[Zawgyi]

ပထမဆုံး ကုိရီးယားဇာတ္လမ္းတြဲရိုက္ကူးမယ့္ Maze Runnerမင္းသား Ki Hong Lee

ႏုိင္ငံတကာမွာ ျပသခဲ့တဲ့ “Maze Runner”ရုပ္ရွင္ဇာတ္ကားတြဲကုိ ပရိသတ္ေတြၾကည့္ဖူးၾကမယ္ဆုိရင္ အဲ့ဒီထဲမွာ ပါ၀င္သရုပ္ေဆာင္ထားတဲ့ ကုိရီးယား- အေမရိကန္စပ္ မင္းသား Ki Hong Lee ကုိလည္း မ်က္မွန္းတန္းမိေနၾကမွာပါ။ ေဟာလိ၀ုဒ္အႏုပညာေလာကမွာ ေနရာတစ္ေနရာရရွိထားတဲ့ ကုိရီးယားႏြယ္ဖြား Ki Hong Lee ဟာ ေတာင္ကုိရီးယားရဲ႕ ထိပ္တန္းမင္းသမီး Ha Ji Won နဲ႕ မင္းသား Jin Goo တုိ႕နဲ႕အတူ “Prometheus” ဇာတ္လမ္းတြဲ ရုိက္ကူးေတာ့မွာျဖစ္တယ္လုိ႕ ၾသဂုတ္လ(၂၄)ရက္ေန႕မွာ အတည္ျပဳလုိက္ပါတယ္။


Ki Hong Lee ကုိ ဒီဇာတ္လမ္းတြဲမွာ CIA Agent တစ္ေယာက္အျဖစ္ ပါ၀င္သရုပ္ေဆာင္ဖုိ႕ ကမ္းလွမ္းထားျပီး သူ႕ရဲ႕ သရုပ္ေဆာင္စြမ္းရည္ကုိလည္း အမ်ားၾကီးေမွ်ာ္လင့္ထားတယ္လုိ႕ ဇာတ္လမ္းတြဲရိုက္ကူးမယ့္ထုတ္လုပ္သူေတြက ေျပာၾကားခဲ့ပါတယ္။ Ki Hong Lee အေနနဲ႕ ကုိရီးယားဇာတ္လမ္းတြဲတစ္ခါမွ မရုိက္ဖူးေသးတာမုိ႕ သူ႕အေနနဲ႕ ဒီကမ္းလွမ္းမႈကုိ အေတာ္ေလးစဥ္းစားျပီးလက္ခံခဲ့ရတယ္လုိ႕ သိရပါတယ္။

ဒီကားကုိ လာမယ့္ စက္တင္ဘာလမွာ စတင္ရုိက္ကူးမွာျဖစ္ျပီး ၂၀၁၉ ခုႏွစ္အေစာပုိင္းေလာက္မွာ ျပသႏုိင္ဖြယ္ရွိတယ္လုိ႕ ဆုိပါတယ္။ ပရိသတ္ေတြလည္း ေဟာလိ၀ုဒ္သရုပ္ေဆာင္ ကုိရီးယားလူမ်ိဳး Ki Hong Lee နဲ႕ နာမည္ၾကီးကုိရီးယားအႏုပညာရွင္ေတြပါ၀င္မယ့္ ဒီဇာတ္လမ္းတြဲေလးကုိ အၾကဳိက္ေတြ႕မယ္လုိ႕ထင္ပါတယ္။

Stella(Akhayar)

www.akhayar.com

[Unicode]

ပထမဆုံး ကိုရီးယားဇာတ်လမ်းတွဲရိုက်ကူးတော့မယ့် Maze Runner မင်းသား Ki Hong Lee

နိုင်ငံတကာမှာ ပြသခဲ့တဲ့ “Maze Runner”ရုပ်ရှင်ဇာတ်ကားတွဲကို ပရိသတ်တွေကြည့်ဖူးကြမယ်ဆိုရင် အဲ့ဒီထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယား- အမေရိကန်စပ် မင်းသား Ki Hong Lee ကိုလည်း မျက်မှန်းတန်းမိနေကြမှာပါ။ ဟောလိဝုဒ်အနုပညာလောကမှာ နေရာတစ်နေရာရရှိထားတဲ့ ကိုရီးယားနွယ်ဖွား Ki Hong Lee ဟာ တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသမီး Ha Ji Won နဲ့ မင်းသား Jin Goo တို့နဲ့အတူ “Prometheus” ဇာတ်လမ်းတွဲ ရိုက်ကူးတော့မှာဖြစ်တယ်လို့ သြဂုတ်လ(၂၄)ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။


Ki Hong Lee ကို ဒီဇာတ်လမ်းတွဲမှာ CIA Agent တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားပြီး သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုလည်း အများကြီးမျှော်လင့်ထားတယ်လို့ ဇာတ်လမ်းတွဲရိုက်ကူးမယ့်ထုတ်လုပ်သူတွေက ပြောကြားခဲ့ပါတယ်။ Ki Hong Lee အနေနဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခါမှ မရိုက်ဖူးသေးတာမို့ သူ့အနေနဲ့ ဒီကမ်းလှမ်းမှုကို အတော်လေးစဉ်းစားပြီးလက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီကားကို လာမယ့် စက်တင်ဘာလမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်အစောပိုင်းလောက်မှာ ပြသနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေလည်း ဟောလိဝုဒ်သရုပ်ဆောင် ကိုရီးယားလူမျိုး Ki Hong Lee နဲ့ နာမည်ကြီးကိုရီးယားအနုပညာရှင်တွေပါဝင်မယ့် ဒီဇာတ်လမ်းတွဲလေးကို အကြိုက်တွေ့မယ်လို့ထင်ပါတယ်။

Stella(Akhayar)

www.akhayar.com