[ZawGyi]

အိမ္သံုးပစၥည္းေလးေတြနဲ႔ တစ္ညတည္းအမီ ေနေလာင္ဒဏ္ကိုကုစားမယ္

အႀကိဳေန႔တစ္ရက္ေတာ႔ ျဖတ္သန္းျပီးသြားၿပီမလား အခရာရဲ႕ ပရိသတ္တို႔ေရ။ သၾကၤန္ကလည္း အားရစရာ ၄ ရက္ႀကီးေတာင္ ကဲရေသာင္းက်န္းရဦးမွာဆိုေတာ့ အသားအေရကိုလည္း ႏိုင္သေလာက္ေလး ထိန္းသိမ္းရဦးမွာေပါ့။ တစ္ေနကုန္ေရေတြထိ၊ ေနေလာင္ဒဏ္ေတြခံရ၊ ခြက္ေစာင္းေတြခုတ္၊ မီးသတ္ပိုက္ဒဏ္ေတြနဲ႔ဆိုေတာ့ ေနေလာင္ခံရ၊ ေရဒဏ္ႏူးအိေနတဲ့ အသားအေရေလးေတြကို တရက္ဆိုတရက္အမီ ေနာက္တရက္အတြက္ အားျပန္ျဖည့္ရေအာင္လို႔ အိမ္မွာပဲအလြယ္တကူရတဲ့ အိမ္သံုးပစၥည္းေလးေတြသံုးၿပီး တစ္ညတည္းနဲ႔ အသားအေရျပန္ေကာင္းေအာင္ဖန္တီးႀကရေအာင္။ ဒါဆိုရင္ေတာ့ ဒီအသီးအႏွံ ဒီပစၥည္းေလးေတြပဲလိုပါသတဲ့။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၁) အာလူး

အာလူးကေတာ့ အသားအေရအတြက္ တကယ္ထိေရာက္တဲ့ ေဆးေကာင္းတစ္လက္ပါ။ အာလူးရဲ႕ အညိဳအမဲစုပ္ယူေပးတဲ့ ဓါတ္သတၱဳေတြေၾကာင့္ အသားအရည္ ညိဳမဲသြားတာေတြအတြက္ေတာ့ အသင့္ေတာ္ဆံုးပါပဲ။ အာလူးကို အကြင္းလိုက္ပါးပါးေလးေတြလွီးၿပီး မ်က္ႏွာနဲ႔ေနေလာင္ဒဏ္ခံရတဲ့အပိုင္းေတြကို အသားထဲစိမ့္ဝင္တဲ့အထိပြတ္တိုက္ကပ္ထားေပးရံုပါပဲ။

potato

(၂) သခြားသီး

သခြားသီးေလာက္ေကာင္းတ့ဲ သဘာဝ Sunscreen မ်ိဳးမရွိေသးပါဘူး။ ေနေလာင္ခံရတ့ဲ ေနရာေတြကို သခြားသီးေလး ပါးပါးလွီးၿပီးကပ္ထားလိုက္ရင္ေတာ့ လန္းဆန္းတ့ဲရန႔ံေလးနဲ႔အတူ အျမန္ဆံုးကုစားေပးႏုိင္မွာပါတဲ့။

cucumber

(၃) ခရမ္းခ်ဥ္သီး

ပြန္းပ့ဲနီရဲဒဏ္ရာေတြအတြက္ေတာ့ ခရမ္းခ်ဥ္သီးက ရတနာတစ္ပါးပါ။ ခရမ္းခ်ဥ္သီးကိုလည္း အကြင္းလိုက္ေလးေတြလွီးၿပီး မ်က္ႏွာနဲ႔ေနေလာင္ဒဏ္ခံရတဲ့ေနရာေတြကို ကပ္ေပးရံုနဲ႔ အသားအေရျပန္လည္ဝင္းပစိုေျပလာပါလိမ့္မယ္။

tomato

(၄) စေတာ္ဘယ္ရီ

ေနေလာင္ဒဏ္ေၾကာင့္ အေရျပားေတြစပ္ေနတာကို ကုသရာမွာ စေတာ္ဘယ္ရီက မရွိမျဖစ္ပါ။ ဘာေၾကာင့္ပါလိမ့္? သူ႔မွာ နာက်င္မႈေတြကို ေလ်ာ့နည္းသက္သာေစတ့ဲ tannic acid ပါဝင္တာေၾကာင့္ပါတဲ့။ အသံုးျပဳပံုကေတာ့ စေတာ္ဘယ္ရီသီးေလးေတြကို ခပ္ပါးပါးလွီး၊ ေနေလာင္ဒဏ္ရာေပၚအံုထားၿပီး မိနစ္အနည္းငယ္ၾကာတ့ဲအခါ ေရနဲ႔ေသခ်ာေဆးေၾကာလိုက္ရံုပါပဲ။

