Honor ကေန အခုႏွစ္ပုိင္းမွာ စမတ္ဖုန္းအသစ္ေတြကို ဆက္တိုက္မိတ္ဆက္လာရာကေန အခုေနာက္ဆံုးအေနနဲ႔ Honor 8X စမတ္ဖုန္းကို ျမန္မာႏုိင္ငံေစ်းကြက္မွာ မိတ္ဆက္ေရာင္းခ်ေနျပီျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခု Honor 8X စမတ္ဖုန္းကို Akhayar-Tech ပရိသတ္ၾကီးအတြက္ Review ျပဳလုပ္ေပးလုိက္ပါတယ္။

Honor 8X

Honor 8X စမတ္ဖုန္းဟာ လက္ရွိ ျမန္မာႏုိင္ငံေစ်းကြက္ထဲမွာ ေစ်းႏႈန္းအေနနဲ႔ RAM 4GB | ROM 128GB Version ကို ၃၅၉,၀၀၀ က်ပ္၊ RAM 6GB | ROM 128GB Version ကို ၃၉၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတဲ့အတြက္ ေငြက်ပ္ ၅ သိန္းေအာက္ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းတစ္ခုကို ရွာေဖြေနတဲ့သူေတြအတြက္ ေကာင္းမြန္တယ္လုိ႔ ေျပာႏုိင္တဲ့ဖုန္းတစ္ခုလည္းျဖစ္ပါတယ္။

Honor 8X

Honor 8X စမတ္ဖုန္းကို စစျခင္း ၾကည့္လုိက္မယ္ဆုိရင္ ေနာက္ဖက္က ေျပာင္လက္ေနတဲ့ Two Tone Design ကို အရင္ဆံုးျမင္မိမွာပါ။ အခုလုိမ်ိဳး Two Tone ျပဳလုပ္ထားတဲ့ ဒီဇုိင္းက ပံုမွန္စမတ္ဖုန္းေတြနဲ႔ ယွဥ္ရင္ လက္ထဲမွာ ထင္းေနမွာျဖစ္သလုိ တစ္ခုစီကြဲထြက္ေနတဲ့ Dual Camera ဒီဇုိင္းကလည္း ထူးျခားေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Honor 8X ရဲ႕ ဒီဇုိင္းက ပံုမွန္စမတ္ဖုန္းေတြကေန ကြဲထြက္ေနတာမ်ိဳးကို ၾကိဳက္တဲ့သူေတြအတြက္ သင့္ေတာ္မွာပါ။

Honor 8X

Display ပိုင္းအေနနဲ႔ကေတာ့ Screen အၾကီးကို ၾကိဳက္တဲ့သူေတြအတြက္ေတာ့ အေကာင္းဆံုးျဖစ္ေနမွာပါ။ ဘာေၾကာင့္လဲဆုိရင္ Honor 8X ဖုန္းက Screen Size အေနနဲ႔ 6.5″ ရွိတဲ့ Full HD+ Resolution Display ကို အသံုးျပဳထားတဲ့အတြက္ Screen Size ကေတာ့ တကယ္ကို အသံုးျပဳရတာ အားရစရာေကာင္းေနမွာပါ။ ဒါ့အျပင္ 84% Screen-to-Body ေၾကာင့္ဖုန္းက လက္ထဲမွာ ကိုင္ရတာ အရမ္းၾကီးေနမွာလည္း မဟုတ္ပါဘူး။ Display ကလည္း Corning Gorilla Glass 3 ကို အသံုးျပဳထားတဲ့အတြက္ ပံုမွန္ အစင္းရာထင္တာကိုလည္း ကာကြယ္ေပးမွာပါ။

