ရန္ကုန္ၿမိဳ႕ဆီ အလာလည္တဲ့အခါ တည္းခိုခေတြက ေစ်းႀကီးတယ္ဆိုၿပီး ေတာ္ေတာ္မ်ားမ်ားညည္းတတ္ၾက ပါတယ္။ ဟိုတယ္ေတြဆိုရင္ေစ်းႀကီးမွာ ဟုတ္ေပမယ့္ အခုေျပာျပမယ့္ Hostel ေလးေတြက ေစ်းသက္သာလြန္းပါတယ္။ ၁၀ ေဒၚလာဝန္းက်င္နဲ႔တည္းခိုႏိုင္မယ့္အျပင္ ရန္ကုန္ၿမိဳ႕ကိုလာလည္ခ်င္တဲ့ လူငယ္ေတြ၊ ကိုယ္႔အသိထဲက ႏိုင္ငံျခားသား Backpacker ေတြအတြက္ ေတာ္ေတာ္သင့္ေတာ္ပါတယ္လို႔ ေျပာခ်င္ပါတယ္။

Hostel ဆုိတာ ဘာလဲ

ျမန္မာႏုိင္ငံက ခရီးသြားေတြ ေတာ္ေတာ္မ်ားမ်ား Hotel နဲ႔ Hostel ကုိ အတူတူပဲလုိ႔ ထင္ေလ့ရွိၾကပါတယ္။ တကယ္တမ္းေတာ့ ကြာျခားခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ပထမဆံုးနဲ႔ လူတုိင္းသိတဲ့ အခ်က္ကေတာ့ ေစ်းသက္သာတာပါ။ ေနာက္တစ္ခ်က္ကေတာ့ Hostel ေတြမွာ တျခားတည္းခုိသူေတြနဲ႔ အခန္းကုိမွ်သံုးရတာပါ။ Dorm ဆုိတဲ့ အခန္းေလးေတြဆုိရင္ အိမ္သာကုိပါ ဘံုသံုးရတာျဖစ္ပါတယ္။ မိန္းကေလး ေယာက်္ားေလးေတာ့ ခြဲထားတာေပါ့။ ျပည္တြင္းဧည့္သည္ေတြ သတိျပဳသင့္တဲ့ အခ်က္ေလးပါ။

Hostel Culture ေလးေတြအေနနဲ႔ကေတာ့ ခရီးသြားအခ်င္းခ်င္း အေတြ႕အၾကံဳေလးေတြ ဖလွယ္မယ္၊ မိတ္ေဆြဖြဲ႕မယ္၊ သူငယ္ခ်င္း အုပ္စုလုိက္လာတယ္ဆုိရင္လဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနရံုပါပဲ။ ဟုိတယ္ေတြထက္လည္း ေစ်းအမ်ားႀကီးသက္သာတယ္ေလ။ ရက္ၾကာၾကာေနၿပီး ေလွ်ာက္လည္ေလွ်ာက္သြားမယ့္ Backpacker ေတြအတြက္ေတာ့ အဆင္အေျပဆံုးလုိ႔ေျပာလုိ႔ရပါတယ္။

ရန္ကုန္ၿမိဳ႕မွာ အရမ္းကုိေစ်းသက္သက္သာသာနဲ႔ ေအးေဆးတည္းခ်င္တဲ့ သူေတြအတြက္ ၁၀ေဒၚလာဝန္းက်င္နဲ႔ တည္းႏုိင္မယ့္ Hostel ေလးေတြအေၾကာင္း ေျပာျပခ်င္ပါတယ္။ ရန္ကုန္ၿမိဳ႕ကုိ လာလည္မယ့္ လူငယ္ Backpacker ေတြအတြက္ ေတာ္ေတာ္ေလးသင့္ေတာ္မယ့္ Hostel ေတြပါ။

