[Zawgyi]

အိမ္မီးဖိုေခ်ာင္အတြင္းက အစြမ္းထက္ Hair Treatment မ်ား

မိန္းကေလးတိုင္းက အလွအပနဲ႔ ပတ္သက္ရင္ နည္းမ်ိဳးစံုကို စမ္းၾကည့္ၾကပါတယ္။ မ်က္နွာအတြက္ကို နံပါတ္တစ္အသားေပးျပင္ဆင္ၾကသလို ဆံပင္ကိုလည္း နံပါတ္ႏွစ္ေနရာမွာထားၿပီး ဂရုစိုက္ၾကတယ္ဆိုတာ ကၽြန္မတို႔ မိန္းကေလးတိုင္း ျငင္းႏိုင္မွာ မဟုတ္ပါဘူး။ ဒီလို ဂရုစိုက္တဲ့နည္းေတြထဲမွာမွ အိမ္မွာ လြယ္လြယ္ကူကူ လုပ္လုိ႔ရမယ့္နည္းေတြဆို ပိုလို႔ေတာင္ လိုက္လုပ္ၾကည့္ဖူးၾကမွာပါ။ ဒါေပမယ့္ အခုေျပာျပမယ့္နည္းေတြကေတာ့ ပံုမွန္လုပ္ေနက်နည္းေတြထဲက နည္းနည္းထူးျခားၿပီး စားလို႔ေသာက္လို႔ရတဲ့ ပစၥည္းေတြ၊လူသံုးနည္းေပမယ့္ အစြမ္းထက္တဲ့ ပစၥည္းေလးေတြနဲ႔ ဖန္တီးရမွာျဖစ္ပါတယ္။ အိမ္မီးဖိုေခ်ာင္နဲ႔ ေရခဲေသတၱာထဲကေန လြယ္လြယ္ယူၿပီး လုပ္လို႔ရမယ့္ Hair Treatment ေလးေတြေပါ့။ ဘာနည္းေလးေတြပါလိမ့္။

Apple Cider Vinegar

Apple Cider Vinegar

Apple Cider Vinegar

ဒီ Apple Cider Vinegar ေလးက လတ္တေလာ အလွအပဆိုင္ရာအတြက္ မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားၾကား ေရပန္းစား စိတ္၀င္ေနတဲ့ ပစၥည္းေလးတစ္ခုျဖစ္ပါတယ္။ ဆံသားေလးေတြအတြက္ သင့္အိမ္မွာ Apple Cider Vinegar ရွိမယ္ဆိုရင္ လံုး၀အဆင္ေျပႏိုင္မွာပါ။  Apple Cider Vinegar ကိုဘယ္လုိသံုးရမလဲဆိုရင္ Apple Cider Vinegar ၃ပံု ၁ပံုကို ေရေလးခြက္နဲ႔ေရာၿပီး ေခါင္းမေလွ်ာ္ခင္ ဆယ္မိနစ္ေလာက္လိမ္းထားပါ။ အဲဒီေနာက္ Shower Capနဲ႔ ခဏအုပ္ထားၿပီး ေရေအးနဲ႔ ျပန္ေဆးခ်လုိက္ပါ။ သင့္ဆံသားေတြ လံုး၀ေပ်ာ့ေပ်ာင္းေတာက္ေျပာင္ေနတာကို ေတြ႕ရမွာပါ။ Apple Cider Vinegarမွာပါတဲ့  Acetic Acid က သင့္ဆံပင္ရဲ႕ PH Level ကို ညီေစသလို ဦးေရျပားကိုလည္း လႈံ႔ေဆာ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဆံသားအလႊာေတြကို က်န္းမာေစသလို ဆံပင္အရင္းမွာ ကပ္ေနတဲ့ ဦးေရျပားက အဆီေတြကို ဖယ္ရွားေပးႏိုင္စြမ္းရွိတဲ့အတြက္ ႏွစ္ပတ္တစ္ခါေလာက္သံုးေပးမယ္ဆိုရင္ အေပၚမွာေျပာထားသလို ေပ်ာ့ေပ်ာင္းေတာက္ပတဲ့ဆံပင္ေလးေတြကို ရရွိမွာျဖစ္ပါတယ္။

