အခုေနာက္ပိုင္းမွာေတာ့ ကိုယ့္အိမ္ရဲ႕ဧည့္ခန္းမွာ TV အၾကီးစားၾကီး တစ္ခုေလာက္ထားရွိမယ့္အစား ေနရာမစားတဲ့ ပရိုဂ်က္တာတစ္ခုနဲ႔သာ အလုပ္ျဖစ္ေအာင္ထားၾကတာမ်ိဳး ေခတ္စားလာပါတယ္။ လက္မ ၈၀ TV တစ္လံုးနဲ႔ ရုပ္ရွင္ဇာတ္ကားေတြကိုိ ခံစားေနရတာထက္ အကုန္အက်ပုိသက္သာတဲ့ ပရိုဂ်က္တာနဲ႔ လက္မ ၁၂၀ မ်က္ႏွာျပင္ေပၚမွာ ရုပ္ရွင္ၾကည့္ေနရတာက ပိုၿပီးေတာ့ အရသာရွိတယ္လို႔ TV အစား ပရိုဂ်က္တာကို အသံုးျပဳေနသူေတြက ေထာက္ခံၾကပါတယ္။

ကၽြန္ေတာ္တို႔ႏုိင္ငံအေနနဲ႔ေတာ့ TV အသံုးျပဳမႈသာ မ်ားျပားလ်က္ရွိေနၿပီး အနည္းငယ္ အစိမ္းသက္သက္ျဖစ္ေနတဲ့ ပရိုဂ်က္တာကို အသံုးျပဳမႈေတာ့ နည္းပါးလ်က္ရွိေနပါေသးတယ္။ ကိုယ့္အိမ္မွာ ပရိုဂ်က္တာထားတာက ေကာင္းမလား ၊ TV ကပဲ သင့္ေတာ္မလားဆိုတာကို ဒီေဆာင္းပါးကို ဖတ္ၿပီးသံုးသပ္ႏုိင္မွာပါ။ ကဲ ကၽြန္ေတာ္နဲ႔အတူ ပရိုဂ်က္တာတစ္လံုးရဲ႕ အေျခခံအေၾကာင္းေလးေတြကို အရင္ဆံုးေလ့လာၾကည့္ရေအာင္။

 

ပရိုဂ်က္တာရဲ႕ အေျခခံအေၾကာင္း

ပရိုဂ်က္တာဟာ အေျခခံအားျဖင့္ေတာ့ ပိတ္ကားတစ္ခုနဲ႔ Projection လုပ္ေပးတဲ့ ပရိုဂ်က္တာတို႔သာ ပါဝင္တဲ့ ရိုးရွင္းတဲ့ Two-Piece System တစ္ခုပဲျဖစ္ပါတယ္။ ဒီလုိ ပရိုဂ်က္တာအသံုးျပဳတာဟာ ကရိကထမ်ားလြန္းတယ္လုိ႔ လူအမ်ားစုက ခံယူထားၾကပါတယ္။ တကယ္ေတာ့ ဒါဟာ တပ္ရဆင္ရလြယ္ကူလြန္းတဲ့ System တစ္ခုပါပဲ။

Projection ျပဳလုပ္ရမွာ အၾကမ္းအားျဖင့္ နည္းပညာ ၃ ခု ပါရွိပါတယ္။ DLP ၊ LCD နဲ႔ LCOS ဆိုၿပီးေတာ့ ျဖစ္ပါတယ္။ LCD နည္းပညာကေတာ့ မ်ားေသာအားျဖင့္ Flat TVေတြမွာ ပါဝင္ပါတယ္။ LCD ပရိုဂ်က္တာေတြဟာ တန္ဖိုးနည္းနဲ႔ အသင့္အတင့္ရွိၾကၿပီး ေကာင္းမြန္တဲ့ ပရိုဂ်က္တာအမ်ိဳးအစားေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ Epson ပရိုဂ်က္တာေတြကေတာ့ LCD ပရိုဂ်က္တာေတြၾကားမွာ နာမည္ေကာင္းရပါတယ္။

ေနာက္ထပ္တစ္ခုျဖစ္တဲ့ DLP (Digital Light Processing) ပရိုဂ်က္တာေတြကေတာ့ အရမ္းကို ေသးငယ္လြန္းလွတဲ့ မွန္ကြက္ေလးေတြကို ခ်စ္ပ္အေသးစားေလးေတြနဲ႔ တြဲဖက္အလုပ္လုပ္တာပါ။ ရုပ္ထြက္ကေတာ့ ရွယ္မိုက္ေပမယ့္ ေဈးၾကီးလြန္းတာေၾကာင့္ လူသံုးနည္းလ်က္ရွိေနပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ဒီလိုမ်ိဳး ပရိုဂ်က္တာေတြကို ရုပ္ရွင္ရံုေတြမွာ အသံုးျပဳၾကတာပါ။

