[Zawgyi]

တရုတ္အမ်ိဳးသမီးေတြ ဆန္ေဆးရည္ကုိ အလွအပအတြက္ ဘယ္လုိအသုံးခ်လဲ

တရုတ္အမ်ိုဳးသမီးအမ်ားစုဟာ ျဖဴ၀င္းလွပတဲ့ အသားအေရ နဲ႕ လွပသန္စြမ္းတဲ့ ဆံေကသာ ကုိ ပုိင္ဆုိင္ထားၾကတာမုိ႕ တရုတ္မွာ ဆံပင္ရွည္တဲ့ ရြာလုိ႕ နာမည္တြင္တဲ့ ေရွးက်တဲ့ ရြာေလးတစ္ရြာေတာင္ရွိပါေသးတယ္။  Huangluo ရြာေလးမွာ ေနထုိင္ၾကတဲ့ Yao တုိင္းရင္းသူေတြဟာ ရွည္လ်ားတဲ့  ဆံေကသာ အလွေတြေၾကာင့္ နာမည္ၾကီးၿပီး အမ်ားစုရဲ႕ ဆံပင္အရွည္ကေတာ့ ၁.၄ မီတာ (၅၅ လက္မ) အထိ ရွည္တယ္လုိ႕ ဆုိပါတယ္ ။ အဆုိပါ တရုတ္တုိင္းရင္းသူေတြ ဟာ  သူတုိ႕ရဲ႕  နက္ေမွာင္ သန္းစြမ္းတဲ့ ဆံေကသာအတြက္ ဘယ္လုိေခတ္မီအလွကုန္ကုိမွ မသုံးပဲ ဆန္ေဆးရည္ တစ္မ်ဳိးထဲကုိသာ အသုံးျပဳေလ့ရွိတယ္လုိ႕   သိရပါတယ္။  သူတုိ႕ရဲ႕ ဆံပင္ကုိ ဆုံးရႈံးမွာ အရမ္းေၾကာက္ၾကသလုိ ခင္ပြန္းသည္နဲ႕ သားသမီးအရင္းအခ်ာေတြကလြဲလုိ႕ တျခားလူေတြ လာကုိင္ရင္လည္း  မၾကဳိက္ၾကပါဘူး။ ဆန္ေဆးရည္အစြမ္းေၾကာင့္ သူတုိ႕ရဲ႕ ဆံပင္ေတြနက္ေမွာင္သန္စြမ္းေနတာမုိ႕ အားလုံးလည္း လုပ္ၾကည့္ၾကဖုိ႕ ေမွ်ာ္လင့္ပါတယ္။

အသုံးျပဳပုံကေတာ့ အရင္ဆုံး ဆန္တစ္ခြက္စာကုိ ေရစင္တဲ့အထိ သန္႕ေအာင္ ေဆးေၾကာေပးပါ။ ျပီးရင္ ဆန္ထည့္ထားတဲ့ ပန္းကန္လုံးထဲကုိ ေရနဲ႕ (၁၅)မိနစ္ခန္႕ စိမ္ၿပီး ေမႊေပးပါ။ ခြက္တစ္ခုထဲကုိ ေျပာင္းထည့္ျပီးရင္ေတာ့ အခန္းတစ္ခန္းထဲမွာ (၁)ရက္ သုိ႕မဟုတ္ (၂)ရက္ေလာက္ ထားေပးပါ။ ဒါဆုိရင္ေတာ့ ရလာတဲ့ ဆန္ေဆးရည္ကုိ ေခါင္းေလွ်ာ္ရည္လုိပဲ အသုံးျပဳလုိ႕ရပါတယ္။ ဆန္ေဆးရည္ဟာ Antioxidants အျပင္ ဗီတာမင္ E နဲ႕ သတၳဳဓာတ္ေတြ ပါ၀င္ေနတာေၾကာင့္ ဆံပင္သားပ်က္စီးမႈကုိကာကြယ္ေပးႏုိင္သလုိ ဆံပင္အရင္းကေန အဖ်ားအထိ နက္ေမွာင္သန္စြမ္းေစပါတယ္။

ဒါ့ျပင္ ဆန္ေဆးရည္က ဆံပင္အတြက္သာမက မ်က္ႏွာအသားအေရအတြက္လည္း အမ်ားၾကီးအေထာက္အကူျပဳပါေသးတယ္။ ကုိယ္နဲ႕ ဓာတ္မတည့္တဲ့ ေခတ္မီမ်က္ႏွာသစ္ေတြ သုံးမယ့္အစား အခုလုိ သဘာ၀အတုိင္း သန္႕စင္တဲ့ ဆန္ေဆးရည္ သုံးမယ္ဆုိရင္ ဘယ္မ်က္ႏွာအသားအေရနဲ႕မဆုိ အဆင္ေျပမွာပါ။ ဆန္ေဆးရည္ကုိ ဂြမ္းစေလးတစ္ခုနဲ႕ မ်က္ႏွာတစ္၀ုိက္ကုိ ညင္သာစြာ (၂)မိနစ္ေလာက္ ပြတ္ျပီး အေျခာက္ခံထားပါ။
ဒါဆုိရင္ မ်က္ႏွာေပၚမွာ ရွိတဲ့ ၀က္ျခံနဲ႕ နီျမန္းရာေတြကုိ လည္း သက္သာေပ်ာက္ကင္းေစမွာပါ။ ဒါေၾကာင့္ တရုတ္တုိင္းရင္းသူေတြ ဆံသားထိန္းသိမ္းမႈလုပ္ေလ့ရွိတဲ့ ဆန္ေဆးရည္ ရဲ႕ အစြမ္းကေတာ့ အံ့မခန္းပဲမို႕ လက္ေတြ႕စမ္းသပ္သင့္ပါတယ္ေနာ္ ။

