့တဲ့ FIFA 100 စာရင္းမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့သူ။ သူ႕ရဲ႕ေဘာလုံးစြမ္းရည္ေၾကာင့္ ေတာ္ဝင္ဘုရင္မႀကီး Elizabeth II ကေတာင္ Officer of the Most Excellent Order of the British Empire (OBE) ဘြဲ႕ကုိ ေပးအပ္ခဲ့တယ္။

မုတ္ဆိတ္ေမႊး၊ ႏႈတ္ခမ္းေမႊးေတြနဲ႔ စြဲမက္ဖြယ္ေကာင္းတဲ့အျပင္ ညိွဳ႕ဓာတ္ပါတဲ့ အၾကည့္ေတြေၾကာင့္ ကိေလသာမကင္းတဲ့ ပ်ိဳေမေတြ ေခြယုိင္မိတာ အျပစ္လုိ႔မဆုိသာ။ (၆) ေပဆုိတဲ့ အရပ္အေမာင္းဟာ ပ်ိဳေမေတြအတြက္ အားကုိးခ်င္စရာပါ။ သူ႕ရဲ႕အေအာင္ျမင္ဆုံးကာလလုိ႔ေျပာပါဆုိရင္ မန္ယူကစားသမားဘဝပါ။ ၁၉၉၂ခုႏွစ္ စက္တင္ဘာလ (၂၃) ရက္မွာ မန္ယူအသင္းနဲ႔အတူ ေၾကးစားကစားသမားဘဝကုိ စတင္တယ္။

အဲဒီအခ်ိန္တုန္းက (၁၇) ႏွစ္။ Nicky Butt ၊ Ryan Giggs ၊ Paul Scholes ၊ Gary Neville နဲ႔ Phil Neville တုိ႔ဟာ သူနဲ႔ကစားေဖာ္ေတြ။ ၁၉၉၄ – ၁၉၉၅ ရာသီမွာ Preston North End အသင္းကုိ အငွားခ်ခံလုိက္ရေသးတယ္။

မန္ယူအသင္းနဲ႔ ပရီးမီးယားလိဂ္ဖလား (၆) ႀကိမ္၊ FA ဖလား (၂) ႀကိမ္အျပင္ ခ်န္ပီယံလိဂ္ဖလား (၁) ႀကိမ္ရရွိခဲ့တယ္။ ၁၉၉၆ခုႏွစ္မွာ အဂၤလန္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံရတယ္။ ၂ဝဝ၁ခုႏွစ္မွာ အသင္းေခါင္းေဆာင္ျဖစ္ခဲ့တယ္။

၁၉၉၉ခုႏွစ္မွာ Spice Girls အဖြဲ႕ဝင္ Victoria Beckham နဲ႔ လက္ထပ္ခဲ့တယ္။ Brooklyn Beckham ၊ Romeo Beckham ၊ Cruz Beckham နဲ႔ Harper Beckham ဆုိၿပီး သားသမီး (၄) ဦး ထြန္းကားခဲ့တယ္။ ၂ဝ၁၃ခုႏွစ္ ေမလမွာ David Beckham ဟာ ကစားသမားဘဝက အနားယူခဲ့တယ္။

လက္ရွိအခ်ိန္မွာ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈက အေမရိကန္ေဒၚလာ (၄၅ဝ) သန္းရွိတယ္လုိ႔ သိရပါတယ္။ ဒါဆုိရင္ သူ႕ရဲ႕အဓိက ဝင္ေငြေတြကုိ ေလ့လာၾကည့္ရေအာင္။

ေဘာလုံးသမားဘဝမွာလည္း လစာျမင့္မားတဲ့ David Beckham ဟာ ေၾကာ္ျငာပုံရိပ္ကလည္း ဝင္ေငြေတြအမ်ားႀကီးရတဲ့သူပါ။ သူဟာ Coca-Cola ၊ IBM ၊ Coty ၊ Brylcreem ၊ Armani ၊ H&M ၊ Sainsbury’s ၊ Samsung ၊ Vodafone ၊ Breitling ၊ Calvin Klein နဲ႔ Gilette တုိ႔လုိ ကုမၸဏီႀကီးေတြနဲ႔ ေၾကာ္ျငာရုိက္ခဲ့ေသးတယ္။