LCOS (Liquid Crystal on Silicon) ပရိုဂ်က္တာေတြကေတာ့ LCD နဲ႔ DLP ပရိုဂ်က္တာေတြရဲ႕ မ်ိဳးစပ္ Hybrid တစ္မ်ိဳးပါ။ မွန္ၾကည္မ်က္ႏွာျပင္ေပၚမွာ ခရစၥတယ္အလႊာထပ္အုပ္ထားတာေၾကာင့္ Black Level နဲ႔ Contrast Rations က်တာေတြက ေတာ္ေတာ္ေကာင္းပါတယ္။ ဒီပရိုဂ်က္တာမ်ိဳးေတြကေတာ့ ေဈးအသင့္အတင့္နဲ႔ ေဈးအျမင့္စား အမ်ိဳးမ်ိဳးရွိတတ္ပါတယ္။ Sony ကေတာ့ ဒီပရိုဂ်က္တာ တစ္မ်ိဳးကို SXRD လို႔နာမည္ေပးထားၿပီး နာမည္ေက်ာ္တဲ့ ပရိုဂ်က္တာမ်ိဳးဆက္တစ္ခုပါပဲ။

ပရိုဂ်က္တာအေၾကာင္းရွင္းျပေနတာနဲ႔ စာရွည္သြားၿပီေနာ္။ ဒီေတာ့ အခရာပရိသတ္ေတြအတြက္ ပရိုဂ်က္တာသံုးရင္ေကာင္းမလား ၊ TVကပဲ ကိုယ့္အိမ္နဲ႔ပိုကုိက္မလား ဒီအခ်က္ေလးေတြနဲ႔ သံုးသပ္ၾကည့္ရေအာင္။

 

ေနရာယူမႈ

ေနရာယူတာမႈမွာေတာ့ ပရိုဂ်က္တာက အသာရပါတယ္။ အရြယ္အစားၾကီးမားတဲ့ Screen ကို လိပ္ၿပီး သိမ္းထားႏုိင္တာ ၊ မ်က္ႏွာက်က္ကေန ခ်ိတ္ဆြဲထားႏုိင္တာေတြကေတာ့ ေနရာယူမႈနည္းပါတယ္။ ဒါေတာင္ အလင္းျပန္ပိတ္ကားကုိ အသံုးျပဳသူေတြမွပါပဲ.. တစ္ခ်ဳိ႕ကေတာ့ နံရံကို ေဆးအျဖဴသုတ္ၿပီး ပရိုဂ်က္တာနဲ႔ ထုိးၾကည့္လိုက္တာပါ။ ဒါ့ေၾကာင့္ ပရိုဂ်က္တာက ေနရာယူမႈမွာ အေတာ္ေလးကို ရာခိုင္ႏႈန္းနည္းသြားတာပါ။

TV တစ္ခုအေနနဲ႔ဆုိရင္ေတာ့ TV တင္ဖို႔ စင္ျဖစ္ျဖစ္ တစ္ခုခုရွိေနမွာပါ။ နံရံကပ္တီဗီဆိုရင္ေတာင္မွ ပရိုဂ်က္တာနဲ႔ ထုိးၾကည့္တဲ့ အရြယ္ေလာက္ရရွိဖို႔ဆိုရင္ ေနရာယူတာက သိသာမွာပါ။ ပရိုဂ်က္တာကၾကည့္ၿပီးတာနဲ႔ သိမ္းလုိ႔ရေပမယ့္ TV ကေတာ့မရပါဘူး။ ဒါ့ေၾကာင့္ ဒီေနရာမွာေတာ့ TV က ရႈံးပါတယ္။ အိမ္အေနအထားေပၚမူတည္ၿပီး စဥ္းစားသင့္တယ္လုိ႔ထင္ပါတယ္။

တစ္ခုရွိတာကေတာ့ ပရိုဂ်က္တာထုိးထားတဲ့ေရွ႕မွာ အတားအဆီးပစၥည္းတစ္ခုခုရွိေနလု႔ိမရပါဘူး။ ပရိုဂ်က္တာနဲ႔ ပိတ္ကားၾကားမွာ ရွင္းလင္းေအာင္ထားထားရမွာပါ။

 

အရြယ္အစားခ်ိန္ညွိရမႈ

 

