[Zawgyi]

ဟုိတယ္ဖြင့္ရင္း တဖက္တလမ္းက အပိုဝင္ေငြရွာၾကတဲ့ ကမာၻေက်ာ္မ်ား

ကမာၻေက်ာ္အနုပညာရွင္ေတြ၊ အားကစားသမားေတြဟာ သူတို႔ရဲ႕ သရုပ္ေဆာင္ေၾကးေတြ၊ အားကစားဝင္ေငြေတြကို တျခားလုပ္ငန္းတစ္ခုမွာ ျမွဳပ္ႏွံထားေလ့ရွိၾကပါတယ္။ ဥပမာ Taylor Swift ဆိုရင္ အိမ္ျခံေျမေတြ ဝယ္ထားျပီး တခ်ိဳ႕အႏုပညာရွင္ေတြဆိုရင္လည္း ဟုိတယ္လုပ္ငန္းစုလိိုမ်ိဳးမွာ ျမွဳပ္ႏွံၾကပါတယ္။ ဒီလို ျမွဳပ္နွံၾကတဲ့ အထဲမွာ ဘယ္သူေတြပါသလဲ၊ သူတို႔ဖြင့္တဲ့ Hotel ေတြကေရာ Rating ေကာင္းလား တစ္ခ်က္ေလာက္ၾကည့္လိုက္ရေအာင္။

Hugh Jackman : Gwinganna Health Retreat

Hugh Jackman

Hugh Jackman

သဘာဝကို ခ်စ္ျမတ္ႏုိးတဲ့ Hugh Jackman ဟာ ၾသစေၾတးလ် Gold Coast မွာရွိတဲ့ Gwinganna Health Retreat မွာ နွစ္လေလာက္ အနားယူျပီးေနာက္မွာေတာ့ သိပ္သေဘာက်သြားတဲ့အတြက္ သူဟာ အဲ့ဒီ Resort ကို ဝယ္ယူလိုက္ျပီး ပူးတြဲပိုင္ဆုိင္သူ ျဖစ္လာခဲ့ပါတယ္။ ဒီ Resort ဟာ Spa ေတြ၊ Outdoor Activities ေတြ၊ စိတ္ဖိိစီးမႈေျပေလ်ာ့ေစမယ့္ ကုထံုးေတြ အကုန္လံုးရႏုိင္တဲ့ သဘာဝတရားနဲ႔ နီးစပ္တဲ့ အပန္းေျဖေနရာတစ္ခုျဖစ္ခဲ့ပါတယ္။

Andy Murray : The Cromlix Hotel

Andy Murray

Andy Murray

အိုလံပစ္ေရႊတံဆိပ္ဆုရွင္လည္း ျဖစ္၊ တင္းနစ္ၾကယ္ပြင့္လည္း ျဖစ္တဲ့ Andy Murray ကေတာ့ စေကာ့တလန္မွာရွိတဲ့ Cromlix Hotel ကို ပုိင္ဆုိင္ထားပါတယ္။ ၁၉ ရာစုႏွစ္စတိုင္ ေတာနယ္ဘက္ အေဆာက္အအံုဒီဇုိင္းျဖစ္ျပီး ၁၉၈၀ ခုနွစ္မ်ားကလည္း ဟုိတယ္ဖြင့္ခဲ့ပါေသးတယ္။ Andy Murray ပိုင္ဆုိင္ျပီးတဲ့ ေနာက္မွာေတာ့ အပ်ံစား ျပန္လည္ျပင္ဆင္ခဲ့ျပီး ၾကယ္ငါးပြင့္အဆင့္ဟုိတယ္ၾကီး အျဖစ္ ျမွင့္တင္ခဲ့ပါတယ္။

