[ZawGyi]

အသက္ ၅၀ ေက်ာ္တာေတာင္သူတို႔ဘာလုိ႔ ႏုပ်ိဳေနတာလဲ

မိန္းကေလးေတြ အသက္ ၃၀ေက်ာ္လာျပီး အိမ္ေထာင္က်သြားတာနဲ႔ ငါေတာ႔အသက္ၾကီးလာျပီ ကေလးေတြလည္းရျပီ ဟိုတုန္းကေလာက္လွပေတာင္႔တင္းေနစရာမလုိေတာ႔ပါဘူး၊ သပ္သပ္ရပ္ရပ္ေလးျဖစ္ေနရင္ေတာ္ျပီရယ္လို႔ ေတြးမိၾကသလား။ ဒါမွမဟုတ္ အသက္ၾကီးလာရင္ တျဖည္းျဖည္းနဲ႔အလွကယိုယြင္းလာမွာ သဘာဝပဲ၊ ဇရာကိုဘယ္ေလာက္မ်ားအန္တုႏိုင္မွာမုိလုိ႔လဲလုိ႔ေတြးမိေနသလား။ ဒါဆုိရင္ေတာ႔ အသက္ ၅၀ ေက်ာ္ ၆၀ ထိလွပေတာင္႔တင္းေနဆဲ ဒီအမ်ိဳးသမီးေတြကို ၾကည္႔ပါ။ အိပ္ရာထဲလွဲမေနဘဲ Gym မွာအခ်ိန္ျဖဳ္န္းေနဆဲ သူမတုိ႔ေတြကေကာင္းမြန္တဲ႔ အေလ႔အက်င္႔ေကာင္းေတြနဲ႔ ဇရာကိုအန္တုထားႏိုင္သူေတြပါ။

Cindy Crawford (၅၀ ႏွစ္)

Cindy-Crawford-young

Cindy-Crawford-young

Cindy Crawford ကေတာ႔နာမည္ၾကီးစူပါေမာ္ဒယ္လ္ကိုး လွေနႏိုင္တာမဆန္းပါဘူးလုိ႔ မေတြးပါနဲ႔။ လူတိုင္းဟာ ဇရာသေဘာကိုေရွာင္ရွားလုိ႔မရႏိုင္တာခ်င္းအတူတူပါပဲ။ ဒါေပမဲ႔ ခုခ်ိန္ထိႏုပ်ိဳလွပေနေအာင္ သူမရဲ႕ Lifestyle ကပ႔ံပိုးေပးထားတာျဖစ္ပါတယ္။ ခုခ်ိန္ထိသူမဟာ Gym ကိုသြားေနဆဲ Exercise Bike နဲ႔ Treadmill ေပၚမွာလႈပ္ရွားေနဆဲပါ။ အျပင္မွာစက္ဘီးစီးတာ၊ ေတာင္တက္တာေတြလည္း လုပ္ေနပါေသးတယ္။ Gym မသြားျဖစ္ရင္ အိမ္မွာပဲ Workout Video ေတြဖြင္႔ျပီး ေလ႔က်င္႔ခန္းလုပ္ျဖစ္တယ္လုိ႔ဆုိပါတယ္။

CIndy-Crawford-now

CIndy-Crawford-now

ဒီလုိကိုယ္လက္လႈပ္ရွားမႈရွိေနတာက သူမကိုအသက္ ၅၀ လုိ႔မထင္ရေစတဲ႔လွ်ိဳ႕ဝွက္ခ်က္ပါပဲ။ ဒါ႔အျပင္ အိပ္ေရးဝဝအိပ္တာ၊ လႈပ္လႈပ္ရွားရွားေနထုိင္တာ၊ ေရမ်ားမ်ားေသာက္တာ၊ သူမ်ားနဲ႔ႏိႈင္းယွဥ္မေတြးတာ စတဲ႔အခ်က္ေတြကလည္း သူမကိုႏုပ်ိဳေစတာျဖစ္ပါတယ္တဲ႔။ ဒါအျပင္ အစားအေသာက္က ခႏၶာကိုယ္အတြက္ေဆးပါ ဒါေပမဲ႔မစားတတ္ရင္ေတာ႔အဆိပ္ျဖစ္ေစပါတယ္။ တစ္ခါတေလမွာ အျမန္စာေတြစားလုိ႔လည္းရပါတယ္။ ဒါေပမဲ႔ ေလ႔က်င္႔ခန္းျပန္လုပ္ဖုိ႔ေတာ႔ မေမ႔ပါနဲ႔လို႔လည္း သူမယူဆခ်က္ကိုေျပာခဲ႔ပါေသးတယ္။

