လက်ရှိအချိန်မှာ Flagship ဖုန်းတွေဆက်တိုက်ထွက်ရှိလာသလိုပဲ Honor ရဲ့ Flagship Level ဖုန်းတွေဖြစ်တဲ့ Honor 20 နဲ့ Honor 20 Pro ဖုန်းတွေကလည်း လာမယ့် မေလ ၂၁ ရက်နေ့မှာ မိတ်ဆက်သွားဖို့အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။

Honor 20 Pro Leaks

အခု Honor 20 Series စမတ်ဖုန်းတွေဟာ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Honor View 20 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားတဲ့ စမတ်ဖုန်းတွေဖြစ်ပြီးတော့ အဓိကအနေနဲ့ Camera ပိုင်းကို ဦးစားပေးလာနိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ Back Camera ပိုင်းမှာ Quad Camera စနစ်ကိုအသုံးပြုလာနိုင်ပြီးတော့ AI ပိုင်းဆိုင်ရာ Feature တွေလည်း အများအပြားပါဝင်လာဖွယ်ရှိနေပါတယ်။

Honor ကနေ ဒီ Honor 20 နဲ့ Honor 20 Pro ဖုန်းတွေအတွက် Capture Wonder ဆိုတဲ့ Teaser Video ကိုလည်း ထုတ်ပေးခဲ့ပြီး အဆိုပါ Video ကို အောက်မှာကြည့်ရှုနိုင်မှာပါ။

Honor 20 Pro စမတ်ဖုန်းက Back Cover Design ကို Dynamic Holographic Design နဲ့ပွဲထွက်လာမှာဖြစ်ပြီးတော့ Honor 20 Series ဖုန်းတွေက ပထမဆုံးအနေနဲ့ အသုံးပြုလာမှာလည်းဖြစ်ပါတယ်။ ဒီ Dynamic Holographic Design က ပုံမှန် Glass Back မှာ Triple 3D Mesh နဲ့ ပြုလုပ်ထားမှာဖြစ်ပြီး ကြည့်တဲ့ အနေအထားပေါ်မှုတည်ပြီး ပုံစံက ပြောင်းလဲသွားမှာလည်းဖြစ်ပါတယ်။

Honor 20 Pro Leaks

Specification ပိုင်းအနေနဲ့မှာတော့ Honor 20 နဲ့ 20 Pro ဖုန်းတွေက Kirin 980 Processor ၊ RAM 8GB အနည်းဆုံးအသုံးပြုလာနိုင်ပြီးတော့ စွမ်းဆောင်ရည်ပိုင်းမှာလည်း Flagship အဆင့်ရှိနေမှာဖြစ်ပါတယ်။ Display အနေနဲ့လည်း Notch မပါတဲ့ Display ဖြစ်လာမှာဖြစ်ပြီးတော့ Selfie Camera ကတော့ Pop-up ဒါမှမဟုတ် Hole Punch အနေနဲ့ ထွက်ရှိလာနိုင်ပါတယ်။

Honor 20 Series Launch Date

Honor က မနှစ်တုန်းကလည်း Honor 10 စမတ်ဖုန်းနဲ့ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်တဲ့ Flagship ဖုန်းအနေနဲ့ ထွက်ရှိလာသလိုပဲ အခုလည်း လာမယ့်မေလ ၂၁ ရက်နေ့ကြရင် စွမ်းဆောင်ရည်အလန်းစားနဲ့ Honor 20 Pro ဖုန်းတွေကို မြင်ရတော့မှာပါ။

Ref : Ubergizmo