၂ဝဝ၃ခုႏွစ္တုန္းက Adidas ကုမၸဏီနဲ႔ ေဒၚလာ (၁၆ဝ) သန္းတန္ တစ္သက္တာစာခ်ဳပ္ခ်ဳပ္ခဲ့တယ္။ Adidas ရဲ႕ေရာင္းအားေပၚမူတည္ၿပီး အခ်ိဳးက်ခြဲေဝရရွိမွာျဖစ္ပါတယ္။ သူဟာ Pepsi Co နဲ႔လည္း (၁ဝ) ႏွစ္တာ စာခ်ဳပ္ခ်ဳပ္ခဲ့တယ္။ သက္တမ္းတစ္ေလ်ွာက္ ဂ်ာစီ (၁ဝ) သန္းေက်ာ္အထိ ေရာင္းခ်ခဲ့ရၿပီး သူ႕ရဲ႕ဂ်ာစီေရာင္းအားဝင္ေငြက ေပါင္ (၁) ဘီလီယံအထိရွိခဲ့ပါတယ္။

၂ဝဝ၇ခုႏွစ္မွာ ေရေမႊးေၾကာ္ျငာရုိက္တုန္းက ေဒၚလာ (၁၃.၇) သန္း ရခဲ့တယ္။ ၂ဝ၁၇ခုႏွစ္မွာ David Beckham ရဲ႕ဝင္ေငြက ေဒၚလာ (၆၅) သန္းအထိရွိခဲ့တယ္။ (၄၃) ႏွစ္ရွိၿပီျဖစ္ေပမယ့္ သူ႕ရဲ႕ပုံရိပ္မူပုိင္ခြင့္ကုမၸဏီ Footwork Productions Ltd ကေန တစ္ေန႔ဝင္ေငြ ေပါင္ ၃၅,ဝဝဝ (၄၆,၁၇၃ေဒၚလာ) အထိ ရွိခဲ့တာျဖစ္ပါတယ္။ ၂ဝ၁၃ခုႏွစ္မွာ ေဒၚလာ (၄၈.၃) သန္းအထိရွိခဲ့ၿပီး ကမၻာ့ဝင္ေငြအမ်ားဆုံးေဘာလုံးသမားျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ H&M ၊ Adidas နဲ႔ Haig Club Whisky တုိ႔လုိ ကုမၸဏီေတြနဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္ေတြအရ ၂ဝ၁၆ခုႏွစ္တုန္းက ေပါင္ ၁၂.၇သန္းအထိရွိခဲ့တယ္လုိ႔ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ကစားသမားဘဝ ေၾကာ္ျငာဝင္ေငြ ေဒၚလာ သန္း (၁၉ဝ) ရွိတယ္လုိ႔ The New York Times မဂၢဇင္းက ၂ဝ၁ဝခုႏွစ္မွာ ခန္႔မွန္းခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူဟာ အနားယူခဲ့ေပမယ့္ တစ္လမွာ ေပါင္ (၁) သန္းနီးပါး ဝင္ေငြရွိပါတယ္။

Instagram မွာ ပရိသတ္ (၅ဝ.၉)သန္းအထိရွိတဲ့ သူဟာ ေၾကာ္ျငာတစ္ပုဒ္တင္ရင္ ေဒၚလာ (၃) သိန္းအထိ ရရွိသူျဖစ္ပါတယ္။ ဖက္ရွင္ေလာကမွာ ဆရာတစ္ဆူျဖစ္ေနေတာ့ သူ႕ကုိ British Fashion Council (BFC) ရဲ႕  Ambassadorial President ျဖစ္လာခဲ့ပါတယ္။