Sandra Bullock (၅၂ ႏွစ္)

Sandra-Bullock-then-and-now

Sandra-Bullock-then-and-now

ႏွစ္ေပါင္း ၂၁ ႏွစ္ၾကာေအာင္ရသစံုတဲ႔ ရုပ္ရွင္ကားေပါင္းမ်ားစြာမွာ သရုပ္ေဆာင္ခဲ႔ျပီး ဒီႏွစ္ထြက္ရွိလာတဲ႔ Ocean’s 8 မွာလည္းျပန္လည္ျမင္ေတြ႔ခြင္႔ရလာတဲ႔ Sandra Bullock က အလွဆံုးအမ်ိဳးသမီးစာရင္းမွာ ခုခ်ိန္ထိရပ္တည္ေနႏိုင္ဆဲပါ။ အသက္ ၅၂ ႏွစ္ရွိေနတာေတာင္ တင္းရင္းႏုပ်ိဳလွပေနဆဲသူမက ေလ႔က်င္႔ခန္းေတြကိုခ်စ္တတ္သူပါ။ Yoga၊ Strength Training ၊ Cardio Workouts ၊ Kickboxing ၊ Toning ၊ Hiking အားလံုးကိုသူမက ဖက္တြယ္ထားဆဲပါ။ အစားအေသာက္မွာလည္း ဆန္လံုးညိဳ၊ ဘရိုကိုလီ၊ ခရမ္းခ်ဥ္သီးကင္၊ ၾကက္ကင္စတဲ႔ က်န္းမာေရးနဲ႔ညီညြတ္တဲ႔အစားအေသာက္ေတြကိုပဲ ေရြးခ်ယ္စားေသာက္တာျဖစ္ပါတယ္တဲ႔။ ပန္းသီးနဲ႔အေစ႔အဆံေတြကို သေရစာအေနနဲ႔စားေလ႔ရွိသူပါ။

Diane Lane (၅၂ ႏွစ္)

Diane-Lane-young-and-now

Diane-Lane-young-and-now

အစားအေသာက္ကို စနစ္တက်စားေသာက္တတ္ျခင္းက သူမရဲ႕လွ်ိဳ႕ဝွက္ခ်က္ပါ။ အစားအေသာက္စားတဲ႔ေနရာမွာ နည္းနည္းနဲ႔ အာဟာရစံုေအာင္စားေသာက္တတ္ဖုိ႔ သူမကအၾကံျပဳထားပါတယ္။ အေရျပားအစိုဓာတ္ျပည္႔ဝေနေစဖုိ႔ အသားအေရေပၚမွာတင္ Moisturizer လိမ္းတာမ်ိဳးမဟုတ္ဘဲ ကိုယ္တြင္းမွာအစိုဓာတ္ျပည္႔ဝေနေအာင္ စားသံုးေလ႔ရွိတယ္လုိ႔ေျပာပါတယ္။ အထူးသျဖင္႔ သံလြင္ဆီကိုစားသံုးတယ္လုိ႔ဆိုပါတယ္။ ေလ႔က်င္႔ခန္းအေနနဲ႔ကေတာ႔ ေယာဂေလ႔က်င္႔ျပီး အိမ္မွာပဲကိရိယာလြတ္ေလ႔က်င္႔ခန္းေတြ လုပ္ေလ႔ရွိတယ္လို႔ ေျပာပါတယ္။

Monica Bellucci (၅၂ ႏွစ္)

Monica Bellucci

Monica Bellucci

မိန္းမသားဆန္တဲ႔အလွတရားေတြနဲ႔ ျပည္႔စံုလွပလြန္းသူ Monica Bellucci က အခုဆုိရင္ေတာ႔ အသက္ ၅၂ ႏွစ္အရြယ္ေတာင္ရွိပါျပီ။ Dior ေၾကာ္ျငာေတြနဲ႔ လူတုိင္းမင္သက္သြားေလာက္ေအာင္ ဆြဲေဆာင္ႏိုင္လြန္းတဲ႔သူမက လက္ရွိမွာလည္းရွိရင္းစြဲအသက္ထက္ ၁၀ ႏွစ္ေလာက္ငယ္ရြယ္တယ္လို႔ေတာင္ ထင္ရေစတာျဖစ္ပါတယ္။

monica bellucci now

monica bellucci now

သူမကေတာ႔ ဒီလုိလွပတဲ႔ကိုယ္လံုးကိုထိန္းထားႏိုင္ေအာင္ အစားေရွာင္တာမ်ိဳးမရွိဘဲ ေလ႔က်င္႔ခန္းေတြကိုသာအားကိုးတယ္လို႔ဆိုထားပါတယ္။ တစ္ပတ္မွာ ၄ ရက္ေလာက္ေရကူးေလ႔ရွိျပီး ေယာဂေလ႔က်င္႔ျခင္းနဲ႔ တရားထိုင္ျခင္းေတြက သူမကိုအခုလုိႏုပ်ိဳေနေစတာျဖစ္ပါတယ္တဲ႔။ သူမကေတာ႔ လႈပ္ရွားတက္ၾကြေနတဲ႔ Lifestyle မ်ိဳးကိုတည္ေဆာက္ဖုိ႔ အၾကံျပဳထားပါတယ္။