Richard Gere : The Bedford Post Inn

Richard Gere

Richard Gere

နယူးေယာက္အရပ္မွာ ရွိတဲ့ Bedford ျမိဳ႕ေလးမွာ ေက်းလက္ဆန္တဲ့ အေငြ႔အသက္ေတြနဲ႔ Bedford Post Inn ဆိုတာေလး ရွိပါတယ္။ ဒီ Inn ကုိေတာ့ Richard Gere က ပူးတြဲပုိင္ဆုိင္ျပီး Richard Gere ကုိယ္တုိင္က Bedford ျမိဳ႕ေလးရွိရာ Westchester နယ္သားတစ္ဦးျဖစ္ပါတယ္။

Leonardo Dicaprio : Blackadore Caye

Leonardo DiCaprio

Leonardo DiCaprio

Leonardo Dicaprio တစ္ေယာက္ကေတာ့ အေမရိကတုိက္အလယ္ပုိင္း Belize အရပ္က Blackadore Caye ကၽြန္းေပၚမွာ Eco-friendly Resort ဖြင့္ဖို႔ ၾကံေနပါတယ္။ ဒီလိုအၾကံနဲ႔ Environmentalist ျဖစ္တဲ့ Leonardo Dicaprio ဟာ Blackadore Caye ကၽြန္းကို ေဒၚလာ ၁.၇သန္းနဲ႔ ဟုိတယ္လုပ္ငန္းရွင္ Jeff Gram နဲ႔ တူတူ ဝယ္ယူခဲ့ပါတယ္။

Robert De Niro : Multiple Properties

Robert De Niro

Robert De Niro

Robert De Niro ကေတာ့ တကယ့္ဟုိတယ္လုပ္ငန္းရွင္လို႔ ေျပာလုိ႔ရေနျပီ ျဖစ္ပါတယ္။ Locanda Verde ဆိုတဲ့ အေကာင္းစား အီတလီစားေသာက္ဆုိင္္နဲ႔ Luxury အမ်ိဳးအစား Shibui Spa ေတြဟာ Robert Deniro ပိုင္ဆုိင္တဲ့ နယူးေယာက္ျမိဳ႕က Greenwich Hotel ကို နာမည္ေက်ာ္ေစတဲ့အရာေတြပါ။ သူပုိင္ဆုိင္တဲ့ တျခားဟုိတယ္ေတြကေတာ့ Greenwich Hotel ေလာက္ နာမည္မၾကီးလွဘဲ ဖိလစ္ပုိင္ႏုိင္ငံ၊ မနီလာအရပ္မွာရွိတဲ့ Nobu Hotel ဆိုရင္ ကမာၻ႔အဆုိးဆံုးဟုိတယ္ဆိုတဲ့ အထိ နာမည္တြင္ခဲ့ပါတယ္။ Robert De Niro ဟာ နာမည္ၾကီး စားဖိုမႈး Nobu Matsuhisa နဲ႔ အတူ Nobu Hospitality Group ကိုလည္း ပူးတြဲတည္ေထာင္ခဲ့ပါေသးတယ္။ ဒီ Hospitality Group မွာ စားေသာက္ဆုိင္ေပါင္း ၃၂ ဆုိင္နဲ႔ ဟုိတယ္ ၉ ခု ပါဝင္ဖြဲ႔စည္းထားပါတယ္။

Michael Douglas & Catherine Zeta Jones : Ariel Sands

Ariel Sands Resort

Ariel Sands Resort

ေဟာလီးဝုဒ္ရဲ႕ Power Couple တစ္တြဲျဖစ္တဲ့ Michael Douglas နဲ႔ Catherine Zeta Jones တုိ႔ အတြဲကေတာ့ ေျမာက္အတၱလႏၱိတ္သမုဒၵရာထဲက ဘာျမဴဒါအရပ္မွာရွိတဲ့ Ariel Sands Resort ကို ပူးတြဲပုိင္ဆိုင္ထားၾကပါတယ္။ ဒီ Resort မွာ ေရကူးကန္၊ Salon ၊ Spa နဲ႔ ကမ္းေျခတဝုိက္ တစ္ထပ္အိမ္ကေလးေတြနဲ႔ သာယာစည္ကားေအာင္ ဖန္တီးထားပါတယ္္။

