[Zawgyi]



Thomas Dekker

Thomas Dekker

Thomas Dekker


Greyson Chance

Greyson Chance

Greyson Chance


Haaz Sleiman

Haaz Sleiman

Haaz Sleiman


Aaron Carter

Aaron Carter

Aaron Carter


Bradon Flynn

Brandon Flynn

Brandon Flynn


Dan Amboyer

Dan Amboyer

Dan Amboyer


Kevin Spacey

Kevin Spacey

Kevin Spacey


Alyson Stoner

Alyson Stoner

Alyson Stoner


Janelle Monae

Janelle-Monáe

Janelle-Monáe


Kevin McHale

Kevin Mchale

Kevin Mchale


Rita Ora

Rita Ora

Rita Ora


Yoe Lu (Akhayar)

www.akhayar.com

Ref : thewrap.com
[Unicode]

LGBTQ အဖြစ် ဝန်ခံခဲ့ကြတဲ့ ဟောလီးဝုဒ်ရဲ့ နာမည်ကျော်များ

LGBTQ ဆိုတာဘာလဲဆိုတော့ L = Lesbian ၊ G  = Gay ၊ B = Bisexual ၊ T = Transgender နဲ့ Q = Questioning or Queer လို့ အရှည်ကောက်ခေါ်ပါတယ်။ လူတွေရဲ့ လိင်တိမ်းညွှတ်မှုနဲ့ ပက်သက်ပြီး ဒီလို သတ်မှတ်ထားကြပါတယ်။ ဒီတစ်ခါတော့ ဟောလီးဝုဒ်ရဲ့ နာမည်ကျော်တွေဟာ သူတို့ကိုယ်သူတို့ အမျိုးသားချင်း စိတ်ဝင်စားသူတွေ ဖြစ်တယ်၊ ဒါမှမဟုတ် အမျိုးသမီးချင်းစိတ်ဝင်စားသူဖြစ်တယ်၊ ဒါမှမဟုတ်လည်း အမျိုးသမီးရော၊ အမျိုးသားပါ စိတ်ဝင်စားသူတွေ ဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံခဲ့သူတွေအကြောင်း ပြောပြချင်ပါတယ်။

Thomas Dekker

Thomas Dekker

Thomas Dekker

Terminator : The Sarah Connor Chronicles မှာ John Connor အဖြစ်သရုပ်ဆောင်တဲ့ Thomas Dekker ကတော့ သူဟာ ဂေးတစ်ယောက်ဖြစ်ကြောင်းကို ဇူလိုင် ၂၀၁၇ မှာတည်းက Twitter မှာ ဝန်ခံပြီးသားပါ။ “ကျွန်တော်ဟာ အမျိုးသားတွေကို စိတ်ဝင်စားတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီးတော့ ဒီနှစ် April ကမှ ခင်ပွန်းသည်နဲ့ လက်ထပ်ပြီးသွားပြီ” လို့ ဆိုခဲ့ပါတယ်။

Greyson Chance

Greyson Chance

Greyson Chance

YouTube Star တစ်ယောက်ဖြစ်တဲ့ Greyson Chance ဟာလည်း ဂေးတစ်ယောက်ဖြစ်ကြောင်း ဇူလိုင် ၂၀၁၇ မှာ Instagram မှာ Post တင်ပြီး ဝန်ခံခဲ့ပြီးပါပြီ။

Haaz Sleiman

Haaz Sleiman

Haaz Sleiman

TV Show တွေမှာ ပါဝင်တဲ့ ကြယ်ပွင့် Haaz Sleiman ဟာလည်း Gay တစ်ယောက်ဖြစ်ကြောင်း လူမှုကွန်ရက်တွေမှာ သြဂုတ်လ ၂၀၁၇ က ဝန်ခံခဲ့ပါတယ်။ ဒါတင်မကဘဲ သူဟာ Gay၊ Muslim နဲ့ Arab- American လူမျိုးတစ်ယောက်မဟုတ်ဘဲ Gay မှာမှ Bottom ပါလို့ ထပ်ဆင့်ဝန်ခံခဲ့ပါသေးတယ်။