စြမ္းေဆာင္ရည္ပိုင္းအေနနဲ႔ကေတာ့ HiSilicon Kirin 710 Processor ကို အသံုးျပဳထားျပီး RAM 4GB ဒါမွမဟုတ္ 6GB ပါဝင္မွာျဖစ္ပါတယ္။ Kirin 710 Processor ဆုိတာက လက္ရွိ Huawei Nova 3i လုိမ်ိဳး စမတ္ဖုန္းမွာလည္း အသံုးျပဳထားတဲ့ Processor ျဖစ္ျပီး 12nm Architecture ကို အေျခခံျပီး တည္ေဆာက္ထားတာျဖစ္ပါတယ္။ အခု Kirin 710 Processor က သာမန္အသံုးျပဳမႈေတြအတြက္ကေတာ့ လံုေလာက္တာထက္ပိုတဲ့ စြမ္းေဆာင္ရည္ရွိေနျပီးေတာ့ EMUI 8.2 ေၾကာင့္္ အသံုးျပဳရတာ သြက္လက္ေနမွာပါ။ ဒါေပမယ့္ Game ေတြေဆာ့တဲ့ေနရာမွာေတာ့ GPU Turbo ပါဝင္ေပမယ့္ တကယ့္ Flagship စမတ္ဖုန္းေတြလုိမ်ိဳး အလြန္ေကာင္းမြန္တဲ့ Graphic Setting ေတြနဲ႔ေတာ့ ေဆာ့ကစားႏုိင္မွာမဟုတ္ပါဘူး။ Storage ပိုင္းအေနနဲ႔ 128GB ပါဝင္တာကေတာ့ အားသာခ်က္တစ္ခုျဖစ္ျပီး SIM Slot ၂ ခုအျပင္ MicroSD Card ကိုပါ ထပ္မံထည့္သြင္းႏုိင္ဦးမွာျဖစ္ပါတယ္။

Honor 8X

Camera ပိုင္းကိုၾကည့္မယ္ဆိုရင္ေတာ့ Honor 8X က 20MP f1.8 Primary Camera အျပင္ 2MP Secondary Camera ကိုပါ ေနာက္ေက်ာဘက္မွာ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ Honor 8X ဟာ AI စနစ္ကိုပါ Camera မွာထည့္သြင္းေပးထားတဲ့အတြက္ ကုိယ္ရုိက္ကူးတဲ့ Scene ေပၚမႈတည္ျပီး အလိုအေလ်ာက္ေျပာင္းလဲရုိက္ကူးေပးမွာျဖစ္ပါတယ္။ အားသာခ်က္ေတြအေနနဲ႔ Night Mode နဲ႔ 480fps Slow Motion Video ေတြရုိက္ကူးႏုိင္ဦးမွာပါ။ Front Selfie Camera အေနနဲ႔ကေတာ့ 16MP f2.0 Camera ကိုပဲ တပ္ဆင္ေပးထားပါတယ္။

Honor 8X

Honor 8X နဲ႔ ရုိက္ကူးထားတဲ့ ဓါတ္ပံုေတြကို ၾကည့္မယ္ဆုိရင္ ေပးရတဲ့ေစ်းနဲ႔ထုိက္တန္တယ္လုိ႔ ေျပာလို႔ရျပီးေတာ့ AI ကလည္း ေကာင္းေကာင္းအလုပ္လုပ္တာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ ကုိယ္က AI က Color ေတြ၊ Saturation ေတြကို ျမွင့္လုိက္တာကို မၾကိဳက္ရင္ေတာ့ ပိတ္ထားတာက ပိုျပီးအဆင္ေျပဦးမွာပါ။ ညဘက္ေတြမွာေတာ့ ပံုမွန္ရုိက္ကူးတဲ့ပံုေတြမွာ အနည္းငယ္အားနည္းတယ္ဆုိေပမယ့္ Night Mode ေၾကာင့္ ေတာ္ေတာ္ေလးကို ေကာင္းတဲ့ Low Light ဓါတ္ပံုေတြကို ရုိက္ကူးႏုိင္မွာပါ။ Selfie ပိုင္းအေနနဲ႔လည္း ပံုမွန္အဆင့္မွာရွိတယ္လုိ႔ ေျပာလို႔ရပါတယ္။

