အခုတလော ရာသီဥတုက ပူစပ်စပ်ကြီးဖြစ်နေတယ်လို့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ ခံစားနေရမှာသေချာပါတယ်။ မိုးကလည်းရွာလိုက်မရွာလိုက်၊ နေကလည်း ခပ်ပြင်းပြင်းပူလိုက်နဲ့ နေရထိုင်ရတာအဆင်မပြေပါဘူး။ ဒီလိုမျိုးခံစားမှုတွေက ပြေးထွက်ချင်ရင် ရေကူးတာက အကောင်းဆုံးပါပဲ။ တချို့ကျတော့ ရေကူးတဲ့နေရာမှာ သီးသီးသန့်သန့်လေးကူးချင်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုး သီးသီးသန့်သန့်လေးကူးချင်တဲ့သူတွေအတွက် အခရာမှ ရေကူးကန်ရှိတဲ့ Hotel လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရေမကူးတတ်တဲ့သူတွေကတော့ ရေစိမ်ပြီးဇိမ်ခံပေါ့ဗျာ။

Chatrium Hotel

ကန်တော်ကြီးမျက်နှာချင်းဆိုင်မှာ တည်ရှိပြီး ဟိုတယ်ခြံဝင်းကျယ်ထဲမှာ ကမ်းခြေဆန်ဆန်လုပ်ထားပါတယ်။ ၂၅ ဒေါ်လာဆိုရင်  (Gym + Pool)  သုံးနိုင်ပါတယ်။

Operating Hours : 7 am to 10 pm

 Rose Garden Hotel

ကန်တော်ကြီးနဲ့ မနီးမဝေးမှာရှိပြီး ဘူတာကြီးနဲ့ဆိုရင်လည်း သိပ်မဝေးပါဘူး။ 20$/person (စားသောက်ဆိုင်နဲ့ ဘားမှာ ၁၀ဒေါ်လာဖိုး သုံးဆောင်နိုင်တဲ့ ကူပွန်ကိုလည်း ပေးအုံးမှာပါ)

Operating Hours : 6:30 am to 9:30 pm

Avenue 64 Hotel

ဟိုတယ်ဖွင့်ထားတာ အတော်ကြာပြီဆိုပေမယ့် ရေကူးကန်လုပ်တာတော့ မကြာသေးပါဘူး။ ရေကူးကန်သုံးရင်း Balance Fitness Gym မှာလည်း ဆော့လို့ရပါတယ်။ Admission : 20$/Person (gym + pool)

Operating Hours : Pool – 9 am to 6 pm. Gym 6 am – 10 pm

Park Royal Hotel

ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံအနီးမှာရှိပြီး ၅၀ခုနှစ်စတိုင်နဲ့ ဖြစ်ပါတယ်။ Gym ၊ Pool ၊ Sauna အားလုံးအတွက်ဒေါ်လာ၃၀ပါ။  ပုံမှန်လာဖြစ်မယ် ဆိုရင်တော့ ၁၁ ခါသုံးလို့ရတဲ့ ဒေါ်လာ ၂၀၀တန် အစီအစဉ်ကို ဘွတ်ခ်ထားလို့ ရပါတယ်။

Operating Hours:

  • Pool –  7 am to 8 pm
  • Gym – 6 am to 11 pm

Belmond Governor’s Residence

၁၉၂၀ ခုနှစ် ကတည်ဆောက်ခဲ့တဲ့ဝိတိုရိယခေတ်ပုံစံ အဆောက်အဦကို ပြန်လည်မွန်းမံထားတာပါ။ လိပ်စာက အမှတ် ၃၅ တော်ဝင်လမ်း၊ အလုံမြို့နယ်ပါ။ မနက်စာ ဘူဖေး၊ တစ်နေ့တာရေကူးခွင့်နဲ့ ညစာ ဒါမှမဟုတ် နေ့လယ်စာ နဲ့ပေါင်းပြီး ဒေါ်လာ ၇၀ ယူပါတယ်။ ၆နှစ်ကနေ ၁၂အတွင်းကလေးတွေအတွက်ကတော့ ၄သောင်းပါ။

