[Zawgyi] 
iPhone XR
iPhone 5
Glass Sandwich Design
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
iPhone အသစ်တွေရဲ့ Design က ဘယ်လိုဖြစ်လာနိုင်မလဲ
Apple က ဒီနှစ်အတွက် မိတ်ဆက်ပေးသွားခဲ့တဲ့ iPhone အသစ်ကတော့ iPhone XR ပါ။ iPhone XR ကတော့ အရင်က iPhone 5C ရဲ့ အငွေ့အသက်တွေကို ပြန်သယ်လာပေးတဲ့ iPhone ဖြစ်လာပါပြီ။ iPhone XS နဲ့ iPhone XS Max တွေကတော့ အသစ်ဆိုတာထက် အရင်နှစ်က iPhone X ကို ထပ်ပြီး Upgrade လုပ်ပေးထားတဲ့ဖုန်းတွေဖြစ်နေတာကြောင့် Design ပိုင်းမှာတော့ သိသိသာသာပြောင်းသွားတာ အများကြီးမရှိပါဘူး။ လာမယ့် ၂၀၁၉ မှာ မိတ်ဆက်မယ့် iPhone တွေကတော့ Desgin ပြောင်းရမယ့် နှစ်ဖြစ်နေလို့ ဘယ်လိုပြောင်လဲလာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 
iPhone XR
Apple အနေနဲ့ ပထမဦးဆုံး iPhone တွေကို Rounded Corner တွေသုံးပြီး Body ဘောင်တွေကိုလုံးထားတဲ့ Design နဲ့ ထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Design အသစ်ပြောင်းထားတဲ့ iPhone 4 ကို စပြီး မိတ်ဆက်ပေးလိုက်ပါတယ်။ iPhone 4 က လေးထောင့်ဆန်ဆန် Body မှာ Glass နဲ့အလှဆင်ထားတဲ့ ပထမဦးဆုံး iPhone ဖြစ်လာခဲ့ပါတယ်။ iPhone 4 ရဲ့ Design က ဖန်ချပ်နှစ်ခုကြားမှာ ဖုန်းကိုညှပ်ထားတာဖြစ်လို့ Glass Sandwich လို့ နာမည်ကြီးခဲ့ပါသေးတယ်။ အဲ့ဒီ Design ကိုပဲ iPhone 4S အထိ ဆက်သုံးခဲ့ပြီး iPhone 5 မှာတော့ Design အသစ်ကို ပြောင်းလိုက်ပါတယ်။
iPhone 5
iPhone 5 မှာတော့ ပိုပြီး အဆင့်မြှင့်လာတဲ့ လေးထောင့်ဆန်ဆန် Aluminium Body ကို သုံးပြီးထုတ်လာတာဖြစ်လို့ နောက်ကျောဖက်က Glass Cover တွေ ပျောက်သွားပါတယ်။ ထုံးစံအတိုင်းပဲ iPhone 5S အထိ iPhone 5 ရဲ့ Design အသစ်ကိုသုံးခဲ့ပြီး iPhone 6 မှာ Design အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ပထမဦးဆုံး iPhone တွေလိုပဲ ဘေးဘောင်တွေ လုံးထားတဲ့ Body Design ကို ပြန်သုံးလာသလို Glass Cover လည်း နောက်ကျောဖက်မှာ ပါမလာခဲ့ပါဘူး။ ထူးဆန်းစွာနဲ့ပဲ ဒီ Design ကို iPhone 6S မှာမရပ်ဘဲ iPhone 7 အထိ ၃ နှစ်ဆက်တိုက် သုံးခဲ့ပါတယ်။ ၂၀၁၇ မှာတော့ iPhone 8 နဲ့ iPhone X တွေကို Design အသစ်နဲ့ မိတ်ဆက်ပေးလာပါတယ်။ 
Glass Sandwich Design
ဒါပေမယ့် တော်တော်များများ မှန်းထားသလို လုံးဝ Design အသစ်မဟုတ်ဘဲ iPhone 6 ရဲ့ Design ကိုပြောင်းထားပြီး နောက်ကျောဖက်မှာ Glass Cover ကို ပြန်သုံးပေးထားတဲ့ Body Design ဖြစ်နေပါတယ်။ iPhone 8 တွေနဲ့ iPhone X က Glass Sandwich Design ကို ပြန်သယ်လာပေးတဲ့ iPhone တွေဖြစ်နေပါတယ်။ Glass Sandwich Body Design ကိုတော့ Apple က လက်ရှိ iPhone XS တွေနဲ့ iPhone XR အထိပါ သယ်လာပေးထားပါတယ်။ Apple မိတ်ဆက်ပေးသမျှ iPhone တွေရဲ့ Design ကို သမိုင်းပြန်ကောက်မယ်ဆိုရင် အရင်က Original iPhone ရဲ့ Body Design ပုံရိပ်ကို အထိခိုက်မခံဘဲ အသုံးပြုတဲ့ Material နဲ့ Size တွေကိုပဲ ပြောင်းလဲပြီးထုတ်လာတာ သတိထားမိကြမှာပါ။ iPhone Body တွေရဲ့ ထောင့်လေးထောင့်တိုင်းဟာ လုံးနေခဲ့သလို Camera ၊ Charging Port ၊ Speaker ၊ Volume Button တွေနဲ့ Ring/Silent Switch တွေက အခုအချိန်အထိ တစ်နေရာတည်းမှာပဲ ရှိနေခဲ့ပါတယ်။ 
Apple က Design အဟောင်းကို Material အသစ်တွေနဲ့ ပြန်သုံးတဲ့ အလေ့အထရှိတယ်ဆိုတာ လက်ရှိ iPad Pro တွေက သက်သေပြနေသလိုပါပဲ။ iPad Pro အသစ်တွေကတော့ Apple ရဲ့ နာမည်ကြီး လေးထောင့်ဆန်ဆန် iPhone 5 Body Design တွေနဲ့ သွားတူူနေပါတယ်။ iPhone 5 မှာတော့ Body ဘေးက Aluminium အနားသတ်တွေကို စက်နဲ့တိုက်စားထားတဲ့ (Chamfered Edge) တွေကိုတွေ့ခဲ့ရပေမယ့် လက်ရှိ iPad တွေမှာတော့ အနားသတ်တွေကို MacBook Pro တွေမှာလိုပဲ လုပ်ပေးထားလို့ ပိုပြီး လေးထောင့်ဆန်လာပါတယ်။ iPad တွေကို အခုလိုလေးထောင့်ဆန်ဆန်လုပ်ပေးလိုက်တာက Apple ရဲ့ Design အသစ်လို့ပြောလို့ရပြီးတော့ နောက်ထွက်မယ့် iPhone အသစ်တွေကိုလည်း အခုလိုပဲ လေးထောင့်ဆန်ဆန် Body Design ကို ပြောင်းသုံးပေးလာနိုင်ပါတယ်။ ဒါပေမယ့် ဘေးဘောင်တွေက Aluminium မဟုတ်ဘဲ Stainless Steel ဖြစ်နေမှာပါ။ နောက်ကျောဖက်ကတော့ Wireless Charging အတွက် Glass ကိုပဲသုံးရမှာကြောင့် Glass Sandwich Design ကို ပုံစံအသစ်နဲ့ တွေ့ရနိုင်ပါတယ်။ သင်ရော ၂၀၁၉ မှာထွက်မယ့် iPhone ရဲ့ Design နဲ့ပတ်သက်ပြီး စိတ်ဝင်စားသူလား။ 
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။