[Zawgyi]

သဘာဝအတိုင္း ရွည္လ်ားေကာ့ၫြတ္တဲ့ မ်က္ေတာင္ထူထူေလးေတြ ပိုင္ဆိုင္ဖို႔

မိန္းကေလးတစ္ေယာက္ရဲ႕ အလွကို ေဖာ္ၾကဴးႏိုင္တဲ့ မ်က္ႏွာအစိတ္အပိုင္းေတြထဲမွာ အေရးအပါဆံုးဆို မ်က္လံုးေလးေတြပဲျဖစ္မွာပါေနာ္။ ဒါဆို အၾကည့္တစ္ခ်က္နဲ႔တင္ ဆြဲေဆာင္မႈရွိႏိုင္ဖို႔ ကိုယ့္ရဲ႕မ်က္ဝန္းေလးက ညိဳ႕ဓါတ္အျပည့္နဲ႔လွပေနဖို႔လိုတာေပါ့ေနာ္။ မ်က္လံုးကို အဓိက ေျပာင္းလဲေစၿပီး ပိုလွပေစတာက ထူထဲေကာ့ၫြတ္တဲ့မ်က္ေတာင္ေလးေတြဆိုတာလည္း ျငင္းလို႔မရပါဘူး။ ခုေခတ္မွာ Eyelash Extension ဆိုတဲ့ မ်က္ေတာင္အရွည္ေလးေတြစိုက္တဲ့ Surgery ေတြကလည္း ပ်ိဳေမေတြၾကား ေခတ္စားလာတာမို႔ မခြဲစိတ္မျပဳျပင္ဘဲေရာ သဘာဝအတိုင္းေလး ရွည္လ်ားထူထဲတဲ့မ်က္ေတာင္ေလးေတြရႏိုင္မယ့္နည္းလမ္းေလးေတြ ရွာေနၿပီဆိုရင္ ဒီနည္းလမ္းေလးေတြနဲ႔သာ လြယ္လြယ္ကူကူလုပ္ၾကည့္လိုက္ပါဦးေနာ္။

(၁) လိေမၼာ္၊ သံပုရာခြံ

လိေမၼာ္ (သို႔) သံပုရာခြံကို စားပြဲတင္တစ္စြန္းစာခန္႔ ေခ်ၿပီးထည့္ပါ။ သံလြင္ဆီ (သို႔) မုန္ညင္းဆီနဲ႔ျမဳပ္တဲ့ထိ ေရာေမႊၿပီး တစ္ပတ္ခန္႔ထားပါ။ အဲ့အႏွစ္ကို သန္႔စင္ထားတဲ့ Mascara အသန္႔အေဟာင္းနဲ႔ မ်က္ေတာင္ေပၚလိမ္းေပးၿပီးမွ အိပ္ယာဝင္ပါ။ မနက္အိပ္ရာႏိုးရင္ မ်က္ေတာင္ကို ေရေႏြးေႏြးေလးနဲ႔ ျပန္ေဆးပါ။ တစ္လခန္႔ ၾကာရင္ သိသာတဲ့ရလဒ္ ရလာပါလိမ့္မယ္။

(၂) သံလြင္ဆီ နဲ႔ ရွားေစာင္းလက္ပတ္

သံလြင္ဆီတို႔ ရွားေစာင္းလက္ပတ္တို႔ဟာလည္း မ်က္ေတာင္ထူထပ္ေကာ့ၫြတ္ေစမယ့္ အားျဖည့္အဆီတစ္မ်ိဳးပါ။ သူတို႔ထဲမွ လြယ္ကူရာတစ္မ်ိဳးကို သန္႔စင္ထားတဲ့ Mascaraအသန္႔နဲ႔ ညအိပ္ခါနီးတိုင္း မ်က္ေတာင္ေလးေတြေပၚ လိမ္းေပးရံုၿပီး မနက္ႏိုးရင္ ေရေႏြးေလးနဲ႔ ေဆးေပးရံုနဲ႔ ထူထပ္တဲ့မ်က္ေတာင္ေတြ ရလာမွာပါ။

(၃) ၾကက္ဥ

အိမ္မွာ အလြယ္တကူစားေနတဲ့ ၾကက္ဥကလည္း မ်က္ေတာင္ေလးေတြ ထူထပ္ေကာ့ၫြတ္ဖို႔ ေဆးတစ္လက္ပါ။ ၾကက္ဥတစ္လံုးကို ေဖာက္ထည့္ၿပီး Glycerine အလွဆီစားပြဲတင္ဇြန္းတစ္ဇြန္းခန္႔ထည့္ပါ။ ၿပီးရင္ အႏွစ္ထူပ်စ္ပ်စ္ရတဲ့အထိ ေမႊပါ။ အဲ့အႏွစ္ထဲ ဝါဂြမ္းအစိုေလးကိုႏွစ္ၿပီး မ်က္ေတာင္အရင္းမွ အဖ်ားထိ ျငင္သာစြာ ပြတ္ေပးပါ။ ၿပီးေနာက္ ၁၅ မိနစ္ခန္႔ထားၿပီး ေရေအးေလးနဲ႔ ေဆးေပးပါ။ ဒီနည္းေလးကို တစ္ပတ္ ၃ ႀကိမ္ခန္႔လုပ္ရင္ လအနည္းငယ္ၾကာတဲ့အခါ သိသိသာသာ မ်က္ေတာင္ေလးေတြ ထူလာမွာပါ။