ေဘာလုံးေလာကမွာ အရွိန္အဝါႀကီးမားခဲ့တဲ့ David Beckham ဟာ အနားယူတဲ့အခ်ိန္မွာလည္း ေရႊထီးေဆာင္းေနတုန္းပါပဲ။

နာမည္ေက်ာ္အႏုပညာရွင္ေတြနဲ႔ ရင္းႏွီးၿပီး ေၾကာ္ျငာေတြ ရုိက္ရရုံမက King Arthur: Legend of the Sword (2017) ရုပ္ရွင္ထဲမွာလည္း သရုပ္ေဆာင္ခဲ့ပါတယ္။

David Beckham ဟာ တျခားလူေတြနဲ႕စာရင္ ဇိမ္ခံကားနဲ႕  အိမ္ေတြကုိ ရူးသြပ္လြန္းတယ္။ သူဟာ LA Galaxy အသင္းမွာ ကစားတုန္းက Beverly Hills ၿမိဳ႕မွာ ေဒၚလာ (၂၂) သန္းတန္ အိမ္ေတာ္ႀကီးကုိ ဝယ္ခဲ့တယ္။ (၁၃ဝ,ဝဝဝ) စတုရန္းေပရွိၿပီး ေခတ္မီအသုံးအေဆာင္ေတြနဲ႔ ျပည့္ေနတယ္။ မက္ဒရစ္ၿမိဳ႕မွာလည္း ေဒၚလာ (၁၂) သန္းတန္ Casa Beckham အိမ္ေတာ္ႀကီးကုိ ပုိင္ဆုိင္ထားပါတယ္။ ၁၉၉၉ခုႏွစ္မွာ အဂၤလန္ႏုိင္ငံမွာ Beckingham Palace ဆုိတဲ့ စံအိမ္ႀကီးကုိ ေပါင္ (၂.၅) သန္းနဲ႔ ဝယ္ခဲ့တယ္။

(၂၄) ဧကက်ယ္တဲ့ အိမ္ႀကီးကုိ ေပါင္ (၃) သန္းေလာက္သုံးၿပီး စိတ္ႀကိဳက္ျဖစ္ေအာင္ ျပင္ဆင္ခဲ့တယ္။ ၂ဝ၁၄ခုႏွစ္မွာ ေပါင္ (၁၁.၃၅) သန္းနဲ႔ ျပန္ေရာင္းလုိက္တယ္။ အေစာပုိင္းကာလတုန္းက မုိင္ယာမီကမ္းေျခမွာ ေဒၚလာ (၄၁) သန္းနဲ႔ အိမ္တစ္လုံးဝယ္ဖုိ႔ သတင္းထြက္ခဲ့ပါေသးတယ္။ လက္ရွိေနတာက အဂၤလန္ႏုိင္ငံ Cotswold Hills ေဒသမွာပါ။ စံအိမ္ေတာ္ႀကီးက ေဒၚလာ (၁ဝ) သန္းေတာင္ ေပးရတယ္။

ဝင္ေငြေကာင္းတုန္းမွာ သုံးျဖဳန္းၾကၿပီး ေနဝင္ခ်ိန္မွာ မြဲေတသြားၾကတဲ့ အားကစားသမားေတြ ဒုနဲ႔ေဒးရွိၾကပါတယ္။ ဒီအထဲမွာေတာ့ David Beckham မပါခဲ့ဘူး။

 

‘စီးတဲ့ေရ ဆည္တဲ့ကန္သင္း’ ဆုိသလုိ ဇနီးသည္ Victoria Beckham ရဲ႕ ထိန္းေက်ာင္းႏုိင္မႈကုိလည္း ေလ်ွာ့တြက္လုိ႔မရဘူး။

သူဟာ ဇိမ္ခံကားအစီး (၂ဝ) ေလာက္ကုိ ပုိင္ဆုိင္ဖူးတယ္။ Bentley ကားအျပင္ ေဒၚလာ (၄) သိန္းတန္တဲ့ Rolls-Royce ကားကုိေတာင္ ဝယ္ထားေသးတယ္။

