[Zawgyi]

ထိပ္တန္းအမ်ိဳးသမီး Oprah Winfrey ေငြကိုေရလို ဘယ္ေနရာေတြမွာသံုး

လူမည္းအမ်ိဳးသမီးထုတစ္ရပ္လံုးရဲ႕ စံျပဂုဏ္ေဆာင္ အာဂမိန္းမသားတစ္ေယာက္ကို ဥပမာျပဆိုတာနဲ႔ တညီတၫြတ္တည္းေျဖရမွာက Oprah Winfrey ပါပဲ။ အေမရိကန္လို လူျဖဴလူမည္းခြဲျခားဆက္ဆံမႈ ျပင္းထန္လြန္းတဲ့ ေခတ္ကာလေတြအတြင္းမွာကို Oprah Winfrey ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ႏိုင္ငံတကာလူသိမ်ားတဲ့ သ႐ုပ္ေဆာင္၊ Talk Show တင္ဆက္သူ၊ ႐ုပ္သံပ႐ိုဂ်ဴဆာနဲ႔ ၊သတင္းမီဒီယာအၾကံေပး၊ ပရဟိတလူမႈေရး လႈပ္ရွားေဆာင္ရြက္သူစတဲ့ အလုပ္ေတြနဲ႔ လူသိမ်ားခဲ့တဲ့သူပါ။

အဲ့ေလာက္ထိ နာမည္ေက်ာ္ခဲ့တဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္ဟာ ခုခ်ိန္မွာဆိုရင္ေတာ့ Forbes မဂၢဇင္းရဲ႕ အဆိုအရ ဝင္ေငြေဒၚလာ 2.9 Billion ထိကို ႂကြယ္ဝခ်မ္းသာခဲ့ပါၿပီ။

ႏွိမ္ခ်ခြဲျခားဆက္ဆံခံရတဲ့ လူမ်ိဳးစုဝင္ထဲက တစ္ေယာက္ျဖစ္သူ Oprah Winfrey တစ္ေယာက္ သူမရဲ႕ႂကြယ္ဝခ်မ္းသာမႈေတြကို ဘယ္လိုဘယ္ေနရာမွာသံုးေနပါလိမ့္ဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

မၾကာေသးခင္ကမွ သိလိုက္ရတာက သူမဟာ သူမရဲ႕ ႂကြယ္ဝခ်မ္းသာမႈအစုစုကို သူမရဲ႕ ကမ႓ာအဝွမ္းက အိမ္ရာ ပိုင္ဆိုင္မႈေတြ၊ ကိုယ္ပိုင္ Jet ေလယာဥ္၊ သူမရဲ႕ သူငယ္ခ်င္းနဲ႔ မိသားစုေတြအတြက္ ခရီးအလည္အပတ္သြားလာေရးအျပင္ က်န္းမာေရးနဲ႔ ေငြေၾကး ေစာင့္ေရွာက္မႈကုမၸဏီေတြမွာ ရင္းႏွီးျမဳပ္ႏွံၿပီး တျခားအလႈအတန္းလုပ္ငန္းေတြ၊ လူမႈေရးလုပ္ငန္းေတြမွာ သံုးစြဲေနတာ ေတြ႕ရပါတယ္။

သူမရဲ႕ ႂကြယ္ဝခ်မ္းသာမႈေတြကို ထင္ဟပ္ျပလိုက္တာကေတာ့ ၁၉၉၁ ခုႏွစ္မွာ သူမဝယ္လိုက္တဲ့ အေမရိကန္ေဒၚလာ ၄၂သန္းတန္ ကိုယ္ပိုင္ေလယာဥ္ႀကီးပါပဲ။ အဲ့ေလယာဥ္ဝယ္လိုက္ပံုကလည္း သူမတခါေလယာဥ္စီးတုန္းက ေလယာဥ္ဝန္ထမ္းတစ္ေယာက္က သူမအေပၚ႐ိုင္းျပခဲ့တာေၾကာင့္မို႔ပါတဲ့။ ဒီေလာက္ေခ်ပလိုက္ပံုနဲ႔တင္ ခ်မ္းသာမႈေတြက က်ိက်ိတက္ဆိုတာ သိသာသြားပါၿပီ။

