ႏိုင္ငံတကာေစ်းကြက္တြင္ နာမည္ရ စမတ္ဖုန္း Brand တစ္ခုျဖစ္တဲ့ Honor ကေန ျမန္မာႏုိင္ငံေစ်းကြက္အတြက္ မယ္ကမာၻ ၂၀၁၈ (Miss World 2018) တြင္ ျမန္မာႏိုင္ငံအား ကိုယ္စားျပဳရန္ ေရြးခ်ယ္ခံရေသာ အသက္ ၂၁ အရြယ္ ေက်ာင္းသူတစ္ဦးျဖစ္သည့္ ဟန္သီအား ေစ်းကြက္အတြင္း ရရွိႏိုင္ေနျပီျဖစ္တဲ့ Honor Device ေတြအတြက္ Honor Product Hero အျဖစ္မိတ္ဆက္ေပးခဲ့ပါတယ္။

Honor ကခိုင္ခံ့ၿပီး ေနာက္ဆံုးေပၚနည္းပညာသံုး စမတ္ဖုန္းမ်ားကို ၎တြင္ပါဝင္သည့္ စြမ္းေဆာင္ရည္မ်ားအား ေလ်ာ့ခ်ျခင္းမရွိဘဲ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ထုတ္လုပ္ေပးမႈေၾကာင့္ ႏိုင္ငံတကာတြင္ လူသိမ်ားသည့္ စမတ္ဖုန္းအမွတ္တံဆိပ္တစ္ခုလို႔ ေျပာႏုိင္ပါတယ္။ Honor စမတ္ဖုန္းမ်ားကို ဟန္သီႏွင့္အလားတူ ငယ္ရြယ္၍ ႏွလံုးသား ႏုပ်ိဳၿပီး မိမိတို႔ပတ္ဝန္းက်င္တြင္ အေျပာင္းအလဲ ျဖစ္ေစႏိုင္ရန္ ႀကိဳးပမ္းေနသူမ်ားအတြက္ ဦးတည္ထုတ္လုပ္ထားတယ္လုိ႔ သိရပါတယ္။

ဟန္သီအပါအဝင္ ပါဝင္ယွဥ္ၿပိဳင္သူ ၁၁၆ ဦးအထိ အတည္ျပဳၿပီးျဖစ္ေသာ မယ္ကမာၻ ၂၀၁၈ (Miss World 2018) အလွမယ္ၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံ ၁၂၀ အတြင္း၌ ဟန္သီအေနျဖင့္ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳ၍ ၆၈ ႀကိမ္ေျမာက္ ကမာၻအလွမယ္ၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မႈ ခရီးစဥ္တစ္ေလ်ာက္၌ Honor မွ သူမအား ေထာက္ပံ့ေပးရန္ အခြင့္အလမ္း ရရွိခဲ့သျဖင့္ အလြန္စိတ္လႈပ္ရွား၊ စိတ္အားထက္သန္လ်က္ရွိတယ္လုိ႔ သိရျပီး အလွမယ္ၿပိဳင္ပြဲကို တရုတ္ႏိုင္ငံ Sanya ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၈ ရက္ေန႔၌ က်င္းပသြားမယ္လုိ႔လည္းသိရပါတယ္။

Honor အမွတ္တံဆိပ္အား “ရဲရင့္သူမ်ားအတြက္” ဟူေသာ ၎၏ေဆာင္ပုဒ္ႏွင့္အညီ ပိုမိုေကာင္းမြန္ေသာ အေတြ႔အၾကံဳမ်ားျဖင့္ ပံ့ပိုးေပးသည့္အျပင္ လႈပ္ရွားေဆာင္ရြက္မႈမ်ားကို အစပ်ိဳးေပးျခင္း၊ တီထြင္စြမ္းရည္ကို ေမြးျမဴေပးျခင္းႏွင့္ လူငယ္မ်ားကို ၎တို႔၏ စိတ္ကူးအိပ္မက္မ်ားအား အမွန္တကယ္ ျဖည့္ဆည္းႏိုင္ရန္ အင္အားေပးျခင္းတို႔ျဖင့္ လူငယ္မ်ိဳးဆက္တို႔၏ လိုအပ္ခ်က္တို႔ကို ျပည့္မီွပံ့ပိုးႏိုင္ရန္အတြက္ ဖန္တီးထားျခင္းျဖစ္တယ္လုိ႔သိရပါတယ္။

Honor သည္ ဟန္သီအေနျဖင့္ ျမန္မာႏိုင္ငံကိုယ္စားျပဳ၍ ႏိုင္ငံတကာအဆင့္၌ သူမ၏ လႊမ္းမိုးႏိုင္စြမ္းႏွင့္ ဘဝတက္လမ္းတို႔ကို တိုးျမွင့္ရာတြင္ Honor Product Hero အေနျဖင့္ ေထာက္ပံ့ခြင့္ရသည့္အတြက္ အလြန္ေက်နပ္ဝမ္းသာလ်က္ ရွိပါသည္။ Honor သည္ သူမ၏ ေအာင္ျမင္မႈအတြက္ အင္တိုက္အားတိုက္ ပါဝင္ႏိုင္မည္ဟု အျပည့္အဝ ယံုၾကည္လ်က္ရွိၿပီး ျမန္မာႏိုင္ငံမွ အရည္အခ်င္းအစစ္အမွန္ကို ႏိုင္ငံတကာမွ အမွန္တကယ္ အသိအမွတ္ျပဳ ခံရေစရန္ ေစာင့္ႀကိဳလ်က္ရွိတယ္လုိ႔လည္း သိရပါတယ္။

