ဖုန္းတစ္ခုဝယ္ေတာ့မယ္ဆုိရင္ ေငြက်ပ္ ၁ သိန္းေက်ာ္ဝန္းက်င္က အနိမ့္ဆံုးေသာ ေရြးခ်ယ္မႈတစ္ခုျဖစ္ပါတယ္။ ဒီလုိမ်ိဳး ၁ သိန္းေက်ာ္တန္ စမတ္ဖုန္းေတြကို ေရြးခ်ယ္ေတာ့မယ္ဆုိရင္ လက္ရွိေစ်းကြက္ထဲမွာ ေရြးခ်ယ္စရာျဖစ္လာတဲ့ Honor 7S နဲ႔ Xiaomi Redmi 6 စမတ္ဖုန္း ၂ ခုကို ႏႈိင္းယွဥ္ၾကည့္ပါမယ္။

အရင္ဆံုး ဒီဇုိင္းပိုင္းအရေတာ့ Honor 7S နဲ႔ Redmi 6 ဖုန္းေတြ ၂ ခုစလံုးက အရြယ္အစားအရတူညီျပီးေတာ့ 5.45″ 18:9 Ratio Display ေတြကိုပဲ အသံုးျပဳထားတာျဖစ္ပါတယ္။ ပံုမွန္ၾကည့္မယ္ဆုိရင္ ဒီဇုိင္းပိုင္းအရ Redmi 6 က Honor 7S ထက္ပိုျပီး အဆင္ေျပတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Honor 7S

Display အေနနဲ႔ကေတာ့ ဖုန္း ၂ ခုစလံုးက 5.45″ အရြယ္အစားရွိတဲ့ HD+ Display ကိုပဲ အသံုးျပဳထားတာျဖစ္ပါတယ္။ ဒါေပမယ့္ Screen-to-Body Ratio အေနနဲ႔ကေတာ့ Honor 7S က 73.8% ရွိမွာျဖစ္ျပီးေတာ့ Redmi 6 ကေတာ့ 72.7% ပဲရွိေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီေနရာမွာ Honor 7S က အနည္းငယ္ပိုသာတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Processor ပိုင္းအေနနဲ႔ကေတာ့ Honor 7S က MediaTek ရဲ႕ MT6739 Processor ကို အသံုးျပဳထားျပီးေတာ့ Redmi 6 ကလည္း MediaTek ရဲ႕ Helio P22 Processor ကိုအသံုးျပဳထားတာျဖစ္ပါတယ္။ RAM အေနနဲ႔လည္း Honor 7S က 2GB ပဲ ပါတယ္ဆိုေပမယ့္ Redmi 6 က 3GB ဒါမွမဟုတ္ 4GB အထိ ေရြးခ်ယ္ႏုိင္မွာပါ။ Storage အေနနဲ႔လည္း Honor 7S က 16GB ပဲ ပါဝင္ျပီး Redmi 6 မွာေတာ့ 32GB ဒါမွမဟုတ္ 64GB ေရြးလုိ႔ရမွာပါ။ ဖုန္း ၂ ခုစလံုးက MicroSD Card ထည့္လုိ႔ရဦးမွာပါ။ အဲ့ဒါေၾကာင့္ ဒီေနရာမွာက Redmi 6 က ပိုေကာင္းတယ္ဆုိတာ ျငင္းလို႔မရပါဘူး။

Redmi 6

Camera ပိုင္းမွာလည္း Redmi 6 က 12MP + 5MP Back Camera ပါဝင္ေပမယ့္ Honor 7S ကေတာ့ 13MP Single Camera ပဲထည့္သြင္းထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Back Camera အသံုးမ်ားတဲ့သူေတြကေတာ့ Redmi 6 က ပိုျပီး ေရြးခ်ယ္စရာျဖစ္ေနဦးမွာပါ။

ဒါေပမယ့္ Selfie Camera ပိုင္းမွာေတာ့ Redmi 6 ေရာ၊ Honor 7S ၂ ခုစလံုး 5MP Camera ပဲတပ္ဆင္ထားတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Selfie ပိုင္းမွာေတာ့ တူတူပဲလုိ႔ေျပာလုိ႔ရပါတယ္။

Battery ပိုင္းအေနနဲ႔ကေတာ့ Honor 7S က 3020mAh Battery ပါဝင္ျပီးေတာ့ Redmi 6 က 3000mAh Battery ပါဝင္မွာပါ။ အဲ့ဒီေတာ့ Battery ပိုင္းအရလည္း တူတူပဲလုိ႔ေျပာလုိ႔ရပါတယ္။

Redmi 6

ေနာက္ထပ္ Redmi 6 ရဲ႕ အားသာခ်က္တစ္ခုကေတာ့ Fingerprint ပါဝင္တာပါ။ အဲ့ဒီအတြက္ Face Unlock ပဲပါဝင္တဲ့ Honor 7S ထက္ ပိုေကာင္းေနဦးမွာပါ။

ေစ်းႏႈန္းေတြအေနနဲ႔ကေတာ့ Redmi 6 က ေစ်းအနည္းငယ္ပုိၾကီးျပီးေတာ့ ေငြက်ပ္ ၁ သိန္းခြဲကေန ၁ သိန္း ၈ေသာင္းဝန္းက်င္အထိရွိမွာပါ။ Honor 7S ကေတာ့ လက္ရွိမွာ ၁ သိန္း ၃ ေသာင္း ၉ ေထာင္နဲ႔ ေရာင္းခ်ေနတယ္လုိ႔ သိရပါတယ္။

Akhayar-Tech ပရိသတ္ၾကီးဆုိရင္ေရာ ဘယ္ဖုန္းကို ေရြးခ်ယ္မွာလဲ?