ပရဟိတလုပ္ငန္းေတြအမ်ားႀကီးကိုပါ ေထာက္ပံ့ေနဆဲ Oprah Winfrey ရဲ႕ တျခား ထူးဆန္းတဲ့ ေငြေၾကးအသံုးျပဳမႈကေတာ့ သူမရဲ႕ မိသားစု၊ ဝန္ထမ္းနဲ႔ သူငယ္ခ်င္းေတြကို ဇိမ္ခံခရီးေတြ မၾကာခဏထြက္ေစျခင္းပါပဲ။ တကယ့္ Luxury Type ခရီးစဥ္ေတြကို ဖန္တီးေပးတတ္သူတစ္ဦးပါ။

အိမ္ရာဝယ္ယူရင္းႏွီးျမဳပ္ႏွံမႈေတြအေပၚကိုေတာ့ အေမရိကန္ေဒၚလာ သန္း 100 ျမဳပ္ႏွံထားပါတယ္။ အဲ့ဒီအိမ္ရာေတြထဲမွာ California ျပည္နယ္၊ Montecito က အိမ္ရာတစ္ခုပါ အပါအဝင္ျဖစ္ၿပီး ၂၀၀၁ ခုႏွစ္မွာ အေမရိကန္ေဒၚလာ 52 သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ၂၀၁၆ မွာလည္း Maui မွာ ၁၆၃ ဧကရွိတဲ့ ေျမဧရိယာေတြပိုင္ဆိုင္ခဲ့ပါေသးတယ္။

၂၀၁၄ မွာေတာ့ Colorado ျပည္၊ Telluride မွာရွိတဲ့ ၈၇၀၀ စတုရန္းေပရွိ အိမ္ေလးကို အေမရိကန္ေဒၚလာ ၁၄ သန္းနဲ႔ ဝယ္ခဲ့ပါတယ္။

ေနာက္ထပ္ ၂၃ ဧကရွိတဲ့ ျမင္းျခံႀကီးကို အေမရိကန္ေဒၚလာ ၂၉ သန္းနဲ႔ Montecito မွာပဲ ထပ္ဝယ္ယူခဲ့ေသးပါတယ္တဲ့။ မၾကာေသးခင္ကလည္း Orcas ကြ်န္းမွာ ၄၁ ဧကရွိတဲ့ ေျမတစ္ကြက္ဝယ္ခဲ့လိုက္ပါေသးတယ္။

သူငယ္ခ်င္းေတြနဲ႔ ခရီးအၿမဲထြက္သူ Oprah ဟာ အခ်စ္ဆံုးသူငယ္ခ်င္း Gayle King နဲ႔ Santa Babara ကေန New York ထိ 11 ႏိုင္ငံခရီးလည္းထြက္ခဲ့ပါေသးတယ္။ 2010 မွာလည္း Yosemite ကို ဇိမ္ခံခရီးထြက္ခဲ့ၾကေသးသတဲ့။

၂၀၀၉ မွာေတာ့ သူမဝန္ထမ္းေတြအတြက္ခ်ည္း အေမရိကန္ေဒၚလာ ၉.၂ သန္းအကုန္အက်ခံကာ ၁၀ရက္တာ Cruise ႀကီးေပၚ ဇိမ္ခံခရီးထြက္ေစခဲ့သူ Boss မိန္းမသားရယ္ပါ။

သူမရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈေတြကေတာ့ စြယ္စံုပါပဲ။ အစားအေသာက္လုပ္ငန္းေတြ၊ media ေတြမွာ ရင္းႏွီးျမဳပ္ႏွံတဲ့အျပင္ သူမရဲ႕ Talk Show ေတြအတြက္ ပရိသတ္ေတြကိုလည္း လက္ေဆာင္ေပးရာမွာ အမ်ားအျပားအသံုးျပဳခဲ့ပါတယ္။

၂၀၀၇ မွာလည္း ေတာင္အာဖရိက က အမ်ိဳးသမီးေတြအတြက္ The Oprah Winfrey Academy ကို ေဒၚလာသန္း ၁၄၀ ေက်ာ္အကုန္က်ခံတည္ေထာင္ခဲ့ပါေသးတယ္။

ဒီေလာက္က်ိက်ိတက္ခ်မ္းသာသေလာက္ အလႈအတန္းလည္း ရက္ေရာလြန္းတဲ့သူမက “မင္းဒီကမ႓ာႀကီးကိုေပးလိုက္တဲ့အရာေတြကိုပဲ ဒီကမ႓ာႀကီးဆီက မင္းျပန္ရမွာပါ” ဆိုတဲ့ ေဆာင္ပုဒ္ကိုလက္ကိုင္ထားသူပါ။

