[ZawGyi]

ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အေငြ႕အသက္ေတြနဲ႔ လြမ္းေမာဆြတ္ပ်ံ႕ဖြယ္အေကာင္းဆံုး “House of Memories”

အခရာကို အားေပးေနၾက အစားသမားေလးတို႔အတြက္ ဒီေန႔ အခရာက ထူးထူးဆန္းဆန္း ဆိုင္ေလးတစ္ဆိုင္ကို ေခၚသြားဖို႔ စီစဥ္ထားပါတယ္။ ဆိုင္ေလးက ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ လြမ္းေမာတမ္းတဖြယ္ အေငြ႕အသက္ေတြ အျပည့္နဲ႔ ရန္ကုန္ၿမိဳ႕ရဲ႕ ဆိတ္ၿငိမ္လမ္းေလးထဲမွာ ၁၂ႏွစ္ေက်ာ္ ခမ္းခမ္းနားနားတည္ရွိေနတဲ့ စားေသာက္ဆိုင္ပါ။

၁၂ ႏွစ္ေက်ာ္ေတာင္ရွိၿပီဆိုေတာ့ ေရာက္ဖူးသိဖူးတဲ့သူေတြလည္း ရွိေနမွာဆိုေပမယ့္ မသိေသးတဲ့သူေတြအတြက္ အဲ့ဆိုင္ေလးကို တခါတေခါက္ေရာက္ၿပီး အတိတ္အေငြ႕အသက္ေတြထဲ ျပန္ေမ်ာခ်င္ၾကမလားလို႔ အခရာသူအခရာသားတို႔ ဒီပိတ္ရက္ေလးမွာ သြားေမ်ာခဲ့ ခံစားခဲ့တဲ့ အေတြ႕ၾကံဳေလးေတြ အခ်ိန္နဲ႔အညီ သတင္းပို႔လိုက္ၿပီေနာ္။

၁၂ ႏွစ္ေက်ာ္ေတာင္ရွိၿပီဆိုေတာ့ ဆိုင္ႀကီးက အိုေန၊ ေဟာင္းေန၊ ဒိတ္ေအာက္ေနမွာပဲလို႔ ထင္သြားၿပီမလား? ဒီဆိုင္ကေတာ့ အိုေန၊ေဟာင္းေနတာထက္ကို ဂႏၶဝင္ဆန္လြန္း၊ ခံ့ညားလြန္းေနတာကို ဆိုင္ျပင္ပပံုစံၾကည့္တာနဲ႔တင္ ဝိုးလို႔ အံ့အားသင့္သြားမွာ ေသခ်ာပါတယ္။ ကိုယ့္ကိုကိုယ္ ကိုလိုနီေခတ္ ခနေလးေရာက္သြားသလို Feeling မ်ိဳးကို ဒီဆိုင္မွာမွ ခံစားရမွာေနာ္။ ဦးဝိစာရလမ္းမေပၚ Yangon Auto Carwash and Spa ရဲ႕ေဘးကပ္ရက္ လမ္းသြယ္ေလးထဲ ဝင္လိုက္တာနဲ႔ ထီးထီးႀကီးနဲ႔ ခမ္းခမ္းနားနားရွိေနတဲ့ အိမ္ပံုစံ အသြင္ၿပင္နဲ႔ House Of Memories Restaurant ကို ေတြ႕ရမွာပါ။

ဒီေနရာမွာ သူ႔ဆိုင္ရဲ႕ သမိုင္းေလးကို အရင္ရွင္းျပေပးရရင္ ၁၂ ႏွစ္ဝန္းက်င္ဖြင့္ခဲ့တဲ့ဒီဆိုင္ဟာ မဖြင့္ခင္အခ်ိန္အေတာ္ၾကာ အိမ္ႀကီးအိမ္ေကာင္းတစ္ခုအေနနဲ႔ ရပ္တည္ခဲ့တာပါ။ ၁၉၄၅ နဲ႔ ၁၉၄၇ မွာလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္တိုင္ရံုးထိုင္ခဲ့တာဆိုေတာ့ ဗိုလ္ခ်ဳပ္မကြယ္လြန္ခင္အခ်ိန္ေတြ၊ ဗိုလ္ခ်ဳပ္သံုးခဲ့တဲ့လက္ႏွိပ္စက္၊ စာရြက္သိမ္းတဲ့ေသတၱာေတြနဲ႔ ဗိုလ္ခ်ဳပ္အထိမ္းအမွတ္ပံုေတြကို အဲ့ဗိုလ္ခ်ဳပ္ရံုးထိုင္ခဲ့တဲ့ အခန္းေလးထဲမွာပဲ ျပတိုက္အေသးစားေလးပံုစံ ေလ့လာလို႔ရေအာင္ျပထားေပးပါတယ္။