(၄) အုန္းႏို႔

အုန္းႏို႔ထဲမွာ ပါတဲ့ ဗီတာမင္ဓါတ္ေတြကလည္း မ်က္ေတာင္ေတြရွည္လ်ားေစဖို႔ အေထာက္အကူျပဳတာေၾကာင့္ အုန္းႏို႔အရဘ္ကိုလည္း ဝါဂြမ္းေလးနဲ႔ တို႔ၿပီး မ်က္လံုးအရင္းမွ အဖ်ားထိ ပြတ္တိုက္ေပးျခင္းကို တစ္ရက္ ၂ ႀကိမ္ခန္႔လုပ္ေပးႏိုင္ပါတယ္။

(၅) မ်က္ခြံတစ္ဝိုက္ႏွိပ္နယ္ေပးျခင္း

မ်က္ခြံတစ္ဝိုက္ကို ႏွိပ္နယ္ေပးျခင္းဟာလည္း မ်က္ေတာင္ရွည္လ်ားဖို႔ကို အေထာက္အကူျပဳတာမို႔ မ်က္ေတာင္ထူထူေလးေတြလိုခ်င္ရင္ေတာ့ မၾကာခန ႏွိပ္နယ္ေပးဖို႔ လိုအပ္ပါတယ္။ မႏွိပ္နယ္ခင္ လက္ကိုသန္႔စင္ေအာင္ေဆးၿပီး အဆီတစ္မ်ိဳးမ်ိဳး၊ Petroleum Jelly (သို႔) Shea Butter ေလးလိမ္းၿပီး လက္ထိပ္ေလးနဲ႔ မ်က္ခြံတစ္ဝိုက္ကို စက္ဝိုင္းပံုစံ ႏွိပ္နယ္ေပးရံုပါပဲ။ တစ္ေန႔ကို ၅ မိနစ္မွ ၇ မိနစ္ထိ ၂ႀကိမ္ခန္႔ ႏွိပ္နယ္ေပးရံုနဲ႔ မ်က္ေတာင္ေလးေတြ အားျဖည့္ေပးၿပီး ရွည္လ်ားလာေစမွာပါ။

ဒီလိုလြယ္လြယ္ကူကူနည္းလမ္းေလးေတြနဲ႔သာ လုပ္သြားရင္ မ်က္ေတာင္ေလးေတြ ေကာ့ၫႊတ္ၿပီး သဘာဝအတိုင္း ရွည္လ်ားလွပေနေစမွာ အမွန္ပါေနာ္။

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Zawgyi]

သဘာဝအတိုင်း ရှည်လျားကော့ညွတ်တဲ့ မျက်တောင်ထူထူလေးတွေ ပိုင်ဆိုင်ဖို့

မိန်းကလေးတစ်ယောက်ရဲ့ အလှကို ဖော်ကြူးနိုင်တဲ့ မျက်နှာအစိတ်အပိုင်းတွေထဲမှာ အရေးအပါဆုံးဆို မျက်လုံးလေးတွေပဲဖြစ်မှာပါနော်။ ဒါဆို အကြည့်တစ်ချက်နဲ့တင် ဆွဲဆောင်မှုရှိနိုင်ဖို့ ကိုယ့်ရဲ့မျက်ဝန်းလေးက ညို့ဓါတ်အပြည့်နဲ့လှပနေဖို့လိုတာပေါ့နော်။ မျက်လုံးကို အဓိက ပြောင်းလဲစေပြီး ပိုလှပစေတာက ထူထဲကော့ညွတ်တဲ့မျက်တောင်လေးတွေဆိုတာလည်း ငြင်းလို့မရပါဘူး။ ခုခေတ်မှာ Eyelash Extension ဆိုတဲ့ မျက်တောင်အရှည်လေးတွေစိုက်တဲ့ Surgery တွေကလည်း ပျိုမေတွေကြား ခေတ်စားလာတာမို့ မခွဲစိတ်မပြုပြင်ဘဲရော သဘာဝအတိုင်းလေး ရှည်လျားထူထဲတဲ့မျက်တောင်လေးတွေရနိုင်မယ့်နည်းလမ်းလေးတွေ ရှာနေပြီဆိုရင် ဒီနည်းလမ်းလေးတွေနဲ့သာ လွယ်လွယ်ကူကူလုပ်ကြည့်လိုက်ပါဦးနော်။