Shwe Yo Vintage Hostel

လိပ္စာ – အမွတ္ ၆၅ ေရႊေတာင္တန္းလမ္းအလယ္၊ လမ္းမေတာ္ၿမိဳ႕နယ္

ေစ်းႏႈန္း – ၈ေဒၚလာက စပါတယ္။

အခန္းအမ်ဳိးအစားမ်ား – Mixed Dorm, Female Dorm, Twin/ Double Rooms, Family Room, Junior Suite (Dorm ဆုိတာကေတာ့ ကုိယ္တစ္ေယာက္ထဲတည္းရတာမဟုတ္ပဲ အခန္းကုိ တစ္ျခားတစ္ေယာက္နဲ႔ share သံုးရတာပါ)

ဒီဇင္ဘာ ၁၁၊ ၂၀၁၆ တြင္စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ၁၉၆၀ ဝန္းက်င္က အေဆာက္အအံုကို ျပန္လည္မြန္းမံထားတာျဖစ္ၿပီး ျမန္မာ႔ရုုပ္ရွင္ေလာက ေရႊေရာက္ေခတ္က ပံုရိပ္မ်ားကို နံရံုုေတြေပၚမွာေတြ႕ျမင္ရမွာျဖစ္ပါတယ္။ မနက္စာပါဝင္ၿပီး ေန႔လည္ဘက္ လက္ဖက္ရည္တုိက္ပါတယ္။ တရုတ္တန္းမွာ ရွိၿပီး Junction Mawtin ၊ စံျပရုပ္ရွင္ရံုစတာေတြနဲ႔ နီးပါတယ္။

21 Hostel

လိပ္စာ – အမွတ္ ၂၁၊ ဗုိလ္ရြဲလမ္း၊ လသာၿမိဳ႕နယ္

ေစ်းႏႈန္း-၁၀ ေဒၚလာကစပါတယ္။

အခန္းအမ်ဳိးအစား – Single, Super Single, Queen and King Pods

October 2016 ကစဖြင့္ခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕လည္ တရုတ္တန္း လွ်ပ္စစ္ပစၥည္းလမ္း ျဖစ္တဲ့ ေမာက္ခိုင္လမ္းမွာ ရွိပါတယ္။ ေကာ္ဖီဆုိင္ ေသးေသးေလး တစ္ခုလည္း ပါပါေသးတယ္။ Wi-Fi ပါသလုိ မနက္စာ လဲ ေကြၽးပါတယ္။ သိမ္ႀကီးေစ်းနဲ႔ နီးသလုိ ညဘက္ ညေစ်းတန္းကုိလည္း အလြယ္တကူသြားလုိ႔ရပါတယ္။

Hostel 9

လိပ္စာ – အမွတ္ ၃၄ ၊ ၉လမ္း၊ လမ္းမေတာ္။

ေစ်းႏႈန္း – Dorm အခန္းကုိ ၇ေဒၚလာပါ

အခန္းအမ်ဳိးအစား- Mixed Dorm၊ Double Room

အရင္တုန္းက Sleep-in Hostel ဆုိၿပီး ဖြင့္ခဲ့တာကေန ၂၀၁၇ ဇန္နဝါရီကေနၿပီး နာမည္အသစ္နဲ႔ ဖြင့္လွစ္ခဲ့ပါတယ္။ အခမဲ့ ေဖ်ာ္ေျဖေရး တစ္ခ်ဳိ႕ လည္းရွိၿပီး Meringue Café ဆုိတဲ့ ေကာ္ဖီဆုိင္ေလးကုိလည္း ေလာ္ဘီမွာ ဖြင့္ထားပါတယ္။

Yangon Hub Hostel

hostel in yangon and travel to yangon

လိပ္စာ – 35, ေအာင္ေျမသာစီ ၁ လမ္း၊ ကမာရြတ္။

ေစ်းႏႈန္း Dorm အခန္းကုိ ၇ေဒၚလာပါ

အခန္းအမ်ဳိးအစား – Mixed Dorm, Double Rooms

ေအးေဆးစြာတည္းခုိခ်င္တယ္၊ ေလဆိပ္နဲ႔လည္း သိပ္မေဝးခ်င္ဘူးဆုိတဲ့ သူေတြအတြက္ ေတာ္ေတာ္ေလးသင့္ေတာ္ပါတယ္။ ၂၀၁၆ ေမက စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ မနက္စာလည္း ေကြၽးပါတယ္။ လွည္းတန္းနဲ႔ နီးသလုိ အင္းယားကန္ေဘာင္နဲ႔ လည္း သိပ္မေဝးလွပါဘူး။