ေနာက္ထပ္ အိႏၵိယသံအမတ္မိသားစုေတြလည္းေနခဲ့တာမို႔ ခု အိမ္ကို ဆိုင္အသြင္ေျပာင္းလိုက္တဲ့အခါ အခန္းေတြကို အခန္းအလိုက္ အိႏၵိယနာမည္ေတြေပးထားတာပါတဲ့။ ဆိုင္ေလးက တကယ့္ကို စိတ္ဝင္စားစရာ အေငြ႕အသက္ေတြ၊ ေလ့လာစရာေတြ အျပည့္ပါပဲ။ ခုေနာက္ပိုင္း ပိုင္ရွင္ေတြလည္း အခ်ိန္တစ္ခုထိ ေနခဲ့ၾကေပမယ့္ ေနာက္ပိုင္း Restaurant ပံုစံေလးနဲ႔ အမွတ္တရေလ့လာလို႔ရေအာင္ ခင္းက်င္းျပသခ်င္တာမို႔ ဒီလို Idea ေလးရခဲ့တာလို႔ေျပာပါတယ္။

ဆိုင္ကိုေရာက္ၿပီဆိုတာနဲ႔ ဆိုင္ထဲမဝင္ေသးဘဲ အျပင္တပတ္အရင္ပတ္ၾကည့္ရေအာင္။ ျခံဝန္းေလးထဲမွာ တည္ေဆာက္ထားတာမို႔ ျခံရဲ႕ ဘယ္ဘက္ေထာင့္မွာ ဆင္ဝင္နဲ႔ သီးသန္႔ ဝိုင္းေလးေတြ၊ စိမ္းစိုေနတဲ့ မ်က္ခင္းေပၚမွာ Event ေတြအတြက္ ခံုတန္းရွည္ေလးေတြနဲ႔ ခင္းက်င္းထားတာေလးေတြ႕ရတယ္။

ဆိုင္ကေတာ့ ၂ထပ္ရွိၿပီး အတြင္းဘက္အေနအထားကေတာ့ မီးေရာင္မွိန္ပ်ပ်နဲ႔ ေမွာင္မွိန္းမွိန္းေလးပါ။ ေအာက္ထပ္မွာ သီးသန္႔ခန္းတစ္ခန္း၊စားပြဲရွည္ေတြ၊ စႏၵယားခံုေတြ၊ ဓါတ္ပံုေတြ၊ ဘားေကာင္တာနဲ႔ တကယ့္ကို ဂႏၶဝင္ဆန္ပါတယ္။ အေပၚထပ္ကေတာ့ သီးသန္႔ေတြ႕ဆံုပြဲေတြအတြက္ ပိုကိုက္ညီၿပီး Private ခန္းေတြလည္း ၂ ခန္းထပ္ရွိပါေသးတယ္။ ဗိုလ္ခ်ဳပ္အေငြ႕သက္ေတြနဲ႔ ရံုးခန္းေလးလည္းရွိပါတယ္။

ေနရာအျပင္ဆင္တစ္ခုလံုးက တကယ့္ဂႏၶဝင္ Classic ပံုစံပါ။ သူ႔ဆိုင္မွာ ေသာၾကာ၊ စေန၊ တနဂၤေႏြေတြမွာလည္း Piano Unplugged Live ေလးရွိတာမို႔ ညဘက္ထိုင္လို႔လည္းေကာင္းမယ့္ေနရာမ်ိဳးပါ။ အစားအေသာက္အေနနဲ႔ဆိုေရာ? ထင္ထားသေလာက္ေကာင္းပါ့မလားလို႔ မီႏူးေတာင္းၾကည့္လိုက္ေတာ့ မီႏူးစာရြက္နဲ႔တင္ ေႂကြသြားတယ္ေပါ့ေနာ္။ ႏိုင္ငံျခားသတင္းစာပံုစံဖန္တီးထားတဲ့မီႏူးက မွာတဲ့ဝိုင္းတိုင္းအတြက္ Free ေပးတာပါတဲ့။ စားေသာက္စရာအမ်ားစုက ႏိုင္ငံျခားသား Taste အတိုင္းဆိုေတာ့ ကိုယ္ေတြျမန္မာလွ်ာနဲ႔ကိုက္ပါ့မလားဆိုရင္ေတာ့မွားသြားမယ္။ ေစ်းကေတာ့ ႀကီးပါတယ္။

