အခရာပရိသတ်ကြီးရေ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေဗျ။ ဒီတစ်ခါတော့ Akhayar ရဲ့ လက်ဆောင်အနေနဲ့ ဝက်နှစ်ဖွားလေးတွေ အတွက် ၂၀၁၇ တစ်နှစ်စာ ဗေဒင်လေး ပေးချင်လို့ပါဗျ။ ဝက်နှစ်ဖွားဆိုတာ ၁၉၃၅၊ ၁၉၄၇၊ ၁၉၅၉၊ ၁၉၇၁၊ ၁၉၈၃ ၊၁၉၉၅၊ ၂၀၀၇ မှာ မွေးတဲ့ ဘိုးဘိုး၊ ဘွားဘွား၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ခေးတွေ၊ ညေးတွေပါ။

ဝက်နှစ်ဖွားမွေးတဲ့ သူတွေကလည်း နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေနော်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပက်သက်တဲ့ အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်၊ မင်းသားကြီ အာနိုး က အစ ဟီလာရီကလင်တန် အဆုံး ဝက်နှစ်ဖွားတွေပါ။

ဝက်နှစ်ဖွားများ ၏ သဘောသဘာဝ နှင့် ပုံစံ

ဝက်နှစ်ဖွားတွေက ဇွဲရှိတယ်၊ စာနာတတ်ပြီး အပေးအကမ်းလည်း ရက်ရောကြပါတယ်။ အာရုံစူးစိုက်မှုနဲ့ ရည်မှန်းချက်လည်း ကြီးတဲ့ အတွက် သူတို့ တစ်ခုခုဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ အဲဒီအတွက် ကိုယ်ရော စိတ်ပါ မြှုပ်နှံပြီး လုပ်တတ်ကြပါတယ်။ သူများဆီက အကူအညီတောင်းလေ့ တောင်းထ မရှိပေမယ့် သူတို့ကို အကူအညီတောင်းလာရင်တော့ ငြင်းဆန်လေ့မရှိကြပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက သူတို့ဟာ သံသယထားလေ့မရှိကြတော့ အမြဲ အလွယ်တကူ အရူးလုပ်ခံရလေ့ရှိပါတယ်။

ပြဿနာကြုံတဲ့အခါ ဝက်နှစ်ဖွားတွေဟာ သွေးအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းတတ်ကြပြီး ဘယ်လောက်ပဲ ပြဿနာကြီးပါစေ သူတို့ဟာ ကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်စွမ်းရှိကြသူတွေပါ။ ပြီးတော့ တာဝန်ယူနိုင်စွမ်းလည်း အပြည့်ရှိကြပါတယ်။

ဝက်နှစ်ဖွားများအတွက် ၂၀၁၇ မှာ ဆောင်ရန်၊ ရှောင်ရန်များ

– ကံကောင်းစေမယ့် ဂဏန်း             – ၂၊ ၅၊ ၈ နှင့် ထိုဂဏန်းများ ပါသော ဂဏန်းတွဲများ (ဥပမာ-၂၅၊ ၅၈)

– ကံကောင်းစေမယ့် နေ့ရက်           – လတိုင်း၏ ၁၇ ရက် နှင့် ၂၄ ရက်

– ကံကောင်းစေမယ့် အရောင်           – အဝါရောင်၊ မီးခိုးရောင်၊ အညိုရောင်နှင့် ရွှေရောင်

– ကံကောင်းစေမယ့် အရပ်               – အရှေ့ဘက်နှင့် အနောက်တောင်ဘက်

– ကံကောင်းစေမယ့် လ                   – တရုတ်ရိုးရာ ပြက္ခဒိန် ၏ ၂လ ၊ ၇လ၊ ၁၀လပိုင်း နှင့် ၁၁လပိုင်း

ရှောင်ရန်

– ရှောင်ရန် အရောင်                        – အနီရောင်၊ အပြာရောင်နှင့် အစိမ်းရောင်

– ရှောင်ရန် ဂဏန်း                          – ၁ ၊ ၈ ၊ ၇

– ရှောင်ရန် အရပ်                            – အရှေ့တောင်ဘက်

– ရှောင်ရန် လ                                – တရုတ်ရိုးရာ ပြက္ခဒိန် ၏ ၄လ၊ ၉လ နှင့် ၁၂လ

 