ခ်မ္းသာရင္း ေငြေၾကးေတြပိုင္ဆိုင္ရင္း ခရီးေတြထြက္ ပရဟိတေတြလုပ္ ေကာင္းတာေတြဖန္တီးရင္း တရိပ္ရိပ္ခ်မ္းသာလာတဲ့ အာဂလူမည္းအမ်ိဳးသမီး Oprah Winfrey ရဲ႕ လူခ်မ္းသာဘဝျဖတ္သန္းပံုကေတာ့ စိတ္ခ်မ္းသာစရာအျပည့္ပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

ထိပ်တန်းအမျိုးသမီး Oprah Winfrey ငွေကိုရေလို ဘယ်နေရာတွေမှာသုံး

လူမည်းအမျိုးသမီးထုတစ်ရပ်လုံးရဲ့ စံပြဂုဏ်ဆောင် အာဂမိန်းမသားတစ်ယောက်ကို ဥပမာပြဆိုတာနဲ့ တညီတညွတ်တည်းဖြေရမှာက Oprah Winfrey ပါပဲ။ အမေရိကန်လို လူဖြူလူမည်းခွဲခြားဆက်ဆံမှု ပြင်းထန်လွန်းတဲ့ ခေတ်ကာလတွေအတွင်းမှာကို Oprah Winfrey ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ နိုင်ငံတကာလူသိများတဲ့ သရုပ်ဆောင်၊ Talk Show တင်ဆက်သူ၊ ရုပ်သံပရိုဂျူဆာနဲ့ ၊သတင်းမီဒီယာအကြံပေး၊ ပရဟိတလူမှုရေး လှုပ်ရှားဆောင်ရွက်သူစတဲ့ အလုပ်တွေနဲ့ လူသိများခဲ့တဲ့သူပါ။

အဲ့လောက်ထိ နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ ခုချိန်မှာဆိုရင်တော့ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ဝင်ငွေဒေါ်လာ 2.9 Billion ထိကို ကြွယ်ဝချမ်းသာခဲ့ပါပြီ။

နှိမ်ချခွဲခြားဆက်ဆံခံရတဲ့ လူမျိုးစုဝင်ထဲက တစ်ယောက်ဖြစ်သူ Oprah Winfrey တစ်ယောက် သူမရဲ့ကြွယ်ဝချမ်းသာမှုတွေကို ဘယ်လိုဘယ်နေရာမှာသုံးနေပါလိမ့်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

မကြာသေးခင်ကမှ သိလိုက်ရတာက သူမဟာ သူမရဲ့ ကြွယ်ဝချမ်းသာမှုအစုစုကို သူမရဲ့ ကမ္ဘာအဝှမ်းက အိမ်ရာ ပိုင်ဆိုင်မှုတွေ၊ ကိုယ်ပိုင် Jet လေယာဉ်၊ သူမရဲ့ သူငယ်ချင်းနဲ့ မိသားစုတွေအတွက် ခရီးအလည်အပတ်သွားလာရေးအပြင် ကျန်းမာရေးနဲ့ ငွေကြေး စောင့်ရှောက်မှုကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံပြီး တခြားအလှုအတန်းလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေမှာ သုံးစွဲနေတာ တွေ့ရပါတယ်။

သူမရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ထင်ဟပ်ပြလိုက်တာကတော့ ၁၉၉၁ ခုနှစ်မှာ သူမဝယ်လိုက်တဲ့ အမေရိကန်ဒေါ်လာ ၄၂သန်းတန် ကိုယ်ပိုင်လေယာဉ်ကြီးပါပဲ။ အဲ့လေယာဉ်ဝယ်လိုက်ပုံကလည်း သူမတခါလေယာဉ်စီးတုန်းက လေယာဉ်ဝန်ထမ်းတစ်ယောက်က သူမအပေါ်ရိုင်းပြခဲ့တာကြောင့်မို့ပါတဲ့။ ဒီလောက်ချေပလိုက်ပုံနဲ့တင် ချမ်းသာမှုတွေက ကျိကျိတက်ဆိုတာ သိသာသွားပါပြီ။

ပရဟိတလုပ်ငန်းတွေအများကြီးကိုပါ ထောက်ပံ့နေဆဲ Oprah Winfrey ရဲ့ တခြား ထူးဆန်းတဲ့ ငွေကြေးအသုံးပြုမှုကတော့ သူမရဲ့ မိသားစု၊ ဝန်ထမ်းနဲ့ သူငယ်ချင်းတွေကို ဇိမ်ခံခရီးတွေ မကြာခဏထွက်စေခြင်းပါပဲ။ တကယ့် Luxury Type ခရီးစဉ်တွေကို ဖန်တီးပေးတတ်သူတစ်ဦးပါ။

