[ZawGyi]

ေလထုထဲကအဆိပ္အေတာက္ေတြကိုဖယ္ရွားေပးမယ္႔ indoor plant ေလးမ်ား

လူတစ္ေယာက္က်န္းမာဖို႔အတြက္ သန္႔႐ွင္းတဲ့အစားအစာ၊ သန္႔႐ွင္းတဲ့ေရေတြ စားဖို႔ေသာက္ဖို႔လိုသလို သန္႔႐ွင္းတဲ့ေလေကာင္းေလသန္႔ကို အၿမဲ႐ွဴ႐ွိဳက္ရဖို႔ဆုိတာလည္းလိုအပ္ပါတယ္။ ေလေကာင္းေလသန္႔ရဲ႕ဖြဲ႔စည္းပံုအရ Nitrogen 78% ၊ Oxygen 21% ပါ႐ွိဖို႔လိုအပ္ၿပီး က်န္ 1% ကေတာ့ CO2, Argon တို႔နဲ႔ ဖြဲ႕စည္းထားရပါမယ္လို႔ဖတ္မွတ္ရပါတယ္။ ေနာက္တစ္ခ်က္က ဖုန္နဲ႔ အညစ္အေၾကးေတြလည္း ကင္းစင္ရမွာ ျဖစ္ပါတယ္။ တကယ္လို႔ ေလထုထဲမွာ႐ွိတဲ့ CO2 နဲ႔ အျခားဓာတ္ေငြ႕ေတြဟာ 1% ထက္ပိုလာမယ္။ ၿပီးရင္ Waste products ေတြ ပါဝင္လာမယ္ဆိုရင္ ေလထုညစ္ညမ္းမႈ (Air Pollution) လို႔ ေခၚျပီး ပါဝင္တဲ့အညစ္အေၾကးေတြကိုေတာ့ Pollutant လို႔ေခၚပါတယ္လို႔ ေဒါက္တာခင္ေမာင္လြင္(FAME) ကရွင္းျပထားတာေတြ႔ရပါတယ္။ ဒီ Pollutant ေတြထဲမွာ အေသးစားက်န္းမာေရးျပႆနာေတြမွအစ ကင္ဆာျဖစ္ႏိုင္တဲ႔အထိဆုိးရြားတဲ႔ ဓာတ္ပစၥည္းေတြပါဝင္ေနတယ္လုိ႔ ဆုိထားျပန္ေတာ႔လက္ရွိအေျခအေနမွာ အားလံုးဟာ ဂရုတစိုက္ေနထိုင္ၾကဖုိ႔လုိပါတယ္။ ေလထုကိုသန္႔စင္ဖုိ႔ အပင္ေတြမ်ားမ်ားစိုက္ရမွာမွန္ေပမယ္႔ ရန္ကုန္ျမိဳ႕မွာေနတဲ႔သူအမ်ားစုက တိုက္ခန္းေတြနဲ႔ေနရတဲ႔အခါ အပင္ၾကီးၾကီးမားမားစိုက္ဖုိ႔အဆင္မေျပပါဘူး။ ဒါေၾကာင္႔ ကိုယ္တတ္ႏိုင္တဲ႔ indoor plant ေလးေတြကိုစိုက္ျပီး ေလထုကိုသန္႔ရွင္းေစႏိုင္ဖုိ႔ အေကာင္းဆံုးေသာ indoor plant ၆ မ်ိဳးကိုေဖာ္ျပလုိက္ပါတယ္ေနာ္။

Garden Mum (Chrysanthemum morifolium)

garden-mum plant

garden-mum plant

NASA ရဲ႕ေလ႔လာေတြ႔ရွိခ်က္အရ ဒီအမ်ိဳးအစားဟာ ေလထုကိုသန္႔စင္ေပးတဲ႔အထဲမွာ ခ်န္ပီယံလို႔သိရပါတယ္။ ေလထုထဲမွာပါဝင္ေနတဲ႔ ammonia, benzene, formaldehyde, xylene ဆိုတဲ႔ ဓာတ္ေငြ႔ေတြကိုဖယ္ရွားသန္႔စင္ႏိုင္စြမ္းရွိပါတယ္။ ပန္းပြင္႔လာျပီဆုိရင္ အိမ္ျပင္မွာလည္းေျပာင္းေရႊ႕စိုက္ပ်ိဳးႏိုင္ပါတယ္။