Elizabeth Hurley (၅၁ ႏွစ္)

Elizabeth Hurley

Elizabeth Hurley

ရွည္လ်ားသြယ္ေပ်ာင္းတဲ႔ အရပ္အေမာင္းနဲ႔ ဘီကီနီ Body ပိုင္ရွင္ Elizabeth Hurley က Estée Lauder ေၾကာ္ျငာေတြမွာေၾကြခဲ႔ရသူ၊ လက္ရွိအခ်ိန္ထိလည္း လွပေၾကာ႔ရွင္းေနဆဲပါ။ အသက္ ၅၀ ေက်ာ္ေပမယ္႔ သူမရဲ႕ခႏၶာကိုယ္က ဘီကီနီဝတ္ျပလည္းလွေနဆဲပါ။ သူမကနဂိုတည္းက Gym ကိုႏွစ္သက္သူမဟုတ္ပါဘူး။ Exercise ျပဳလုပ္ရတာၾကိဳက္သူမဟုတ္ေပမယ္႔ လမ္းေလွ်ာက္တာ ေျပးတာမ်ိဳးကိုေတာ႔ အျမဲလုပ္ေဆာင္ေလ႔ရွိပါတယ္တဲ႔။ အိမ္မွာပဲ ေယာဂနဲ႔ အိပ္ထမတင္လိုမ်ိဳးကိရိယာလြတ္ေလ႔က်င္႔ခန္းေတြ လုပ္တယ္လုိ႔ဆုိပါတယ္။

Elizabeth Hurley now

Elizabeth Hurley now

အစာအေသာက္မွာေတာ႔ ျပဳျပင္စီမံထားတဲ႔အစားအစာေတြကိုေရွာင္ျပီး Organic Food ေတြပဲ ေရြးခ်ယ္စားေသာက္သူျဖစ္ပါတယ္။

အသက္ ၅၀ ေက်ာ္တာေတာင္ အရြယ္တင္ႏုပ်ိဳေနဖို႔ဆုိတာ ထိုင္ေနလုိ႔ေတာ႔မရႏိုင္ပါဘူးေနာ္။ အစားအေသာက္ေရြးခ်ယ္စားေသာက္ျပီး ေလ႔က်င္႔ခန္းမွန္မွန္လုပ္မယ္ဆုိရင္ေတာ႔ သူတုိ႔ေတြလုိပဲ ၅၀ ေက်ာ္ ၆၀ နီးလာတာေတာင္ အမ်ားကအားက်ရတဲ႔ႏုပ်ိဳဆဲအလွကိုပိုင္ဆိုင္ႏိုင္မွာ ေသခ်ာပါတယ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

အသက် ၅၀ ကျော်တာတောင်သူတို့ဘာလို့ နုပျိုနေတာလဲ

မိန်းကလေးတွေ အသက် ၃၀ကျော်လာပြီး အိမ်ထောင်ကျသွားတာနဲ့ ငါတော့အသက်ကြီးလာပြီ ကလေးတွေလည်းရပြီ ဟိုတုန်းကလောက်လှပတောင့်တင်းနေစရာမလိုတော့ပါဘူး၊ သပ်သပ်ရပ်ရပ်လေးဖြစ်နေရင်တော်ပြီရယ်လို့ တွေးမိကြသလား။ ဒါမှမဟုတ် အသက်ကြီးလာရင် တဖြည်းဖြည်းနဲ့အလှကယိုယွင်းလာမှာ သဘာဝပဲ၊ ဇရာကိုဘယ်လောက်များအန်တုနိုင်မှာမိုလို့လဲလို့တွေးမိနေသလား။ ဒါဆိုရင်တော့ အသက် ၅၀ ကျော် ၆၀ ထိလှပတောင့်တင်းနေဆဲ ဒီအမျိုးသမီးတွေကို ကြည့်ပါ။ အိပ်ရာထဲလှဲမနေဘဲ Gym မှာအချိန်ဖြု်န်းနေဆဲ သူမတို့တွေကကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ ဇရာကိုအန်တုထားနိုင်သူတွေပါ။