Beer

Beer

Beer

Beer က အၿမဲတမ္း ေသာက္ဖုိ႔အတြက္ခ်ည္းပဲ မဟုတ္ပါဘူးေနာ္။ သင့္ရဲ႕ ဆံပင္အတြက္ Homemade Hair Treatment တစ္ခုအေနနဲ႔ သံုးလို႔ရေသးတယ္ဆိုတာ သိထားသင့္ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ Beer မွာ ပါတဲ့ ကေစာ္ေဖာက္ တေဆးက ထံုးပါမ်ားလို႔ နာေနတဲ့ဆံပင္ေတြ၊က်ိဳးေနတဲ့ဆံပင္ေတြ၊အခ်ိန္အၾကာႀကီး စည္းထား ထံုးထားတဲ့ ဆံပင္ေတြကို လံုး၀ေပ်ာ့ေပ်ာင္းၿပီး နာက်င္တင္းၾကပ္တာေတြကို ေလ်ာ့ပါးေစလို႔ပါပဲ။တစ္နည္းအားျဖင့္ ေျပာရရင္ ပင္ပန္းႏြမ္းနယ္ေနတဲ့ဆံပင္ေတြကို Beer နဲ႔ ေဆးၿပီး အနားေပးလိုက္တဲ့သေဘာမ်ိဳးျဖစ္ပါတယ္။
အရင္ဆံုး စစခ်င္းမွာ ေခါင္းေလွ်ာ္ၿပီး ဆံသားကုိ ေျခာက္ေသြ႔ေအာင္ ထားပါ။ ဘီယာတစ္ခြက္ သို႔မဟုတ္ ႏွစ္ခြက္ကို အေငြ႔ပ်ံသြားေအာင္ ဇလံုႀကီးႀကီး တစ္လံုးထဲမွာ ေရာေလာင္းထည့္ၿပီးႏွစ္နာရီေလာက္ ၾကာၿပီးတဲ့အခါမွာေတာ့ ေနၾကာဆီ လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ၾကက္ဥအစိမ္းတစ္လံုးကို ေရာေဖာက္ထည့္လိုက္ၿပီး ေျခာက္ေသြ႔ေနတဲ့ဆံသားကို ႏွံ႔ေနေအာင္ လိမ္းေပးရပါမယ္။ ၿပီးတဲ့ေနာက္မွာေတာ့ ၁၅ မိနစ္ေလာက္ထားၿပီး ေရေအးေအးနဲ႔ ေဆးခ်ေပးလိုက္ပါ။ ဘီယာအေငြ႔ပ်ံသြားတဲ့အခ်ိန္မွာ က်န္ခဲ့တဲ့ တေဆး၊မုေယာစပါး၊Vitamin C စတာေတြက ဆံသားကို သန္မာေစၿပီး ပိုၿပီး ထူထဲေစတဲ့အျပင္ ဆံပင္သားက်ိဳးတာ၊နာတာေတြကို သက္သာေစပါတယ္။ ဒီနည္းကို တပတ္တခါလုပ္ၾကည့္ရံုနဲ႔ သိသာတဲ့ ရလဒ္ကို ခံစားရမွာပါ။

Baking Soda

Baking Soda

Baking Soda

Baking Soda ကိုေရာဆံသားအတြက္ သင္သံုးၾကည့္ဖူးပါသလား။ Baking Soda ဟာ ဆံသားက ထြက္တဲ့အဆီပိုေတြနဲ႔ အညစ္အေၾကးေတြကို ေကာင္းေကာင္းဖယ္ရွားေပးႏုိင္ပါတယ္။ အထူးသျဖင့္ ေျခာက္ေသြ႔တဲ့ ဆံပင္ဟာ အညစ္အေၾကးေတြ ပိုကပ္ႏိုင္ၿပီး ဒီလို မလိုအပ္တာေတြကို ဖယ္ရွားေပးမွ ဆံသားက က်န္းမာ သန္စြမ္းႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ Baking Soda ေလးသံုးၿပီး ဦးေရျပားနဲ႔ ဆံသားက အညစ္အေၾကးေလးေတြကို တစ္လတစ္ခါေလာက္ သန္႔ရွင္းၾကည့္ပါ။ အထူးသျဖင့္ Combination Hair သမားေတြအတြက္ ေကာင္းေကာင္းအလုပ္ျဖစ္တာ ေတြ႔ရပါလိမ့္မယ္။
နည္းလမ္းကေတာ့ Baking Soda လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ေရတစ္ခြက္(သုိ႔)ႏွစ္ခြက္ေရာၿပီး  ေမႊပါ။ ၿပီးရင္ အရင္ေခါင္းေလွ်ာ္ခ်ပါ။ ေပါင္းေဆးေတြ ေပ်ာ့ေဆးေတြ သံုးရင္လည္းထည့္သံုးပါ။ ၿပီးတဲ့အခါ ေရေဖ်ာ္ထားတဲ့ Baking Soda ကုိ ေခါင္းေပၚေလာင္းၿပီး ေခါင္းေလွ်ာ္သလို ေလွ်ာ္ခ်လိုက္ပါ။ ေနာက္ဆံုးမွာေတာ့ Shampoo တစ္ထပ္ျပန္သံုးၿပီး ေရေျပာင္ေအာင္ ေလွ်ာ္ခ်ပါ။ေခါင္းမွာ ဘာအညစ္အေၾကးမွ ကပ္မေနေတာ့ဘဲ အရမ္းေပါ့ပါးၿပီး ေနလို႔ေကာင္းတာ ခံစားရပါလိမ့္မယ္။

Mayonnaise

Mayonnaise

Mayonnaise

ဆံပင္ကုိ ေပ်ာ့ေပ်ာင္းႏူးညံ့ၿပီး လိုသလို ပံုသြင္းခ်င္တယ္ဆိုရင္ေတာ့ Mayonnaise ေလးကိုလည္း ေမ့မထားသင့္ပါဘူးေနာ္။ Mayonnaise မွာ ဆံသားေတြကို သန္မာေစၿပီး ေတာက္ပထူထဲေစတဲ့ အားေကာင္း Antioxidant (L-cysteine) ပါလို႔ ၾကမ္းတမ္းၿပီး ေျခာက္ေသြ႔ပ်က္စီးေနတဲ့ ဆံသားေတြအတြက္ အမ်ားႀကီး အက်ိဳးျဖစ္ေစပါတယ္။
ဒီနည္းလမ္းအတြက္ Full-Fat Mayonnaise  တစ္ခြက္ခြဲစာေလာက္ပဲ လိုအပ္ၿပီးေတာ့ Mayonnaise ကို အရမ္းေစးေစးႀကီး ျဖစ္မသြားေအာင္ နည္းနည္း ေမႊေပးပါ။ သင့္ဆံပင္ကို သန္႔ရွင္းထားဖု႔ိလိုအပ္ၿပီး ဆံပင္ ခပ္စိုစိုေလးျဖစ္ေနတဲ့အခ်ိန္မွာ ဆံပင္အရွည္တစ္ေလွ်ာက္ သုတ္လိမ္းေပးပါ။ အထူးသျဖင့္ ပ်က္စီးေနတဲ့အပိုင္းေတြကို လိမ္းေပးရမွာျဖစ္ၿပီးေတာ့ အကုန္လိမ္းၿပီးသြားရင္ Shower Cap ေလးနဲ႔ မိနစ္ ၃၀ ေလာက္ အုပ္ၿပီးႏွပ္ထားေပးပါ။ အခ်ိန္ျပည့္သြားၿပီဆိုရင္ေတာ့ ေရေအးေအးေလးနဲ႔ ေလွ်ာ္ၿပီး Shampoo ျပန္သံုးေပးပါ။ ေခါင္းေလွ်ာ္ၿပီးတဲ့အခါ ဆံသားက ေပ်ာ့ၿပီး ပံုသြင္းရလြယ္ကူသလို အရင္ကထက္ ပံုက်ေနတာကို ေတြ႔ရမွာပါျဖစ္ပါတယ္။

Su Yi Htet (Akhayar)

[Unicode]

အိမ်မီးဖိုချောင်အတွင်းက အစွမ်းထက် Hair Treatment များ

မိန်းကလေးတိုင်းက အလှအပနဲ့ ပတ်သက်ရင် နည်းမျိုးစုံကို စမ်းကြည့်ကြပါတယ်။ မျက်နှာအတွက်ကို နံပါတ်တစ်အသားပေးပြင်ဆင်ကြသလို ဆံပင်ကိုလည်း နံပါတ်နှစ်နေရာမှာထားပြီး ဂရုစိုက်ကြတယ်ဆိုတာ ကျွန်မတို့ မိန်းကလေးတိုင်း ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလို ဂရုစိုက်တဲ့နည်းတွေထဲမှာမှ အိမ်မှာ လွယ်လွယ်ကူကူ လုပ်လို့ရမယ့်နည်းတွေဆို ပိုလို့တောင် လိုက်လုပ်ကြည့်ဖူးကြမှာပါ။ ဒါပေမယ့် အခုပြောပြမယ့်နည်းတွေကတော့ ပုံမှန်လုပ်နေကျနည်းတွေထဲက နည်းနည်းထူးခြားပြီး စားလို့သောက်လို့ရတဲ့ ပစ္စည်းတွေ၊လူသုံးနည်းပေမယ့် အစွမ်းထက်တဲ့ ပစ္စည်းလေးတွေနဲ့ ဖန်တီးရမှာဖြစ်ပါတယ်။ အိမ်မီးဖိုချောင်နဲ့ ရေခဲသေတ္တာထဲကနေ လွယ်လွယ်ယူပြီး လုပ်လို့ရမယ့် Hair Treatment လေးတွေပေါ့။ ဘာနည်းလေးတွေပါလိမ့်။