Min Galar Par Hostel

လိပ္စာ – အမွတ္ ၂၆၂ ပန္းဆုိးတန္း အထက္၊ ေက်ာက္တံတား

အခန္းအမ်ဳိးအစား – Mixed Dorm, Female Dorm

ေစ်းႏႈန္း- Dorm အခန္းကုိ 8000 က်ပ္မွ စပါတယ္

ဇန္နဝါရီလ ၂၀၁၇ တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ ပန္းဆုိးတန္းလမ္း အင္းဝ စာအုပ္ဆုိင္ေဘးမွာ တည္ရွိပါတယ္။ ၿမိဳ႕လယ္ေခါင္မွာ ျဖစ္တဲ့အတြက္ သြားေရးလာေရး အဆင္ေျပ လြယ္ကူပါတယ္။ နံရံေတြမွာ ျမန္မာဆန္ဆန္ ပန္းခ်ီကားေတြ ခ်ိတ္ဆြဲထားၿပီး locker ေလးေတြလဲ ထားေပးထားပါတယ္။

Hostel Latha

လိပ္စာ – အမွတ္ ၁၆ ၊ဒုတိယထပ္၊ လသာလမ္း၊ လသာၿမိဳ႕နယ္

ေစ်းႏႈန္း – ၆$ မွစတင္ပါတယ္

အခန္းအမ်ဳိးအစား – ႏွစ္ထပ္ခုတင္

Lodggy.com ဟာ Hotel Booking Website တစ္ခုျဖစ္ၿပီး ျမန္မာျပည္အႏွံ႔ ၿမိဳ႕မ်ားမွာ တည္းခိုရန္အတြက္ Booking တင္ႏိုင္ပါတယ္။ Booking တင္ဖို႔ 09 4444 38366 ကိုဆက္သြယ္ႏိုင္ပါၿပီ။

(Unicode)

ဒီဇင္ဘာ ၁ ရက္ေန႔မွ စတင္လည္ပတ္ခဲ့တဲ့ Hostel Latha ဟာ ႏွစ္ထပ္ခုတင္ ၂၈ လုံးရွိၿပီး ရန္ကုန္ၿမိဳ႕ တရုတ္တန္းမွာ တည္ရွိလုိ႔ တရုတ္တန္းကုိလည္ခ်င္တဲ့ သူေတြအတြက္ အဆင္ေျပေစမွာပါ။ ကမ္းနားလမ္း ညေစ်းတန္းကုိလည္း သြားလည္ဖုိ႔ အရမ္းအဆင္ေျပပါတယ္။ မနက္စာေတာ့မပါဝင္ပါ။

ရန်ကုန်မြို့ဆီ အလာလည်တဲ့အခါ တည်းခိုခတွေက ဈေးကြီးတယ်ဆိုပြီး တော်တော်များများညည်းတတ်ကြ ပါတယ်။ ဟိုတယ်တွေဆိုရင်ဈေးကြီးမှာ ဟုတ်ပေမယ့် အခုပြောပြမယ့် Hostel လေးတွေက ဈေးသက်သာ လွန်းပါတယ်။ ၁၀ ဒေါ်လာဝန်းကျင်နဲ့တည်းခိုနိုင်မယ့်အပြင် ရန်ကုန်မြို့ကိုလာလည်ချင်တဲ့ လူငယ် Backpackerလေးတွေအတွက် တော်တော်သင့်တော်ပါတယ်လို့ ပြောချင်ပါတယ်။

Hostel ဆိုတာ ဘာလဲ

မြန်မာနိုင်ငံက ခရီးသွားတွေ တော်တော်များများ Hotel နဲ့ Hostel ကို အတူတူပဲလို့ ထင်လေ့ရှိကြပါတယ်။ တကယ်တမ်းတော့ ကွာခြားချက်တွေ အများကြီးရှိပါတယ်။ ပထမဆုံးနဲ့ လူတိုင်းသိတဲ့ အချက်ကတော့ ဈေးသက်သာတာပါ။ နောက်တစ်ချက်ကတော့ Hostel တွေမှာ တခြားတည်းခိုသူတွေနဲ့ အခန်းကိုမျှသုံးရတာပါ။ Dorm ဆိုတဲ့ အခန်းလေးတွေဆိုရင် အိမ်သာကိုပါ ဘုံသုံးရတာဖြစ်ပါတယ်။ မိန်းကလေး ယောကျ်ားလေးတော့ ခွဲထားတာပေါ့။ ပြည်တွင်းဧည့်သည်တွေ သတိပြုသင့်တဲ့ အချက်လေးပါ။