အိမ်ရာဝယ်ယူရင်းနှီးမြုပ်နှံမှုတွေအပေါ်ကိုတော့ အမေရိကန်ဒေါ်လာ သန်း 100 မြုပ်နှံထားပါတယ်။ အဲ့ဒီအိမ်ရာတွေထဲမှာ California ပြည်နယ်၊ Montecito က အိမ်ရာတစ်ခုပါ အပါအဝင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ 52 သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၆ မှာလည်း Maui မှာ ၁၆၃ ဧကရှိတဲ့ မြေဧရိယာတွေပိုင်ဆိုင်ခဲ့ပါသေးတယ်။

၂၀၁၄ မှာတော့ Colorado ပြည်၊ Telluride မှာရှိတဲ့ ၈၇၀၀ စတုရန်းပေရှိ အိမ်လေးကို အမေရိကန်ဒေါ်လာ ၁၄ သန်းနဲ့ ဝယ်ခဲ့ပါတယ်။

နောက်ထပ် ၂၃ ဧကရှိတဲ့ မြင်းခြံကြီးကို အမေရိကန်ဒေါ်လာ ၂၉ သန်းနဲ့ Montecito မှာပဲ ထပ်ဝယ်ယူခဲ့သေးပါတယ်တဲ့။ မကြာသေးခင်ကလည်း Orcas ကျွန်းမှာ ၄၁ ဧကရှိတဲ့ မြေတစ်ကွက်ဝယ်ခဲ့လိုက်ပါသေးတယ်။

သူငယ်ချင်းတွေနဲ့ ခရီးအမြဲထွက်သူ Oprah ဟာ အချစ်ဆုံးသူငယ်ချင်း Gayle King နဲ့ Santa Babara ကနေ New York ထိ 11 နိုင်ငံခရီးလည်းထွက်ခဲ့ပါသေးတယ်။ 2010 မှာလည်း Yosemite ကို ဇိမ်ခံခရီးထွက်ခဲ့ကြသေးသတဲ့။

၂၀၀၉ မှာတော့ သူမဝန်ထမ်းတွေအတွက်ချည်း အမေရိကန်ဒေါ်လာ ၉.၂ သန်းအကုန်အကျခံကာ ၁၀ရက်တာ Cruise ကြီးပေါ် ဇိမ်ခံခရီးထွက်စေခဲ့သူ Boss မိန်းမသားရယ်ပါ။

သူမရဲ့ ရင်းနှီးမြုပ်နှံမှုတွေကတော့ စွယ်စုံပါပဲ။ အစားအသောက်လုပ်ငန်းတွေ၊ media တွေမှာ ရင်းနှီးမြုပ်နှံတဲ့အပြင် သူမရဲ့ Talk Show တွေအတွက် ပရိသတ်တွေကိုလည်း လက်ဆောင်ပေးရာမှာ အများအပြားအသုံးပြုခဲ့ပါတယ်။

၂၀၀၇ မှာလည်း တောင်အာဖရိက က အမျိုးသမီးတွေအတွက် The Oprah Winfrey Academy ကို ဒေါ်လာသန်း ၁၄၀ ကျော်အကုန်ကျခံတည်ထောင်ခဲ့ပါသေးတယ်။

ဒီလောက်ကျိကျိတက်ချမ်းသာသလောက် အလှုအတန်းလည်း ရက်ရောလွန်းတဲ့သူမက “မင်းဒီကမ္ဘာကြီးကိုပေးလိုက်တဲ့အရာတွေကိုပဲ ဒီကမ္ဘာကြီးဆီက မင်းပြန်ရမှာပါ” ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားသူပါ။

ချမ်းသာရင်း ငွေကြေးတွေပိုင်ဆိုင်ရင်း ခရီးတွေထွက် ပရဟိတတွေလုပ် ကောင်းတာတွေဖန်တီးရင်း တရိပ်ရိပ်ချမ်းသာလာတဲ့ အာဂလူမည်းအမျိုးသမီး Oprah Winfrey ရဲ့ လူချမ်းသာဘဝဖြတ်သန်းပုံကတော့ စိတ်ချမ်းသာစရာအပြည့်ပါပဲ။

EiEiKhineMinn (Akhayar)