ပရိုဂ်က္တာနဲ႔ ၾကည့္မယ္ဆုိရင္ေတာ့ ရုပ္ရွင္ကားရဲ႕ ရုပ္ထြက္ Ratio ေပၚကို မူတည္ၿပီး အေျပာင္းအလဲေတြ ျပဳလုပ္ေပးရပါတယ္။ ကိုယ္ခ်ိန္ထားတဲ့ Mode ေပၚမူတည္ၿပီး ဇာတ္ကားရဲ႕ ရုပ္ထြက္ Ratio နဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ လုပ္ရတာက အလုပ္ရႈပ္ပါတယ္။ ကၽြန္ေတာ္က 16×9 Mode ကုိ ေရြးထားေပမယ့္လည္း ဇာတ္ကားရဲ႕ရုပ္ထြက္အခ်ိဳးက 2.35:1 ျဖစ္ေနတဲ့အခါမ်ိဳးမွာ မ်က္ႏွာၾကီးေတြရွည္ထြက္ေနတာမ်ိဳးေတြ စတဲ့အခ်ိဳးမက်မႈေတြကို ေတြ႕ၾကံဳရႏုိင္ပါတယ္။ ခ်ိန္ညွိရတာကေတာ့ လြယ္ေပမယ့္လည္း နည္းနည္းေတာ့ အလုပ္ရႈပ္ပါတယ္။ TV မွာေတာ့ ဒီျပႆနာသိပ္မရွိပါဘူး။ ရွိရင္လည္း Remote ကေန Size Ratio ကို အလြယ္တကူခ်ိန္လို႔ရတာေၾကာင့္ ဒီေနရာမွာေတာ့ TVက အားသာသြားပါတယ္။

 

ကိုယ့္မ်က္စိနဲ႔ ပသာဒျဖစ္ႏိုင္ေခ်

Screen အရြယ္အစားပိုၾကီးေလ မ်က္စိပိုပ်က္ေလပဲလုိ႔ တစ္ခ်ိဳ႕က အထင္မွားတတ္ၾကပါတယ္။ ဒါက ဆန္႔က်င္ဘက္ Myth တစ္ခုပါပဲ။ မ်က္လံုးကေန ျမင္ရတဲ့ Visual Field က ပိုက်ယ္ေလ Brightness ကလည္း မ်က္လံုးအတြက္ ပိုေလ်ာ့သြားေလပါပဲ။ Brightness ကို ပရိုဂ်က္တာနဲ႔ ၾကည့္တဲ့အခါမွာ ၃၀% ကေန ၄၀% ၾကားသာ ထုတ္လႊတ္ေပးေပမယ့္လည္း LED နဲ႔ LCD TVေတြကေတာ့ ဒီ့ထက္ ၃ ဆ ပိုမ်ားတဲ့ Brightness ကို ထုတ္ေပးတာပါ။ ဒါ့ေၾကာင့္ မ်က္စိအတြက္ သဟဇာတျဖစ္တဲ့ ေနရာမွာေတာ့ ပရိုဂ်က္တာက ပိုသင့္ေတာ္ပါတယ္။

အလင္းျပႆနာ

ပရိုဂ်က္တာထုိးၾကည့္မယ္ဆိုရင္ေတာ့ ကိုယ့္အခန္းတြင္းမွာ အလင္းေရာင္ေတြ သိပ္ရွိမေနတာက ပိုေကာင္းမွာပါ။ ေဘးက ဝင္လာတဲ့ အလင္းေရာင္ေတြေၾကာင့္ ပရိုဂ်က္တာရဲ႕ ရုပ္ထြက္ထင္သေလာက္ ျပတ္သားမႈရွိမလာရင္ေတာ့ အနည္းငယ္စိတ္ညစ္ရပါလိမ့္မယ္။ ညဘက္ေတြမွာ မီးပိတ္ၿပီးၾကည့္ရင္ေတာ့ ပုိအရသာရွိရွိၾကည့္ႏုိင္မွာျဖစ္ၿပီး ေနာက္ပိုင္းထြက္ရွိလာတဲ့ TVေတြမွာေတာ့ အလင္းျပန္တဲ့ ျပႆနာကေတာ့ ေတာ္ေတာ္ေလးေလ်ာ့သြားပါတယ္။ သင့္အေနနဲ႔ ညဘက္မွာ ေအးေဆးTVၾကည့္တတ္တဲ့သူဆိုရင္ေတာ့ ပရိုဂ်က္တာကို ေရြးခ်ယ္သင့္ပါတယ္။ ဒါ့ေၾကာင့္ ဒီေနရာမွာေတာ့ ကုိယ္နဲ႔တိုက္ဆို္င္မယ့္အရာကို ေရြးခ်ယ္သင့္ပါတယ္။