Huawei ၏ လက္ေအာက္ စမတ္ဖုန္းအမွတ္တံဆိပ္ျဖစ္သည့္ Honor သည္ ငယ္ရြယ္ၿပီး နည္းပညာလိုက္စားသည့္ ဝယ္ယူအသံုးျပဳသူတို႔၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္ ဦးတည္၍ ေနာက္ဆံုးေပၚ ေရပန္းစားသည့္ ပစၥည္းမ်ားကို ပိုမိုအလြယ္တကူ ရရွိဝယ္ယူႏိုင္ေစရန္ ဖန္တီးေပးျခင္းျဖင့္ ယခုႏွစ္အေစာပိုင္းတြင္ ျမန္မာႏိုင္ငံေစ်းကြက္သို႔ ဝင္ေရာက္ခဲ့ၿပီး ဘဝေနထိုင္မႈ မတူညီေသာ ျမန္မာလူငယ္မ်ား၏ ႀကိဳက္ႏွစ္သက္ အားေပးမႈကို ခံခဲ့ရပါသည္။ ယခုႏွစ္ ဇြန္လတြင္ Honor 7A ႏွင့္ 7C တို႔ကို ျမန္မာႏိုင္ငံတြင္ ပထမဆံုးအေနျဖင့္ ျပသေရာင္းခ်ခဲ့ပါသည္။ Honor သည္ ထိုအခ်ိန္မွစ၍ အေရာင္းတိုးျမွင့္မႈ ၁၀၀% ထိ သိသာထင္ရွားစြာ တိုးတက္လာခဲ့ၿပီး ၾသဂုတ္လ အေစာပိုင္းတြင္ ေကာင္းမြန္စြာ လက္ခံႀကိဳဆိုမႈခံခဲ့ရသည့္ 7S ႏွင့္ 9 Lite တို႔ကို မိတ္ဆက္ေရာင္းခ်ရန္အတြက္ အဆင္သင့္ ျပင္ဆင္ေပးႏိုင္ခဲ့ပါသည္။

မႏၲေလးႏွင့္ေမာ္လၿမိဳင္ၿမိဳ႕တို႔တြင္ ေစ်းကြက္ဦးေဆာင္ Experience Center မ်ားႏ ွင့္ ျပခန္းမ်ား ထပ္မံတိုးခ်ဲ႕ခဲ့ျခင္းေၾကာင့္ ရန္ကုန္အပါအဝင္ အထက္ျမန္မာႏိုင္ငံႏွင့္ ေအာက္ျမန္မာႏိုင္ငံမွ လူငယ္မ်ားသည္ အရည္အေသြးျမင့္ Honor စမတ္ဖုန္းမ်ားကို သက္သာေသာ ေစ်းႏႈန္းတို႔ျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္ၿပီ ျဖစ္ပါသည္။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

နိုင်ငံတကာစျေးကွက်တွင် နာမည်ရ စမတ်ဖုန်း Brand တစ်ခုဖြစ်တဲ့ Honor ကနေ မြန်မာနိုင်ငံစျေးကွက်အတွက် မယ်ကမ္ဘာ ၂၀၁၈ (Miss World 2018) တွင် မြန်မာနိုင်ငံအား ကိုယ်စားပြုရန် ရွေးချယ်ခံရသော အသက် ၂၁ အရွယ် ကျောင်းသူတစ်ဦးဖြစ်သည့် ဟန်သီအား စျေးကွက်အတွင်း ရရှိနိုင်နေပြီဖြစ်တဲ့ Honor Device တွေအတွက် Honor Product Hero အဖြစ်မိတ်ဆက်ပေးခဲ့ပါတယ်။