(၁) ဝက္သားသရက္သီးသနပ္
ဝက္သားတံုးခပ္ႀကီးႀကီးေတြကို သရက္သီးခ်ိဳခ်ဥ္သနပ္ေလးနဲ႔ အႏွစ္ႏိုင္ႏိုင္ေလးခ်က္ထားတာမ်ား ႏူးအိၿပီး အႏွစ္ပါေျပာင္ေအာင္စားခဲ့မိတဲ့အထိကို ေကာင္းပါတယ္။ တစ္ပြဲကိုအသားမ်ားမ်ားပါတာကိုမွ ၉၀၀၀ က်ပ္ပါ။ ဒီဆိုင္ရဲ႕ လူႀကိဳက္အမ်ားဆံုးပါ။

(၂) ခရမ္းသီးမီးဖုတ္သုပ္
သူလည္းအမွာအမ်ားဆံုးထဲ ပါပါတယ္။ ျမန္မာအရသာေလးပဲ သုပ္ထားတာ။ ဆိမ့္ဆိမ့္ေလးပါ။ ကိုယ္ကေတာ့ ခရမ္းသီးသမားမဟုတ္ေတာ့ သိပ္မစားတတ္။

(၃) အမဲသားကင္
အမဲသားကို ေမႊးေနေအာင္ မာဆတ္ဆတ္ေလးကင္ထားၿပီး ခ်ယ္ရီခရမ္းခ်ဥ္သီးေလးနဲ႔ ခင္းက်င္းေပးထားတာပါ။ တကယ္ေမႊးၿပီးေကာင္းတာပါ။ ေဆာ့စ္ကို အမွတ္ျပည့္ေပးပါတယ္။

တျခား တုန္ယမ္း၊ အစိမ္းေၾကာ္ ေလးေတြလည္း ျမန္မာအရသာပါပဲ။ တစ္ခုသတိထားမိတာက ပမာဏမ်ားပါတယ္။ တြဲစားဖို႔ ထမင္းဆို အုန္းထမင္း၊ ပဲထမင္း၊ ခရမ္းခ်ဥ္ထမင္းေလးေတြလည္း ရပါတယ္။ အခ်ိဳပြဲအေနနဲ႔ ျမန္မာမုန္႔ေတာ္ေတာ္မ်ားမ်ားနဲ႔ မုန္႔လံုးေရေပၚအထိရပါတယ္၊

ေသာက္စရာအေနနဲ႔ဆို House Of Memories ရဲ႕ မူပိုင္ ေကာ့ေတးလ္ ေလးကို အၾကံျပဳပါတယ္။ ခ်ဥ္စူးစူးရွိန္းရွိန္းေလးနဲ႔ မိုက္ပါတယ္။ သူ႔ဆီမွာ ရာသီေပၚ စိန္တလံုးသရက္သီးေဖ်ာ္ရည္ေလးလည္းရွိပါတယ္။ အရသာအတြက္ ျခံဳေျပာရရင္ ေစ်းႀကီးေပမယ့္ ျမန္မာအရသာမ်ိဳး ခံစားရပါတယ္။ စားၿမိန္ပါတယ္။ ေကာ္ဖီနဲ႔ တျခားေသာက္စရာေတြေတာ့ ေစ်းပံုမွန္ေလးပဲ ေပးရပါတယ္။

House of Memories ဆိုတဲ့အတိုင္း ဓါတ္ပံုေတြ၊ အမွတ္တရေတြ၊ အေငြ႕အသက္ေတြနဲ႔ျပည့္ေနတဲ့ေနရာပါ။ညဘက္ထိထိုင္လို႔ ေမ်ာလို႔ေကာင္းတဲ့ေနရာပါ။ ေရွးေခတ္လက္ရာေတြ၊ လူေနမႈပံုစံေတြ၊ အေနာက္တိုင္းအျပင္အဆင္ေတြနဲ႔ ေလ့လာစရာေတြမ်ားတဲ့ေနရာပါ။ ျမန္မာလူမ်ိဳးတစ္ေယာက္အေနနဲ႔ ဗိုလ္ခ်ဳပ္ရံုးထိုင္ရာအခန္းေလးေတာ့ ေလ့ကိုေလ့လာသင့္တဲ့ ေနရာပါ။