Clint Eastwood : Mission Ranch Hotel

Clint Eastwood

Clint Eastwood

မင္းသားၾကီးလည္း ျဖစ္၊ ဒါရိုက္တာၾကီးလည္း ျဖစ္တဲ့ Clint Eastwood ကေတာ့ ၁၉ ရာစုႏွစ္စတိုင္ ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္း ထုတ္လုပ္တဲ့ အေဆာက္အဦးကို Misson Ranch Hotel ဆိုျပီး ေျပာင္းလဲ ဖြင့္လွစ္ခဲ့တာပါ။ ကယ္လီဖုိးနီးယားမွာရွိတဲ႔ ကမ္းေျချမိဳ႕ငယ္ေသးေသးေလးျဖစ္တဲ့ Carmel-by-the-Sea မွာ ဖြင့္လွစ္ထားတာ ျဖစ္ျပီး ေျမဧက ၂၂ ဧက က်ယ္ဝန္းပါတယ္။ ဒီေျမေပၚမွာ အခန္းေပါင္း ၃၁ ခန္း၊ တင္းနစ္ကြင္း၊ အားကစားခန္းမ၊ ညစာစားဖို႔ ေနရာေတြလည္း ပါဝင္ပါတယ္။

Mission Ranch Hotel

Mission Ranch Hotel

Francis Ford Coppola : Multiple Properties

Francis Ford Coppola

Francis Ford Coppola

Blancaneaux Lodge

Blancaneaux Lodge

The Godfather လို ဇာတ္ကားေကာင္းေတြ ရိုက္ကူးခဲ့တဲ့ နာမည္ၾကီး Francis Ford Coppola ဟာလည္း စြန္႔ဦးစီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္လိုပါပဲ။ သူပို္င္ဆုိင္တဲ့ အရာေတြထဲမွာ စပ်စ္ျခံႏွစ္ျခံ၊ စားေသာက္ဆုိင္တစ္ဆုိင္၊ ရုပ္ရွင္စတူဒီယိုတစ္ခုတင္မကဘဲ အပန္းေျဖစခန္း ၅ ခုပါ ပါဝင္ပါေသးတယ္။ Belize အရပ္မွာပဲ Blancaneaux Lodge နဲ႔ The Turtle Inn ၊ အီတလီမွာဆုိရင္ Palazzo Margherita ၊ ဂြါတီမာလာမွာဆုိရင္ La lancha နဲ႔ အာဂ်င္တီးနားႏုိင္ငံမွာဆုိရင္ Jardin Escondido ဟုိတယ္ေတြကို ပိုင္ဆုိင္ထားပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : time.com
[Unicode]

ဟိုတယ်ဖွင့်ရင်း တဖက်တလမ်းက အပိုဝင်ငွေရှာကြတဲ့ ကမ္ဘာကျော်များ

ကမ္ဘာကျော်အနုပညာရှင်တွေ၊ အားကစားသမားတွေဟာ သူတို့ရဲ့ သရုပ်ဆောင်ကြေးတွေ၊ အားကစားဝင်ငွေတွေကို တခြားလုပ်ငန်းတစ်ခုမှာ မြှုပ်နှံထားလေ့ရှိကြပါတယ်။ ဥပမာ Taylor Swift ဆိုရင် အိမ်ခြံမြေတွေ ဝယ်ထားပြီး တချို့အနုပညာရှင်တွေဆိုရင်လည်း ဟိုတယ်လုပ်ငန်းစုလိုမျိုးမှာ မြှုပ်နှံကြပါတယ်။ ဒီလို မြှုပ်နှံကြတဲ့ အထဲမှာ ဘယ်သူတွေပါသလဲ၊ သူတို့ဖွင့်တဲ့ Hotel တွေကရော Rating ကောင်းလား တစ်ချက်လောက်ကြည့်လိုက်ရအောင်။