အေမရိကန္မင္းသားႀကီး Steve McQueen စီးခဲ့တဲ့ Porsche 911 Turbo ကားပုံစံတူကုိ ဝယ္ထားတယ္။ ဒါ့အျပင္ Super Vintage 93″ Knuckle ဆုိင္ကယ္ႀကီးကုိလည္း မွာယူခဲ့တယ္။ ၂ဝ၁၂ခုႏွစ္မွာ Inter Miami CF အသင္းကုိ တည္ေထာင္ခဲ့တယ္။ အသင္းဟာ ၂ဝ၂ဝခုႏွစ္ေရာက္ရင္ ေမဂ်ာလိဂ္မွာ ယွဥ္ၿပိဳင္ေတာ့မွာပါ။

David Beckham ဟာ PSG အသင္းမွာ (၅) လစာခ်ဳပ္နဲ႔ ကစားခဲ့တယ္။ ပါရီၿမိဳ႕မွာေနတုန္းက တစ္ည ေဒၚလာ (၂၁,၇၄ဝ) အထိ ေပးရတဲ့ဟုိတယ္ႀကီးမွာ ေနခဲ့တာပါ။ (ဟုိတယ္ခကုိ အသင္းက ရွင္းေပးရတယ္။) တစ္ပတ္လုပ္ခ ေပါင္ (၁၇ဝ,ဝဝဝ) ရတယ္။ ရသမ်ွပုိက္ဆံေတြကုိ လွဴဒါန္းပစ္ခဲ့တာ ေပါင္ (၃.၄) သန္းေတာင္ ရွိခဲ့တယ္။

ဇနီးေမာင္ႏွံႏွစ္ဦးလုံးက ပရဟိတဘက္မွာ အားသန္တယ္။ ဇနီးသည္ Victoria Beckham ဟာ ကုလသမဂၢရဲ႕  Goodwill Ambassador ျဖစ္သလုိ သူကလည္း UNICEF ရဲ႕ Goodwill Ambassador တစ္ဦးပါ။

ဒါေပမယ့္ David Beckham မွာ Obsessive Compulsive Disorder လုိ႔ေခၚတဲ့ အစြဲအလမ္းလြန္ေဝဒနာတစ္မ်ိဳးရွိတယ္။ သူ႕ရင္ထဲမွာ ရွိေနတဲ့အရာေတြကုိ စြဲလမ္းစိတ္နဲ႔ ထပ္ခါထပ္ခါျပဳလုပ္ေနတတ္တယ္။ ေဆးမင္ေၾကာင္ထုိးတယ္။ မထုိးဘဲ မေနႏုိင္ဘူး။ ထပ္ခါထပ္ခါ ထုိးတယ္။

၂ဝ၁၆ခုႏွစ္တုန္းကေတာင္ သူ႕ခႏၶာကုိယ္မွာ ေဆးမင္ေၾကာင္ (၄ဝ) ေလာက္ရွိေနၿပီ။ သူ႕သားသမီးေတြရဲ႕နာမည္ေတြကုိ ထုိးထားတယ္။ ဇနီးသည္ရဲ႕နာမည္ကုိေတာ့ ဘယ္ဘက္လက္ဖ်ံေပၚမွာ ထုိးထားတယ္။

လူလတ္ပုိင္းေရာက္ၿပီဆုိေပမယ့္ အားကစားကုိေတာ့ ပုံမွန္လုပ္ျဖစ္တယ္။ ဘယ္ေလာက္အရြယ္တင္လုိက္သလဲဆုိရင္ (၁၉) ႏွစ္ရွိၿပီျဖစ္တဲ့ Brooklyn Beckham နဲ႔ လမ္းေလ်ွာက္လာမယ္ဆုိရင္ေတာင္ ပ်ိဳေမေတြက သားေတာ္ေမာင္ကုိ သတိမထားမိဘဲ David Beckham ကုိပဲ ေငးေမာရတဲ့အထိပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ပိုက်ဆံတွေကို ဘယ်လိုရှာပြီး ဘယ်မှာသုံးတာလဲ David Beckham