strawberry

(၅) ဗီတာမင္ စီပါတ့ဲ အစားအစာေတြ

အကယ္လို႔မ်ား ေနေလာင္ဒဏ္က နီေနတုန္း၊ ျဖစ္တာသိပ္မၾကာေသးဘူးဆိုရင္ antixoidiant နဲ႔ vitamin C ပါဝင္တ့ဲ ဘလူးဘယ္ရီသီး၊ စေတာ္ဘယ္ရီသီး၊ ခ်ယ္ရီသီး အစရွိတ့ဲ အစားအစာေတြစားသင့္ပါတယ္။
သူတို႔ကိုစားေပးျခင္းအားျဖင့္ ခႏၶာကိုယ္တြင္း ေရဓာတ္ခမ္းေျခာက္မႈကို ေလွ်ာ့ခ်ေပးတာမို႔ အသားအေရမြဲေျခာက္ေျခာက္မျဖစ္ေတာ့ပဲ ဒဏ္ရာအျမန္သက္သာေစပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၆) ဆလတ္ရြက္

ဆလတ္ရြက္ကလည္း အသားအေရကို ျပန္ကုစားေပးႏိုင္တယ္ဆို အံ့ၾသသြားၿပီမဟုတ္လား? သူကေတာ့ ေရပက္ခံရလို႔ ပြန္းပဲ့ေနတဲ့အသားအေရအတြက္ သက္သာေစတဲ့သဘာဝေဆးပါ။ ဆလတ္ရြက္ကို ႀကိတ္ၿပီးရတဲ့အရည္ကို ေရခဲေသတၱာထဲအေအးခံထားၿပီး အဲ့အရည္ေလးကို ပြန္းပဲ့ခံရတဲ့အသားေရေပၚ ဂြမ္းစေလးနဲ႔ ပြတ္လိမ္းထားေပးရံုနဲ႔ ပြန္းပဲ့ဒဏ္၊ေနေလာင္ဒဏ္ေတြ သက္သာေစမွာပါ။

lettuce

(၇) ရွားေစာင္းလက္ပတ္

ေနေလာင္တာအတြက္ေတာ့ အေကာင္းဆံုးဆို တျခားေျပးမၾကည့္ပါနဲ႔။ ရွားေစာင္းလက္ပတ္ကေတာ့ ဒီသၾကၤန္အတြက္ ဝယ္ကိုစုထားသင့္တဲ့အရာပါ။ အပင္ကတိုက္႐ိုက္ခုတ္ယူထားတဲ့ အေစးပဲျဖစ္ျဖစ္၊ ပရေဆးဆိုင္ေတြကျဖစ္ျဖစ္ သဘာဝရွားေစာင္းလက္ပတ္ကို အေအးခံၿပီး ေနေလာင္ခံရတဲ့အသားအေရေပၚ ခ်က္ခ်င္းလိမ္းေပးရံုနဲ႔ သိသိသာသာ သက္သာေစမွာပါ။

aloe vera

(၈) လက္ဖက္ရည္အိတ္

လက္ဖက္ရည္ကိုလည္း ေနေလာင္တာေတြအတြက္ ခ်န္ထားလို႔မရဘူးေနာ္။ Tea Bag အိတ္ေလး ၃,၄ အိတ္ကိုေရေႏြးဆူဆူပန္းကန္လံုးထဲ စိမ္ထားၿပီး အေရာင္မဲလာၿပီဆိုတာနဲ႔ အထုတ္ေလးေတြဖယ္ၿပီး ေနေလာင္ခံရတဲ့ေနရာေတြကို အရည္သီးသန္႔ေလးနဲ႔ ပြတ္လိမ္းေပးပါ။ အဲ့အထုတ္ေလးေတြနဲ႔ အရည္ထဲစိမ္ၿပီး ပြတ္လိမ္းလည္းရပါတယ္။ ၿပီးရင္ေတာ့ေရမေဆးဘဲ အဲ့အတိုင္းတညလံုးထားေပးရံုပါပဲ။

tea bag

ဒီေလာက္ဆို အဆိုးရြားႀကီး အသားအေရ ပ်က္စီးမေနေတာ့ဘဲ တစ္ရက္ဆိုတစ္ရက္ ကိုယ့္အသားအေရေလးကို တတ္ႏိုင္သေလာက္ ျပန္ကုစားလို႔ရၿပီေနာ္။ တစ္ေနကုန္ေရေဆာ့လာရလို႔ပင္ပန္းတယ္ဆိုၿပီးေတာ့ေတာ့ တန္းမအိပ္လိုက္နဲ႔ဦးေပါ့။ အသားအေရအတြက္လည္း အခ်ိန္ေပးသင့္တယ္မလား။ ဒါဆို ဒီစာေလးဖတ္ၿပီး ေရခဲေသတၱာထဲေမႊရွာၿပီး အျမန္ဆံုးလုပ္လိုက္ၾကေတာ့ေနာ္။