 

အသံထြက္ပိုင္းဆိုင္ရာ

ပရိုဂ်က္တာကို အသံုးျပဳမယ္ဆိုရင္ေတာ့ အသံကို တန္းၿပီးၾကားရမွာေတာ့ မဟုတ္္ပါဘူး။ သင့္အေနနဲ႔ အသံထြက္လာဖို႔ Receiver နဲ႔ Speaker ေတြကို တြဲဖက္အသံုးျပဳရမွာပါ။ ဒါကေတာ့ TV မဟုတ္တဲ့အတြက္ပါပဲ။ သင့္အေနနဲ႔ အသံေကာင္းေကာင္းမြန္မြန္ၾကားရဖို႔အတြက္ HDTV Tuner နဲ႔ Broadcasts ေတြ လုိအပ္အံုးမွာျဖစ္တဲ့အတြက္ေၾကာင့္ ပိုက္ဆံအပိုသံုးႏုိင္မွသာ ေတာ္ကာက်မွာပဲျဖစ္ပါတယ္။ TV တစ္လံုးကေတာ့ အသံထြက္ဖို႔အတြက္ Speaker ေတြလုိအပ္မွာမဟုတ္ပါဘူး။ ပရိုဂ်က္တာနဲ႔ ဆုိရင္ေတာ့ ေငြေတာ့အကုန္အက်ထပ္ခံရအံုးမွာပါ။

ေနာက္ထပ္ႏိႈ္င္းယွဥ္သင့္တဲ့အခ်က္ေတြကေတာ့ ပရိုဂ်က္တာနဲ႔ခ်ိတ္ဆက္ဖို႔အတြက္ အပို ေကဘယ္လ္ၾကိဳးေတြ လုိအပ္ေသးတဲ့ ျပႆနာပါပဲ။ ပရိုဂ်က္တာအသံုးျပဳမယ္ဆိုရင္ေတာ့ ေကဘယ္လ္ၾကိဳးဖိုးလည္း အနည္းငယ္ကုန္က်ႏုိင္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ပရိုဂ်က္တာေတြဟာ အထဲမွာ အပူေတြရွိတာေၾကာင့္ ပန္ကာေတြကို ထည့္သြင္းထားပါတယ္။ ပန္ကာေတြက ထြက္လာတဲ့ Noise ေၾကာင့္ ရုပ္ရွင္ၾကည့္ရာမွာ နားဒုကၡအနည္းငယ္ေပးတယ္လုိ႔ အသံုးျပဳသူတစ္ခ်ိဳ႕က ေျပာပါတယ္။ ေနာက္ပုိင္းထြက္လာတဲ့ တန္ဖိုးျမင့္ ပရိုဂ်က္တာေတြမွာေတာ့ ဒီျပႆနာကင္းေဝးသြားၿပီး Noise လံုးဝမရွိေအာင္ ဒီဇိုင္းေတြ ထုတ္လုပ္ထားပါတယ္။ ဒီအခ်က္ေတြကလည္း TV နဲ႔ ႏိႈင္းယွဥ္သင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

 

ေဈးႏႈန္း

စြမ္းေဆာင္ရည္ေကာင္းတဲ့ ပရိုဂ်က္တာတစ္လံုးးကေတာ့ ေဒၚလာ ၃၀၀၀ ကေန ၄၀၀၀ ၾကားအထိ ေဈးရွိၿပီး အရြယ္အစားၾကီးမားၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ TV တစ္လံုးရဲ႕ ေဈးႏႈန္းပဲျဖစ္ပါတယ္။ ေဈးၾကီးတိုင္းလည္း ၿပီးျပည့္စံုတဲ့ ပရိုဂ်က္တာတစ္လံုးကိုေတာ့ ရႏုိင္မွာမဟုတ္ပါဘူး။ JVC ပရိုဂ်က္တာေတြကေတာ့ Contrast Ratios အေကာင္းဆံုးျဖစ္ၿပီး Sony ကေတာ့ ရုပ္ထြက္ၾကည္လင္ျပတ္သားလွတဲ့ 4K ပရိုဂ်က္တာေတြေၾကာင့္ နာမည္ၾကီးပါတယ္။ Epson ကေတာ့ Brightness ေကာင္းမြန္တဲ့ ပရိုဂ်က္တာေတြကို ထုတ္လုပ္ေရာင္းခ်လ်က္ရွိေနပါတယ္။ သင့္အေနနဲ႔ အိမ္မွာ ေဈးၾကီးၾကီး TV အၾကီးစားတစ္လံုးတပ္ဆင္မယ္ စဥ္းစားထားရင္ေတာ့ ပရိုဂ်က္တာနဲ႔ အစားထုိးၾကည့္သင့္တယ္လုိ႔ ထင္ပါတယ္။