David Beckham လို့ပြောလိုက်ရင် ၂၁ ရာစုရဲ့ဘောလုံးမင်းသား။ ပြီးတော့ ဖရီးကစ်ကောင်းတဲ့သူ။ နောက်တော့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း။ ဘောလုံးအကြောင်းကို နကန်းတစ်လုံးမှ နားမလည်တဲ့သူတွေတောင် David Beckham ကို သိကြပါတယ်။ ဒီနေ့ခေတ် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Cristiano Ronaldo ရုပ်ချောတယ်ဆိုတာ David Beckham နားလန်ထသလောက်ပဲ ရှိပါသေးတယ်။ ရုပ်ရည်ကြောင့် ကွင်းတွင်းကွင်းပြင် လွှမ်းမိုးမှုရှိတဲ့သူ။

David Beckham ဆိုတာ ရုပ်ရည်ပဲ ချောမောပြီး ခြေစွမ်းမကောင်းတဲ့ ‘လူ့ပေါက်ပန်း’ မဟုတ်ပါဘူး။ မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ LA Galaxy ၊ အေစီမီလန်နဲ့ PSG တို့လိုအသင်းကြီးတွေမှာ ကျင်လည်ခဲ့တယ်။ အင်္ဂလန်၊ စပိန်၊ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ဖလားရဖူးတဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမား။ ၁၉၉၈၊ ၂ဝဝ၂နဲ့ ၂ဝဝ၆ ကမ္ဘာ့ဖလားသုံးကြိမ်လုံးမှာ ဂိုးသွင်းဖူးတဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမား။ ဖရီးကစ်ကန်ချက်ကြောင့် ပြိုင်ဘက်နောက်တန်းတွေနဲ့ ဂိုးသမားကို သွေးပျက်စေခဲ့သူ။

ဂန္ထဝင်ဘောလုံးသမားကြီး Pele က ရွေးချယ်ခဲ့တဲ့ FIFA 100 စာရင်းမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့သူ။ သူ့ရဲ့ဘောလုံးစွမ်းရည်ကြောင့် တော်ဝင်ဘုရင်မကြီး Elizabeth II ကတောင် Officer of the Most Excellent Order of the British Empire (OBE) ဘွဲ့ကို ပေးအပ်ခဲ့တယ်။

မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနဲ့ စွဲမက်ဖွယ်ကောင်းတဲ့အပြင် ညှို့ဓာတ်ပါတဲ့ အကြည့်တွေကြောင့် ကိလေသာမကင်းတဲ့ ပျိုမေတွေ ခွေယိုင်မိတာ အပြစ်လို့မဆိုသာ။ (၆) ပေဆိုတဲ့ အရပ်အမောင်းဟာ ပျိုမေတွေအတွက် အားကိုးချင်စရာပါ။ သူ့ရဲ့အအောင်မြင်ဆုံးကာလလို့ပြောပါဆိုရင် မန်ယူကစားသမားဘဝပါ။ ၁၉၉၂ခုနှစ် စက်တင်ဘာလ (၂၃) ရက်မှာ မန်ယူအသင်းနဲ့အတူ ကြေးစားကစားသမားဘဝကို စတင်တယ်။

အဲဒီအချိန်တုန်းက (၁၇) နှစ်။ Nicky Butt ၊ Ryan Giggs ၊ Paul Scholes ၊ Gary Neville နဲ့ Phil Neville တို့ဟာ သူနဲ့ကစားဖော်တွေ။ ၁၉၉၄ – ၁၉၉၅ ရာသီမှာ Preston North End အသင်းကို အငှားချခံလိုက်ရသေးတယ်။

မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား (၆) ကြိမ်၊ FA ဖလား (၂) ကြိမ်အပြင် ချန်ပီယံလိဂ်ဖလား (၁) ကြိမ်ရရှိခဲ့တယ်။ ၁၉၉၆ခုနှစ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတယ်။ ၂ဝဝ၁ခုနှစ်မှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့တယ်။