Hostel Culture လေးတွေအနေနဲ့ကတော့ ခရီးသွားအချင်းချင်း အတွေ့အကြုံလေးတွေ ဖလှယ်မယ်၊ မိတ်ဆွေဖွဲ့မယ်၊ သူငယ်ချင်း အုပ်စုလိုက်လာတယ်ဆိုရင်လဲ ပျော်ပျော်ရွှင်ရွှင် နေရုံပါပဲ။ ဟိုတယ်တွေထက်လည်း ဈေးအများကြီးသက်သာတယ်လေ။ ရက်ကြာကြာနေပြီး လျှောက်လည်လျှောက်သွားမယ့် Backpacker တွေအတွက်တော့ အဆင်အပြေဆုံးလို့ပြောလို့ရပါတယ်။

ရန်ကုန်မြို့မှာ အရမ်းကိုဈေးသက်သက်သာသာနဲ့ အေးဆေးတည်းချင်တဲ့ သူတွေအတွက် ၁၀ဒေါ်လာဝန်းကျင်နဲ့ တည်းနိုင်မယ့် Hostel လေးတွေအကြောင်း ပြောပြချင်ပါတယ်။ ရန်ကုန်မြို့ကို လာလည်မယ့် လူငယ် Backpacker တွေအတွက် တော်တော်လေးသင့်တော်မယ့် hostel တွေပါ။

Shwe Yo Vintage Hostel

လိပ်စာ – အမှတ် ၆၅ ရွှေတောင်တန်းလမ်းအလယ်၊ လမ်းမတော်မြို့နယ်

ဈေးနှုန်း – ၈ဒေါ်လာက စပါတယ်။

အခန်းအမျိုးအစားများ – Mixed Dorm, Female Dorm, Twin/ Double Rooms, Family Room, Junior Suite (Dorm ဆိုတာကတော့ ကိုယ်တစ်ယောက်ထဲတည်းရတာမဟုတ်ပဲ အခန်းကို တစ်ခြားတစ်ယောက်နဲ့ share သုံးရတာပါ)

ဒီဇင်ဘာ ၁၁၊ ၂၀၁၆ တွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉ ၆၀ ဝန်းကျင်က အဆောက်အအုံကို ပြန်လည်မွန်းမံထားတာဖြစ်ပြီး မြန်မာ့ရုုပ်ရှင်လောက ရွှေရောက်ခေတ်က ပုံရိပ်များကို နံရုံုတွေပေါ်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ မနက်စာပါဝင်ပြီး နေ့လည်ဘက် လက်ဖက်ရည်တိုက်ပါတယ်။ တရုတ်တန်းမှာ ရှိပြီး Junction Mawtin ၊ စံပြရုပ်ရှင်ရုံစတာတွေနဲ့ နီးပါတယ်။

21 Hostel

လိပ်စာ – အမှတ် ၂၁၊ ဗိုလ်ရွဲလမ်း၊ လသာမြို့နယ်

ဈေးနှုန်း-၁၀ ဒေါ်လာကစပါတယ်။

အခန်းအမျိုးအစား – Single, Super Single, Queen and King Pods

October 2016 ကစဖွင့်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့လည် တရုတ်တန်း လျှပ်စစ်ပစ္စည်းလမ်း ဖြစ်တဲ့ မောက်ခိုင်လမ်းမှာ ရှိပါတယ်။ ကော်ဖီဆိုင် သေးသေးလေး တစ်ခုလည်း ပါပါသေးတယ်။ Wi-Fi ပါသလို မနက်စာ လဲ ကျွေးပါတယ်။ သိမ်ကြီးဈေးနဲ့ နီးသလို ညဘက် ညဈေးတန်းကိုလည်း အလွယ်တကူသွားလို့ရပါတယ်။