Hugh Jackman : Gwinganna Health Retreat

Hugh Jackman

Hugh Jackman

သဘာဝကို ချစ်မြတ်နိုးတဲ့ Hugh Jackman ဟာ သြစတြေးလျ Gold Coast မှာရှိတဲ့ Gwinganna Health Retreat မှာ နှစ်လလောက် အနားယူပြီးနောက်မှာတော့ သိပ်သဘောကျသွားတဲ့အတွက် သူဟာ အဲ့ဒီ Resort ကို ဝယ်ယူလိုက်ပြီး ပူးတွဲပိုင်ဆိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဒီ Resort ဟာ Spa တွေ၊ Outdoor Activities တွေ၊ စိတ်ဖိစီးမှုပြေလျော့စေမယ့် ကုထုံးတွေ အကုန်လုံးရနိုင်တဲ့ သဘာဝတရားနဲ့ နီးစပ်တဲ့ အပန်းဖြေနေရာတစ်ခုဖြစ်ခဲ့ပါတယ်။

Andy Murray : The Cromlix Hotel

Andy Murray

Andy Murray

အိုလံပစ်ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်၊ တင်းနစ်ကြယ်ပွင့်လည်း ဖြစ်တဲ့ Andy Murray ကတော့ စကော့တလန်မှာရှိတဲ့ Cromlix Hotel ကို ပိုင်ဆိုင်ထားပါတယ်။ ၁၉ ရာစုနှစ်စတိုင် တောနယ်ဘက် အဆောက်အအုံဒီဇိုင်းဖြစ်ပြီး ၁၉၈၀ ခုနှစ်များကလည်း ဟိုတယ်ဖွင့်ခဲ့ပါသေးတယ်။ Andy Murray ပိုင်ဆိုင်ပြီးတဲ့ နောက်မှာတော့ အပျံစား ပြန်လည်ပြင်ဆင်ခဲ့ပြီး ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီး အဖြစ် မြှင့်တင်ခဲ့ပါတယ်။

Richard Gere : The Bedford Post Inn

Richard Gere

Richard Gere

နယူးယောက်အရပ်မှာ ရှိတဲ့ Bedford မြို့လေးမှာ ကျေးလက်ဆန်တဲ့ အငွေ့အသက်တွေနဲ့ Bedford Post Inn ဆိုတာလေး ရှိပါတယ်။ ဒီ Inn ကိုတော့ Richard Gere က ပူးတွဲပိုင်ဆိုင်ပြီး Richard Gere ကိုယ်တိုင်က Bedford မြို့လေးရှိရာ Westchester နယ်သားတစ်ဦးဖြစ်ပါတယ်။

Leonardo Dicaprio : Blackadore Caye

Leonardo DiCaprio

Leonardo DiCaprio

Leonardo Dicaprio တစ်ယောက်ကတော့ အမေရိကတိုက်အလယ်ပိုင်း Belize အရပ်က Blackadore Caye ကျွန်းပေါ်မှာ Eco-friendly Resort ဖွင့်ဖို့ ကြံနေပါတယ်။ ဒီလိုအကြံနဲ့ Environmentalist ဖြစ်တဲ့ Leonardo Dicaprio ဟာ Blackadore Caye ကျွန်းကို ဒေါ်လာ ၁.၇သန်းနဲ့ ဟိုတယ်လုပ်ငန်းရှင် Jeff Gram နဲ့ တူတူ ဝယ်ယူခဲ့ပါတယ်။