EiEiKhineMinn(Akhayar)

[Unicode]

အိမ်သုံးပစ္စည်းလေးတွေနဲ့ တစ်ညတည်းအမီ နေလောင်ဒဏ်ကိုကုစားမယ်

အကြိုနေ့တစ်ရက်တော့ ဖြတ်သန်းပြီးသွားပြီမလား အခရာရဲ့ ပရိသတ်တို့ရေ။ သင်္ကြန်ကလည်း အားရစရာ ၄ ရက်ကြီးတောင် ကဲရသောင်းကျန်းရဦးမှာဆိုတော့ အသားအရေကိုလည်း နိုင်သလောက်လေး ထိန်းသိမ်းရဦးမှာပေါ့။ တစ်နေကုန်ရေတွေထိ၊ နေလောင်ဒဏ်တွေခံရ၊ ခွက်စောင်းတွေခုတ်၊ မီးသတ်ပိုက်ဒဏ်တွေနဲ့ဆိုတော့ နေလောင်ခံရ၊ ရေဒဏ်နူးအိနေတဲ့ အသားအရေလေးတွေကို တရက်ဆိုတရက်အမီ နောက်တရက်အတွက် အားပြန်ဖြည့်ရအောင်လို့ အိမ်မှာပဲအလွယ်တကူရတဲ့ အိမ်သုံးပစ္စည်းလေးတွေသုံးပြီး တစ်ညတည်းနဲ့ အသားအရေပြန်ကောင်းအောင်ဖန်တီးကြရအောင်။ ဒါဆိုရင်တော့ ဒီအသီးအနှံ ဒီပစ္စည်းလေးတွေပဲလိုပါသတဲ့။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

(၁) အာလူး

အာလူးကတော့ အသားအရေအတွက် တကယ်ထိရောက်တဲ့ ဆေးကောင်းတစ်လက်ပါ။ အာလူးရဲ့ အညိုအမဲစုပ်ယူပေးတဲ့ ဓါတ်သတ္တုတွေကြောင့် အသားအရည် ညိုမဲသွားတာတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ အာလူးကို အကွင်းလိုက်ပါးပါးလေးတွေလှီးပြီး မျက်နှာနဲ့နေလောင်ဒဏ်ခံရတဲ့အပိုင်းတွေကို အသားထဲစိမ့်ဝင်တဲ့အထိပွတ်တိုက်ကပ်ထားပေးရုံပါပဲ။

potato

(၂) သခွားသီး

သခွားသီးလောက်ကောင်းတဲ့ သဘာဝ Sunscreen မျိုးမရှိသေးပါဘူး။ နေလောင်ခံရတဲ့ နေရာတွေကို သခွားသီးလေး ပါးပါးလှီးပြီးကပ်ထားလိုက်ရင်တော့ လန်းဆန်းတဲ့ရနံ့လေးနဲ့အတူ အမြန်ဆုံးကုစားပေးနိုင်မှာပါတဲ့။

cucumber

(၃) ခရမ်းချဉ်သီး

ပွန်းပဲ့နီရဲဒဏ်ရာတွေအတွက်တော့ ခရမ်းချဉ်သီးက ရတနာတစ်ပါးပါ။ ခရမ်းချဉ်သီးကိုလည်း အကွင်းလိုက်လေးတွေလှီးပြီး မျက်နှာနဲ့နေလောင်ဒဏ်ခံရတဲ့နေရာတွေကို ကပ်ပေးရုံနဲ့ အသားအရေပြန်လည်ဝင်းပစိုပြေလာပါလိမ့်မယ်။

tomato

(၄) စတော်ဘယ်ရီ

နေလောင်ဒဏ်ကြောင့် အရေပြားတွေစပ်နေတာကို ကုသရာမှာ စတော်ဘယ်ရီက မရှိမဖြစ်ပါ။ ဘာကြောင့်ပါလိမ့်? သူ့မှာ နာကျင်မှုတွေကို လျော့နည်းသက်သာစေတဲ့ tannic acid ပါဝင်တာကြောင့်ပါတဲ့။ အသုံးပြုပုံကတော့ စတော်ဘယ်ရီသီးလေးတွေကို ခပ်ပါးပါးလှီး၊ နေလောင်ဒဏ်ရာပေါ်အုံထားပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေနဲ့သေချာဆေးကြောလိုက်ရုံပါပဲ။