၁၉၉၉ခုနှစ်မှာ Spice Girls အဖွဲ့ဝင် Victoria Beckham နဲ့ လက်ထပ်ခဲ့တယ်။ Brooklyn Beckham ၊ Romeo Beckham ၊ Cruz Beckham နဲ့ Harper Beckham ဆိုပြီး သားသမီး (၄) ဦး ထွန်းကားခဲ့တယ်။ ၂ဝ၁၃ခုနှစ် မေလမှာ David Beckham ဟာ ကစားသမားဘဝက အနားယူခဲ့တယ်။

လက်ရှိအချိန်မှာ သူ့ရဲ့အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ (၄၅ဝ) သန်းရှိတယ်လို့ သိရပါတယ်။ ဒါဆိုရင် သူ့ရဲ့အဓိက ဝင်ငွေတွေကို လေ့လာကြည့်ရအောင်။

ဘောလုံးသမားဘဝမှာလည်း လစာမြင့်မားတဲ့ David Beckham ဟာ ကြော်ငြာပုံရိပ်ကလည်း ဝင်ငွေတွေအများကြီးရတဲ့သူပါ။ သူဟာ Coca-Cola ၊ IBM ၊ Coty ၊ Brylcreem ၊ Armani ၊ H&M ၊ Sainsbury’s ၊ Samsung ၊ Vodafone ၊ Breitling ၊ Calvin Klein နဲ့ Gilette တို့လို ကုမ္ပဏီကြီးတွေနဲ့ ကြော်ငြာရိုက်ခဲ့သေးတယ်။

၂ဝဝ၃ခုနှစ်တုန်းက Adidas ကုမ္ပဏီနဲ့ ဒေါ်လာ (၁၆ဝ) သန်းတန် တစ်သက်တာစာချုပ်ချုပ်ခဲ့တယ်။ Adidas ရဲ့ရောင်းအားပေါ်မူတည်ပြီး အချိုးကျခွဲဝေရရှိမှာဖြစ်ပါတယ်။ သူဟာ Pepsi Co နဲ့လည်း (၁ဝ) နှစ်တာ စာချုပ်ချုပ်ခဲ့တယ်။ သက်တမ်းတစ်လျှောက် ဂျာစီ (၁ဝ) သန်းကျော်အထိ ရောင်းချခဲ့ရပြီး သူ့ရဲ့ဂျာစီရောင်းအားဝင်ငွေက ပေါင် (၁) ဘီလီယံအထိရှိခဲ့ပါတယ်။

၂ဝဝ၇ခုနှစ်မှာ ရေမွှေးကြော်ငြာရိုက်တုန်းက ဒေါ်လာ (၁၃.၇) သန်း ရခဲ့တယ်။ ၂ဝ၁၇ခုနှစ်မှာ David Beckham ရဲ့ဝင်ငွေက ဒေါ်လာ (၆၅) သန်းအထိရှိခဲ့တယ်။ (၄၃) နှစ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ပုံရိပ်မူပိုင်ခွင့်ကုမ္ပဏီ Footwork Productions Ltd ကနေ တစ်နေ့ဝင်ငွေ ပေါင် ၃၅,ဝဝဝ (၄၆,၁၇၃ဒေါ်လာ) အထိ ရှိခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၃ခုနှစ်မှာ ဒေါ်လာ (၄၈.၃) သန်းအထိရှိခဲ့ပြီး ကမ္ဘာ့ဝင်ငွေအများဆုံးဘောလုံးသမားဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် H&M ၊ Adidas နဲ့ Haig Club Whisky တို့လို ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ ၂ဝ၁၆ခုနှစ်တုန်းက ပေါင် ၁၂.၇သန်းအထိရှိခဲ့တယ်လို့ The Sun သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။ ကစားသမားဘဝ ကြော်ငြာဝင်ငွေ ဒေါ်လာ သန်း (၁၉ဝ) ရှိတယ်လို့ The New York Times မဂ္ဂဇင်းက ၂ဝ၁ဝခုနှစ်မှာ ခန့်မှန်းခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ အနားယူခဲ့ပေမယ့် တစ်လမှာ ပေါင် (၁) သန်းနီးပါး ဝင်ငွေရှိပါတယ်။