ကိုယ္ဆို အဲ့ကေနျပန္တဲ့အထိ အမ်ိဳးအမည္မသိတဲ့ ခံစားခ်က္တစ္ခုနဲ႔ စီးေမ်ာခံစားလာမိတာ အိမ္အျပန္တေလွ်ာက္ပဲမို႔ ခ်စ္တဲ့ အခရာရဲ႕ အစားသမားေလးေတြအတြက္ ညေနညခင္းအပန္းေျဖရာ ေလ့လာစရာ စိတ္ဝင္စားစရာေတြအျပည့္နဲ႔ ရန္ကုန္ၿမိဳ႕ရဲ႕ တစ္ခုတည္းေသာ အမွတ္တရစားေသာက္ဆိုင္ပါလို႔ အၾကံျပဳလိုက္ပါရေစရွင္။

EiEiKhineMinn ( Akhayar )

[Unicode]

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငွေ့အသက်တွေနဲ့ လွမ်းမောဆွတ်ပျံ့ဖွယ်အကောင်းဆုံး “House of Memories”

အခရာကို အားပေးနေကြ အစားသမားလေးတို့အတွက် ဒီနေ့ အခရာက ထူးထူးဆန်းဆန်း ဆိုင်လေးတစ်ဆိုင်ကို ခေါ်သွားဖို့ စီစဉ်ထားပါတယ်။ ဆိုင်လေးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွမ်းမောတမ်းတဖွယ် အငွေ့အသက်တွေ အပြည့်နဲ့ ရန်ကုန်မြို့ရဲ့ ဆိတ်ငြိမ်လမ်းလေးထဲမှာ ၁၂နှစ်ကျော် ခမ်းခမ်းနားနားတည်ရှိနေတဲ့ စားသောက်ဆိုင်ပါ။

၁၂ နှစ်ကျော်တောင်ရှိပြီဆိုတော့ ရောက်ဖူးသိဖူးတဲ့သူတွေလည်း ရှိနေမှာဆိုပေမယ့် မသိသေးတဲ့သူတွေအတွက် အဲ့ဆိုင်လေးကို တခါတခေါက်ရောက်ပြီး အတိတ်အငွေ့အသက်တွေထဲ ပြန်မျောချင်ကြမလားလို့ အခရာသူအခရာသားတို့ ဒီပိတ်ရက်လေးမှာ သွားမျောခဲ့ ခံစားခဲ့တဲ့ အတွေ့ကြုံလေးတွေ အချိန်နဲ့အညီ သတင်းပို့လိုက်ပြီနော်။

၁၂ နှစ်ကျော်တောင်ရှိပြီဆိုတော့ ဆိုင်ကြီးက အိုနေ၊ ဟောင်းနေ၊ ဒိတ်အောက်နေမှာပဲလို့ ထင်သွားပြီမလား? ဒီဆိုင်ကတော့ အိုနေ၊ဟောင်းနေတာထက်ကို ဂန္ဓဝင်ဆန်လွန်း၊ ခံ့ညားလွန်းနေတာကို ဆိုင်ပြင်ပပုံစံကြည့်တာနဲ့တင် ဝိုးလို့ အံ့အားသင့်သွားမှာ သေချာပါတယ်။ ကိုယ့်ကိုကိုယ် ကိုလိုနီခေတ် ခနလေးရောက်သွားသလို Feeling မျိုးကို ဒီဆိုင်မှာမှ ခံစားရမှာနော်။ ဦးဝိစာရလမ်းမပေါ် Yangon Auto Carwash and Spa ရဲ့ဘေးကပ်ရက် လမ်းသွယ်လေးထဲ ဝင်လိုက်တာနဲ့ ထီးထီးကြီးနဲ့ ခမ်းခမ်းနားနားရှိနေတဲ့ အိမ်ပုံစံ အသွင်ပြင်နဲ့ House Of Memories Restaurant ကို တွေ့ရမှာပါ။

ဒီနေရာမှာ သူ့ဆိုင်ရဲ့ သမိုင်းလေးကို အရင်ရှင်းပြပေးရရင် ၁၂ နှစ်ဝန်းကျင်ဖွင့်ခဲ့တဲ့ဒီဆိုင်ဟာ မဖွင့်ခင်အချိန်အတော်ကြာ အိမ်ကြီးအိမ်ကောင်းတစ်ခုအနေနဲ့ ရပ်တည်ခဲ့တာပါ။ ၁၉၄၅ နဲ့ ၁၉၄၇ မှာလည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရုံးထိုင်ခဲ့တာဆိုတော့ ဗိုလ်ချုပ်မကွယ်လွန်ခင်အချိန်တွေ၊ ဗိုလ်ချုပ်သုံးခဲ့တဲ့လက်နှိပ်စက်၊ စာရွက်သိမ်းတဲ့သေတ္တာတွေနဲ့ ဗိုလ်ချုပ်အထိမ်းအမှတ်ပုံတွေကို အဲ့ဗိုလ်ချုပ်ရုံးထိုင်ခဲ့တဲ့ အခန်းလေးထဲမှာပဲ ပြတိုက်အသေးစားလေးပုံစံ လေ့လာလို့ရအောင်ပြထားပေးပါတယ်။