Spider Plant (Chlorophytum Comosum Vittatum)

spider-plant

spider-plant

Spider Plant ေတြဟာ စိုက္ပ်ိဳးရလြယ္ကူတဲ႔အပင္အမ်ိဳးအစားပါ။ အရမ္းၾကီးဂရုစိုက္ေနစရာမလုိတာမုိ႔ အပင္ကိုဂရုမစိုက္အားသူေတြ အပင္စစိုက္မယ္႔သူေတြအတြက္ အဆင္ေျပပါတယ္။ အိမ္ထဲမွာ ေနေရာင္ျပျပေလးထိုးရံုနဲ႔ရွင္သန္ႏိုင္ျပီး ပန္းေလးေတြလည္းပြင္႔ပါတယ္။ သူက formaldehyde နဲ႔ xylene ဓာတ္ေငြ႔ေတြကိုဖယ္ရွားေပးႏိုင္ပါတယ္။

Dracaena (Dracaena spp)

Dracaena-plant

Dracaena-plant

Dracaena အပင္အမ်ိဳးအစားကို အမ်ိဳးအစားေပါင္း ၄၀ ေက်ာ္ရႏိုင္ပါတယ္။ ဒါေၾကာင္႔လည္း ကိုယ္႔အိမ္ ကိုယ္႔ရံုးနဲ႔လိုက္ဖက္သင္႔ေတာ္တဲ႔ အမ်ိဳးအစားကိုေရြးႏိုင္ပါတယ္။ ရိုးတံရွည္ရွည္ အရြက္ၾကီးၾကီးနဲ႔လွပတဲ႔အပင္ေတြပါ။ တစ္ခုရွိတာက တခ်ိဳ႕အမ်ိဳးအစားေတြဟာ အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔မတည္႔တာေၾကာင္႔ ဂရုစိုက္ေရြးခ်ယ္ဖုိ႔လုိပါတယ္။ benzene, formaldehyde, trichloroethylene, xyleneစတဲ႔ Pollutant ေတြကို ဖယ္ရွားပစ္ႏိုင္စြမ္းရွိပါတယ္။

Snake Plant (Sansevieria trifasciata)

snake-plant

snake-plant

သိပ္ဂရုစိုက္ေနစရာမလုိဘဲ အသက္ျပင္းတဲ႔အပင္ထဲမွာ ထိပ္ဆံုးကပါဝင္ပါတယ္။ ေရလည္း သိပ္ေလာင္းစရာမလုိပါဘူး။ သူက ေျခာက္ေျခာက္ေသြ႔ေသြ႔အေနအထားကိုႏွစ္သက္ျပီး ေနေရာင္လုိပါတယ္။ benzene, formaldehyde, trichloroethylene, xylene ေတြကိုဖယ္ရွားသန္႔စင္ေပးႏိုင္စြမ္းရွိပါတယ္။

Bamboo Palm (Chamaedorea setifritzii)

bamboo-palm

bamboo-palm

ေတာက္ေတာက္ပပေနေရာင္ေအာက္မွာ ေကာင္းေကာင္းရွင္သန္ႏိုင္တဲ႔ အပင္ျဖစ္ျပီးအခန္းတြင္းကိုေအးျမေနေစပါတယ္။ အခန္းတြင္းမွာထားမယ္ဆုိရင္ သူ႔ရဲ႕ၾကီးထြားႏႈန္းနဲ႔အရွည္ကိုေတာ႔ သတိထားရပါမယ္။ အျမင္လွတဲ႔ ဒီဝါးပင္ေလးေတြက benzene, formaldehyde, trichloroethylene တုိ႔ကိုဖယ္ရွားပစ္ႏိုင္စြမ္းရွိပါတယ္။

Aloe Vera (Aloe vera or A.barbadensis)

