[Zawgyi]












Tom Fitzpatrick ကိုတော့

ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

ကြောက်မက်ဖွယ်ဇာတ်ကားတွေထဲမှသရုပ်ဆောင်တွေနဲ့သူတို့ရဲ့ အစစ်အမှန်ပုံရိပ်များ

ကြောက်မက်ဖွယ်ကောင်းတဲ့ သရဲကားလို ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကြတဲ့ သူတွေဟာ မျက်နှာပုံစံဖျက်ပြီး သရုပ်ဆောင်ကြတာဖြစ်တဲ့ အတွက် သူတို့ရဲ့ မူရင်းပုံစံတွေ ကို သိရှိသူနည်းပါးလှပါတယ်။ အခုလိုသိရှိသူနည်းပါးပေမယ့်လို့ သူတို့တွေပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွေအလိုက်သူတို့တွေရဲ့သရုပ်ဆောင်မှုတွေ ပီပြင်လွန်းတဲ့အတွက် ပရိသတ်တွေ က အပြင်ကတကယ့် သရုပ်ဆောင်တွေ ကိုသိရမယ့်အစားဇာတ်ကားထဲ က ဇာတ်ကောင်တွေကိုပဲရင်းနှီးနေကြသူတွေ ကတော့ ……

Valak – Bonnie Aarons (The Conjuring 2) 2016

Bonnie Aarons ပါဝင်ဖူးတဲ့ အခြားဇာတ်ကားတွေကတော့ Mulholland Drive(2001) ၊ The Princess Diaries(2001) ၊ The Princess Diaries 2 :Royal Engagement (2004) စတာတွေဖြစ်ပါတယ်။ The Conjuring2 (2016) ဇာတ်ကားထဲ က Nun ဆိုတဲ့ဇာတ်ကောင်ကိုတော့ ပရိသတ်ကပိုလို့ရင်းနှီးစေခဲ့တာဖြစ်ပါတယ်။

Samara – Daveigh Chase (The Ring, 2002)

The Ring (2002) ထဲက ဇာတ်ကောင် Samara ကို ၁၉၉၀ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ကမွေးခဲ့တာဖြစ်ပါတယ်။ သူမပါဝင်ဖူးတဲ့ အခြားဇာတ်ကားတွေကတော့ S.Darko(2009) နဲ့ Jack Goes Home(2016) စတဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်။

Pale Man – Doug Jones (Pan’s Labyrinth, 2006)

Doug Jones ကိုတော့ ၁၉၆၀ခုနှစ် မေလ ၂၄ ရက်နေ့က မွေးခဲ့တာဖြစ်ပါတယ်။ သူ ကတော့ Pale Man အနေနဲ့ Pan’s Labyrinth (2006) ဇာတ်ကားမှာ ပါဝင်ခဲ့သူဖြစ်ပြီးတော့ သူ့လက်မှာ မျက်လုံးနှစ်လုံးရှိတဲ့ပုံစံကြီး ကိုတော့ ဒီဇာတ်ကား ကြည့်ဖူးတဲ့ သူတွေမှတ်မိနေကြမှာပါ။ သူပါဝင်ဖူးတဲ့အခြားဇာတ်ကားတွေကတော့ Fantastic Four:Rise of the Silver Surfer (2007)၊ The Strain (2017) ၊ Hellboy (2004) ၊ Hellboy(2008) အစရှိတဲ့ ဇာတ်ကားတွေမှာပါဝင်ဖူးပါတယ်။

Kayako – Takako Fuji (The Grudge, 2004)

July 27, 1972 (age 45 years), Takako Fuji ကိုတော့ ၁၉၇၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာမွေးခဲ့တာဖြစ်တဲ့ အတွက် အခုဆိုရင် အသက်က ၄၅ နှစ်တောင်ရှိနေပါပြီ။ သူ့ကိုတော့ The Grudge(2004) မှာ ပရိသတ်က Kayako အဖြစ်နဲ့ စွဲလမ်းစွာမှတ်မိနေကြမှာဖြစ်ပါတယ်။ သူပါဝင်ဖူးတဲ့ အခြားဇာတ်ကားတွေ ကတော့Reincarnation(2005)၊ The Samurai I Loved(2005) ၊ The Grudge2 (2006) နဲ့ The iDol (2006) စတာတွေပဲဖြစ်ပါတယ်။

Bride In Black – Tom Fitzpatrick (Insidious: Chapter 2, 2013)

ကြည်သာ (Akhayar)

Photo Credit:boredpanda.com

www.akhayar.com