[Zawgyi]

နာမည္ႀကီးေဟာလီးဝုဒ္သရုပ္ေဆာင္ေတြရဲ ႔ အျမႊာေသြးသားမ်ား

ေဟာလီးဝုဒ္မွာနာမည္ႀကီး မင္းသား ၊ မင္းသမီးေတြျဖစ္ၾကသူေတြထဲမွာမွ အျမႊာရွိတဲ့သူေတြ ကိုေဖာ္ျပေပးခ်င္ပါတယ္။ အျမႊာရွိတဲ့ မင္းသားမင္းသမီးေတြမ်ားစြာရွိၾကတဲ့အထဲ ပရိသတ္နဲ႔ထိေတြ႔မႈမ်ားတဲ့ သရုပ္ေဆာင္ေတြကိုေတာ့ အဓိကထားေဖာ္ျပေပးလိုက္ပါတယ္။

Vin Diesel

Fast and Furious မင္းသားႀကီး Vin Diesel မွာအျမႊာညီအစ္ကို တစ္ေယာက္ရွိပါတယ္။

သူ႔ရဲ႕ နာမည္ကေတာ့ Paul Diesel ပဲျဖစ္ပါတယ္။ သူတို႔အျမႊာညီအစ္ကိုနွစ္ေယာက္ကိုေတာ့ ၁၉၆၇ခုနွစ္ ဇူလိုုင္လ ၁၈ ရက္ေန႔မွာေမြးခဲ့တာျဖစ္ပါတယ္။

Scarlett Johansson

မင္းသမီး Scarlett Johansson မွာလည္း အျမႊာေမာင္နွမ ရွိပါတယ္။ သူ႔ရဲ႕နာမည္ကေတာ့ Hunter Johansson ျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္ကို ၁၉၈၄ ခုနွစ္ နုိဝင္ဘာလ ၂၂ ရက္ေန႔မွာေမြးဖြားခဲ့တာလည္းျဖစ္ပါတယ္။

အျမႊာေတြေမြးရင္ ေမာင္နွမ အျမႊာေတြဟာမ်ားေသာအားျဖင့္ ခြ်တ္စြတ္ေတာ့ရုပ္ခ်င္းတူေလ့မရွိတက္ၾကပါဘူး။ ဒါေၾကာင့္ Scarlett Johansson နဲ႔ သူမရဲ ႔ေမာင္ျဖစ္သူတို႔ ရုပ္ခ်င္းမဆင္တာကေတာ့ သိပ္ထူးဆန္မယ္မထင္ပါဘူး။

Ashton Kutcher

ေဟာလီးဝုဒ္မင္းသား Ashton Kutcher မွာလည္း အျမႊာညီအစ္ကိုတစ္ေယာက္ရွိပါတယ္။ သူ႔နာမည္ကေတာ့ Michael Kutcher ပဲျဖစ္ပါတယ္။

အျမႊာဆိုေပမယ့္လို႔ သူတို႔ညီအစ္ကိုနွစ္ေယာက္ဟာရုပ္ခ်င္းဆင္တူျခင္းေတာ့ မရွိပါဘူး။ သူတို႔နွစ္ေယာက္ရဲ ႔ ေမြးေန႔ကေတာ့ ၁၉၇၈ ခုနွစ္ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ပဲျဖစ္ပါတယ္။

Mary Kate Olsen and Ashley Olsen

သူမတို႔နွစ္ေယာက္စလံုးကေတာ့ ေဟာလီးဝုဒ္ရဲ႕ နာမည္ႀကီးကေလးသရုပ္ေဆာင္ေတြပဲျဖစ္ပါတယ္။ ဒီအျမႊာသရုပ္ေဆာင္ညီအစ္မ နွစ္ေယာက္ကိုေတာ့ ၁၉၈၆ ခုနွစ္ ဇြန္လ ၁၃ ရက္ေန႔မွာေမြးