[ZawGyi]

ေရႊရင္အစံုဖြ႔ံထြားေစဖုိ႔ အေကာင္းဆံုးနည္းလမ္းမ်ား

မိန္းကေလးဆုိတာ ရွိသင္႔တာရွိပါမွ အလွကျပည္႔စံုတယ္၊ အဝတ္အစားဝတ္ရင္လည္းပိုလွတယ္လုိ႔ဆုိႏိုင္ပါတယ္။ မိန္းကေလးပီပီ ရွိသင္႔တာေလးရွိပါမွ သူမကိုယ္တုိင္ကလည္းယံုၾကည္မႈရွိပါတယ္။ ဒီေတာ႔ မိန္းကေလးအျဖစ္ေပၚလြင္လွပလာရျခင္းရဲ႕ အစိတ္အပိုင္းထဲမွာပါတဲ႔ ေရႊရင္အစံုဖြ႔ံထြားဖို႔ကလည္းမျဖစ္မေနလုိျပန္ေရာ။ ဒီလုိလုိအပ္ခ်က္ကိုျဖည္႔ဆည္းဖုိ႔ ရင္သားကိုဖြ႔ံထြားေစမယ္႔နည္းလမ္းေလးေတြကို လုပ္ေဆာင္ၾကည္႔ရေအာင္။

Breast-Enlargement

Breast-Enlargement

ဒါေတြစားပါ

အမ်ိဳးသမီးအျဖစ္ပံုေပၚလွပလာရျခင္းမွာ အီစထရိုဂ်င္ေဟာ္မုန္းက အဓိကေနရာကပါဝင္ေနပါတယ္။ ဒါဟာ ရင္နဲ႔တင္ေတြထြက္လာေစဖုိ႔ မျဖစ္မေနလုိအပ္တဲ႔ေဟာ္မုန္းပါပဲ။ အီစထရိုဂ်င္လယ္ဗယ္ တက္လာေစဖို႔ ဒါေတြကိုစားႏိုင္ပါတယ္။

ပန္းသီး၊ ပဲပိစပ္၊ကုလားပဲ၊ဘိုစားပဲ၊ႏြားႏို႔ ၊ အေစ႔အဆံေတြ၊ ပင္လယ္စာ၊ အသား၊ အစိမ္းေရာင္အရြက္ဖားဖားေတြကို စားသံုးရမွာပါ။

ပဲပိစပ္၊ တုိ႔ဟူးတုိ႔က Phytoestrogens လို႔ေခၚတဲ႔ရင္သားၾကီးထြားေစႏိုင္တဲ႔ေဟာ္မုန္းေတြကို တုိးပြားလာေစပါတယ္။ ဒီအစားအေသာက္ေတြက ရင္သားတစ္ရွဴးေတြကိုလႈံ႕ေဆာ္ေပးတာမုိ႔ ရင္သားၾကီးထြားမႈကိုသိသာလာေစတာပါ။ ဒါေၾကာင္႔ ပဲနဲ႔ႏြားႏို႔ေတြ မ်ားမ်ားစားေပးဖုိ႔လုိပါတယ္။

soy-bean

soy-bean

ရင္သားထြားခ်င္ရင္ အသားေတာ႔မျဖစ္မေနစားဖုိ႔လုိပါတယ္။ အထူးသျဖင္႔ အမဲသားက သိသိသာသာရင္သားထြားေစတာပါ။ အဆီမပါတဲ႔အသားမွန္သမွ် စားေပးႏိုင္ပါတယ္။

ပင္လယ္စာေတြထဲမွာ ပုစြန္၊အက်ည္းခြံပါတဲ႔ငါးေတြ၊ကမာေတြ၊ ေရညွိေတြ စားေပးရမွာပါ။ သူတုိ႔ကမဂၢနီဆီယမ္ၾကြယ္ဝျပီး လိင္ေဟာ္မုန္းနဲ႔ရင္သားတစ္ရွဴးေတြကိုတက္လာေစႏိုင္တာမုိ႔ ပင္လယ္စာေတြမ်ားမ်ားစားေပးပါ။

ေလ႔က်င္႔ခန္းလုပ္ပါ

ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းကိုပဲေျပာင္းလဲခ်င္သည္ျဖစ္ေစ ေလ႔က်င္႔ခန္းမပါဘဲနဲ႔ မျဖစ္ႏိုင္ဘူးဆုိတာအားလံုးလည္း သိၾကမွာပါ။(ခြဲစိတ္ျပဳျပင္လိုက္တာကလြဲလို႔ေပါ႔) ရင္သားထြားေစဖုိ႔ ရင္သားတစ္ဝိုက္ကၾကြက္သားေတြကို အလုပ္ေပးရမွာပါ။ ဒီေတာ႔ Push ups ၊ Bench Presses နဲ႔ Chest Compression ေတြကိုလုပ္ေဆာင္ရမွာပါ။