ဒါကေတာ့ အခရာပရိသတ္ေတြအတြက္ ပရိုဂ်က္တာအေၾကာင္းနဲ႔ TVနဲ႔အစားထုိးသင့္လား / မထိုးသင့္လား စဥ္းစားႏုိင္ဖို႔အတြက္ ႏိႈင္းယွဥ္သံုးသပ္ေပးလုိက္တာပဲျဖစ္ပါတယ္။

 

Paing A K (Akhayar)

Ref : CNet, Digital Trends, Life Wire

===========================

[Unicode]

ကိုယ့်အိမ်မှာ အပန်းဖြေဖို့အတွက်ဆို TV လား … ပရိုဂျက်တာလား

အခုနောက်ပိုင်းမှာတော့ ကိုယ့်အိမ်ရဲ့ဧည့်ခန်းမှာ TV အကြီးစားကြီး တစ်ခုလောက်ထားရှိမယ့်အစား နေရာမစားတဲ့ ပရိုဂျက်တာတစ်ခုနဲ့သာ အလုပ်ဖြစ်အောင်ထားကြတာမျိုး ခေတ်စားလာပါတယ်။ လက်မ ၈၀ TV တစ်လုံးနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ခံစားနေရတာထက် အကုန်အကျပိုသက်သာတဲ့ ပရိုဂျက်တာနဲ့ လက်မ ၁၂၀ မျက်နှာပြင်ပေါ်မှာ ရုပ်ရှင်ကြည့်နေရတာက ပိုပြီးတော့ အရသာရှိတယ်လို့ TV အစား ပရိုဂျက်တာကို အသုံးပြုနေသူတွေက ထောက်ခံကြပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ TV အသုံးပြုမှုသာ များပြားလျက်ရှိနေပြီး အနည်းငယ် အစိမ်းသက်သက်ဖြစ်နေတဲ့ ပရိုဂျက်တာကို အသုံးပြုမှုတော့ နည်းပါးလျက်ရှိနေပါသေးတယ်။ ကိုယ့်အိမ်မှာ ပရိုဂျက်တာထားတာက ကောင်းမလား ၊ TV ကပဲ သင့်တော်မလားဆိုတာကို ဒီဆောင်းပါးကို ဖတ်ပြီးသုံးသပ်နိုင်မှာပါ။ ကဲ ကျွန်တော်နဲ့အတူ ပရိုဂျက်တာတစ်လုံးရဲ့ အခြေခံအကြောင်းလေးတွေကို အရင်ဆုံးလေ့လာကြည့်ရအောင်။

 

ပရိုဂ်က္တာရဲ႕ အခြေခံအကြောင်း

ပရိုဂျက်တာဟာ အခြေခံအားဖြင့်တော့ ပိတ်ကားတစ်ခုနဲ့ Projection လုပ်ပေးတဲ့ ပရိုဂျက်တာတို့သာ ပါဝင်တဲ့ ရိုးရှင်းတဲ့ Two-Piece System တစ်ခုပဲဖြစ်ပါတယ်။ ဒီလို ပရိုဂျက်တာအသုံးပြုတာဟာ ကရိကထများလွန်းတယ်လို့ လူအများစုက ခံယူထားကြပါတယ်။ တကယ်တော့ ဒါဟာ တပ်ရဆင်ရလွယ်ကူလွန်းတဲ့ System တစ်ခုပါပဲ။

Projection ပြုလုပ်ရမှာ အကြမ်းအားဖြင့် နည်းပညာ ၃ ခု ပါရှိပါတယ်။ DLP ၊ LCD နဲ့ LCOS ဆိုပြီးတော့ ဖြစ်ပါတယ်။ LCD နည်းပညာကတော့ များသောအားဖြင့် Flat TVတွေမှာ ပါဝင်ပါတယ်။ LCD ပရိုဂျက်တာတွေဟာ တန်ဖိုးနည်းနဲ့ အသင့်အတင့်ရှိကြပြီး ကောင်းမွန်တဲ့ ပရိုဂျက်တာအမျိုးအစားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Epson ပရိုဂျက်တာတွေကတော့ LCD ပရိုဂျက်တာတွေကြားမှာ နာမည်ကောင်းရပါတယ်။