(၁) လိမ္မော်၊ သံပုရာခွံ

လိမ္မော် (သို့) သံပုရာခွံကို စားပွဲတင်တစ်စွန်းစာခန့် ချေပြီးထည့်ပါ။ သံလွင်ဆီ (သို့) မုန်ညင်းဆီနဲ့မြုပ်တဲ့ထိ ရောမွှေပြီး တစ်ပတ်ခန့်ထားပါ။ အဲ့အနှစ်ကို သန့်စင်ထားတဲ့ Mascara အသန့်အဟောင်းနဲ့ မျက်တောင်ပေါ်လိမ်းပေးပြီးမှ အိပ်ယာဝင်ပါ။ မနက်အိပ်ရာနိုးရင် မျက်တောင်ကို ရေနွေးနွေးလေးနဲ့ ပြန်ဆေးပါ။ တစ်လခန့် ကြာရင် သိသာတဲ့ရလဒ် ရလာပါလိမ့်မယ်။

(၂) သံလွင်ဆီ နဲ့ ရှားစောင်းလက်ပတ်

သံလွင်ဆီတို့ ရှားစောင်းလက်ပတ်တို့ဟာလည်း မျက်တောင်ထူထပ်ကော့ညွတ်စေမယ့် အားဖြည့်အဆီတစ်မျိုးပါ။ သူတို့ထဲမှ လွယ်ကူရာတစ်မျိုးကို သန့်စင်ထားတဲ့ Mascaraအသန့်နဲ့ ညအိပ်ခါနီးတိုင်း မျက်တောင်လေးတွေပေါ် လိမ်းပေးရုံပြီး မနက်နိုးရင် ရေနွေးလေးနဲ့ ဆေးပေးရုံနဲ့ ထူထပ်တဲ့မျက်တောင်တွေ ရလာမှာပါ။

(၃) ကြက်ဥ

အိမ်မှာ အလွယ်တကူစားနေတဲ့ ကြက်ဥကလည်း မျက်တောင်လေးတွေ ထူထပ်ကော့ညွတ်ဖို့ ဆေးတစ်လက်ပါ။ ကြက်ဥတစ်လုံးကို ဖောက်ထည့်ပြီး Glycerine အလှဆီစားပွဲတင်ဇွန်းတစ်ဇွန်းခန့်ထည့်ပါ။ ပြီးရင် အနှစ်ထူပျစ်ပျစ်ရတဲ့အထိ မွှေပါ။ အဲ့အနှစ်ထဲ ဝါဂွမ်းအစိုလေးကိုနှစ်ပြီး မျက်တောင်အရင်းမှ အဖျားထိ ငြင်သာစွာ ပွတ်ပေးပါ။ ပြီးနောက် ၁၅ မိနစ်ခန့်ထားပြီး ရေအေးလေးနဲ့ ဆေးပေးပါ။ ဒီနည်းလေးကို တစ်ပတ် ၃ ကြိမ်ခန့်လုပ်ရင် လအနည်းငယ်ကြာတဲ့အခါ သိသိသာသာ မျက်တောင်လေးတွေ ထူလာမှာပါ။

(၄) အုန်းနို့

အုန်းနို့ထဲမှာ ပါတဲ့ ဗီတာမင်ဓါတ်တွေကလည်း မျက်တောင်တွေရှည်လျားစေဖို့ အထောက်အကူပြုတာကြောင့် အုန်းနို့အရဘ်ကိုလည်း ဝါဂွမ်းလေးနဲ့ တို့ပြီး မျက်လုံးအရင်းမှ အဖျားထိ ပွတ်တိုက်ပေးခြင်းကို တစ်ရက် ၂ ကြိမ်ခန့်လုပ်ပေးနိုင်ပါတယ်။

(၅) မျက်ခွံတစ်ဝိုက်နှိပ်နယ်ပေးခြင်း

မျက်ခွံတစ်ဝိုက်ကို နှိပ်နယ်ပေးခြင်းဟာလည်း မျက်တောင်ရှည်လျားဖို့ကို အထောက်အကူပြုတာမို့ မျက်တောင်ထူထူလေးတွေလိုချင်ရင်တော့ မကြာခန နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ မနှိပ်နယ်ခင် လက်ကိုသန့်စင်အောင်ဆေးပြီး အဆီတစ်မျိုးမျိုး၊ Petroleum Jelly (သို့) Shea Butter လေးလိမ်းပြီး လက်ထိပ်လေးနဲ့ မျက်ခွံတစ်ဝိုက်ကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရုံပါပဲ။ တစ်နေ့ကို ၅ မိနစ်မှ ၇ မိနစ်ထိ ၂ကြိမ်ခန့် နှိပ်နယ်ပေးရုံနဲ့ မျက်တောင်လေးတွေ အားဖြည့်ပေးပြီး ရှည်လျားလာစေမှာပါ။

ဒီလိုလွယ်လွယ်ကူကူနည်းလမ်းလေးတွေနဲ့သာ လုပ်သွားရင် မျက်တောင်လေးတွေ ကော့ညွှတ်ပြီး သဘာဝအတိုင်း ရှည်လျားလှပနေစေမှာ အမှန်ပါနော်။

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။