Honor ကခိုင်ခံ့ပြီး နောက်ဆုံးပေါ်နည်းပညာသုံး စမတ်ဖုန်းများကို ၎င်းတွင်ပါဝင်သည့် စွမ်းဆောင်ရည်များအား လျော့ချခြင်းမရှိဘဲ သက်သာသော စျေးနှုန်းများဖြင့် ထုတ်လုပ်ပေးမှုကြောင့် နိုင်ငံတကာတွင် လူသိများသည့် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုလို့ ပြောနိုင်ပါတယ်။ Honor စမတ်ဖုန်းများကို ဟန်သီနှင့်အလားတူ ငယ်ရွယ်၍ နှလုံးသား နုပျိုပြီး မိမိတို့ပတ်ဝန်းကျင်တွင် အပြောင်းအလဲ ဖြစ်စေနိုင်ရန် ကြိုးပမ်းနေသူများအတွက် ဦးတည်ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ဟန်သီအပါအဝင် ပါဝင်ယှဉ်ပြိုင်သူ ၁၁၆ ဦးအထိ အတည်ပြုပြီးဖြစ်သော မယ်ကမ္ဘာ ၂၀၁၈ (Miss World 2018) အလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံ ၁၂၀ အတွင်း၌ ဟန်သီအနေဖြင့် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ၆၈ ကြိမ်မြောက် ကမ္ဘာအလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှု ခရီးစဉ်တစ်လျောက်၌ Honor မှ သူမအား ထောက်ပံ့ပေးရန် အခွင့်အလမ်း ရရှိခဲ့သဖြင့် အလွန်စိတ်လှုပ်ရှား၊ စိတ်အားထက်သန်လျက်ရှိတယ်လို့ သိရပြီး အလှမယ်ပြိုင်ပွဲကို တရုတ်နိုင်ငံ Sanya မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့၌ ကျင်းပသွားမယ်လို့လည်းသိရပါတယ်။

Honor အမှတ်တံဆိပ်အား “ရဲရင့်သူများအတွက်” ဟူသော ၎င်း၏ဆောင်ပုဒ်နှင့်အညီ ပိုမိုကောင်းမွန်သော အတွေ့အကြုံများဖြင့် ပံ့ပိုးပေးသည့်အပြင် လှုပ်ရှားဆောင်ရွက်မှုများကို အစပျိုးပေးခြင်း၊ တီထွင်စွမ်းရည်ကို မွေးမြူပေးခြင်းနှင့် လူငယ်များကို ၎င်းတို့၏ စိတ်ကူးအိပ်မက်များအား အမှန်တကယ် ဖြည့်ဆည်းနိုင်ရန် အင်အားပေးခြင်းတို့ဖြင့် လူငယ်မျိုးဆက်တို့၏ လိုအပ်ချက်တို့ကို ပြည့်မှီပံ့ပိုးနိုင်ရန်အတွက် ဖန်တီးထားခြင်းဖြစ်တယ်လို့သိရပါတယ်။

Honor သည် ဟန်သီအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု၍ နိုင်ငံတကာအဆင့်၌ သူမ၏ လွှမ်းမိုးနိုင်စွမ်းနှင့် ဘဝတက်လမ်းတို့ကို တိုးမြှင့်ရာတွင် Honor Product Hero အနေဖြင့် ထောက်ပံ့ခွင့်ရသည့်အတွက် အလွန်ကျေနပ်ဝမ်းသာလျက် ရှိပါသည်။ Honor သည် သူမ၏ အောင်မြင်မှုအတွက် အင်တိုက်အားတိုက် ပါဝင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်လျက်ရှိပြီး မြန်မာနိုင်ငံမှ အရည်အချင်းအစစ်အမှန်ကို နိုင်ငံတကာမှ အမှန်တကယ် အသိအမှတ်ပြု ခံရစေရန် စောင့်ကြိုလျက်ရှိတယ်လို့လည်း သိရပါတယ်။

Huawei ၏ လက်အောက် စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် Honor သည် ငယ်ရွယ်ပြီး နည်းပညာလိုက်စားသည့် ဝယ်ယူအသုံးပြုသူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဦးတည်၍ နောက်ဆုံးပေါ် ရေပန်းစားသည့် ပစ္စည်းများကို ပိုမိုအလွယ်တကူ ရရှိဝယ်ယူနိုင်စေရန် ဖန်တီးပေးခြင်းဖြင့် ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံစျေးကွက်သို့ ဝင်ရောက်ခဲ့ပြီး ဘဝနေထိုင်မှု မတူညီသော မြန်မာလူငယ်များ၏ ကြိုက်နှစ်သက် အားပေးမှုကို ခံခဲ့ရပါသည်။ ယခုနှစ် ဇွန်လတွင် Honor 7A နှင့် 7C တို့ကို မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ပြသရောင်းချခဲ့ပါသည်။ Honor သည် ထိုအချိန်မှစ၍ အရောင်းတိုးမြှင့်မှု ၁၀၀% ထိ သိသာထင်ရှားစွာ တိုးတက်လာခဲ့ပြီး သြဂုတ်လ အစောပိုင်းတွင် ကောင်းမွန်စွာ လက်ခံကြိုဆိုမှုခံခဲ့ရသည့် 7S နှင့် 9 Lite တို့ကို မိတ်ဆက်ရောင်းချရန်အတွက် အဆင်သင့် ပြင်ဆင်ပေးနိုင်ခဲ့ပါသည်။

မန္တလေးနှင့်မော်လမြိုင်မြို့တို့တွင် စျေးကွက်ဦးဆောင် Experience Center များန ှင့် ပြခန်းများ ထပ်မံတိုးချဲ့ခဲ့ခြင်းကြောင့် ရန်ကုန်အပါအဝင် အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံမှ လူငယ်များသည် အရည်အသွေးမြင့် Honor စမတ်ဖုန်းများကို သက်သာသော စျေးနှုန်းတို့ဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါသည်။

Zawyè (Akhayar) 

www.akhayar.com