နောက်ထပ်တစ်ခုဖြစ်တဲ့ DLP (Digital Light Processing) ပရိုဂျက်တာတွေကတော့ အရမ်းကို သေးငယ်လွန်းလှတဲ့ မှန်ကွက်လေးတွေကို ချစ်ပ်အသေးစားလေးတွေနဲ့ တွဲဖက်အလုပ်လုပ်တာပါ။ ရုပ်ထွက်ကတော့ ရှယ်မိုက်ပေမယ့် ဈေးကြီးလွန်းတာကြောင့် လူသုံးနည်းလျက်ရှိနေပါတယ်။ များသောအားဖြင့်တော့ ဒီလိုမျိုး ပရိုဂျက်တာတွေကို ရုပ်ရှင်ရုံတွေမှာ အသုံးပြုကြတာပါ။

LCOS (Liquid Crystal on Silicon) ပရိုဂျက်တာတွေကတော့ LCD နဲ့ DLP ပရိုဂျက်တာတွေရဲ့ မျိုးစပ် Hybrid တစ်မျိုးပါ။ မှန်ကြည်မျက်နှာပြင်ပေါ်မှာ ခရစ္စတယ်အလွှာထပ်အုပ်ထားတာကြောင့် Black Level နဲ့ Contrast Rations ကျတာတွေက တော်တော်ကောင်းပါတယ်။ ဒီပရိုဂျက်တာမျိုးတွေကတော့ ဈေးအသင့်အတင့်နဲ့ ဈေးအမြင့်စား အမျိုးမျိုးရှိတတ်ပါတယ်။ Sony ကတော့ ဒီပရိုဂျက်တာ တစ်မျိုးကို SXRD လို့နာမည်ပေးထားပြီး နာမည်ကျော်တဲ့ ပရိုဂျက်တာမျိုးဆက်တစ်ခုပါပဲ။

ပရိုဂျက်တာအကြောင်းရှင်းပြနေတာနဲ့ စာရှည်သွားပြီနော်။ ဒီတော့ အခရာပရိသတ်တွေအတွက် ပရိုဂျက်တာသုံးရင်ကောင်းမလား ၊ TVကပဲ ကိုယ့်အိမ်နဲ့ပိုကိုက်မလား ဒီအချက်လေးတွေနဲ့ သုံးသပ်ကြည့်ရအောင်။

 

နေရာယူမှု

နေရာယူတာမှုမှာတော့ ပရိုဂျက်တာက အသာရပါတယ်။ အရွယ်အစားကြီးမားတဲ့ Screen ကို လိပ်ပြီး သိမ်းထားနိုင်တာ ၊ မျက်နှာကျက်ကနေ ချိတ်ဆွဲထားနိုင်တာတွေကတော့ နေရာယူမှုနည်းပါတယ်။ ဒါတောင် အလင်းပြန်ပိတ်ကားကို အသုံးပြုသူတွေမှပါပဲ.. တစ်ချို့ကတော့ နံရံကို ဆေးအဖြူသုတ်ပြီး ပရိုဂျက်တာနဲ့ ထိုးကြည့်လိုက်တာပါ။ ဒါ့ကြောင့် ပရိုဂျက်တာက နေရာယူမှုမှာ အတော်လေးကို ရာခိုင်နှုန်းနည်းသွားတာပါ။

TV တစ်ခုအနေနဲ့ဆိုရင်တော့ TV တင်ဖို့ စင်ဖြစ်ဖြစ် တစ်ခုခုရှိနေမှာပါ။ နံရံကပ်တီဗီဆိုရင်တောင်မှ ပရိုဂျက်တာနဲ့ ထိုးကြည့်တဲ့ အရွယ်လောက်ရရှိဖို့ဆိုရင် နေရာယူတာက သိသာမှာပါ။ ပရိုဂျက်တာကကြည့်ပြီးတာနဲ့ သိမ်းလို့ရပေမယ့် TV ကတော့မရပါဘူး။ ဒါ့ကြောင့် ဒီနေရာမှာတော့ TV က ရှုံးပါတယ်။ အိမ်အနေအထားပေါ်မူတည်ပြီး စဉ်းစားသင့်တယ်လို့ထင်ပါတယ်။

တစ်ခုရှိတာကတော့ ပရိုဂျက်တာထိုးထားတဲ့ရှေ့မှာ အတားအဆီးပစ္စည်းတစ်ခုခုရှိနေလို့မရပါဘူး။ ပရိုဂျက်တာနဲ့ ပိတ်ကားကြားမှာ ရှင်းလင်းအောင်ထားထားရမှာပါ။

 