Honor 8X ရဲ႕ အားသာခ်က္တစ္ခုကိုေျပာပါဆုိရင္ Battery Life ေတာ္ေတာ္ကိုေကာင္းတဲ့ဘက္မွာရွိေနတာပါ။ Honor 8X ဖုန္းမွာ 3750mAh Battery ပါဝင္ျပီးေတာ့ 12nm Architecture ကို အေျခခံထားတဲ့ Kirin 710 Processor ေၾကာင့္ Heavy Usage လုိမ်ိဳးမွာဆုိရင္ေတာင္မွ ၁ ရက္ကေတာ့ ေကာင္းေကာင္းအသံုးခံတဲ့အျပင္ ပံုမွန္သံုးတာမ်ိဳးဆိုရင္ ၁ ရက္ခြဲေလာက္ကို သံုးႏုိင္မွာပါ။ အားျပန္သြင္းတဲ့ေနရာမွာကေတာ့ USB Type-C မဟုတ္ဘဲ သာမန္ MicroUSB ကိုပဲ အသံုးျပဳထားျပီးေတာ့ အားသြင္းခ်ိန္ ၂ နာရီေက်ာ္ေလာက္ေပးရမွာျဖစ္ပါတယ္။

အဲ့ဒီအျပင္ Honor 8X ဟာ Gesture Navigation အသစ္ေတြကို အသံုးျပဳထားတဲ့အတြက္ ပံုမွန္စမတ္ဖုန္းေတြလုိ Home ၊ Back နဲ႔ Recent Key ေတြႏွိပ္ေနစရာမလုိဘဲ 6.5″ Display တစ္ခုလံုးကို အသံုးခ်ႏုိင္တဲ့အတြက္ ဒီအခ်က္ကလည္း ေကာင္းမြန္တဲ့အခ်က္ျဖစ္လာပါတယ္။

Honor 8X

အဲ့ဒီအတြက္ Honor 8X ကို အဆံုးသတ္ၾကည့္မယ္ဆုိရင္ ဂိမ္းအရမ္းၾကီးမေဆာ့ဘဲ ပံုမွန္ Social Media နဲ႔ Internet သံုးမယ့္သူေတြ၊ ဖုန္းမွာ ရုပ္ရွင္ၾကည့္ရတာ ၾကိဳက္တဲ့သူေတြအတြက္ ပိုျပီး သင့္ေတာ္တဲ့ဖုန္းတစ္ခုလို႔ေျပာလုိ႔ရပါတယ္။ ၾကီးမားတဲ့ Display နဲ႔ Battery Life က တကယ္ကိုေကာင္းမြန္သလုိပဲ ဖုန္းရဲ႕ ဒီဇုိင္းပိုင္းကလည္း သာမန္နဲ႔မတူဘဲ ကြဲထြက္ေနတာက သေဘာက်ဖုိ႔ေကာင္းေနပါတယ္။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Honor ကနေ အခုနှစ်ပိုင်းမှာ စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်မိတ်ဆက်လာရာကနေ အခုနောက်ဆုံးအနေနဲ့ Honor 8X စမတ်ဖုန်းကို မြန်မာနိုင်ငံစျေးကွက်မှာ မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု Honor 8X စမတ်ဖုန်းကို Akhayar-Tech ပရိသတ်ကြီးအတွက် Review ပြုလုပ်ပေးလိုက်ပါတယ်။

Honor 8X

Honor 8X စမတ်ဖုန်းဟာ လက်ရှိ မြန်မာနိုင်ငံစျေးကွက်ထဲမှာ စျေးနှုန်းအနေနဲ့ RAM 4GB | ROM 128GB Version ကို ၃၅၉,၀၀၀ ကျပ်၊ RAM 6GB | ROM 128GB Version ကို ၃၉၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတဲ့အတွက် ငွေကျပ် ၅ သိန်းအောက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်ခုကို ရှာဖွေနေတဲ့သူတွေအတွက် ကောင်းမွန်တယ်လို့ ပြောနိုင်တဲ့ဖုန်းတစ်ခုလည်းဖြစ်ပါတယ်။