Robert De Niro : Multiple Properties

Robert De Niro

Robert De Niro

Robert De Niro ကတော့ တကယ့်ဟိုတယ်လုပ်ငန်းရှင်လို့ ပြောလို့ရနေပြီ ဖြစ်ပါတယ်။ Locanda Verde ဆိုတဲ့ အကောင်းစား အီတလီစားသောက်ဆိုင်နဲ့ Luxury အမျိုးအစား Shibui Spa တွေဟာ Robert Deniro ပိုင်ဆိုင်တဲ့ နယူးယောက်မြို့က Greenwich Hotel ကို နာမည်ကျော်စေတဲ့အရာတွေပါ။ သူပိုင်ဆိုင်တဲ့ တခြားဟိုတယ်တွေကတော့ Greenwich Hotel လောက် နာမည်မကြီးလှဘဲ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာအရပ်မှာရှိတဲ့ Nobu Hotel ဆိုရင် ကမ္ဘာ့အဆိုးဆုံးဟိုတယ်ဆိုတဲ့ အထိ နာမည်တွင်ခဲ့ပါတယ်။ Robert De Niro ဟာ နာမည်ကြီး စားဖိုမှုး Nobu Matsuhisa နဲ့ အတူ Nobu Hospitality Group ကိုလည်း ပူးတွဲတည်ထောင်ခဲ့ပါသေးတယ်။ ဒီ Hospitality Group မှာ စားသောက်ဆိုင်ပေါင်း ၃၂ ဆိုင်နဲ့ ဟိုတယ် ၉ ခု ပါဝင်ဖွဲ့စည်းထားပါတယ်။

Michael Douglas & Catherine Zeta Jones : Ariel Sands

Ariel Sands Resort

Ariel Sands Resort

ဟောလီးဝုဒ်ရဲ့ Power Couple တစ်တွဲဖြစ်တဲ့ Michael Douglas နဲ့ Catherine Zeta Jones တို့ အတွဲကတော့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲက ဘာမြူဒါအရပ်မှာရှိတဲ့ Ariel Sands Resort ကို ပူးတွဲပိုင်ဆိုင်ထားကြပါတယ်။ ဒီ Resort မှာ ရေကူးကန်၊ Salon ၊ Spa နဲ့ ကမ်းခြေတဝိုက် တစ်ထပ်အိမ်ကလေးတွေနဲ့ သာယာစည်ကားအောင် ဖန်တီးထားပါတယ်။

Clint Eastwood : Mission Ranch Hotel

Clint Eastwood

Clint Eastwood

မင်းသားကြီးလည်း ဖြစ်၊ ဒါရိုက်တာကြီးလည်း ဖြစ်တဲ့ Clint Eastwood ကတော့ ၁၉ ရာစုနှစ်စတိုင် နို့နဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ အဆောက်အဦးကို Misson Ranch Hotel ဆိုပြီး ပြောင်းလဲ ဖွင့်လှစ်ခဲ့တာပါ။ ကယ်လီဖိုးနီးယားမှာရှိတဲ့ ကမ်းခြေမြို့ငယ်သေးသေးလေးဖြစ်တဲ့ Carmel-by-the-Sea မှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး မြေဧက ၂၂ ဧက ကျယ်ဝန်းပါတယ်။ ဒီမြေပေါ်မှာ အခန်းပေါင်း ၃၁ ခန်း၊ တင်းနစ်ကွင်း၊ အားကစားခန်းမ၊ ညစာစားဖို့ နေရာတွေလည်း ပါဝင်ပါတယ်။

Mission Ranch Hotel

Mission Ranch Hotel

Francis Ford Coppola : Multiple Properties

Francis Ford Coppola

Francis Ford Coppola

Blancaneaux Lodge

Blancaneaux Lodge

The Godfather လို ဇာတ်ကားကောင်းတွေ ရိုက်ကူးခဲ့တဲ့ နာမည်ကြီး Francis Ford Coppola ဟာလည်း စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လိုပါပဲ။ သူပိုင်ဆိုင်တဲ့ အရာတွေထဲမှာ စပျစ်ခြံနှစ်ခြံ၊ စားသောက်ဆိုင်တစ်ဆိုင်၊ ရုပ်ရှင်စတူဒီယိုတစ်ခုတင်မကဘဲ အပန်းဖြေစခန်း ၅ ခုပါ ပါဝင်ပါသေးတယ်။ Belize အရပ်မှာပဲ Blancaneaux Lodge နဲ့ The Turtle Inn ၊ အီတလီမှာဆိုရင် Palazzo Margherita ၊ ဂွါတီမာလာမှာဆိုရင် La lancha နဲ့ အာဂျင်တီးနားနိုင်ငံမှာဆိုရင် Jardin Escondido ဟိုတယ်တွေကို ပိုင်ဆိုင်ထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : time.com