အရွယ်အစားချိန်ညှိရမှု

 

ပရိုဂျက်တာနဲ့ ကြည့်မယ်ဆိုရင်တော့ ရုပ်ရှင်ကားရဲ့ ရုပ်ထွက် Ratio ပေါ်ကို မူတည်ပြီး အပြောင်းအလဲတွေ ပြုလုပ်ပေးရပါတယ်။ ကိုယ်ချိန်ထားတဲ့ Mode ပေါ်မူတည်ပြီး ဇာတ်ကားရဲ့ ရုပ်ထွက် Ratio နဲ့ အံဝင်ခွင်ကျဖြစ်အောင် လုပ်ရတာက အလုပ်ရှုပ်ပါတယ်။ ကျွန်တော်က 16×9 Mode ကို ရွေးထားပေမယ့်လည်း ဇာတ်ကားရဲ့ရုပ်ထွက်အချိုးက 2.35:1 ဖြစ်နေတဲ့အခါမျိုးမှာ မျက်နှာကြီးတွေရှည်ထွက်နေတာမျိုးတွေ စတဲ့အချိုးမကျမှုတွေကို တွေ့ကြုံရနိုင်ပါတယ်။ ချိန်ညှိရတာကတော့ လွယ်ပေမယ့်လည်း နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ TV မှာတော့ ဒီပြဿနာသိပ်မရှိပါဘူး။ ရှိရင်လည်း Remote ကနေ Size Ratio ကို အလွယ်တကူချိန်လို့ရတာကြောင့် ဒီနေရာမှာတော့ TVက အားသာသွားပါတယ်။

 

ကိုယ့်မျက်စိနဲ့ ပသာဒဖြစ်နိုင်ချေ

Screen အရွယ်အစားပိုကြီးလေ မျက်စိပိုပျက်လေပဲလို့ တစ်ချို့က အထင်မှားတတ်ကြပါတယ်။ ဒါက ဆန့်ကျင်ဘက် Myth တစ်ခုပါပဲ။ မျက်လုံးကနေ မြင်ရတဲ့ Visual Field က ပိုကျယ်လေ Brightness ကလည်း မျက်လုံးအတွက် ပိုလျော့သွားလေပါပဲ။ Brightness ကို ပရိုဂျက်တာနဲ့ ကြည့်တဲ့အခါမှာ ၃၀% ကနေ ၄၀% ကြားသာ ထုတ်လွှတ်ပေးပေမယ့်လည်း LED နဲ့ LCD TVတွေကတော့ ဒီ့ထက် ၃ ဆ ပိုများတဲ့ Brightness ကို ထုတ်ပေးတာပါ။ ဒါ့ကြောင့် မျက်စိအတွက် သဟဇာတဖြစ်တဲ့ နေရာမှာတော့ ပရိုဂျက်တာက ပိုသင့်တော်ပါတယ်။

အလင်းပြဿနာ

ပရိုဂျက်တာထိုးကြည့်မယ်ဆိုရင်တော့ ကိုယ့်အခန်းတွင်းမှာ အလင်းရောင်တွေ သိပ်ရှိမနေတာက ပိုကောင်းမှာပါ။ ဘေးက ဝင်လာတဲ့ အလင်းရောင်တွေကြောင့် ပရိုဂျက်တာရဲ့ ရုပ်ထွက်ထင်သလောက် ပြတ်သားမှုရှိမလာရင်တော့ အနည်းငယ်စိတ်ညစ်ရပါလိမ့်မယ်။ ညဘက်တွေမှာ မီးပိတ်ပြီးကြည့်ရင်တော့ ပိုအရသာရှိရှိကြည့်နိုင်မှာဖြစ်ပြီး နောက်ပိုင်းထွက်ရှိလာတဲ့ TVတွေမှာတော့ အလင်းပြန်တဲ့ ပြဿနာကတော့ တော်တော်လေးလျော့သွားပါတယ်။ သင့်အနေနဲ့ ညဘက်မှာ အေးဆေးTVကြည့်တတ်တဲ့သူဆိုရင်တော့ ပရိုဂျက်တာကို ရွေးချယ်သင့်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာတော့ ကိုယ်နဲ့တိုက်ဆိုင်မယ့်အရာကို ရွေးချယ်သင့်ပါတယ်။

 