Honor 8X စမတ်ဖုန်းကို စစခြင်း ကြည့်လိုက်မယ်ဆိုရင် နောက်ဖက်က ပြောင်လက်နေတဲ့ Two Tone Design ကို အရင်ဆုံးမြင်မိမှာပါ။ အခုလိုမျိုး Two Tone ပြုလုပ်ထားတဲ့ ဒီဇိုင်းက ပုံမှန်စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် လက်ထဲမှာ ထင်းနေမှာဖြစ်သလို တစ်ခုစီကွဲထွက်နေတဲ့ Dual Camera ဒီဇိုင်းကလည်း ထူးခြားနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Honor 8X ရဲ့ ဒီဇိုင်းက ပုံမှန်စမတ်ဖုန်းတွေကနေ ကွဲထွက်နေတာမျိုးကို ကြိုက်တဲ့သူတွေအတွက် သင့်တော်မှာပါ။

Honor 8X

Display ပိုင်းအနေနဲ့ကတော့ Screen အကြီးကို ကြိုက်တဲ့သူတွေအတွက်တော့ အကောင်းဆုံးဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုရင် Honor 8X ဖုန်းက Screen Size အနေနဲ့ 6.5″ ရှိတဲ့ Full HD+ Resolution Display ကို အသုံးပြုထားတဲ့အတွက် Screen Size ကတော့ တကယ်ကို အသုံးပြုရတာ အားရစရာကောင်းနေမှာပါ။ ဒါ့အပြင် 84% Screen-to-Body ကြောင့်ဖုန်းက လက်ထဲမှာ ကိုင်ရတာ အရမ်းကြီးနေမှာလည်း မဟုတ်ပါဘူး။ Display ကလည်း Corning Gorilla Glass 3 ကို အသုံးပြုထားတဲ့အတွက် ပုံမှန် အစင်းရာထင်တာကိုလည်း ကာကွယ်ပေးမှာပါ။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ HiSilicon Kirin 710 Processor ကို အသုံးပြုထားပြီး RAM 4GB ဒါမှမဟုတ် 6GB ပါဝင်မှာဖြစ်ပါတယ်။ Kirin 710 Processor ဆိုတာက လက်ရှိ Huawei Nova 3i လိုမျိုး စမတ်ဖုန်းမှာလည်း အသုံးပြုထားတဲ့ Processor ဖြစ်ပြီး 12nm Architecture ကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ အခု Kirin 710 Processor က သာမန်အသုံးပြုမှုတွေအတွက်ကတော့ လုံလောက်တာထက်ပိုတဲ့ စွမ်းဆောင်ရည်ရှိနေပြီးတော့ EMUI 8.2 ကြောင့်် အသုံးပြုရတာ သွက်လက်နေမှာပါ။ ဒါပေမယ့် Game တွေဆော့တဲ့နေရာမှာတော့ GPU Turbo ပါဝင်ပေမယ့် တကယ့် Flagship စမတ်ဖုန်းတွေလိုမျိုး အလွန်ကောင်းမွန်တဲ့ Graphic Setting တွေနဲ့တော့ ဆော့ကစားနိုင်မှာမဟုတ်ပါဘူး။ Storage ပိုင်းအနေနဲ့ 128GB ပါဝင်တာကတော့ အားသာချက်တစ်ခုဖြစ်ပြီး SIM Slot ၂ ခုအပြင် MicroSD Card ကိုပါ ထပ်မံထည့်သွင်းနိုင်ဦးမှာဖြစ်ပါတယ်။

Honor 8X

Camera ပိုင်းကိုကြည့်မယ်ဆိုရင်တော့ Honor 8X က 20MP f1.8 Primary Camera အပြင် 2MP Secondary Camera ကိုပါ နောက်ကျောဘက်မှာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Honor 8X ဟာ AI စနစ်ကိုပါ Camera မှာထည့်သွင်းပေးထားတဲ့အတွက် ကိုယ်ရိုက်ကူးတဲ့ Scene ပေါ်မှုတည်ပြီး အလိုအလျောက်ပြောင်းလဲရိုက်ကူးပေးမှာဖြစ်ပါတယ်။ အားသာချက်တွေအနေနဲ့ Night Mode နဲ့ 480fps Slow Motion Video တွေရိုက်ကူးနိုင်ဦးမှာပါ။ Front Selfie Camera အနေနဲ့ကတော့ 16MP f2.0 Camera ကိုပဲ တပ်ဆင်ပေးထားပါတယ်။