Aloe Vera Plant

Aloe Vera Plant

ရွားေစာင္းလက္ပပ္ပင္ေတြကေတာ႔ ဒီႏိုင္ငံမွာအမ်ားဆံုးစိုက္ၾကတဲ႔အပင္ေတြပါ။ အလွအပဆိုင္ရာအက်ိဳးေက်းဇူး က်န္းမာေရးအက်ိဳးေက်းဇူးေတြအမ်ားၾကီးရႏိုင္တဲ႔အျပင္ ေလထုကိုလည္းေကာင္းေကာင္းသန္႔စင္ႏိုင္စြမ္းရွိပါတယ္။ သူ႔ရဲ႕အရြက္ထူထူေလးေတြထဲမွာ vitamins, enzymes, amino acids ေတြပါဝင္ပါတယ္။ ရွားေစာင္းလက္ပပ္ပင္ဟာ formaldehyde ကိုအဓိကဖယ္ရွားႏိုင္စြမ္းရွိပါတယ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

လေထုထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးမယ့် indoor plant လေးများ

လူတစ်ယောက်ကျန်းမာဖို့အတွက် သန့်ရှင်းတဲ့အစားအစာ၊ သန့်ရှင်းတဲ့ရေတွေ စားဖို့သောက်ဖို့လိုသလို သန့်ရှင်းတဲ့လေကောင်းလေသန့်ကို အမြဲရှူရှိုက်ရဖို့ဆိုတာလည်းလိုအပ်ပါတယ်။ လေကောင်းလေသန့်ရဲ့ဖွဲ့စည်းပုံအရ Nitrogen 78% ၊ Oxygen 21% ပါရှိဖို့လိုအပ်ပြီး ကျန် 1% ကတော့ CO2, Argon တို့နဲ့ ဖွဲ့စည်းထားရပါမယ်လို့ဖတ်မှတ်ရပါတယ်။ နောက်တစ်ချက်က ဖုန်နဲ့ အညစ်အကြေးတွေလည်း ကင်းစင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ လေထုထဲမှာရှိတဲ့ CO2 နဲ့ အခြားဓာတ်ငွေ့တွေဟာ 1% ထက်ပိုလာမယ်။ ပြီးရင် Waste products တွေ ပါဝင်လာမယ်ဆိုရင် လေထုညစ်ညမ်းမှု (Air Pollution) လို့ ခေါ်ပြီး ပါဝင်တဲ့အညစ်အကြေးတွေကိုတော့ Pollutant လို့ခေါ်ပါတယ်လို့ ဒေါက်တာခင်မောင်လွင်(FAME) ကရှင်းပြထားတာတွေ့ရပါတယ်။ ဒီ Pollutant တွေထဲမှာ အသေးစားကျန်းမာရေးပြဿနာတွေမှအစ ကင်ဆာဖြစ်နိုင်တဲ့အထိဆိုးရွားတဲ့ ဓာတ်ပစ္စည်းတွေပါဝင်နေတယ်လို့ ဆိုထားပြန်တော့လက်ရှိအခြေအနေမှာ အားလုံးဟာ ဂရုတစိုက်နေထိုင်ကြဖို့လိုပါတယ်။ လေထုကိုသန့်စင်ဖို့ အပင်တွေများများစိုက်ရမှာမှန်ပေမယ့် ရန်ကုန်မြို့မှာနေတဲ့သူအများစုက တိုက်ခန်းတွေနဲ့နေရတဲ့အခါ အပင်ကြီးကြီးမားမားစိုက်ဖို့အဆင်မပြေပါဘူး။ ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ indoor plant လေးတွေကိုစိုက်ပြီး လေထုကိုသန့်ရှင်းစေနိုင်ဖို့ အကောင်းဆုံးသော indoor plant ၆ မျိုးကိုဖော်ပြလိုက်ပါတယ်နော်။

Garden Mum (Chrysanthemum morifolium)

garden-mum plant

garden-mum plant

NASA ရဲ့လေ့လာတွေ့ရှိချက်အရ ဒီအမျိုးအစားဟာ လေထုကိုသန့်စင်ပေးတဲ့အထဲမှာ ချန်ပီယံလို့သိရပါတယ်။ လေထုထဲမှာပါဝင်နေတဲ့ ammonia, benzene, formaldehyde, xylene ဆိုတဲ့ ဓာတ်ငွေ့တွေကိုဖယ်ရှားသန့်စင်နိုင်စွမ်းရှိပါတယ်။ ပန်းပွင့်လာပြီဆိုရင် အိမ်ပြင်မှာလည်းပြောင်းရွှေ့စိုက်ပျိုးနိုင်ပါတယ်။