strawberry

(၅) ဗီတာမင် စီပါတဲ့ အစားအစာတွေ

အကယ်လို့များ နေလောင်ဒဏ်က နီနေတုန်း၊ ဖြစ်တာသိပ်မကြာသေးဘူးဆိုရင် antixoidiant နဲ့ vitamin C ပါဝင်တဲ့ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ အစားအစာတွေစားသင့်ပါတယ်။
သူတို့ကိုစားပေးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုကို လျှော့ချပေးတာမို့ အသားအရေမွဲခြောက်ခြောက်မဖြစ်တော့ပဲ ဒဏ်ရာအမြန်သက်သာစေပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၆) ဆလတ်ရွက်

ဆလတ်ရွက်ကလည်း အသားအရေကို ပြန်ကုစားပေးနိုင်တယ်ဆို အံ့သြသွားပြီမဟုတ်လား? သူကတော့ ရေပက်ခံရလို့ ပွန်းပဲ့နေတဲ့အသားအရေအတွက် သက်သာစေတဲ့သဘာဝဆေးပါ။ ဆလတ်ရွက်ကို ကြိတ်ပြီးရတဲ့အရည်ကို ရေခဲသေတ္တာထဲအအေးခံထားပြီး အဲ့အရည်လေးကို ပွန်းပဲ့ခံရတဲ့အသားရေပေါ် ဂွမ်းစလေးနဲ့ ပွတ်လိမ်းထားပေးရုံနဲ့ ပွန်းပဲ့ဒဏ်၊နေလောင်ဒဏ်တွေ သက်သာစေမှာပါ။

lettuce

(၇) ရှားစောင်းလက်ပတ်

နေလောင်တာအတွက်တော့ အကောင်းဆုံးဆို တခြားပြေးမကြည့်ပါနဲ့။ ရှားစောင်းလက်ပတ်ကတော့ ဒီသင်္ကြန်အတွက် ဝယ်ကိုစုထားသင့်တဲ့အရာပါ။ အပင်ကတိုက်ရိုက်ခုတ်ယူထားတဲ့ အစေးပဲဖြစ်ဖြစ်၊ ပရဆေးဆိုင်တွေကဖြစ်ဖြစ် သဘာဝရှားစောင်းလက်ပတ်ကို အအေးခံပြီး နေလောင်ခံရတဲ့အသားအရေပေါ် ချက်ချင်းလိမ်းပေးရုံနဲ့ သိသိသာသာ သက်သာစေမှာပါ။

aloe vera

(၈) လက်ဖက်ရည်အိတ်

လက်ဖက်ရည်ကိုလည်း နေလောင်တာတွေအတွက် ချန်ထားလို့မရဘူးနော်။ Tea Bag အိတ်လေး ၃,၄ အိတ်ကိုရေနွေးဆူဆူပန်းကန်လုံးထဲ စိမ်ထားပြီး အရောင်မဲလာပြီဆိုတာနဲ့ အထုတ်လေးတွေဖယ်ပြီး နေလောင်ခံရတဲ့နေရာတွေကို အရည်သီးသန့်လေးနဲ့ ပွတ်လိမ်းပေးပါ။ အဲ့အထုတ်လေးတွေနဲ့ အရည်ထဲစိမ်ပြီး ပွတ်လိမ်းလည်းရပါတယ်။ ပြီးရင်တော့ရေမဆေးဘဲ အဲ့အတိုင်းတညလုံးထားပေးရုံပါပဲ။

tea bag

ဒီလောက်ဆို အဆိုးရွားကြီး အသားအရေ ပျက်စီးမနေတော့ဘဲ တစ်ရက်ဆိုတစ်ရက် ကိုယ့်အသားအရေလေးကို တတ်နိုင်သလောက် ပြန်ကုစားလို့ရပြီနော်။ တစ်နေကုန်ရေဆော့လာရလို့ပင်ပန်းတယ်ဆိုပြီးတော့တော့ တန်းမအိပ်လိုက်နဲ့ဦးပေါ့။ အသားအရေအတွက်လည်း အချိန်ပေးသင့်တယ်မလား။ ဒါဆို ဒီစာလေးဖတ်ပြီး ရေခဲသေတ္တာထဲမွှေရှာပြီး အမြန်ဆုံးလုပ်လိုက်ကြတော့နော်။

EiEiKhineMinn(Akhayar)