[Zawgyi] 


V11 AI Camera


AI Scene Recognition


AI Backlight HDR


AI Low Light Mode


25MP AI Selfie Camera


www.akhayar.com

[Unicode] 

Vivo V11 ရဲ့ AI Camera တွေက ဓာတ်ပုံကောင်းထွက်ဖို့ ဘယ်လိုကူညီပေးနိုင်မလဲ

Vivo V11 ကတော့ V Series ထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးဖုန်းအနေနဲ့ ဈေးကွက်ထဲမှာ ရှိနေပါပြီ။ V11 မှာ Design ပြောင်းလဲလာပြီး ရွှေရောင်ကွတ်ပေးထားတဲ့ Dual Cmeara တွေကလည်း ဖုန်းနောက်ကျောကို ပိုလှလာအောင်ကူညီပေးနေသလိုဖြစ်နေပါတယ်။ 

V11 AI Camera

Dual Camera မှာ 12MP နဲ့ 5MP ရှိတဲ့ Camera တွေကို တပ်ပေးထားပါတယ်။ 12MP Camera မှာတော့ Dual-Pixel Autofocus နည်းပညာထည့်ပေးထားတာကြောင့် မြန်မြန်ဆန်ဆန် Focus ဖြတ်ပေးနိုင်ပါတယ်။ ဝ.၀၃ စက္ကန့်အတွင်း Focus ဖြတ်ပေးနိုင်တယ်လို့ Vivo ကတော့ သူတို့ Website မှာ ဖော်ပြထားပါတယ်။ 

AI Scene Recognition

Vivo က Dual Camera တွေအတွက် AI Feature တွေလည်း ထည့်ပေးထားပါသေးတယ်။ အသစ်ပါလာထဲမှာတော့ AI Backlight HDR ဆိုတဲ့ Feature က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ နေရောင်ကို နောက်ကျောပေးရိုက်ရတဲ့အချိန်မျိုးတွေမှာ ဖြစ်တတ်တဲ့ လူကိုအရိပ်ကျသွားပြီးအဆင်မပြေဖြစ်တဲ့ပြဿနာကို AI Backlight HDR က ပြင်ပေးနိုင်တာကြောင့် ဓာတ်ပုံကောင်းကောင်းကို အလွယ်တကူ ရနိုင်ပါတယ်။ 

AI Backlight HDR

အလင်းရောင်များတဲ့အချိန်တွေမှာ ဓာတ်ပုံရိုက်ရတာ အဆင်ပြေပေမယ့် ညဖက်တွေနဲ့ အလင်းရောင် နည်းတဲ့အချိန်တွေမှာတော့ ရိုက်ရတာ ခက်ခဲပါတယ်။ အဲ့ဒီအတွက်လည်း AI Low Light Mode ဆိုတာပါပါတယ်။ 12MP Camera က f/1.8 ရှိတာကြောင့် အလင်းပိုရအောင် လုပ်ပေးနိုင်ပါသေးတယ်။ AI က အလင်းရောင်နည်းနေတာကို သတိထားမိတာနဲ့ ဓာတ်ပုံတစ်ခါရိုက်တိုင်း ၆ ပုံအထိ ဆက်တိုက်ရိုက်သွားပြီး အဲ့ဒီ ၆ ပုံကိုပဲ တစ်ပုံဖြစ်အောင်ပေါင်းပေးလိုက်ပြီး ညဖက်မှာ ပုံကောင်းကောင်းရိုက်နိုင်အောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။ 

AI Low Light Mode

နောက်ထပ် အားသာချက်ကတော့ AI Portrait Framing ပါ။ လူတစ်ယောက်ကို ဓာတ်ပုံရိုက်တိုင်း Frame ရဲ့ ဘယ်နေရာမှာ ထားရမလဲဆိုတာနဲ့ Frame မတည့်တာကို သတိမထားမိတတ်သူတွေအတွက် ပုံကောင်းကောင်းရိုက်နိုင်ဖို့ ကူညီပေးမယ့် Feautre ပါ။ စောင်းနေရင်၊ မတည့်ရင် ဖုန်းကို ရွေ့ဖို့ပြပေးမှာဖြစ်သလို ဘယ်နေရာအထိ ရွေ့ရမယ်ဆိုတာ အတိအကျပြပေးတာကြောင့် တကယ်အသုံးဝင်တဲ့ Feature တစ်ခုပါ။ အဲ့ဒီလို Feature တွေအပြင် AI Scene Recognition နည်းပညာလည်းပါသေးတာကြောင့် ဓာတ်ပုံရိုက်ဖို့ ချိန်နေတာက သစ်ပင်လား၊ စားစရာလား၊ အဆောက်အဦးလား၊ လူလားဆိုတာကို AI က နားလည်တာကြောင့် လိုအပ်သလို အရောင်နဲ့ အလင်းအမှောင်တွေကို ချိန်ပေးသွားဦးမှာပါ။ 

25MP AI Selfie Camera

V11 ရဲ့ 25MP ရှိတဲ့Selfie Camera အတွက်ဆိုရင်လည်း AI Feature တွေက ပါနေပါသေးတယ်။ မျက်နှာပြင်ချင်သူတွေအတွက်လည်း AI Face Shaping နဲ့ Lighting အမျိုးမျိုးနဲ့ ရိုက်ချင်သူတွေအတွက်လည်း AI Selfie Lighting Feature တွေ ပါဝင်ပါသေးတယ်။ Vivo V11 ကတော့ Selfie ပဲ ရိုက်ရိုက်၊ အစားအသောက်တွေ၊ ရှုခင်းတွေကိုပဲ ရိုက်ရိုက် ကျေနပ်ဖို့ကောင်းတဲ့ပုံတွေကို အလွယ်တကူရိုက်ပေးနိုင်မယ်လို့ပြောရရင် မမှားပါဘူး။ Vivo V11 ကတော့ V Seires ထဲမှာ Camera အကောင်းဆုံးပါပဲ။ 

www.akhayar.com