နောက်ထပ် အိန္ဒိယသံအမတ်မိသားစုတွေလည်းနေခဲ့တာမို့ ခု အိမ်ကို ဆိုင်အသွင်ပြောင်းလိုက်တဲ့အခါ အခန်းတွေကို အခန်းအလိုက် အိန္ဒိယနာမည်တွေပေးထားတာပါတဲ့။ ဆိုင်လေးက တကယ့်ကို စိတ်ဝင်စားစရာ အငွေ့အသက်တွေ၊ လေ့လာစရာတွေ အပြည့်ပါပဲ။ ခုနောက်ပိုင်း ပိုင်ရှင်တွေလည်း အချိန်တစ်ခုထိ နေခဲ့ကြပေမယ့် နောက်ပိုင်း Restaurant ပုံစံလေးနဲ့ အမှတ်တရလေ့လာလို့ရအောင် ခင်းကျင်းပြသချင်တာမို့ ဒီလို Idea လေးရခဲ့တာလို့ပြောပါတယ်။

ဆိုင်ကိုရောက်ပြီဆိုတာနဲ့ ဆိုင်ထဲမဝင်သေးဘဲ အပြင်တပတ်အရင်ပတ်ကြည့်ရအောင်။ ခြံဝန်းလေးထဲမှာ တည်ဆောက်ထားတာမို့ ခြံရဲ့ ဘယ်ဘက်ထောင့်မှာ ဆင်ဝင်နဲ့ သီးသန့် ဝိုင်းလေးတွေ၊ စိမ်းစိုနေတဲ့ မျက်ခင်းပေါ်မှာ Event တွေအတွက် ခုံတန်းရှည်လေးတွေနဲ့ ခင်းကျင်းထားတာလေးတွေ့ရတယ်။

ဆိုင်ကတော့ ၂ထပ်ရှိပြီး အတွင်းဘက်အနေအထားကတော့ မီးရောင်မှိန်ပျပျနဲ့ မှောင်မှိန်းမှိန်းလေးပါ။ အောက်ထပ်မှာ သီးသန့်ခန်းတစ်ခန်း၊စားပွဲရှည်တွေ၊ စန္ဒယားခုံတွေ၊ ဓါတ်ပုံတွေ၊ ဘားကောင်တာနဲ့ တကယ့်ကို ဂန္ဓဝင်ဆန်ပါတယ်။ အပေါ်ထပ်ကတော့ သီးသန့်တွေ့ဆုံပွဲတွေအတွက် ပိုကိုက်ညီပြီး Private ခန်းတွေလည်း ၂ ခန်းထပ်ရှိပါသေးတယ်။ ဗိုလ်ချုပ်အငွေ့သက်တွေနဲ့ ရုံးခန်းလေးလည်းရှိပါတယ်။

နေရာအပြင်ဆင်တစ်ခုလုံးက တကယ့်ဂန္ဓဝင် Classic ပုံစံပါ။ သူ့ဆိုင်မှာ သောကြာ၊ စနေ၊ တနင်္ဂနွေတွေမှာလည်း Piano Unplugged Live လေးရှိတာမို့ ညဘက်ထိုင်လို့လည်းကောင်းမယ့်နေရာမျိုးပါ။ အစားအသောက်အနေနဲ့ဆိုရော? ထင်ထားသလောက်ကောင်းပါ့မလားလို့ မီနူးတောင်းကြည့်လိုက်တော့ မီနူးစာရွက်နဲ့တင် ကြွေသွားတယ်ပေါ့နော်။ နိုင်ငံခြားသတင်းစာပုံစံဖန်တီးထားတဲ့မီနူးက မှာတဲ့ဝိုင်းတိုင်းအတွက် Free ပေးတာပါတဲ့။ စားသောက်စရာအများစုက နိုင်ငံခြားသား Taste အတိုင်းဆိုတော့ ကိုယ်တွေမြန်မာလျှာနဲ့ကိုက်ပါ့မလားဆိုရင်တော့မှားသွားမယ်။ ဈေးကတော့ ကြီးပါတယ်။

