This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ အသင္းေတြထဲမွာ ကမၻာ႔အဆင့္ အနိမ့္ဆံုး ျဖစ္ေနတဲ့ အိမ္ရွင္ ရုရွား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ အသင္းေတြထဲမွာ ကမၻာ႔အဆင့္ သတ္မွတ္ခ်က္ အနိမ့္ဆံုးအသင္းအျဖစ္ အိမ္ရွင္ ရုရွားအသင္း ျဖစ္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေမလအတြက္ ကမၻာ႔အဆင့္သတ္မွတ္ခ်က္ကို ကမၻာ႔ဖလားၿပိဳင္ပြဲ စတင္ဖို႔ တစ္ပတ္ခန္႔အလိုမွာ ဖီဖာက ထုတ္ျပန္ခဲ့ၿပီး အိမ္ရွင္ ရုရွားအသင္းဟာ အဆင့္ (၇၀)ေနရာကို က်ဆင္းသြားခဲ့ပါတယ္။ ဧၿပီလအတြက္ ထုတ္ျပန္ခဲ့တဲ့ ကမၻာ႔အဆင့္ သတ္မွတ္ခ်က္မွာ အဆင့္ (၆၇)ေနရာမွာ ရပ္တည္ေနတဲ့ ေဆာ္ဒီအာေရဗ်အသင္းရဲ႕ အထက္ အဆင့္ (၆၆)ေနရာမွာ ရုရွားအသင္း ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက ၾသစေၾတးလ်အသင္းနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ (၁-၀)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့လို႔ ရုရွားအသင္းရဲ႕ ကမၻာ႔အဆင့္ သတ္မွတ္ခ်က္ဟာ အဆင့္ (၇၀)ေနရာအထိ က်ဆင္းခဲ့တာ ျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ အသင္းေတြထဲမွာ ကမၻာ႔အဆင့္ သတ္မွတ္ခ်က္ အနိမ့္ဆံုး အသင္း (၂)သင္းျဖစ္တဲ့ ရုရွားအသင္း (အဆင့္-၇၀)နဲ႔ ေဆာ္ဒီအာေရဗ်အသင္း (အဆင့္-၆၇)တို႔ဟာ ၿပိဳင္ပြဲအဖြင့္ပြဲစဥ္အျဖစ္ လာမယ့္ဇြန္လ (၁၄)ရက္ေန႔ ေမာ္စကိုၿမိဳ႕ရွိ လုဇ္နီကီကြင္းႀကီးမွာ ယွဥ္ၿပိဳင္ ကစားသြားၾကမွာ ျဖစ္ပါတယ္။

FIFA-World-Ranking-Top-9

FIFA-World-Ranking-Top-9

နာမည္ေက်ာ္ အဂၤလန္အသင္းကေတာ့ ဒိန္းမတ္အသင္းနဲ႔အတူ ကမၻာ႔အဆင့္ (၁၂)ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္းက ကမၻာ႔အဆင့္ (၁)ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ထိပ္ဆံုး (၇)ေနရာကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလက ထုတ္ျပန္ခဲ့တဲ့ ကမၻာ႔အဆင့္ သတ္မွတ္ခ်က္ေတြအတိုင္း အေျပာင္းအလဲ မရွိခဲ့ဘဲ ဂ်ာမနီ၊ ဘရာဇီးလ္၊ ဘယ္လ္ဂ်ီယံ၊ ေပၚတူဂီ၊ အာဂ်င္တီးနား၊ ဆြစ္ဇာလန္နဲ႔ ျပင္သစ္အသင္းေတြက အစဥ္လိုက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ပိုလန္အသင္းက အဆင့္ (၈)ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့ၿပီး စပိန္အသင္းကေတာ့ အဆင့္ (၁၀)ေနရာအထိ က်ဆင္းသြားခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲကို ေျခစစ္ပြဲ မေအာင္ျမင္ခဲ့တဲ့ ခ်ီလီအသင္းကေတာ့ အဆင့္ (၉)ေနရာမွာ အံ့အားသင့္ဖြယ္ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ အသင္းမ်ား လက္ရွိ ကမၻာ႔အဆင့္ သတ္မွတ္ခ်က္

ဂ်ာမနီ (အဆင့္-၁)
ဘရာဇီးလ္ (အဆင့္-၂)
ဘယ္လ္ဂ်ီယံ (အဆင့္-၃)
ေပၚတူဂီ (အဆင့္-၄)
အာဂ်င္တီးနား (အဆင့္-၅)
ဆြစ္ဇာလန္ (အဆင့္-၆)
ျပင္သစ္ (အဆင့္-၇)
ပိုလန္ (အဆင့္-၈)
စပိန္ (အဆင့္-၁၀)
ပီရူး (အဆင့္-၁၁)
အဂၤလန္၊ ဒိန္းမတ္ (အဆင့္-၁၂)
ဥရုေဂြး (အဆင့္-၁၄)
မကၠဆီကို (အဆင့္-၁၅)
ကိုလံဘီယာ (အဆင့္-၁၆)
ခရိုေအးရွား (အဆင့္-၂၀)
တူနီးရွား (အဆင့္-၂၁)
အိုက္စလန္ (အဆင့္-၂၂)
ေက္ာစတာရီကာ (အဆင့္-၂၃)
ဆြီဒင္ (အဆင့္-၂၄)
ဆီနီေဂါ (အဆင့္-၂၇)
ဆာဘီးယား (အဆင့္-၃၄)
ၾသစေၾတးလ် (အဆင့္-၃၆)
အီရန္ (အဆင့္-၃၇)
ေမာ္ရိုကို (အဆင့္-၄၁)
အီဂ်စ္ (အဆင့္-၄၅)
ႏိုက္ဂ်ီးရီးယား (အဆင့္-၄၈)
ပနားမား (အဆင့္-၅၅)
ေတာင္ကိုရီးယား (အဆင့္-၅၇)
ဂ်ပန္ (အဆင့္-၆၁)
ေဆာ္ဒီအာေရဗ် (အဆင့္-၆၇)
ရုရွား (အဆင့္-၇၀)

