Huawei ကေန လက္ရွိမွာ စြမ္းေဆာင္ရည္အေကာင္းဆံုးလို႔ ဆိုရမယ့္ Huawei Mate 20 Pro စမတ္ဖုန္းကို မိတ္ဆက္ထားတာအခုဆိုရင္ အခ်ိန္နည္းငယ္ၾကာသြားျပီျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Honor ကလည္း Huawei Mate 20 Pro ထက္ေတာင္ အခ်ိဳ႕ေနရာပိုသာႏုိင္တဲ့ Honor Magic 2 စမတ္ဖုန္းကို လာမယ့္ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာပါ။

Honor Magic 2

Honor ရဲ႕ အခု Magic 2 စမတ္ဖုန္းဟာ မၾကာေသးခင္ကထြက္ရွိထားခဲ့တဲ့ Xiaomi Mi Mix 3 ဖုန္းလုိမ်ိဳး Notch မပါတဲ့ Screen အျပည့္ဒီဇုိင္းနဲ႔ ထြက္လာမွာျဖစ္ျပီး ကင္မရာအတြက္ကိုလည္း Slider ပံုစံျပဳလုပ္ထားမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီဇုိင္းပိုင္းအရေတာ့ Display မွာ Notch ပါဝင္တဲ့ Huawei Mate 20 Pro ဖုန္းထက္ေတာင္ ပိုျပီးလွပေနႏုိင္ပါတယ္။

Honor Magic 2

ေနာက္ထပ္အခုထြက္ရွိလာတဲ့သတင္းတစ္ခုကေတာ့ Honor Magic 2 မွာ Kirin 980 Processor ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ ဒါက Honor Magic 2 ကို Huawei Mate 20 Pro ဖုန္းနဲ႔တူညီတဲ့ စြမ္းေဆာင္ရည္ကို ရရွိေစမွာလည္းျဖစ္ပါတယ္။ အခု Kirin 980 Processor ဆုိတာကလည္း လက္ရွိ Android စမတ္ဖုန္းေတြထဲမွာ ပထမဆံုးအေနနဲ႔ 7nm Architecture ကို အေျခခံျပီးတည္ေဆာက္ထားတာျဖစ္သလို Qualcomm Snapdragon 845 ထက္ေတာင္ ပိုျပီးျမန္ဆန္တယ္လုိ႔ ေျပာလုိ႔ရေနတာပါ။

ဒါ့အျပင္ Honor Magic 2 စမတ္ဖုန္းမွာ RAM 8GB ပါဝင္မယ္လုိ႔ သိရျပီးေတ့ာ ဒါက Xiaomi Mi Mix 3 ရဲ႕ RAM 10GB နဲ႔ ယွဥ္ရင္ နည္းတယ္လုိ႔ ေျပာႏုိင္ေပမယ့္ ပံုမွန္အသံုးျပဳမႈေတြအားလံုးအတြက္ကေတာ့ လံုေလာက္တာထက္ပိုေနျပီလုိ႔ ေျပာရမွာပါ။

Honor Magic 2

အခု Honor Magic 2 စမတ္ဖုန္းဟာ Processor နဲ႔ RAM လုိမ်ိဳး Specification ေတြပဲ ေပါက္ၾကားေနေသးတာျဖစ္ျပီးေတာ့ Camera ပိုင္းနဲ႔ Face ID လိုမ်ိဳး စနစ္ေတြပါဝင္မလားဆုိတာကေတာ့ အခုအခ်ိန္အထိမသိရေသးပါဘူး။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Huawei ကနေ လက်ရှိမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့ ဆိုရမယ့် Huawei Mate 20 Pro စမတ်ဖုန်းကို မိတ်ဆက်ထားတာအခုဆိုရင် အချိန်နည်းငယ်ကြာသွားပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Honor ကလည်း Huawei Mate 20 Pro ထက်တောင် အချို့နေရာပိုသာနိုင်တဲ့ Honor Magic 2 စမတ်ဖုန်းကို လာမယ့်အောက်တိုဘာလ ၃၁ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။

Honor Magic 2

Honor ရဲ့ အခု Magic 2 စမတ်ဖုန်းဟာ မကြာသေးခင်ကထွက်ရှိထားခဲ့တဲ့ Xiaomi Mi Mix 3 ဖုန်းလိုမျိုး Notch မပါတဲ့ Screen အပြည့်ဒီဇိုင်းနဲ့ ထွက်လာမှာဖြစ်ပြီး ကင်မရာအတွက်ကိုလည်း Slider ပုံစံပြုလုပ်ထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီဇိုင်းပိုင်းအရတော့ Display မှာ Notch ပါဝင်တဲ့ Huawei Mate 20 Pro ဖုန်းထက်တောင် ပိုပြီးလှပနေနိုင်ပါတယ်။

Honor Magic 2

နောက်ထပ်အခုထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ Honor Magic 2 မှာ Kirin 980 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ ဒါက Honor Magic 2 ကို Huawei Mate 20 Pro ဖုန်းနဲ့တူညီတဲ့ စွမ်းဆောင်ရည်ကို ရရှိစေမှာလည်းဖြစ်ပါတယ်။ အခု Kirin 980 Processor ဆိုတာကလည်း လက်ရှိ Android စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 7nm Architecture ကို အခြေခံပြီးတည်ဆောက်ထားတာဖြစ်သလို Qualcomm Snapdragon 845 ထက်တောင် ပိုပြီးမြန်ဆန်တယ်လို့ ပြောလို့ရနေတာပါ။

ဒါ့အပြင် Honor Magic 2 စမတ်ဖုန်းမှာ RAM 8GB ပါဝင်မယ်လို့ သိရပြီးတေ့ာ ဒါက Xiaomi Mi Mix 3 ရဲ့ RAM 10GB နဲ့ ယှဉ်ရင် နည်းတယ်လို့ ပြောနိုင်ပေမယ့် ပုံမှန်အသုံးပြုမှုတွေအားလုံးအတွက်ကတော့ လုံလောက်တာထက်ပိုနေပြီလို့ ပြောရမှာပါ။

Honor Magic 2

အခု Honor Magic 2 စမတ်ဖုန်းဟာ Processor နဲ့ RAM လိုမျိုး Specification တွေပဲ ပေါက်ကြားနေသေးတာဖြစ်ပြီးတော့ Camera ပိုင်းနဲ့ Face ID လိုမျိုး စနစ်တွေပါဝင်မလားဆိုတာကတော့ အခုအချိန်အထိမသိရသေးပါဘူး။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com