Cindy Crawford (၅၀ နှစ်)

Cindy-Crawford-young

Cindy-Crawford-young

Cindy Crawford ကတော့နာမည်ကြီးစူပါမော်ဒယ်လ်ကိုး လှနေနိုင်တာမဆန်းပါဘူးလို့ မတွေးပါနဲ့။ လူတိုင်းဟာ ဇရာသဘောကိုရှောင်ရှားလို့မရနိုင်တာချင်းအတူတူပါပဲ။ ဒါပေမဲ့ ခုချိန်ထိနုပျိုလှပနေအောင် သူမရဲ့ Lifestyle ကပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ခုချိန်ထိသူမဟာ Gym ကိုသွားနေဆဲ Exercise Bike နဲ့ Treadmill ပေါ်မှာလှုပ်ရှားနေဆဲပါ။ အပြင်မှာစက်ဘီးစီးတာ၊ တောင်တက်တာတွေလည်း လုပ်နေပါသေးတယ်။ Gym မသွားဖြစ်ရင် အိမ်မှာပဲ Workout Video တွေဖွင့်ပြီး လေ့ကျင့်ခန်းလုပ်ဖြစ်တယ်လို့ဆိုပါတယ်။

CIndy-Crawford-now

CIndy-Crawford-now

ဒီလိုကိုယ်လက်လှုပ်ရှားမှုရှိနေတာက သူမကိုအသက် ၅၀ လို့မထင်ရစေတဲ့လျှို့ဝှက်ချက်ပါပဲ။ ဒါ့အပြင် အိပ်ရေးဝဝအိပ်တာ၊ လှုပ်လှုပ်ရှားရှားနေထိုင်တာ၊ ရေများများသောက်တာ၊ သူများနဲ့နှိုင်းယှဉ်မတွေးတာ စတဲ့အချက်တွေကလည်း သူမကိုနုပျိုစေတာဖြစ်ပါတယ်တဲ့။ ဒါအပြင် အစားအသောက်က ခန္ဓာကိုယ်အတွက်ဆေးပါ ဒါပေမဲ့မစားတတ်ရင်တော့အဆိပ်ဖြစ်စေပါတယ်။ တစ်ခါတလေမှာ အမြန်စာတွေစားလို့လည်းရပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းပြန်လုပ်ဖို့တော့ မမေ့ပါနဲ့လို့လည်း သူမယူဆချက်ကိုပြောခဲ့ပါသေးတယ်။

Sandra Bullock (၅၂ နှစ်)

Sandra-Bullock-then-and-now

Sandra-Bullock-then-and-now

နှစ်ပေါင်း ၂၁ နှစ်ကြာအောင်ရသစုံတဲ့ ရုပ်ရှင်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ပြီး ဒီနှစ်ထွက်ရှိလာတဲ့ Ocean’s 8 မှာလည်းပြန်လည်မြင်တွေ့ခွင့်ရလာတဲ့ Sandra Bullock က အလှဆုံးအမျိုးသမီးစာရင်းမှာ ခုချိန်ထိရပ်တည်နေနိုင်ဆဲပါ။ အသက် ၅၂ နှစ်ရှိနေတာတောင် တင်းရင်းနုပျိုလှပနေဆဲသူမက လေ့ကျင့်ခန်းတွေကိုချစ်တတ်သူပါ။ Yoga၊ Strength Training ၊ Cardio Workouts ၊ Kickboxing ၊ Toning ၊ Hiking အားလုံးကိုသူမက ဖက်တွယ်ထားဆဲပါ။ အစားအသောက်မှာလည်း ဆန်လုံးညို၊ ဘရိုကိုလီ၊ ခရမ်းချဉ်သီးကင်၊ ကြက်ကင်စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုပဲ ရွေးချယ်စားသောက်တာဖြစ်ပါတယ်တဲ့။ ပန်းသီးနဲ့အစေ့အဆံတွေကို သရေစာအနေနဲ့စားလေ့ရှိသူပါ။

Diane Lane (၅၂ နှစ်)