Push-ups

Push-ups

ႏွိပ္နယ္ပါ

ရင္သားတစ္ဝိုက္ကိုပံုမွန္ႏွိပ္နယ္ေပးျခင္းက ရင္သားတစ္ဝိုက္မွာေသြးလည္ပတ္မႈေကာင္းေစျပီး တစ္ရွဴးေတြကိုအလုပ္ေပးတာေၾကာင္႔ တင္းရင္းဖြ႔ံထြားတဲ႔ ေရႊရင္အစံုကိုရရွိေစတာပါ။ သံလြင္ဆီ၊ Vaseline လိုမ်ိဳးအဆီေတြလိမ္းျပီး မနက္ခင္းနဲ႔ညမအိပ္ခင္မွာ ပံုမွန္ႏွိပ္နယ္ေပးရင္ သိသာတဲ႔ရလဒ္ကိုရလာေစပါတယ္။ အေပၚကိုပင္႔တင္တဲ႔ပံုစံနဲ႔ႏွိပ္နယ္ေပးရမွာပါ။

Smoothie ေသာက္မယ္

ပိန္ခ်င္သူေတြေရာ ဝခ်င္သူေတြေရာက Ingredients ေတြအမ်ိဳးမ်ိဳးေျပာင္းျပီး Smoothie မ်ိဳးစံုလုပ္ေသာက္ၾကပါတယ္။ ရင္သားဖြ႔ံထြားဖုိ႔အတြက္လည္း Smoothie ေသာက္ႏိုင္ပါတယ္။ ပါဝင္ရမယ္႔ Ingredients ေတြကေတာ႔ ဒါေတြပါ။
လိေမၼာ္သီးတစ္လံုး၊သခြားသီးတစ္ဝက္၊ဒိန္ခ်ဥ္ခြက္တစ္ဝက္၊စေတာ္ဘယ္ရီ ၄လံုး၊ဂရိတ္ဖရုတစ္ခြက္၊ကီဝီတစ္ခြက္၊Flax seed Powder စားပြဲတင္ဇြန္းတစ္ဝက္ လိုပါတယ္။ ဒါေတြအားလံုးကိုေရာၾကိတ္ျပီး မၾကာခဏေသာက္ေပးပါ။

သေဘၤာသီးစိမ္း

green-papaya

green-papaya

ရင္သားဖြ႔ံထြားခ်င္ရင္ သေဘၤာသီးေထာင္းတို႔ သေဘၤာသီးသုပ္တုိ႔ မ်ားမ်ားစားေပးပါ။ သေဘၤာသီးအစိမ္းမွာ ရင္သားအတြက္အ႔ံမခန္းတဲ႔အစြမ္းသတၱိေတြရွိေနပါတယ္။ ရာသီလာျပီးေနာက္ပိုင္းမွာ စားေပးရင္ပိုျပီးေတာ႔ေတာင္အက်ိဳးေက်းဇူးမ်ားပါတယ္တဲ႔။

ကဲ…Cup Size တိုးခ်င္တယ္ဆုိရင္ ဒီနည္းေတြအတုိင္းလုပ္ေဆာင္ၾကည္႔ပါဦးေနာ္။

www.akhayar.com

[Unicode]

ရွှေရင်အစုံဖွံ့ထွားစေဖို့ အကောင်းဆုံးနည်းလမ်းများ

မိန်းကလေးဆိုတာ ရှိသင့်တာရှိပါမှ အလှကပြည့်စုံတယ်၊ အဝတ်အစားဝတ်ရင်လည်းပိုလှတယ်လို့ဆိုနိုင်ပါတယ်။ မိန်းကလေးပီပီ ရှိသင့်တာလေးရှိပါမှ သူမကိုယ်တိုင်ကလည်းယုံကြည်မှုရှိပါတယ်။ ဒီတော့ မိန်းကလေးအဖြစ်ပေါ်လွင်လှပလာရခြင်းရဲ့ အစိတ်အပိုင်းထဲမှာပါတဲ့ ရွှေရင်အစုံဖွံ့ထွားဖို့ကလည်းမဖြစ်မနေလိုပြန်ရော။ ဒီလိုလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ရင်သားကိုဖွံ့ထွားစေမယ့်နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ရအောင်။

Breast-Enlargement

Breast-Enlargement

ဒါတွေစားပါ

အမျိုးသမီးအဖြစ်ပုံပေါ်လှပလာရခြင်းမှာ အီစထရိုဂျင်ဟော်မုန်းက အဓိကနေရာကပါဝင်နေပါတယ်။ ဒါဟာ ရင်နဲ့တင်တွေထွက်လာစေဖို့ မဖြစ်မနေလိုအပ်တဲ့ဟော်မုန်းပါပဲ။ အီစထရိုဂျင်လယ်ဗယ် တက်လာစေဖို့ ဒါတွေကိုစားနိုင်ပါတယ်။

ပန်းသီး၊ ပဲပိစပ်၊ကုလားပဲ၊ဘိုစားပဲ၊နွားနို့ ၊ အစေ့အဆံတွေ၊ ပင်လယ်စာ၊ အသား၊ အစိမ်းရောင်အရွက်ဖားဖားတွေကို စားသုံးရမှာပါ။