Stella (Akhayar)

www.Akhayar.com

[Unicode] 

တရုတ်အမျိုးသမီးတွေ ဆန်ဆေးရည်ကို အလှအပအတွက် ဘယ်လိုအသုံးချလဲ

တရုတ်အမျိုုးသမီးအများစုဟာ ဖြူဝင်းလှပတဲ့ အသားအရေ နဲ့ လှပသန်စွမ်းတဲ့ ဆံကေသာ ကို ပိုင်ဆိုင်ထားကြတာမို့ တရုတ်မှာ ဆံပင်ရှည်တဲ့ ရွာလို့ နာမည်တွင်တဲ့ ရှေးကျတဲ့ ရွာလေးတစ်ရွာတောင်ရှိပါသေးတယ်။  Huangluo ရွာလေးမှာ နေထိုင်ကြတဲ့ Yao တိုင်းရင်းသူတွေဟာ ရှည်လျားတဲ့ ဆံကေသာ အလှတွေကြောင့် နာမည်ကြီးပြီး အများစုရဲ့ ဆံပင်အရှည်ကတော့ ၁.၄ မီတာ (၅၅ လက်မ) အထိ ရှည်တယ်လို့ ဆိုပါတယ်။ အဆိုပါ တရုတ်တိုင်းရင်းသူတွေ ဟာ သူတို့ရဲ့ နက်မှောင်သန်းစွမ်းတဲ့ ဆံကေသာအတွက် ဘယ်လိုခေတ်မီအလှကုန်ကိုမှ မသုံးပဲ ဆန်ဆေးရည် တစ်မျိုးထဲကိုသာ အသုံးပြုတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဆံပင်ကို ဆုံးရှုံးမှာ အရမ်းကြောက်ကြသလို ခင်ပွန်းသည်နဲ့ သားသမီးအရင်းအချာတွေကလွဲလို့ တခြားလူတွေ လာကိုင်ရင်လည်း မကြိုက်ကြပါဘူး။ ဆန်ဆေးရည်အစွမ်းကြောင့် သူတို့ရဲ့ ဆံပင်တွေနက်မှောင်သန်စွမ်းနေတာမို့ အားလုံးလည်း လုပ်ကြည့်ကြဖို့ မျှော်လင်ပါတယ်။

အသုံးပြုပုံကတော့ အရင်ဆုံး ဆန်တစ်ခွက်စာကို ရေစင်တဲ့အထိ သန့်အောင် ဆေးကြောပေးပါ။ ပြီးရင် ဆန်ထည့်ထားတဲ့ ပန်းကန်လုံးထဲကို ရေနဲ့ (၁၅)မိနစ်ခန့် စိမ်ပြီး မွှေပေးပါ။ ခွက်တစ်ခုထဲကို ပြောင်းထည့်ပြီးရင်တော့ အခန်းတစ်ခန်းထဲမှာ (၁)ရက် သို့မဟုတ် (၂)ရက်လောက် ထားပေးပါ။ ဒါဆိုရင်တော့ ရလာတဲ့   ဆန်ဆေးရည်ကို ခေါင်းလျှော်ရည်လိုပဲ အသုံးပြုလို့ရပါတယ်။ ဆန်ဆေးရည်ဟာ Antioxidants အပြင် ဗီတာမင် E နဲ့ သတ္ထုဓာတ်တွေ ပါဝင်နေတာကြောင့် ဆံပင်သားပျက်စီးမှုကိုကာကွယ်ပေးနိုင်သလို ဆံပင်အရင်းကနေ အဖျားအထိ နက်မှောင်သန်စွမ်းစေပါတယ်။

ဒါ့ပြင် ဆန်ဆေးရည်က ဆံပင်အတွက်သာမက မျက်နှာအသားအရေအတွက်လည်း အများကြီးအထောက်အကူပြုပါသေးတယ်။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ခေတ်မီမျက်နှာသစ်တွေ သုံးမယ့်အစား အခုလို သဘာဝအတိုင်း သန့်စင်တဲ့ ဆန်ဆေးရည် သုံးမယ်ဆိုရင် ဘယ်မျက်နှာအသားအရေနဲ့မဆို အဆင်ပြေမှာပါ။ ဆန်ဆေးရည်ကို ဂွမ်းစလေးတစ်ခုနဲ့ မျက်နှာတစ်ဝိုက်ကို ညင်သာစွာ (၂)မိနစ်လောက် ပွတ်ပြီး အခြောက်ခံထားပါ ။  ဒါဆိုရင် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံနဲ့ နီမြန်းရာတွေကို လည်း သက်သာပျောက်ကင်းစေမှာပါ။  ဒါကြောင့် တရုတ်တိုင်းရင်းသူတွေ ဆံသားထိန်းသိမ်းမှုလုပ်လေ့ရှိတဲ့ ဆန်ဆေးရည် ရဲ့ အစွမ်းကတော့ အံ့မခန်းပဲဆိုတာ လက်တွေ့စမ်းသပ်သင့်ပါတယ်နော် ။

Stella (Akhayar)

www.Akhayar.com