ဝက်နှစ်ဖွားများအတွက် ၂၀၁၇ စီးပွားရေး

ဒီနှစ်ကတော့ ဝက်နှစ်ဖွားများအတွက် စီးပွားရေးကံကောင်းတဲ့ နှစ်တစ်နှစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်ကို အာရုံစိုက်လုပ်မယ်ဆိုရင်တော့ ကံကောင်းခြင်းတွေ ရောက်ရှိလာမှာပါ။ ဒီနှစ်ထဲ သတိထားရမှာက ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးတွဲလုပ်တာတွေ၊ အာမခံမှုတွေနဲ့ ပက်သက်ပြီး ကံကောင်းဦးမှာ မဟုတ်တဲ့အတွက် အဲဒါမျိုးတွေ လုပ်မယ်ဆိုရင် အထူးသတိထားဖို့ လိုပါတယ်။ ဝက်နှစ်ဖွားများအတွက် သင့်တော်တဲ့ အလုပ်အကိုင်ကတော့ ဖျော်ဖြေရေးသမား၊ ဆရာဝန်၊ တိရစ္ဆာန်ဆေးကုဆရာဝန်၊ အိမ်တွင်းအလှဆင်သူ တို့ ဖြစ်ပါတယ်။

 

You May Also Like : ” ကိုယ့်ရာသီခွင်နဲ့ ဘယ်အလုပ်တွေ ကိုက်ညီမလဲ

 

ဝက်နှစ်ဖွားများ အတွက် ၂၀၁၇ အလုပ်အကိုင်

အလုပ်အကိုင်ရေးရာကတော့ ဒီနှစ် ဝက်နှစ်ဖွားတွေ စွန်းကံလိုက်နေမယ် ခင်ဗျာ။ အလုပ်ကြိုးစားသလောက် အကျိုးထူးမယ့် ကာလပါ။ အလုပ်နဲ့ ပက်သက်တဲ့ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်း အခွင့်အလမ်းသစ်တွေ အများကြီးတွေ့လာမှာပါ။ နယ်ပယ်မတူတဲ့ အလုပ်က လူတွေနဲ့ များများတွေ့ဖို့ ကြိုးစားနိုင်ပြီး ဒီလိုတွေ့တာကပဲ ကိုယ့်အလုပ်အကိုင်ကို အထောက်အကူပြုမှာပါ။ ဒါပေမယ့် Contract ချုပ်တဲ့ ကိစ္စမျိုးတွေမှာတော့ သတိထားဖို့ လိုနေပါသေးတယ်။

 

ဝက်နှစ်ဖွားများ အတွက် ၂၀၁၇ ကျန်းမာရေး

ဒီနှစ်ထဲတော့ ဝက်နှစ်ဖွားလေးတွေ ကျန်းမာရေးနည်းနည်းချူချာမယ်လို့။ မတော်တဆထိခိုက်မှုလေးတွေ ရှိတတ်တာမို့ လမ်းသွားရင် သတိနဲ့သွား၊ သတိနဲ့ စားပါ။ ဒီနှစ်ထဲမှာ အရိုးအဆစ်တွေ၊ ဘေလုံး၊ အစာအိမ်နဲ့ ဆီးရောဂါတွေကို ဂရုစိုက်သင့်ပါတယ်။ ဖြစ်နိုင်ရင် မိသားစုနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး၊ အညောင်းပြေအညာပြေ လမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ ဖေဖော်ဝါရီ ၄ရက်နောက်ပိုင်း သွေးလှူပေးခြင်းနဲ့လည်း အဆိုးအညံ့တွေ ပျောက်စေပါတယ်။

ဝက်နှစ်ဖွားများအတွက် ၂၀၁၇ အချစ်ရေး

အချစ်ရေးကတော့ ပုံမှန်ပါပဲ။ အလုပ်ကြီးပဲ ဖိလုပ်နေမယ်ဆိုရင်တော့ ရည်းစားထားဖို့ အာရုံရမှာ မဟုတ်သလိုပေါ့။ အိမ်ထောင်ရှိတဲ့ ဝက်နှစ်ဖွားများအတွက် ကိုယ့်အိမ်ထောင်ဘက်ကို ဂရုစိုက်ပေးဖို့ လုံးဝမမေ့ပါနဲ့ဗျာ။ ဘယ်လောက်အလုပ်ရှုပ်ရှုပ် အားလပ်ချိန်ရအောင် စီစဉ်ပြီး သူ့ကို အချိန်ပေးလိုက်ပါဦး။

ဝက်နှစ်ဖွားတွေအတွက် ၂၀၁၇ ကံကြမ္မာဟောစာတမ်းကတော့ ဒီလောက်ပါပဲဗျာ။ သွေးထွက်အောင် မှန်ပြန်ပြီဆိုရင်တော့ အခုပဲ Share လိုက်ပါဦးဗျ။

 

ရိုးလူ (အခရာ)

www.akhayar.com