Diane-Lane-young-and-now

Diane-Lane-young-and-now

အစားအသောက်ကို စနစ်တကျစားသောက်တတ်ခြင်းက သူမရဲ့လျှို့ဝှက်ချက်ပါ။ အစားအသောက်စားတဲ့နေရာမှာ နည်းနည်းနဲ့ အာဟာရစုံအောင်စားသောက်တတ်ဖို့ သူမကအကြံပြုထားပါတယ်။ အရေပြားအစိုဓာတ်ပြည့်ဝနေစေဖို့ အသားအရေပေါ်မှာတင် Moisturizer လိမ်းတာမျိုးမဟုတ်ဘဲ ကိုယ်တွင်းမှာအစိုဓာတ်ပြည့်ဝနေအောင် စားသုံးလေ့ရှိတယ်လို့ပြောပါတယ်။ အထူးသဖြင့် သံလွင်ဆီကိုစားသုံးတယ်လို့ဆိုပါတယ်။ လေ့ကျင့်ခန်းအနေနဲ့ကတော့ ယောဂလေ့ကျင့်ပြီး အိမ်မှာပဲကိရိယာလွတ်လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။

Monica Bellucci (၅၂ နှစ်)

Monica Bellucci

Monica Bellucci

မိန်းမသားဆန်တဲ့အလှတရားတွေနဲ့ ပြည့်စုံလှပလွန်းသူ Monica Bellucci က အခုဆိုရင်တော့ အသက် ၅၂ နှစ်အရွယ်တောင်ရှိပါပြီ။ Dior ကြော်ငြာတွေနဲ့ လူတိုင်းမင်သက်သွားလောက်အောင် ဆွဲဆောင်နိုင်လွန်းတဲ့သူမက လက်ရှိမှာလည်းရှိရင်းစွဲအသက်ထက် ၁၀ နှစ်လောက်ငယ်ရွယ်တယ်လို့တောင် ထင်ရစေတာဖြစ်ပါတယ်။

monica bellucci now

monica bellucci now

သူမကတော့ ဒီလိုလှပတဲ့ကိုယ်လုံးကိုထိန်းထားနိုင်အောင် အစားရှောင်တာမျိုးမရှိဘဲ လေ့ကျင့်ခန်းတွေကိုသာအားကိုးတယ်လို့ဆိုထားပါတယ်။ တစ်ပတ်မှာ ၄ ရက်လောက်ရေကူးလေ့ရှိပြီး ယောဂလေ့ကျင့်ခြင်းနဲ့ တရားထိုင်ခြင်းတွေက သူမကိုအခုလိုနုပျိုနေစေတာဖြစ်ပါတယ်တဲ့။ သူမကတော့ လှုပ်ရှားတက်ကြွနေတဲ့ Lifestyle မျိုးကိုတည်ဆောက်ဖို့ အကြံပြုထားပါတယ်။

Elizabeth Hurley (၅၁ နှစ်)

Elizabeth Hurley

Elizabeth Hurley

ရှည်လျားသွယ်ပျောင်းတဲ့ အရပ်အမောင်းနဲ့ ဘီကီနီ Body ပိုင်ရှင် Elizabeth Hurley က Estée Lauder ကြော်ငြာတွေမှာကြွေခဲ့ရသူ၊ လက်ရှိအချိန်ထိလည်း လှပကြော့ရှင်းနေဆဲပါ။ အသက် ၅၀ ကျော်ပေမယ့် သူမရဲ့ခန္ဓာကိုယ်က ဘီကီနီဝတ်ပြလည်းလှနေဆဲပါ။ သူမကနဂိုတည်းက Gym ကိုနှစ်သက်သူမဟုတ်ပါဘူး။ Exercise ပြုလုပ်ရတာကြိုက်သူမဟုတ်ပေမယ့် လမ်းလျှောက်တာ ပြေးတာမျိုးကိုတော့ အမြဲလုပ်ဆောင်လေ့ရှိပါတယ်တဲ့။ အိမ်မှာပဲ ယောဂနဲ့ အိပ်ထမတင်လိုမျိုးကိရိယာလွတ်လေ့ကျင့်ခန်းတွေ လုပ်တယ်လို့ဆိုပါတယ်။

Elizabeth Hurley now

Elizabeth Hurley now

အစာအသောက်မှာတော့ ပြုပြင်စီမံထားတဲ့အစားအစာတွေကိုရှောင်ပြီး Organic Food တွေပဲ ရွေးချယ်စားသောက်သူဖြစ်ပါတယ်။

အသက် ၅၀ ကျော်တာတောင် အရွယ်တင်နုပျိုနေဖို့ဆိုတာ ထိုင်နေလို့တော့မရနိုင်ပါဘူးနော်။ အစားအသောက်ရွေးချယ်စားသောက်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင်တော့ သူတို့တွေလိုပဲ ၅၀ ကျော် ၆၀ နီးလာတာတောင် အများကအားကျရတဲ့နုပျိုဆဲအလှကိုပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

ဂျူဂျူး(Akhayar)

www.akhayar.com