Apple Cider Vinegar

Apple Cider Vinegar

Apple Cider Vinegar

ဒီ Apple Cider Vinegar လေးက လတ်တလော အလှအပဆိုင်ရာအတွက် မိန်းကလေးတွေ တော်တော်များများကြား ရေပန်းစား စိတ်ဝင်နေတဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ ဆံသားလေးတွေအတွက် သင့်အိမ်မှာ Apple Cider Vinegar ရှိမယ်ဆိုရင် လုံးဝအဆင်ပြေနိုင်မှာပါ။ Apple Cider Vinegar ကိုဘယ်လိုသုံးရမလဲဆိုရင် Apple Cider Vinegar ၃ပုံ ၁ပုံကို ရေလေးခွက်နဲ့ရောပြီး ခေါင်းမလျှော်ခင် ဆယ်မိနစ်လောက်လိမ်းထားပါ။ အဲဒီနောက် Shower Capနဲ့ ခဏအုပ်ထားပြီး ရေအေးနဲ့ ပြန်ဆေးချလိုက်ပါ။ သင့်ဆံသားတွေ လုံးဝပျော့ပျောင်းတောက်ပြောင်နေတာကို တွေ့ရမှာပါ။ Apple Cider Vinegarမှာပါတဲ့ Acetic Acid က သင့်ဆံပင်ရဲ့ PH Level ကို ညီစေသလို ဦးရေပြားကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံသားအလွှာတွေကို ကျန်းမာစေသလို ဆံပင်အရင်းမှာ ကပ်နေတဲ့ ဦးရေပြားက အဆီတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့အတွက် နှစ်ပတ်တစ်ခါလောက်သုံးပေးမယ်ဆိုရင် အပေါ်မှာပြောထားသလို ပျော့ပျောင်းတောက်ပတဲ့ဆံပင်လေးတွေကို ရရှိမှာဖြစ်ပါတယ်။

Beer

Beer

Beer

Beer က အမြဲတမ်း သောက်ဖို့အတွက်ချည်းပဲ မဟုတ်ပါဘူးနော်။ သင့်ရဲ့ ဆံပင်အတွက် Homemade Hair Treatment တစ်ခုအနေနဲ့ သုံးလို့ရသေးတယ်ဆိုတာ သိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် Beer မှာ ပါတဲ့ ကစော်ဖောက် တဆေးက ထုံးပါများလို့ နာနေတဲ့ဆံပင်တွေ၊ကျိုးနေတဲ့ဆံပင်တွေ၊အချိန်အကြာကြီး စည်းထား ထုံးထားတဲ့ ဆံပင်တွေကို လုံးဝပျော့ပျောင်းပြီး နာကျင်တင်းကြပ်တာတွေကို လျော့ပါးစေလို့ပါပဲ။တစ်နည်းအားဖြင့် ပြောရရင် ပင်ပန်းနွမ်းနယ်နေတဲ့ဆံပင်တွေကို Beer နဲ့ ဆေးပြီး အနားပေးလိုက်တဲ့သဘောမျိုးဖြစ်ပါတယ်။
အရင်ဆုံး စစချင်းမှာ ခေါင်းလျှော်ပြီး ဆံသားကို ခြောက်သွေ့အောင် ထားပါ။ ဘီယာတစ်ခွက် သို့မဟုတ် နှစ်ခွက်ကို အငွေ့ပျံသွားအောင် ဇလုံကြီးကြီး တစ်လုံးထဲမှာ ရောလောင်းထည့်ပြီးနှစ်နာရီလောက် ကြာပြီးတဲ့အခါမှာတော့ နေကြာဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ကြက်ဥအစိမ်းတစ်လုံးကို ရောဖောက်ထည့်လိုက်ပြီး ခြောက်သွေ့နေတဲ့ဆံသားကို နှံ့နေအောင် လိမ်းပေးရပါမယ်။ ပြီးတဲ့နောက်မှာတော့ ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပေးလိုက်ပါ။ ဘီယာအငွေ့ပျံသွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ တဆေး၊မုယောစပါး၊Vitamin C စတာတွေက ဆံသားကို သန်မာစေပြီး ပိုပြီး ထူထဲစေတဲ့အပြင် ဆံပင်သားကျိုးတာ၊နာတာတွေကို သက်သာစေပါတယ်။ ဒီနည်းကို တပတ်တခါလုပ်ကြည့်ရုံနဲ့ သိသာတဲ့ ရလဒ်ကို ခံစားရမှာပါ။