Savoy Hotel

ကိုလိုနီခေတ်ပုံစံ ဟိုတယ်တစ်ခုဖြစအက်ဖ်ပြီး ရှေးဟောင်းပုံစံ ပရိဘောဂတွေ သုံးထားပါတယ်။ အပြင်ကနေရေလာကူးလို့ မရပေမယ့် ဟိုတယ်မှာ တစ်ညတာ နားနေပြီး ရေကူးအပန်းဖြေနိုင်ပါတယ်။

Jasmine Palace Hotel

ပြည်လမ်းမပေါ်မှာ တည်ရှိပြီး ရွှေတိဂုံဘုရားကို လှမ်းမြင်နိုင်ပါတယ်။ မြေနီကုန်းပတ်ဝန်းကျင် အချက်အချာနေရာမှာရှိလို့ အားလုံးအတွက် အဆင်ပြေစေမှာပါ။ ရေကူးဖို့ အတွက် တစ်ယောက်စာအတွက် တစ်နေ့ကို ၁၀ဒေါ်လာကျပြီး Gym ပါသုံးမယ်ဆိုရင်တော့ ၁၅ဒေါ်လာပါ။

Operating Hours: 6 am to 11 pm

Palm Spring Resort

နံ့သာကုန်းရပ်ကွက်, အင်းစိန် (အလင်းငါးဆင့် ဘုရားရှေ့) နားမှာပါ။ ရေကူးဖို့ အတွက် တစ်ယောက်စာအတွက် တစ်နေ့ကို ၁၀ဒေါ်လာကျပြီး Gym ပါသုံးမယ်ဆိုရင်တော့ ၁၅ဒေါ်လာပါ။

Operating Hours: 6 am to 11 pm

 Melia Hotel

Melia မှာတော့  ရေကူးမယ်ဆိုရင် Gym Member ဝင်ပြီး ရေကူးရမှာပါ။ Melia Hotel Yangon ကတော့ မြန်မာပလာဇာဘေးမှာဖြစ်ပြီး အင်းယားကန်ရှုခင်းကို အပေါ်စီးကနေမြင်နိုင်ပါတယ်။ ခေတ်မီဒီဇိုင်းနဲ့ဖြစ်ပြီး ကြယ်ငါးပွင့်အဆင့် ဟိုတယ် ဖြစ်ပါတယ်။ Gym member  Fees တွေကတော့ ၁နှစ်စာကို 2100 USD ဖြစ်ပြီး ၆လစာကို 1350 USD ဖြစ်ပါတယ်။

Operating Hours: 6 am to 8 pm

Novotel Hotel

ပြည်လမ်းမပေါ်မှာတည်ရှိပြီး Junction Square ဘေးနားမှာ ဖြစ်ပါတယ်။ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုပြီး သွားလာရ လွယ်ကူပါတယ်။ ၄၅၉ ပြည်လမ်း၊ ရန်ကုန် ကမာရွတ်မြို့နယ်မှာပါ။  Novotel မှာတော့ ရေကူးမယ်ဆို 15$ ဖြစ်ပြီး Locker ပါသုံးလို့ ရမှာပါ။

Operating Hours: 7 am to 9 pm

Dusit Inya Lake Hotel

အင်းယားကန်ဟိုတယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာထဲက နာမည်ကြီးတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ရန်ကုန်မြို့က အစောဆုံးဆိုတဲ့ ဟိုတယ်တွေထဲက တစ်ခုပါ။ လိပ်စာက အမှတ်၃၇ ကမ္ဘာအေးဘုရားလမ်းပါ။ တစ်ယောက်စာကို ဒေါ်လာ ၂၀ဖြစ်ပါတယ်။

Operating Hours: 7 am to 9 pm

 Kandawgyi Palace Hotel

လိပ်ကန်တော်ကြီး ရှုခင်းကို အခြေပြုထားတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုဖြစ်ပြီး ကောင်းမွန်တဲ့ဝန်ဆောင်မှု တွေနဲ့ ကျော်ကြားပါတယ်။ ကန်ရိပ်သာလမ်း မှာပါ။ တစ်ယောက်စာကို ဒေါ်လာ ၂၀ပါ။

