This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂ်ပန္လက္ေရြးစင္အသင္းက အနားယူခဲ့ၾကတဲ့ ဟြန္ဒါ Honda နဲ႔ ဟာဆီဘီ Hasebe

ဂ်ပန္အသင္းရဲ႕ ၀ါရင့္ကြင္းလယ္ကစားသမားေတြျဖစ္ၾကတဲ့ ဟြန္ဒါ Honda နဲ႔ ဟာဆီဘီ Hasebe တို႔ဟာ လက္ေရြးစင္အသင္းကေန အနားယူဖုိ႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။ ဂ်ပန္အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ဘယ္လ္ဂ်ီယံအသင္းကုိ (၃-၂)ဂုိးနဲ႔ ႐ႈံးနိမ့္ၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြကုိ လက္ျပန္ႏႈတ္ဆက္ခဲ့အၿပီး ရက္ပုိင္းအၾကာမွာပဲ ဟြန္ဒါနဲ႔ ဟာဆီဘီတို႔ လက္ေရြးစင္အသင္းက အနားယူဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္သူ ဟြန္ဒါဟာ ဂ်ပန္အသင္းအတြက္ (၉၈)ပဲြကစား (၃၇)ဂုိးသြင္းခဲ့ၿပီး အသင္းနဲ႔အတူ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြေတြ ဆင္ႏႊဲခဲ့ပါတယ္။

Keisuke-Honda

Keisuke-Honda

ဟြန္ဒါက “အရည္အေသြးျမင့္လူငယ္ကစားသမားေတြရွိေနလုိ႔ ဂ်ပန္အသင္းရဲ႕အနာဂတ္အတြက္ ကၽြန္ေတာ္ ေက်နပ္ေပ်ာ္ရႊင္ပါတယ္။ ဂ်ပန္ေဘာလုံးေလာက သမုိင္းသစ္ကုိေရးဖုိ႔က သူတို႔တာ၀န္ျဖစ္သြားပါၿပီ”လုိ႔ ဆုိခဲ့တယ္။

Makoto-Hasebe

Makoto-Hasebe

သူနဲ႔အတူ ဂ်ပန္အသငး္ေခါင္းေဆာင္ ဟာဆီဘီကလည္း သူ႔ရဲ႕(၁၂)ႏွစ္ခဲြၾကာ လက္ေရြးစင္ကစားသမားဘ၀ကုိ အဆုံးသတ္ခဲ့ပါၿပီ။ ဂ်ပန္အသင္းအတြက္ (၁၁၄)ပဲြကစားခဲ့သူ ဟာဆီဘီက”၂၀၀၆ ခုႏွစ္ကစၿပီး (၁၂)ႏွစ္ခဲြၾကာ ကၽြန္ေတာ္နဲ႔အတူ တိုက္ပဲြ၀င္ခဲ့တဲ့ အသင္းေဖာ္ေတြ အားလုံးကုိ ေက်းဇူးတင္ပါတယ္။ ဂ်ပန္အသင္းပရိသတ္တစ္ဦးအျဖစ္ ဆက္ရွိေနမွာျဖစ္ၿပီး အသင္းနဲ႔အိပ္မက္အသစ္ေတြ အတူတူ ဆက္မက္ၾကရေအာင္လား”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:AS
Photo:Worldfootball,AS,Reuters UK
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂျပန်လက်ရွေးစင်အသင်းက အနားယူခဲ့ကြတဲ့ ဟွန်ဒါ Honda နဲ့ ဟာဆီဘီ Hasebe

ဂျပန်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ဟွန်ဒါ Honda နဲ့ ဟာဆီဘီ Hasebe တို့ဟာ လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ဂျပန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဘယ်လ်ဂျီယံအသင်းကို (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြန်နှုတ်ဆက်ခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ ဟွန်ဒါနဲ့ ဟာဆီဘီတို့ လက်ရွေးစင်အသင်းက အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဟွန်ဒါဟာ ဂျပန်အသင်းအတွက် (၉၈)ပွဲကစား (၃၇)ဂိုးသွင်းခဲ့ပြီး အသင်းနဲ့အတူ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။

Keisuke-Honda

Keisuke-Honda

ဟွန်ဒါက “အရည်အသွေးမြင့်လူငယ်ကစားသမားတွေရှိနေလို့ ဂျပန်အသင်းရဲ့အနာဂတ်အတွက် ကျွန်တော် ကျေနပ်ပျော်ရွှင်ပါတယ်။ ဂျပန်ဘောလုံးလောက သမိုင်းသစ်ကိုရေးဖို့က သူတို့တာဝန်ဖြစ်သွားပါပြီ”လို့ ဆိုခဲ့တယ်။

Makoto-Hasebe

Makoto-Hasebe

သူနဲ့အတူ ဂျပန်အသင်းခေါင်းဆောင် ဟာဆီဘီကလည်း သူ့ရဲ့(၁၂)နှစ်ခွဲကြာ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါပြီ။ ဂျပန်အသင်းအတွက် (၁၁၄)ပွဲကစားခဲ့သူ ဟာဆီဘီက”၂၀၀၆ ခုနှစ်ကစပြီး (၁၂)နှစ်ခွဲကြာ ကျွန်တော်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဂျပန်အသင်းပရိသတ်တစ်ဦးအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး အသင်းနဲ့အိပ်မက်အသစ်တွေ အတူတူ ဆက်မက်ကြရအောင်လား”လို့ ပြောကြားခဲ့ပါတယ်။

REF:AS
Photo:Worldfootball,AS,Reuters UK
Naing Linn(Akhayar)
www.akhayar.com