[Zawgyi]

 

ပ်က္စီးမြဲေျခာက္ေနတဲ့ ဆံသားေတြအတြက္ လြယ္ကူအသံုး၀င္တဲ့ ဒိန္ခ်ဥ္ေပါင္းေဆး

ဆံပင္က သင့္အတြက္ေတာ့ ဒုတိယမ်က္ႏွာပါ။ ဆံသားေလးေတြ ေတာက္ေျပာင္ၿပီး သန္စြမ္းေနမွ ၾကည့္လုိ႔လွသလို ဆံပင္ပံုစံ သပ္သပ္ရပ္ရပ္ရွိျခင္းက လူတစ္ေယာက္အတြက္ တကယ္ကို အေရးႀကီးပါတယ္။ ဒါေပမယ့္ ကၽြန္မတို႔အေနနဲ႔ တစ္ခါတစ္ရံမွာ ဆံပင္နဲ႔ ပတ္သက္လုိ႔ အလိုမက်ရတာ၊ စိတ္ရႈပ္ စိတ္ညစ္ရတာ အမ်ားႀကီးပါ။ အထူးသျဖင့္ ဆံသားပ်က္စီးမြဲေျခာက္တာက အျဖစ္အမ်ားဆံုးေပါ့။ ဒီလိုအခ်ိန္မ်ိဳးမွာ ဟိုဟာေကာင္းႏိုး၊ ဒီဟာေကာင္းႏိုးနဲ႔ လိုက္စမ္းရင္း ထိထိေရာက္ေရာက္ မျဖစ္တာေတြလည္း ႀကံဳဖူးၾကမွာပါ။ ဒါေပမယ့္ အဲဒီျပႆနာကို ေျဖရွင္းဖို႔  ဒိန္ခ်ဥ္ ရွိရင္ကို လံုေလာက္ပါၿပီ။ ဒိန္ခ်ဥ္ တစ္မ်ိဳးတည္းနဲ႔ တကယ္အလုပ္ျဖစ္ပါ့မလား။ ကဲ..စမ္းသပ္ၾကည့္လိုက္ရေအာင္။

yogurt

yogurt

hair shampoo and conditioner

hair shampoo and conditioner

လိုအပ္တဲ့ပါ၀င္ပစၥည္းေတြက ကိုယ္ရဲ႕ ဆံပင္အေနအထားနဲ႔ လံုေလာက္မယ့္ ဒိန္ခ်ဥ္စစ္စစ္ (သၾကားရည္၊ပ်ားရည္ စတဲ့ အခ်ိဳေတြ မေရာထားတဲ့ သီးသန္႔ ဒိန္ခ်ဥ္အႏွစ္) ၊ကိုယ္ သံုးေနက် Shampoo and conditioner ပဲ လိုပါတယ္။

yogurt mask

yogurt mask

နည္းလမ္းကေတာ့ အရင္ဆံုး ေခါင္းမေလ်ွာ္ခင္ တစ္ေခါင္းလံုးကို ဒိန္ခ်ဥ္ ခပ္ထူထူလိမ္းရပါမယ္။အထူးသျဖင့္ ပ်က္စီးေနၿပီး ႏွစ္ခြျဖစ္တတ္တဲ့ အဖ်ားေတြကို ခပ္ထူထူေလးလိမ္းေပးရမွာ ျဖစ္သလုိ လိမ္းသြားၿပီးရင္ မိနစ္ ၂၀ ေလာက္ Shower Cap ေလးေဆာင္းၿပီး ေပါင္းထားေပးပါ။ ဒိန္ခ်ဥ္ေတြက စီးက်ၿပီး မ်က္လံုးထဲ၀င္ရင္ စပ္တတ္လုိ႔ Shower Cap ေသခ်ာအုပ္ၿပီး ေပါင္းတာ အေကာင္းဆံုးပါပဲ။

using shower cap

using shower cap

မိနစ္ ၂၀ ျပည့္သြားရင္ေတာ့ ဒိန္ခ်ဥ္ေတြ ေျပာင္စင္ေအာင္ ေရတစ္ထပ္နဲ႔ ေဆးခ်လိုက္ပါ။ ၿပီးမွ ကိုယ္သံုးေနက် ေခါင္းေလွ်ာ္ရည္နဲ႔ ေျပာင္စင္ေအာင္ ေခါင္းေလွ်ာ္ခ်ရပါမယ္။ ပိုၿပီး ေကာင္းမြန္ခ်င္ရင္ေတာ့ သံုးေနက် Conditioner ေလးနဲ႔ ခဏ ထပ္ေပါင္းေပးလိုက္ပါ။  ေခါင္းေလ်ွာ္ၿပီးdryerမႈတ္တဲ့အခါ ပံုသြင္းစရာမလိုဘဲဆံသားက ပံုက်သြားသလို ေျပာင္ေျပာင္စင္းစင္းအိအိေလး ျဖစ္သြားေစပါတယ္။ ဆံပင္အဖ်ားက ၾကမ္းတမ္းတာေတြလည္း ေလ်ာ့ပါးသြားသလို တပတ္တခါ ပံုမွန္လုပ္ေပးရင္ ဆံပင္ကၽြတ္တာလည္း သက္သာလာတာ ေတြ႔ရပါလိမ့္မယ္။ ဒီနည္းလမ္းက တကယ္ကိုထိေရာက္သလို အကုန္အက်လည္း သက္သာ၊အခ်ိန္လည္း မ်ားမ်ားမေပးရလို႔ လုပ္ကို လုပ္ၾကည့္သင့္တယ္လုိ႔ တုိက္တြန္းလိုက္ပါတယ္ေနာ္။