Operating Hours – 7 am to 8 pm

Parami Hotel

ပါရမီလမ်းပေါ်မှာရှိပြီး ဖွင့်တာ သိပ်မကြာလှသေးတဲ့ ဟိုတယ်တစ်ခုပါ။ ရေကူးကန်က ခေါင်မိုးမှာ ရှိတာက ဒီဟိုတယ်ရဲ့ ထူးခြားချက်ပါ။ လိပ်စာက အမှတ် ၂၊ ပါရမီလမ်း၊ မရမ်းကုန်းပါ။  တစ်ယောက်ကို ၁၀ဒေါ်လာပေးမှာဖြစ်ပြီး ရေကူးကန်က သိပ်မကြီးလှတာကို သတိပြုစေချင်ပါတယ်။

Operating Hours: 7 am to 5 pm

MiCasa Hotel

ကမ္ဘာအေးဘုရားလမ်းပေါ်က MiCasa ဟိုတယ်ကတော့ ရေကူးမယ်ဆို Gym ပါ တစ်ခါတည်း ဆော့လို့ရပါတယ်။ အေးအေးဆေး ရှိပါတယ်။ လိပ်စာက အမှတ် ၁၇ ကမ္ဘာအေးဘုရားလမ်းပါ။  Gym + ရေကူးကန်ကို တစ်ယောက် ၁၂ဒေါ်လာပါ။

Operating Hours: 6 am to 10 pm

Sule Shangri-La Hotel

ဆူးလေရှန်ဂရီလာကတော့ ရန်ကုန်မြို့လယ်မှာ ရှိတာဖြစ်ပြီး သွားလာရအဆင်ပြေသလို ရေကူးကန်လည်း ကျယ်ပါတယ်။ ဆိုးတာတစ်ခုကတော့ သူ့ဈေးက ရက်အလိုက်ကွဲနေတာပါ။ လိပ်စာi အမှတ် ၂၂၃၊ ဆူးလေဘုရားလမ်းပါ။

  • Monday to Friday မနက် ၁၀ နာရီကနေ ၅နာရီ အတွက် ၁၅ဒေါ်လာ ဖြစ်ပြီး Weekend တွေအတွက် ၂၅ ဒေါ်လာပါ။
  • Monday to Friday ညနေ ၅နာရီ နောက်ပိုင်းဆိုရင်လဲ ၂၅ဒေါ်လာပါပဲတဲ့။ သူကတော့ Gym ပါသုံးလို့ရပါတယ်။

Operating Hours: 6 am to 10 pm

Sky Star Hotel

EDM Festival တွေ လုပ်ကြတဲ့ ရွှေထွဋ်တင်ကွင်းရဲ့ ဘေးမှာရှိပြီး တာမွေအဝိုင်းနဲ့ တော်တော်လေးနီးပါတယ်။ လိပ်စာက အမှတ် ၅၁၊ ဘီ၁၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေပါ။ ၃နှစ်အောက် ကလေးများ အတွက် ၃ဒေါ်လာ၊ ၁၀နှစ်အောက်ကလေးများအတွက် ၅ဒေါ်လာ၊ လူကြီးများအတွက် ၁၀ဒေါ်လာဖြစ်ပြီး Gym ပါသုံးမယ်ဆို ၁၈ဒေါ်လာဖြစ်ပါတယ်။ <3 Yrs : $3, 3 – 10 years :$5, >10 years old : $10. Gym + Pool :18$.

Lodggy.com ဟာ Hotel Booking Website တစ်ခုဖြစ်ပြီး မြန်မာပြည်အနှံ့ မြို့များမှာ တည်းခိုရန်အတွက် Booking တင်နိုင်ပါတယ်။ Booking တင်ဖို့ 09 4444 38366 ကိုဆက်သွယ်နိုင်ပါပြီ။

အခရာ

(www.akhayar.com)