Spider Plant (Chlorophytum Comosum Vittatum)

spider-plant

spider-plant

Spider Plant တွေဟာ စိုက်ပျိုးရလွယ်ကူတဲ့အပင်အမျိုးအစားပါ။ အရမ်းကြီးဂရုစိုက်နေစရာမလိုတာမို့ အပင်ကိုဂရုမစိုက်အားသူတွေ အပင်စစိုက်မယ့်သူတွေအတွက် အဆင်ပြေပါတယ်။ အိမ်ထဲမှာ နေရောင်ပြပြလေးထိုးရုံနဲ့ရှင်သန်နိုင်ပြီး ပန်းလေးတွေလည်းပွင့်ပါတယ်။ သူက formaldehyde နဲ့ xylene ဓာတ်ငွေ့တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

Dracaena (Dracaena spp)

Dracaena-plant

Dracaena-plant

Dracaena အပင်အမျိုးအစားကို အမျိုးအစားပေါင်း ၄၀ ကျော်ရနိုင်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်အိမ် ကိုယ့်ရုံးနဲ့လိုက်ဖက်သင့်တော်တဲ့ အမျိုးအစားကိုရွေးနိုင်ပါတယ်။ ရိုးတံရှည်ရှည် အရွက်ကြီးကြီးနဲ့လှပတဲ့အပင်တွေပါ။ တစ်ခုရှိတာက တချို့အမျိုးအစားတွေဟာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့မတည့်တာကြောင့် ဂရုစိုက်ရွေးချယ်ဖို့လိုပါတယ်။ benzene, formaldehyde, trichloroethylene, xyleneစတဲ့ Pollutant တွေကို ဖယ်ရှားပစ်နိုင်စွမ်းရှိပါတယ်။

Snake Plant (Sansevieria trifasciata)

snake-plant

snake-plant

သိပ်ဂရုစိုက်နေစရာမလိုဘဲ အသက်ပြင်းတဲ့အပင်ထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ ရေလည်း သိပ်လောင်းစရာမလိုပါဘူး။ သူက ခြောက်ခြောက်သွေ့သွေ့အနေအထားကိုနှစ်သက်ပြီး နေရောင်လိုပါတယ်။ benzene, formaldehyde, trichloroethylene, xylene တွေကိုဖယ်ရှားသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

Bamboo Palm (Chamaedorea setifritzii)

bamboo-palm

bamboo-palm

တောက်တောက်ပပနေရောင်အောက်မှာ ကောင်းကောင်းရှင်သန်နိုင်တဲ့ အပင်ဖြစ်ပြီးအခန်းတွင်းကိုအေးမြနေစေပါတယ်။ အခန်းတွင်းမှာထားမယ်ဆိုရင် သူ့ရဲ့ကြီးထွားနှုန်းနဲ့အရှည်ကိုတော့ သတိထားရပါမယ်။ အမြင်လှတဲ့ ဒီဝါးပင်လေးတွေက benzene, formaldehyde, trichloroethylene တို့ကိုဖယ်ရှားပစ်နိုင်စွမ်းရှိပါတယ်။

Aloe Vera (Aloe vera or A.barbadensis)

Aloe Vera Plant

Aloe Vera Plant

ရှားစောင်းလက်ပပ်ပင်တွေကတော့ ဒီနိုင်ငံမှာအများဆုံးစိုက်ကြတဲ့အပင်တွေပါ။ အလှအပဆိုင်ရာအကျိုးကျေးဇူး ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရနိုင်တဲ့အပြင် လေထုကိုလည်းကောင်းကောင်းသန့်စင်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့အရွက်ထူထူလေးတွေထဲမှာ vitamins, enzymes, amino acids တွေပါဝင်ပါတယ်။ ရှားစောင်းလက်ပပ်ပင်ဟာ formaldehyde ကိုအဓိကဖယ်ရှားနိုင်စွမ်းရှိပါတယ်။

ဂျူဂျူး(Akhayar)

www.akhayar.com