Hostel 9

လိပ်စာ – အမှတ် ၃၄ ၊ ၉လမ်း၊ လမ်းမတော်။

ဈေးနှုန်း – Dorm အခန်းကို ၇ဒေါ်လာပါ

အခန်းအမျိုးအစား- Mixed Dorm၊ Double Room

အရင်တုန်းက Sleep-in Hostel ဆိုပြီး ဖွင့်ခဲ့တာကနေ ၂၀၁၇ ဇန်နဝါရီကနေပြီး နာမည်အသစ်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အခမဲ့ ဖျော်ဖြေရေး တစ်ချို့ လည်းရှိပြီး Meringue Café ဆိုတဲ့ ကော်ဖီဆိုင်လေးကိုလည်း လော်ဘီမှာ ဖွင့်ထားပါတယ်။

Yangon Hub Hostel

hostel in yangon and travel to yangon

လိပ်စာ – 35, အောင်မြေသာစီ ၁ လမ်း၊ ကမာရွတ်။

ဈေးနှုန်း – Dorm အခန်းကို ၇ဒေါ်လာပါ

အခန်းအမျိုးအစား – Mixed Dorm, Double Rooms

အေးဆေးစွာတည်းခိုချင်တယ်၊ လေဆိပ်နဲ့လည်း သိပ်မဝေးချင်ဘူးဆိုတဲ့ သူတွေအတွက် တော်တော်လေးသင့်တော်ပါတယ်။ ၂၀၁၆ မေက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မနက်စာလည်း ကျွေးပါတယ်။ လှည်းတန်းနဲ့ နီးသလို အင်းယားကန်ဘောင်နဲ့ လည်း သိပ်မဝေးလှပါဘူး။

Min Galar Par Hostel

လိပ်စာ – အမှတ် ၂၆၂ ပန်းဆိုးတန်း အထက်၊ ကျောက်တံတား

အခန်းအမျိုးအစား – Mixed Dorm, Female Dorm

ဈေးနှုန်း- Dorm အခန်းကို 8000 ကျပ်မှ စပါတယ်

ဇန်နဝါရီလ ၂၀၁၇ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အင်းဝ စာအုပ်ဆိုင်ဘေးမှာ တည်ရှိပါတယ်။ မြို့လယ်ခေါင်မှာ ဖြစ်တဲ့အတွက် သွားရေးလာရေး အဆင်ပြေ လွယ်ကူပါတယ်။ နံရံတွေမှာ မြန်မာဆန်ဆန် ပန်းချီကားတွေ ချိတ်ဆွဲထားပြီး locker လေးတွေလဲ ထားပေးထားပါတယ်။

Hostel Latha

လိပ်စာ – အမှတ် ၁၆ ၊ဒုတိယထပ်၊ လသာလမ်း၊ လသာမြို့နယ်

ဈေးနှုန်း – ၆$ မှစတင်ပါတယ်

အခန်းအမျိုးအစား – နှစ်ထပ်ခုတင်

ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်လည်ပတ်ခဲ့တဲ့ Hostel Latha ဟာ နှစ်ထပ်ခုတင် ၂၈ လုံးရှိပြီး ရန်ကုန်မြို့ တရုတ်တန်းမှာ တည်ရှိလို့ တရုတ်တန်းကိုလည်ချင်တဲ့ သူတွေအတွက် အဆင်ပြေစေမှာပါ။ ကမ်းနားလမ်း ညဈေးတန်းကိုလည်း သွားလည်ဖို့ အရမ်းအဆင်ပြေပါတယ်။ မနက်စာတော့မပါဝင်ပါ။

Lodggy.com ဟာ Hotel Booking Website တစ်ခုဖြစ်ပြီး မြန်မာပြည်အနှံ့ မြို့များမှာ တည်းခိုရန်အတွက် Booking တင်နိုင်ပါတယ်။ Booking တင်ဖို့ 09 4444 38366 ကိုဆက်သွယ်နိုင်ပါပြီ။

အခရာ

(www.akhayar.com)