ပဲပိစပ်၊ တို့ဟူးတို့က Phytoestrogens လို့ခေါ်တဲ့ရင်သားကြီးထွားစေနိုင်တဲ့ဟော်မုန်းတွေကို တိုးပွားလာစေပါတယ်။ ဒီအစားအသောက်တွေက ရင်သားတစ်ရှူးတွေကိုလှုံ့ဆော်ပေးတာမို့ ရင်သားကြီးထွားမှုကိုသိသာလာစေတာပါ။ ဒါကြောင့် ပဲနဲ့နွားနို့တွေ များများစားပေးဖို့လိုပါတယ်။

soy-bean

soy-bean

ရင်သားထွားချင်ရင် အသားတော့မဖြစ်မနေစားဖို့လိုပါတယ်။ အထူးသဖြင့် အမဲသားက သိသိသာသာရင်သားထွားစေတာပါ။ အဆီမပါတဲ့အသားမှန်သမျှ စားပေးနိုင်ပါတယ်။

ပင်လယ်စာတွေထဲမှာ ပုစွန်၊အကျည်းခွံပါတဲ့ငါးတွေ၊ကမာတွေ၊ ရေညှိတွေ စားပေးရမှာပါ။ သူတို့ကမဂ္ဂနီဆီယမ်ကြွယ်ဝပြီး လိင်ဟော်မုန်းနဲ့ရင်သားတစ်ရှူးတွေကိုတက်လာစေနိုင်တာမို့ ပင်လယ်စာတွေများများစားပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ

ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုပဲပြောင်းလဲချင်သည်ဖြစ်စေ လေ့ကျင့်ခန်းမပါဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာအားလုံးလည်း သိကြမှာပါ။(ခွဲစိတ်ပြုပြင်လိုက်တာကလွဲလို့ပေါ့) ရင်သားထွားစေဖို့ ရင်သားတစ်ဝိုက်ကကြွက်သားတွေကို အလုပ်ပေးရမှာပါ။ ဒီတော့ Push ups ၊ Bench Presses နဲ့ Chest Compression တွေကိုလုပ်ဆောင်ရမှာပါ။

Push-ups

Push-ups

နှိပ်နယ်ပါ

ရင်သားတစ်ဝိုက်ကိုပုံမှန်နှိပ်နယ်ပေးခြင်းက ရင်သားတစ်ဝိုက်မှာသွေးလည်ပတ်မှုကောင်းစေပြီး တစ်ရှူးတွေကိုအလုပ်ပေးတာကြောင့် တင်းရင်းဖွံ့ထွားတဲ့ ရွှေရင်အစုံကိုရရှိစေတာပါ။ သံလွင်ဆီ၊ Vaseline လိုမျိုးအဆီတွေလိမ်းပြီး မနက်ခင်းနဲ့ညမအိပ်ခင်မှာ ပုံမှန်နှိပ်နယ်ပေးရင် သိသာတဲ့ရလဒ်ကိုရလာစေပါတယ်။ အပေါ်ကိုပင့်တင်တဲ့ပုံစံနဲ့နှိပ်နယ်ပေးရမှာပါ။

Smoothie သောက်မယ်

ပိန်ချင်သူတွေရော ဝချင်သူတွေရောက Ingredients တွေအမျိုးမျိုးပြောင်းပြီး Smoothie မျိုးစုံလုပ်သောက်ကြပါတယ်။ ရင်သားဖွံ့ထွားဖို့အတွက်လည်း Smoothie သောက်နိုင်ပါတယ်။ ပါဝင်ရမယ့် Ingredients တွေကတော့ ဒါတွေပါ။
လိမ္မော်သီးတစ်လုံး၊သခွားသီးတစ်ဝက်၊ဒိန်ချဉ်ခွက်တစ်ဝက်၊စတော်ဘယ်ရီ ၄လုံး၊ဂရိတ်ဖရုတစ်ခွက်၊ကီဝီတစ်ခွက်၊Flax seed Powder စားပွဲတင်ဇွန်းတစ်ဝက် လိုပါတယ်။ ဒါတွေအားလုံးကိုရောကြိတ်ပြီး မကြာခဏသောက်ပေးပါ။

သင်္ဘောသီးစိမ်း

green-papaya

green-papaya

ရင်သားဖွံ့ထွားချင်ရင် သင်္ဘောသီးထောင်းတို့ သင်္ဘောသီးသုပ်တို့ များများစားပေးပါ။ သင်္ဘောသီးအစိမ်းမှာ ရင်သားအတွက်အံ့မခန်းတဲ့အစွမ်းသတ္တိတွေရှိနေပါတယ်။ ရာသီလာပြီးနောက်ပိုင်းမှာ စားပေးရင်ပိုပြီးတော့တောင်အကျိုးကျေးဇူးများပါတယ်တဲ့။

ကဲ…Cup Size တိုးချင်တယ်ဆိုရင် ဒီနည်းတွေအတိုင်းလုပ်ဆောင်ကြည့်ပါဦးနော်။

www.akhayar.com