Baking Soda

Baking Soda

Baking Soda

Baking Soda ကိုရောဆံသားအတွက် သင်သုံးကြည့်ဖူးပါသလား။ Baking Soda ဟာ ဆံသားက ထွက်တဲ့အဆီပိုတွေနဲ့ အညစ်အကြေးတွေကို ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ အထူးသဖြင့် ခြောက်သွေ့တဲ့ ဆံပင်ဟာ အညစ်အကြေးတွေ ပိုကပ်နိုင်ပြီး ဒီလို မလိုအပ်တာတွေကို ဖယ်ရှားပေးမှ ဆံသားက ကျန်းမာ သန်စွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Baking Soda လေးသုံးပြီး ဦးရေပြားနဲ့ ဆံသားက အညစ်အကြေးလေးတွေကို တစ်လတစ်ခါလောက် သန့်ရှင်းကြည့်ပါ။ အထူးသဖြင့် Combination Hair သမားတွေအတွက် ကောင်းကောင်းအလုပ်ဖြစ်တာ တွေ့ရပါလိမ့်မယ်။
နည်းလမ်းကတော့ Baking Soda လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရေတစ်ခွက်(သို့)နှစ်ခွက်ရောပြီး မွှေပါ။ ပြီးရင် အရင်ခေါင်းလျှော်ချပါ။ ပေါင်းဆေးတွေ ပျော့ဆေးတွေ သုံးရင်လည်းထည့်သုံးပါ။ ပြီးတဲ့အခါ ရေဖျော်ထားတဲ့ Baking Soda ကို ခေါင်းပေါ်လောင်းပြီး ခေါင်းလျှော်သလို လျှော်ချလိုက်ပါ။ နောက်ဆုံးမှာတော့ Shampoo တစ်ထပ်ပြန်သုံးပြီး ရေပြောင်အောင် လျှော်ချပါ။ခေါင်းမှာ ဘာအညစ်အကြေးမှ ကပ်မနေတော့ဘဲ အရမ်းပေါ့ပါးပြီး နေလို့ကောင်းတာ ခံစားရပါလိမ့်မယ်။

Mayonnaise

Mayonnaise

Mayonnaise

ဆံပင်ကို ပျော့ပျောင်းနူးညံ့ပြီး လိုသလို ပုံသွင်းချင်တယ်ဆိုရင်တော့ Mayonnaise လေးကိုလည်း မေ့မထားသင့်ပါဘူးနော်။ Mayonnaise မှာ ဆံသားတွေကို သန်မာစေပြီး တောက်ပထူထဲစေတဲ့ အားကောင်း Antioxidant (L-cysteine) ပါလို့ ကြမ်းတမ်းပြီး ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေအတွက် အများကြီး အကျိုးဖြစ်စေပါတယ်။
ဒီနည်းလမ်းအတွက် Full-Fat Mayonnaise တစ်ခွက်ခွဲစာလောက်ပဲ လိုအပ်ပြီးတော့ Mayonnaise ကို အရမ်းစေးစေးကြီး ဖြစ်မသွားအောင် နည်းနည်း မွှေပေးပါ။ သင့်ဆံပင်ကို သန့်ရှင်းထားဖု့ိလိုအပ်ပြီး ဆံပင် ခပ်စိုစိုလေးဖြစ်နေတဲ့အချိန်မှာ ဆံပင်အရှည်တစ်လျှောက် သုတ်လိမ်းပေးပါ။ အထူးသဖြင့် ပျက်စီးနေတဲ့အပိုင်းတွေကို လိမ်းပေးရမှာဖြစ်ပြီးတော့ အကုန်လိမ်းပြီးသွားရင် Shower Cap လေးနဲ့ မိနစ် ၃၀ လောက် အုပ်ပြီးနှပ်ထားပေးပါ။ အချိန်ပြည့်သွားပြီဆိုရင်တော့ ရေအေးအေးလေးနဲ့ လျှော်ပြီး Shampoo ပြန်သုံးပေးပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားက ပျော့ပြီး ပုံသွင်းရလွယ်ကူသလို အရင်ကထက် ပုံကျနေတာကို တွေ့ရမှာပါဖြစ်ပါတယ်။

Su Yi Htet (Akhayar)