Aaron Carter

Aaron Carter

Aaron Carter

Pop Star Aaron Carter ကိုတော့ မှတ်မိကြဦးမှာပါ။ သူကတော့ သူ့ကိုယ်သူ Bisexual( အမျိုးသမီးရော အမျိုးသားပါ စိတ်ဝင်စားသူ) တစ်ယောက်လို့ Twitter မှာ သြဂုတ်လ ၂၀၁၇ က တင်ခဲ့ဖူးပါတယ်။

Bradon Flynn

Brandon Flynn

Brandon Flynn

13 Reasons Why ရဲ့ Brandon Flynn ကတော့ သူဟာ LGBT Community ရဲ့ အစိတ်အပိုင်းတစ်ခုပါလို့ သူ့ကိုယ်သူ သတ်မှတ်ထားတယ်ဆိုတာကို Instagram မှာ စက်တင်ဘာလက Post တင်ခဲ့ပါတယ်။ အခုတော့ Sam Smith ရဲ့ ချစ်ချစ်ဖြစ်နေပါပြီ။

Dan Amboyer

Dan Amboyer

Dan Amboyer

TV Show Star နောက်တစ်ယောက်ဖြစ်တဲ့ Dan Amboyer ကတော့ People Magazine ကို ဖြေတဲ့အင်တာဗျူးမှာတင် သူ Gay ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ၂၀၁၇ အောက်တိုဘာလမှာတော့ သူ့အမျိုးသား Eric Berger နဲ့ လက်ထပ်ခဲ့ပါတယ်။

Kevin Spacey

Kevin Spacey

Kevin Spacey

အော်စကာဆုရှင် Kevin Spacey ဟာလည်း အသက်ကြီးမှပဲ Gay အဖြစ် ဝန်ခံခဲ့ပါတယ်။ အချိန်ကတော့ အောက်တိုဘာလ ၂၀၁၇ မှာ ဖြစ်ပြီး သူ့ကို လိင်ပိုင်းဆိုင်ရာ ဖျားယောင်းမှုနဲ့ ပြစ်တင်ပြောကြားခံရတုန်းက ဒီလို Come Out လုပ်ခဲ့တာ ဖြစ်ပါတယ်။

Alyson Stoner

Alyson Stoner

Alyson Stoner

Camp Rock နဲ့ Step Up တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Alyson Stoner ကတော့ သူဟာ Bisexual (အမျိုးသမီးရော အမျိုးသားပါ စိတ်ဝင်စားသူ) လို့ ၂၀၁၈ မတ်လက ကြေညာခဲ့ပါတယ်။

Janelle Monae

Janelle-Monáe

Janelle-Monáe

Rapper လည်းဖြစ်၊ မော်ဒယ်နဲ့ သရုပ်ဆောင်လည်း ဖြစ်တဲ့ Janelle Monae ကတော့ သူ့ကိုယ်သူ “Queer Black Women” လို့ Rolling Stone နဲ့ အင်တာဗျူးမှာလည်း ဖြေထားပါတယ်။

Kevin McHale

Kevin Mchale

Kevin Mchale

Glee မှာ ဝှီးချဲနဲ့ ကောင်လေးအဖြစ် သရုပ်ဆောင်တဲ့ Kevin McHale ဟာလည်း ဧပြီလ ၂၀၁၈ မှာ သူ Gay ဖြစ်ကြောင်း Twitter ကတဆင့် ဝန်ခံခဲ့ပါတယ်။

Rita Ora

Rita Ora

Rita Ora

အဆိုတော် Rita Ora ဟာလည်း သူဟာ Bisexual တစ်ယောက်ပါလို့ ဝန်ခံခဲ့ပြီး ယောကျာ်းလေးတွေနဲ့ရော၊ မိန်းကလေးတွေနဲ့ပါ အချစ်ရေးကိစ္စတွေရှိခဲ့ဖူးပြီး ဒါဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝပါလို့ ပြောကြားခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : thewrap.com