အသံထွက်ပိုင်းဆိုင်ရာ

ပရိုဂျက်တာကို အသုံးပြုမယ်ဆိုရင်တော့ အသံကို တန်းပြီးကြားရမှာတော့ မဟုတ်ပါဘူး။ သင့်အနေနဲ့ အသံထွက်လာဖို့ Receiver နဲ့ Speaker တွေကို တွဲဖက်အသုံးပြုရမှာပါ။ ဒါကတော့ TV မဟုတ်တဲ့အတွက်ပါပဲ။ သင့်အနေနဲ့ အသံကောင်းကောင်းမွန်မွန်ကြားရဖို့အတွက် HDTV Tuner နဲ့ Broadcasts တွေ လိုအပ်အုံးမှာဖြစ်တဲ့အတွက်ကြောင့် ပိုက်ဆံအပိုသုံးနိုင်မှသာ တော်ကာကျမှာပဲဖြစ်ပါတယ်။ TV တစ်လုံးကတော့ အသံထွက်ဖို့အတွက် Speaker တွေလိုအပ်မှာမဟုတ်ပါဘူး။ ပရိုဂျက်တာနဲ့ ဆိုရင်တော့ ငွေတော့အကုန်အကျထပ်ခံရအုံးမှာပါ။

နောက်ထပ်နှိုင်းယှဉ်သင့်တဲ့အချက်တွေကတော့ ပရိုဂျက်တာနဲ့ချိတ်ဆက်ဖို့အတွက် အပို ကေဘယ်လ်ကြိုးတွေ လိုအပ်သေးတဲ့ ပြဿနာပါပဲ။ ပရိုဂျက်တာအသုံးပြုမယ်ဆိုရင်တော့ ကေဘယ်လ်ကြိုးဖိုးလည်း အနည်းငယ်ကုန်ကျနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ပရိုဂျက်တာတွေဟာ အထဲမှာ အပူတွေရှိတာကြောင့် ပန်ကာတွေကို ထည့်သွင်းထားပါတယ်။ ပန်ကာတွေက ထွက်လာတဲ့ Noise ကြောင့် ရုပ်ရှင်ကြည့်ရာမှာ နားဒုက္ခအနည်းငယ်ပေးတယ်လို့ အသုံးပြုသူတစ်ချို့က ပြောပါတယ်။ နောက်ပိုင်းထွက်လာတဲ့ တန်ဖိုးမြင့် ပရိုဂျက်တာတွေမှာတော့ ဒီပြဿနာကင်းဝေးသွားပြီး Noise လုံးဝမရှိအောင် ဒီဇိုင်းတွေ ထုတ်လုပ်ထားပါတယ်။ ဒီအချက်တွေကလည်း TV နဲ့ နှိုင်းယှဉ်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

 

ဈေးနှုန်း

စွမ်းဆောင်ရည်ကောင်းတဲ့ ပရိုဂျက်တာတစ်လုံးးကတော့ ဒေါ်လာ ၃၀၀၀ ကနေ ၄၀၀၀ ကြားအထိ ဈေးရှိပြီး အရွယ်အစားကြီးမားပြီး စွမ်းဆောင်ရည်ကောင်းတဲ့ TV တစ်လုံးရဲ့ ဈေးနှုန်းပဲဖြစ်ပါတယ်။ ဈေးကြီးတိုင်းလည်း ပြီးပြည့်စုံတဲ့ ပရိုဂျက်တာတစ်လုံးကိုတော့ ရနိုင်မှာမဟုတ်ပါဘူး။ JVC ပရိုဂျက်တာတွေကတော့ Contrast Ratios အကောင်းဆုံးဖြစ်ပြီး Sony ကတော့ ရုပ်ထွက်ကြည်လင်ပြတ်သားလှတဲ့ 4K ပရိုဂျက်တာတွေကြောင့် နာမည်ကြီးပါတယ်။ Epson ကတော့ Brightness ကောင်းမွန်တဲ့ ပရိုဂျက်တာတွေကို ထုတ်လုပ်ရောင်းချလျက်ရှိနေပါတယ်။ သင့်အနေနဲ့ အိမ်မှာ ဈေးကြီးကြီး TV အကြီးစားတစ်လုံးတပ်ဆင်မယ် စဉ်းစားထားရင်တော့ ပရိုဂျက်တာနဲ့ အစားထိုးကြည့်သင့်တယ်လို့ ထင်ပါတယ်။

ဒါကတော့ အခရာပရိသတ်တွေအတွက် ပရိုဂျက်တာအကြောင်းနဲ့ TVနဲ့အစားထိုးသင့်လား / မထိုးသင့်လား စဉ်းစားနိုင်ဖို့အတွက် နှိုင်းယှဉ်သုံးသပ်ပေးလိုက်တာပဲဖြစ်ပါတယ်။

 

Paing A K (Akhayar)

Ref : CNet, Digital Trends, Life Wire