Instagram မှာ ပရိသတ် (၅ဝ.၉)သန်းအထိရှိတဲ့ သူဟာ ကြော်ငြာတစ်ပုဒ်တင်ရင် ဒေါ်လာ (၃) သိန်းအထိ ရရှိသူဖြစ်ပါတယ်။ ဖက်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်နေတော့ သူ့ကို British Fashion Council (BFC) ရဲ့  Ambassadorial President ဖြစ်လာခဲ့ပါတယ်။

ဘောလုံးလောကမှာ အရှိန်အဝါကြီးမားခဲ့တဲ့ David Beckham ဟာ အနားယူတဲ့အချိန်မှာလည်း ရွှေထီးဆောင်းနေတုန်းပါပဲ။

နာမည်ကျော်အနုပညာရှင်တွေနဲ့ ရင်းနှီးပြီး ကြော်ငြာတွေ ရိုက်ရရုံမက King Arthur: Legend of the Sword (2017) ရုပ်ရှင်ထဲမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။

David Beckham ဟာ တခြားလူတွေနဲ့စာရင် ဇိမ်ခံကားနဲ့  အိမ်တွေကို ရူးသွပ်လွန်းတယ်။ သူဟာ LA Galaxy အသင်းမှာ ကစားတုန်းက Beverly Hills မြို့မှာ ဒေါ်လာ (၂၂) သန်းတန် အိမ်တော်ကြီးကို ဝယ်ခဲ့တယ်။ (၁၃ဝ,ဝဝဝ) စတုရန်းပေရှိပြီး ခေတ်မီအသုံးအဆောင်တွေနဲ့ ပြည့်နေတယ်။ မက်ဒရစ်မြို့မှာလည်း ဒေါ်လာ (၁၂) သန်းတန် Casa Beckham အိမ်တော်ကြီးကို ပိုင်ဆိုင်ထားပါတယ်။ ၁၉၉၉ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှာ Beckingham Palace ဆိုတဲ့ စံအိမ်ကြီးကို ပေါင် (၂.၅) သန်းနဲ့ ဝယ်ခဲ့တယ်။

(၂၄) ဧကကျယ်တဲ့ အိမ်ကြီးကို ပေါင် (၃) သန်းလောက်သုံးပြီး စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ခဲ့တယ်။ ၂ဝ၁၄ခုနှစ်မှာ ပေါင် (၁၁.၃၅) သန်းနဲ့ ပြန်ရောင်းလိုက်တယ်။ အစောပိုင်းကာလတုန်းက မိုင်ယာမီကမ်းခြေမှာ ဒေါ်လာ (၄၁) သန်းနဲ့ အိမ်တစ်လုံးဝယ်ဖို့ သတင်းထွက်ခဲ့ပါသေးတယ်။ လက်ရှိနေတာက အင်္ဂလန်နိုင်ငံ Cotswold Hills ဒေသမှာပါ။ စံအိမ်တော်ကြီးက ဒေါ်လာ (၁ဝ) သန်းတောင် ပေးရတယ်။

ဝင်ငွေကောင်းတုန်းမှာ သုံးဖြုန်းကြပြီး နေဝင်ချိန်မှာ မွဲတေသွားကြတဲ့ အားကစားသမားတွေ ဒုနဲ့ဒေးရှိကြပါတယ်။ ဒီအထဲမှာတော့ David Beckham မပါခဲ့ဘူး။

 

‘စီးတဲ့ရေ ဆည်တဲ့ကန်သင်း’ ဆိုသလို ဇနီးသည် Victoria Beckham ရဲ့ ထိန်းကျောင်းနိုင်မှုကိုလည်း လျှော့တွက်လို့မရဘူး။