Photo Credit – InStyle

Su Yi Htet (Akhayar)

[Unicode]

 

ပျက်စီးမွဲခြောက်နေတဲ့ ဆံသားတွေအတွက် လွယ်ကူအသုံးဝင်တဲ့ ဒိန်ချဉ်ပေါင်းဆေး

ဆံပင်က သင့်အတွက်တော့ ဒုတိယမျက်နှာပါ။ ဆံသားလေးတွေ တောက်ပြောင်ပြီး သန်စွမ်းနေမှ ကြည့်လို့လှသလို ဆံပင်ပုံစံ သပ်သပ်ရပ်ရပ်ရှိခြင်းက လူတစ်ယောက်အတွက် တကယ်ကို အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ တစ်ခါတစ်ရံမှာ ဆံပင်နဲ့ ပတ်သက်လို့ အလိုမကျရတာ၊ စိတ်ရှုပ် စိတ်ညစ်ရတာ အများကြီးပါ။ အထူးသဖြင့် ဆံသားပျက်စီးမွဲခြောက်တာက အဖြစ်အများဆုံးပေါ့။ ဒီလိုအချိန်မျိုးမှာ ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုးနဲ့ လိုက်စမ်းရင်း ထိထိရောက်ရောက် မဖြစ်တာတွေလည်း ကြုံဖူးကြမှာပါ။ ဒါပေမယ့် အဲဒီပြဿနာကို ဖြေရှင်းဖို့ ဒိန်ချဉ် ရှိရင်ကို လုံလောက်ပါပြီ။ ဒိန်ချဉ် တစ်မျိုးတည်းနဲ့ တကယ်အလုပ်ဖြစ်ပါ့မလား။ ကဲ..စမ်းသပ်ကြည့်လိုက်ရအောင်။

yogurt

yogurt

hair shampoo and conditioner

hair shampoo and conditioner

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေက ကိုယ်ရဲ့ ဆံပင်အနေအထားနဲ့ လုံလောက်မယ့် ဒိန်ချဉ်စစ်စစ် (သကြားရည်၊ပျားရည် စတဲ့ အချိုတွေ မရောထားတဲ့ သီးသန့် ဒိန်ချဉ်အနှစ်) ၊ကိုယ် သုံးနေကျ Shampoo and conditioner ပဲ လိုပါတယ်။

yogurt mask

yogurt mask

နည်းလမ်းကတော့ အရင်ဆုံး ခေါင်းမလျှော်ခင် တစ်ခေါင်းလုံးကို ဒိန်ချဉ် ခပ်ထူထူလိမ်းရပါမယ်။အထူးသဖြင့် ပျက်စီးနေပြီး နှစ်ခွဖြစ်တတ်တဲ့ အဖျားတွေကို ခပ်ထူထူလေးလိမ်းပေးရမှာ ဖြစ်သလို လိမ်းသွားပြီးရင် မိနစ် ၂၀ လောက် Shower Cap လေးဆောင်းပြီး ပေါင်းထားပေးပါ။ ဒိန်ချဉ်တွေက စီးကျပြီး မျက်လုံးထဲဝင်ရင် စပ်တတ်လို့ Shower Cap သေချာအုပ်ပြီး ပေါင်းတာ အကောင်းဆုံးပါပဲ။

using shower cap

using shower cap

မိနစ် ၂၀ ပြည့်သွားရင်တော့ ဒိန်ချဉ်တွေ ပြောင်စင်အောင် ရေတစ်ထပ်နဲ့ ဆေးချလိုက်ပါ။ ပြီးမှ ကိုယ်သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ပြောင်စင်အောင် ခေါင်းလျှော်ချရပါမယ်။ ပိုပြီး ကောင်းမွန်ချင်ရင်တော့ သုံးနေကျ Conditioner လေးနဲ့ ခဏ ထပ်ပေါင်းပေးလိုက်ပါ။ ခေါင်းလျှော်ပြီးdryerမှုတ်တဲ့အခါ ပုံသွင်းစရာမလိုဘဲဆံသားက ပုံကျသွားသလို ပြောင်ပြောင်စင်းစင်းအိအိလေး ဖြစ်သွားစေပါတယ်။ ဆံပင်အဖျားက ကြမ်းတမ်းတာတွေလည်း လျော့ပါးသွားသလို တပတ်တခါ ပုံမှန်လုပ်ပေးရင် ဆံပင်ကျွတ်တာလည်း သက်သာလာတာ တွေ့ရပါလိမ့်မယ်။ ဒီနည်းလမ်းက တကယ်ကိုထိရောက်သလို အကုန်အကျလည်း သက်သာ၊အချိန်လည်း များများမပေးရလို့ လုပ်ကို လုပ်ကြည့်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်နော်။

Photo Credit – InStyle

Su Yi Htet (Akhayar)