[Zawgyi] 


Honor Note 8


Honor Note 8


Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Huawei က မကြာခင်မှာ Honor Note 10 ကို ထုတ်ပြသွားတော့မယ်

Huawei ရဲ့ Brand အခွဲဖြစ်တဲ့ Honor က မကြာခင်မှာ Note 10 ကို မိတ်ဆက်သွားတော့မယ်လို့သိရပါတယ်။ Note 10 အတွက်လည်း Teaser ဓာတ်ပုံကို တင်လိုက်ပါပြီ။ Note 9 ကို မထုတ်တော့ဘဲ Note 10 ဆိုပြီး ထုတ်မယ်လို့ ရေးထားပါတယ်။ Honor ထုတ်ကုန်တွေကတော့ ပြည်တွင်းကလူတော်တော်များများ ရင်းနှီးပြီးသားဖြစ်နေပါပြီ။

Honor Note 8

Note 10 ကတော့ Honor ရဲ့ Phablet ထုတ်ကုန်တွေဖြစ်တာကြောင့် Display ကြီးကြီးတွေနဲ့ပဲ လာမှာပါ။ Note 10 အတွက်တော့ 6.9 Inch Display ကို Notch Design နဲ့လာမယ်လို့ ခန့်မှန်းထားပါတယ်။ Display ကိုတော့ Samsung က ထုတ်လုပ်ပေးတာဖြစ်တယ်လို့ သတင်းထွက်ထားပါတယ်။ Battery အနေနဲ့လည်း 6000mAh အထိ ပါဝင်မယ်လို့သိရတာကြောင့် ဖုန်းအသုံးပြုရတာများသူတွေအတွက်တော့ တစ်နေကုန်စာ Battery ပမာဏပဲလို့ပြောလို့ရပါတယ်။ 

Honor Note 8

Honor Note 10 မှာတော့ Huawei ရဲ့ ကိုယ်ပိုင် Chip ဖြစ်တဲ့ Kirin 970 SoC ကို အသုံးပြုပေးထားမယ်ဆိုတာတော့ သတင်းပေါက်ထားပြီးဖြစ်ပါတယ်။ Kirin 970 ဆိုတာကတော့ လက်ရှိ ဈေးကွက်ထဲမှာဝယိလို့ရနေပြီဖြစ်တဲ့ Huawei P20 နဲ့ P20 Pro တွေမှာ အသုံးပြုထားတဲ့ Chipset တွေပဲဖြစ်ပါတယ်။ Flagship SoC ဖြစ်တာနဲ့အညီ Performance ပိုင်းမှာတော့ သိပ်ပြီး စိတ်ပူစရာလိုမှာ မဟုတ်ပါဘူး။ Note 10 ကိုရောင်းချမယ့်ဈေးကိုတော့ ခန့်မှန်းဖို့ ခက်ခဲနေသေးသလို Spec တွေကလည်း အသေးစိတ် သတင်းပေါက်တာမျိုးမရှိသေးပါဘူး။ သင်ရော Honor ထုတ်ကုန်တွေနဲ့ သူတို့ရဲ့ Desgin တွေကို သဘောကျသူလား။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။