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

ဖုန်းတစ်ခုဝယ်တော့မယ်ဆိုရင် ငွေကျပ် ၁ သိန်းကျော်ဝန်းကျင်က အနိမ့်ဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး ၁ သိန်းကျော်တန် စမတ်ဖုန်းတွေကို ရွေးချယ်တော့မယ်ဆိုရင် လက်ရှိစျေးကွက်ထဲမှာ ရွေးချယ်စရာဖြစ်လာတဲ့ Honor 7S နဲ့ Xiaomi Redmi 6 စမတ်ဖုန်း ၂ ခုကို နှိုင်းယှဉ်ကြည့်ပါမယ်။

အရင်ဆုံး ဒီဇိုင်းပိုင်းအရတော့ Honor 7S နဲ့ Redmi 6 ဖုန်းတွေ ၂ ခုစလုံးက အရွယ်အစားအရတူညီပြီးတော့ 5.45″ 18:9 Ratio Display တွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ပုံမှန်ကြည့်မယ်ဆိုရင် ဒီဇိုင်းပိုင်းအရ Redmi 6 က Honor 7S ထက်ပိုပြီး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

Honor 7S

Display အနေနဲ့ကတော့ ဖုန်း ၂ ခုစလုံးက 5.45″ အရွယ်အစားရှိတဲ့ HD+ Display ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် Screen-to-Body Ratio အနေနဲ့ကတော့ Honor 7S က 73.8% ရှိမှာဖြစ်ပြီးတော့ Redmi 6 ကတော့ 72.7% ပဲရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနေရာမှာ Honor 7S က အနည်းငယ်ပိုသာတယ်လို့ ပြောလို့ရပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Honor 7S က MediaTek ရဲ့ MT6739 Processor ကို အသုံးပြုထားပြီးတော့ Redmi 6 ကလည်း MediaTek ရဲ့ Helio P22 Processor ကိုအသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့လည်း Honor 7S က 2GB ပဲ ပါတယ်ဆိုပေမယ့် Redmi 6 က 3GB ဒါမှမဟုတ် 4GB အထိ ရွေးချယ်နိုင်မှာပါ။ Storage အနေနဲ့လည်း Honor 7S က 16GB ပဲ ပါဝင်ပြီး Redmi 6 မှာတော့ 32GB ဒါမှမဟုတ် 64GB ရွေးလို့ရမှာပါ။ ဖုန်း ၂ ခုစလုံးက MicroSD Card ထည့်လို့ရဦးမှာပါ။ အဲ့ဒါကြောင့် ဒီနေရာမှာက Redmi 6 က ပိုကောင်းတယ်ဆိုတာ ငြင်းလို့မရပါဘူး။

Redmi 6

Camera ပိုင်းမှာလည်း Redmi 6 က 12MP + 5MP Back Camera ပါဝင်ပေမယ့် Honor 7S ကတော့ 13MP Single Camera ပဲထည့်သွင်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Back Camera အသုံးများတဲ့သူတွေကတော့ Redmi 6 က ပိုပြီး ရွေးချယ်စရာဖြစ်နေဦးမှာပါ။

ဒါပေမယ့် Selfie Camera ပိုင်းမှာတော့ Redmi 6 ရော၊ Honor 7S ၂ ခုစလုံး 5MP Camera ပဲတပ်ဆင်ထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Selfie ပိုင်းမှာတော့ တူတူပဲလို့ပြောလို့ရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ Honor 7S က 3020mAh Battery ပါဝင်ပြီးတော့ Redmi 6 က 3000mAh Battery ပါဝင်မှာပါ။ အဲ့ဒီတော့ Battery ပိုင်းအရလည်း တူတူပဲလို့ပြောလို့ရပါတယ်။

Redmi 6

နောက်ထပ် Redmi 6 ရဲ့ အားသာချက်တစ်ခုကတော့ Fingerprint ပါဝင်တာပါ။ အဲ့ဒီအတွက် Face Unlock ပဲပါဝင်တဲ့ Honor 7S ထက် ပိုကောင်းနေဦးမှာပါ။

စျေးနှုန်းတွေအနေနဲ့ကတော့ Redmi 6 က စျေးအနည်းငယ်ပိုကြီးပြီးတော့ ငွေကျပ် ၁ သိန်းခွဲကနေ ၁ သိန်း ၈သောင်းဝန်းကျင်အထိရှိမှာပါ။ Honor 7S ကတော့ လက်ရှိမှာ ၁ သိန်း ၃ သောင်း ၉ ထောင်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

Akhayar-Tech ပရိသတ်ကြီးဆိုရင်ရော ဘယ်ဖုန်းကို ရွေးချယ်မှာလဲ?

Zawyè (Akhayar) 

www.akhayar.com