[ZawGyi]



ပါဝင်ပစ္စည်းများ

နို့ – ၁ ခွက်

ရေ – ၁ ခွက်

Lipton tea bags – ၂ ထုပ်

Lipton-Yellow-Tea

Lipton-Yellow-Tea





ပြုလုပ်ပုံ



tea-and-milk

tea-and-milk



www.akhayar.com

[Unicode]

နွေးနွေးလေးနဲ့အရသာရှိတဲ့ Chocolate Tea

ချမ်းစိမ့်စိမ့်နဲ့နေမကောင်းတဲ့အချိန်ပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေချိန် ခွန်အားတွေရှိလာစေဖို့အတွက်ပဲဖြစ်ဖြစ် Energy Booster အနေနဲ့ချက်ချင်းဆိုသလိုကူညီနိုင်တာတစ်ခုရှိပါတယ်။ အဲဒါကတော့ Hot n Spicy Chocolate Tea လေးပါပဲ။
အသင့်ရနိုင်တဲ့ Ingredients တွေနဲ့အလွယ်တကူဖျော်သောက်နိုင်တဲ့ Hot n Spicy Chocolate Tea ချိုချိုမွှေးမွှေးလေးကအိမ်မှာကိုယ်တိုင်ဖျော်သောက်သူတွေကိုလည်း သဘောကျစေသလို ဆိုင်မှာရောင်းမယ်ဆိုရင်လည်းအရမ်းကိုပေါ်ပြူလာဖြစ်တဲ့ Drink တစ်မျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အခုပဲစမ်းသပ်ဖန်တီးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

နို့ – ၁ ခွက်

ရေ – ၁ ခွက်

Lipton tea bags – ၂ ထုပ်

Lipton-Yellow-Tea

Lipton-Yellow-Tea

သစ်ကြံပိုးခေါက်မှုန့် – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ပုံ

ဂျင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

Nutmeg – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

Chocolate syrup – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ

၁) နို့နဲ့ရေကို ဒယ်အိုးလေးထဲထည့်ပြီးဆူပွက်အောင်တည်ပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး ခွက်ထဲပြောင်းထည့်ပါ။ Lipton tea bags နှစ်ထုပ်ကိုထည့်ပါ။ ၂ မိနစ်မှ ၅ မိနစ်ခန့် အဖုံးအုပ်ထားပါ။

၂) ပြီးရင် Tea Bags လေးတွေကိုဖယ်ပြီး ကျန်တဲ့ Spices တွေနဲ့ Nutmeg ၊ Chocolate syrup တွေကိုထည့်မွှေရုံပါပဲ။

tea-and-milk

tea-and-milk

အခုဆိုရင် ချိုချိုမွှေးမွှေးလေးနဲ့အရသာရှိတဲ့ Chocolate Tea ပူပူလေးကို တည်ခင်းနိုင်ပါပြီ။

စားဖိုမှူးတွေအနေနဲ့ Kitchen Tips တွေနဲ့ဟင်းလျာတွေအကြောင်းကိုဖတ်ရှုချင်ရင်၊စားသောက်ဆိုင်တွေအနေနဲ့ UFS ထုတ်ကုန်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီ Page ကနေဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။

www.akhayar.com