REF:Daily Mail, FIFA.com
Photo:News View – Football News Hound, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ ကမ္ဘာ့အဆင့် အနိမ့်ဆုံး ဖြစ်နေတဲ့ အိမ်ရှင် ရုရှား

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အနိမ့်ဆုံးအသင်းအဖြစ် အိမ်ရှင် ရုရှားအသင်း ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ တစ်ပတ်ခန့်အလိုမှာ ဖီဖာက ထုတ်ပြန်ခဲ့ပြီး အိမ်ရှင် ရုရှားအသင်းဟာ အဆင့် (၇၀)နေရာကို ကျဆင်းသွားခဲ့ပါတယ်။ ဧပြီလအတွက် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် (၆၇)နေရာမှာ ရပ်တည်နေတဲ့ ဆော်ဒီအာရေဗျအသင်းရဲ့ အထက် အဆင့် (၆၆)နေရာမှာ ရုရှားအသင်း ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက သြစတြေးလျအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ရုရှားအသင်းရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ဟာ အဆင့် (၇၀)နေရာအထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အနိမ့်ဆုံး အသင်း (၂)သင်းဖြစ်တဲ့ ရုရှားအသင်း (အဆင့်-၇၀)နဲ့ ဆော်ဒီအာရေဗျအသင်း (အဆင့်-၆၇)တို့ဟာ ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် လာမယ့်ဇွန်လ (၁၄)ရက်နေ့ မော်စကိုမြို့ရှိ လုဇ်နီကီကွင်းကြီးမှာ ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။

FIFA-World-Ranking-Top-9

FIFA-World-Ranking-Top-9

နာမည်ကျော် အင်္ဂလန်အသင်းကတော့ ဒိန်းမတ်အသင်းနဲ့အတူ ကမ္ဘာ့အဆင့် (၁၂)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျာမနီအသင်းက ကမ္ဘာ့အဆင့် (၁)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ထိပ်ဆုံး (၇)နေရာကတော့ ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေအတိုင်း အပြောင်းအလဲ မရှိခဲ့ဘဲ ဂျာမနီ၊ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဆွစ်ဇာလန်နဲ့ ပြင်သစ်အသင်းတွေက အစဉ်လိုက်ရပ်တည်နိုင်ခဲ့ပါတယ်။ ပိုလန်အသင်းက အဆင့် (၈)နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီး စပိန်အသင်းကတော့ အဆင့် (၁၀)နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ ချီလီအသင်းကတော့ အဆင့် (၉)နေရာမှာ အံ့အားသင့်ဖွယ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းများ လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်

ဂျာမနီ (အဆင့်-၁)
ဘရာဇီးလ် (အဆင့်-၂)
ဘယ်လ်ဂျီယံ (အဆင့်-၃)
ပေါ်တူဂီ (အဆင့်-၄)
အာဂျင်တီးနား (အဆင့်-၅)
ဆွစ်ဇာလန် (အဆင့်-၆)
ပြင်သစ် (အဆင့်-၇)
ပိုလန် (အဆင့်-၈)
စပိန် (အဆင့်-၁၀)
ပီရူး (အဆင့်-၁၁)
အင်္ဂလန်၊ ဒိန်းမတ် (အဆင့်-၁၂)
ဥရုဂွေး (အဆင့်-၁၄)
မက္ကဆီကို (အဆင့်-၁၅)
ကိုလံဘီယာ (အဆင့်-၁၆)
ခရိုအေးရှား (အဆင့်-၂၀)
တူနီးရှား (အဆင့်-၂၁)
အိုက်စလန် (အဆင့်-၂၂)
ကေ်ာစတာရီကာ (အဆင့်-၂၃)
ဆွီဒင် (အဆင့်-၂၄)
ဆီနီဂေါ (အဆင့်-၂၇)
ဆာဘီးယား (အဆင့်-၃၄)
သြစတြေးလျ (အဆင့်-၃၆)
အီရန် (အဆင့်-၃၇)
မော်ရိုကို (အဆင့်-၄၁)
အီဂျစ် (အဆင့်-၄၅)
နိုက်ဂျီးရီးယား (အဆင့်-၄၈)
ပနားမား (အဆင့်-၅၅)
တောင်ကိုရီးယား (အဆင့်-၅၇)
ဂျပန် (အဆင့်-၆၁)
ဆော်ဒီအာရေဗျ (အဆင့်-၆၇)
ရုရှား (အဆင့်-၇၀)

REF:Daily Mail, FIFA.com
Photo:News View – Football News Hound, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com