Honor 8X

Honor 8X နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ကြည့်မယ်ဆိုရင် ပေးရတဲ့စျေးနဲ့ထိုက်တန်တယ်လို့ ပြောလို့ရပြီးတော့ AI ကလည်း ကောင်းကောင်းအလုပ်လုပ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်က AI က Color တွေ၊ Saturation တွေကို မြှင့်လိုက်တာကို မကြိုက်ရင်တော့ ပိတ်ထားတာက ပိုပြီးအဆင်ပြေဦးမှာပါ။ ညဘက်တွေမှာတော့ ပုံမှန်ရိုက်ကူးတဲ့ပုံတွေမှာ အနည်းငယ်အားနည်းတယ်ဆိုပေမယ့် Night Mode ကြောင့် တော်တော်လေးကို ကောင်းတဲ့ Low Light ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ Selfie ပိုင်းအနေနဲ့လည်း ပုံမှန်အဆင့်မှာရှိတယ်လို့ ပြောလို့ရပါတယ်။

Honor 8X ရဲ့ အားသာချက်တစ်ခုကိုပြောပါဆိုရင် Battery Life တော်တော်ကိုကောင်းတဲ့ဘက်မှာရှိနေတာပါ။ Honor 8X ဖုန်းမှာ 3750mAh Battery ပါဝင်ပြီးတော့ 12nm Architecture ကို အခြေခံထားတဲ့ Kirin 710 Processor ကြောင့် Heavy Usage လိုမျိုးမှာဆိုရင်တောင်မှ ၁ ရက်ကတော့ ကောင်းကောင်းအသုံးခံတဲ့အပြင် ပုံမှန်သုံးတာမျိုးဆိုရင် ၁ ရက်ခွဲလောက်ကို သုံးနိုင်မှာပါ။ အားပြန်သွင်းတဲ့နေရာမှာကတော့ USB Type-C မဟုတ်ဘဲ သာမန် MicroUSB ကိုပဲ အသုံးပြုထားပြီးတော့ အားသွင်းချိန် ၂ နာရီကျော်လောက်ပေးရမှာဖြစ်ပါတယ်။

အဲ့ဒီအပြင် Honor 8X ဟာ Gesture Navigation အသစ်တွေကို အသုံးပြုထားတဲ့အတွက် ပုံမှန်စမတ်ဖုန်းတွေလို Home ၊ Back နဲ့ Recent Key တွေနှိပ်နေစရာမလိုဘဲ 6.5″ Display တစ်ခုလုံးကို အသုံးချနိုင်တဲ့အတွက် ဒီအချက်ကလည်း ကောင်းမွန်တဲ့အချက်ဖြစ်လာပါတယ်။

Honor 8X

အဲ့ဒီအတွက် Honor 8X ကို အဆုံးသတ်ကြည့်မယ်ဆိုရင် ဂိမ်းအရမ်းကြီးမဆော့ဘဲ ပုံမှန် Social Media နဲ့ Internet သုံးမယ့်သူတွေ၊ ဖုန်းမှာ ရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် ပိုပြီး သင့်တော်တဲ့ဖုန်းတစ်ခုလို့ပြောလို့ရပါတယ်။ ကြီးမားတဲ့ Display နဲ့ Battery Life က တကယ်ကိုကောင်းမွန်သလိုပဲ ဖုန်းရဲ့ ဒီဇိုင်းပိုင်းကလည်း သာမန်နဲ့မတူဘဲ ကွဲထွက်နေတာက သဘောကျဖို့ကောင်းနေပါတယ်။

Zawyè (Akhayar) 

www.akhayar.com