သူဟာ ဇိမ်ခံကားအစီး (၂ဝ) လောက်ကို ပိုင်ဆိုင်ဖူးတယ်။ Bentley ကားအပြင် ဒေါ်လာ (၄) သိန်းတန်တဲ့ Rolls-Royce ကားကိုတောင် ဝယ်ထားသေးတယ်။

အမေရိကန်မင်းသားကြီး Steve McQueen စီးခဲ့တဲ့ Porsche 911 Turbo ကားပုံစံတူကို ဝယ်ထားတယ်။ ဒါ့အပြင် Super Vintage 93″ Knuckle ဆိုင်ကယ်ကြီးကိုလည်း မှာယူခဲ့တယ်။ ၂ဝ၁၂ခုနှစ်မှာ Inter Miami CF အသင်းကို တည်ထောင်ခဲ့တယ်။ အသင်းဟာ ၂ဝ၂ဝခုနှစ်ရောက်ရင် မေဂျာလိဂ်မှာ ယှဉ်ပြိုင်တော့မှာပါ။

David Beckham ဟာ PSG အသင်းမှာ (၅) လစာချုပ်နဲ့ ကစားခဲ့တယ်။ ပါရီမြို့မှာနေတုန်းက တစ်ည ဒေါ်လာ (၂၁,၇၄ဝ) အထိ ပေးရတဲ့ဟိုတယ်ကြီးမှာ နေခဲ့တာပါ။ (ဟိုတယ်ခကို အသင်းက ရှင်းပေးရတယ်။) တစ်ပတ်လုပ်ခ ပေါင် (၁၇ဝ,ဝဝဝ) ရတယ်။ ရသမျှပိုက်ဆံတွေကို လှူဒါန်းပစ်ခဲ့တာ ပေါင် (၃.၄) သန်းတောင် ရှိခဲ့တယ်။

ဇနီးမောင်နှံနှစ်ဦးလုံးက ပရဟိတဘက်မှာ အားသန်တယ်။ ဇနီးသည် Victoria Beckham ဟာ ကုလသမဂ္ဂရဲ့  Goodwill Ambassador ဖြစ်သလို သူကလည်း UNICEF ရဲ့ Goodwill Ambassador တစ်ဦးပါ။

ဒါပေမယ့် David Beckham မှာ Obsessive Compulsive Disorder လို့ခေါ်တဲ့ အစွဲအလမ်းလွန်ဝေဒနာတစ်မျိုးရှိတယ်။ သူ့ရင်ထဲမှာ ရှိနေတဲ့အရာတွေကို စွဲလမ်းစိတ်နဲ့ ထပ်ခါထပ်ခါပြုလုပ်နေတတ်တယ်။ ဆေးမင်ကြောင်ထိုးတယ်။ မထိုးဘဲ မနေနိုင်ဘူး။ ထပ်ခါထပ်ခါ ထိုးတယ်။

၂ဝ၁၆ခုနှစ်တုန်းကတောင် သူ့ခန္ဓာကိုယ်မှာ ဆေးမင်ကြောင် (၄ဝ) လောက်ရှိနေပြီ။ သူ့သားသမီးတွေရဲ့နာမည်တွေကို ထိုးထားတယ်။ ဇနီးသည်ရဲ့နာမည်ကိုတော့ ဘယ်ဘက်လက်ဖျံပေါ်မှာ ထိုးထားတယ်။

လူလတ်ပိုင်းရောက်ပြီဆိုပေမယ့် အားကစားကိုတော့ ပုံမှန်လုပ်ဖြစ်တယ်။ ဘယ်လောက်အရွယ်တင်လိုက်သလဲဆိုရင် (၁၉) နှစ်ရှိပြီဖြစ်တဲ့ Brooklyn Beckham နဲ့ လမ်းလျှောက်လာမယ်ဆိုရင်တောင် ပျိုမေတွေက သားတော်မောင်ကို သတိမထားမိဘဲ David Beckham ကိုပဲ ငေးမောရတဲ့အထိပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com