ဗီဒီယိုဝက်ဘ်ဆိုက် YouTube ကို အကျိုးရှိရှိအသုံးချခဲ့သူတစ်ဦးတော့ ထပ်မံထွက်ပေါ်လာခဲ့ပါပြီ။ အိမ်တစ်လုံးကို YouTube ပေါ်က How-To Tutorials တွေကြည့်ပြီး ကလေးတွေနဲ့အတူ ဆောက်လုပ်ခဲ့တဲ့ မိခင်ဟာ ယခုအခါမှာတော့ လူမှုကွန်ယက်တွေပေါ်မှာ နာမည်ကျော်ကြားလာခဲ့ပါပြီ။

အိမ်ထောင်နှစ်ဆက်ကွဲခဲ့တဲ့ Cara Brookins ဟာ သူ့ရဲ့ ကလေး ၄ယောက်နဲ့အတူ နေထိုင်ဖို့အတွက် နေရာအိမ်တစ်လုံး လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ လုပ်သားတွေ ငှားရမ်းဖို့အတွက် လုံလောက်တဲ့ ပိုက်ဆံမရှိခဲ့ပါဘူး။ ဒါကြောင့်နောက်ဆုံးမှာ YouTube Tutorial တွေကိုကြည့်ရှုပြီး ကိုယ်တိုင်ပဲတည်ဆောက်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။

The finished product: Inkwell Manor

“ပစ္စည်းတွေကနည်းနည်းတော့ ဈေးကြီးနေပါတယ်” လို့ Brookins က ဆိုပါတယ်။

အရင်ဆုံးတော့ Brookins ဟာ အိမ်ဝယ်ပြီးနေမလို့ပဲ ဆုံးဖြတ်ထားပေမယ့် အရမ်းဈေးကြီးပြီး၊ အရမ်းသေးငယ်တဲ့ နေရာသာရမှာမို့လို့ YouTube ရဲ့ How-To တွေကိုပဲ အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းသိရပါတယ်။

Broookings' daughter Hope with her brother Roman in the early stages of building the house 

ဒါကြောင့် သေချာစီစစ်ပြီးနာက်မှာ Arkansas မှာရှိတဲ့ မြေနေရာကို ဝယ်ယူပြီး စတင်ဆောင်လုပ်ခဲ့တာပါ။ ၂၀၀၈ခုနှစ်မှာ ပရောဂျက်ကို စတင်ခဲ့ပြီး ညနေပိုင်းတွေမှာ ဗီဒီယိုတွေကို ကြည့်ရှုပြီးနောက် လိုအပ်တဲ့ ပစ္စည်းတွေရဲ့ စာရင်းကို ပြုလုပ်ခဲ့တာပါ။ သူ့အနေနဲ့ အိပ်မက်အိမ်လေးကို တည်ဆောင်ဖို့အတွက် Budget အနေနဲ့ ဒေါ်လာ ၁၃၀,၀၀၀ ကိုလျာထားခဲ့တာပါ။ ဒါပေမယ့်လည်း ပိုက်ဆံမလောက်ငှမှုအတွက် ပိုင်ဆိုင်တဲ့ပစ္စည်းတချို့ကို ထုခွဲရောင်းချခဲ့ရပါတယ်။

Roman taking a nap as everyone else worked

ဆောက်လုပ်ရေးထဲမှာ တစ်ရေးအိပ်နေတဲ့ အငယ်ဆုံးကလေးငယ် Roman

 

အိမ်ကိုလည်း ကိုယ်တိုင်ပဲဒီဇိုင်းထုတ်ခဲ့တာပါ။ “ကျွန်မအကြီးဆုံးသား Drew က ကျွန်မကို အိမ်ဒီဇိုင်း (Blueprint) အတွက် မြို့တော်ကနေ ထောက်ခံချက်ရရှိအောင် ကူညီရေးဆွဲပေးခဲ့ပါတယ်” လို့ Brookins ကဆိုပါတယ်။

Brookings beginning the foundation work on her home

ဖောင်ဒေရှင်းစလုပ်နေတဲ့ Brookins

 

Brookins နဲ့ ကလေးတွေဟာ အိမ်အတွက် ကိုးလကြာ အလုပ်ရှုပ်ခဲ့ပြီးနောက်မှာ Foundation ကို စတင်နိုင်ခဲ့တာပါ။ “Process တစ်ခုလုံးကို လုပ်ဆောင်ရာမှာ ကျွန်မတို့မိသားစုဟာ ပိုမိုနီးစပ်လာကြပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိကြောင်းကို သင်ယူခဲ့ကြပါတယ်။ မျှော်လင့်ချက်တွေကို တွေ့ရှိခဲ့ကြပါတယ်” လို့ Brookins ကဆိုပါတယ်။ အိမ်မှာ အိပ်ခန်းငါးခန်း၊ စာဖတ်ခန်းတစ်ခန်း၊ ကားဂိုဒေါင်တွေရှိပါတယ်။

Inkwell Manor အိမ်ကိုတွေ့ရစဉ်

 

နောက်ဆုံးမှာတော့ ၂၀၀၉ခုနှစ်၊ မတ်လ ၃၁ရက်နေ့မှာ ၃၅၀၀ စကွဲပေရှိတဲ့ အိမ်ကို အပြီးသတ်ဆောင်လုပ်နိုင်ခဲ့ကြပါတယ်။ Brookins က အိမ်ကို Inkwell Manor လို့ခေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို အသိမပေးပဲ ထိန်ဝှက်ထားခဲ့ကြပြီး လာမယ့် ဇန်နဝါရီ ၂၄ရက်နေ့မှာ ထွက်မယ့် “Rise: How a House Built a Family” ဆိုတဲ့ စာအုပ်ထဲမှာ Brookins ကထည့်သွင်းရေးသားခဲ့ရာမှ လူတွေက သိရှိခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် လူမှုကွန်ယက်နဲ့ Website တွေကို အကျိုးရှိရှိအသုံးချသွားတဲ့ အမျိုးသမီးကိုလည်း အားလုံးက ချီးမွန်းခဲ့ကြပါတယ်။

Ref: CNN, CNet