(၁) ဝက်သားသရက်သီးသနပ်
ဝက်သားတုံးခပ်ကြီးကြီးတွေကို သရက်သီးချိုချဉ်သနပ်လေးနဲ့ အနှစ်နိုင်နိုင်လေးချက်ထားတာများ နူးအိပြီး အနှစ်ပါပြောင်အောင်စားခဲ့မိတဲ့အထိကို ကောင်းပါတယ်။ တစ်ပွဲကိုအသားများများပါတာကိုမှ ၉၀၀၀ ကျပ်ပါ။ ဒီဆိုင်ရဲ့ လူကြိုက်အများဆုံးပါ။

(၂) ခရမ်းသီးမီးဖုတ်သုပ်
သူလည်းအမှာအများဆုံးထဲ ပါပါတယ်။ မြန်မာအရသာလေးပဲ သုပ်ထားတာ။ ဆိမ့်ဆိမ့်လေးပါ။ ကိုယ်ကတော့ ခရမ်းသီးသမားမဟုတ်တော့ သိပ်မစားတတ်။

(၃) အမဲသားကင်
အမဲသားကို မွှေးနေအောင် မာဆတ်ဆတ်လေးကင်ထားပြီး ချယ်ရီခရမ်းချဉ်သီးလေးနဲ့ ခင်းကျင်းပေးထားတာပါ။ တကယ်မွှေးပြီးကောင်းတာပါ။ ဆော့စ်ကို အမှတ်ပြည့်ပေးပါတယ်။

တခြား တုန်ယမ်း၊ အစိမ်းကြော် လေးတွေလည်း မြန်မာအရသာပါပဲ။ တစ်ခုသတိထားမိတာက ပမာဏများပါတယ်။ တွဲစားဖို့ ထမင်းဆို အုန်းထမင်း၊ ပဲထမင်း၊ ခရမ်းချဉ်ထမင်းလေးတွေလည်း ရပါတယ်။ အချိုပွဲအနေနဲ့ မြန်မာမုန့်တော်တော်များများနဲ့ မုန့်လုံးရေပေါ်အထိရပါတယ်၊

သောက်စရာအနေနဲ့ဆို House Of Memories ရဲ့ မူပိုင် ကော့တေးလ် လေးကို အကြံပြုပါတယ်။ ချဉ်စူးစူးရှိန်းရှိန်းလေးနဲ့ မိုက်ပါတယ်။ သူ့ဆီမှာ ရာသီပေါ် စိန်တလုံးသရက်သီးဖျော်ရည်လေးလည်းရှိပါတယ်။ အရသာအတွက် ခြုံပြောရရင် ဈေးကြီးပေမယ့် မြန်မာအရသာမျိုး ခံစားရပါတယ်။ စားမြိန်ပါတယ်။ ကော်ဖီနဲ့ တခြားသောက်စရာတွေတော့ ဈေးပုံမှန်လေးပဲ ပေးရပါတယ်။

House of Memories ဆိုတဲ့အတိုင်း ဓါတ်ပုံတွေ၊ အမှတ်တရတွေ၊ အငွေ့အသက်တွေနဲ့ပြည့်နေတဲ့နေရာပါ။ညဘက်ထိထိုင်လို့ မျောလို့ကောင်းတဲ့နေရာပါ။ ရှေးခေတ်လက်ရာတွေ၊ လူနေမှုပုံစံတွေ၊ အနောက်တိုင်းအပြင်အဆင်တွေနဲ့ လေ့လာစရာတွေများတဲ့နေရာပါ။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဗိုလ်ချုပ်ရုံးထိုင်ရာအခန်းလေးတော့ လေ့ကိုလေ့လာသင့်တဲ့ နေရာပါ။

ကိုယ်ဆို အဲ့ကနေပြန်တဲ့အထိ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုနဲ့ စီးမျောခံစားလာမိတာ အိမ်အပြန်တလျှောက်ပဲမို့ ချစ်တဲ့ အခရာရဲ့ အစားသမားလေးတွေအတွက် ညနေညခင်းအပန်းဖြေရာ လေ့လာစရာ စိတ်ဝင်စားစရာတွေအပြည့်နဲ့ ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော အမှတ်တရစားသောက်ဆိုင်ပါလို့ အကြံပြုလိုက်ပါရစေရှင်။

EiEiKhineMinn ( Akhayar )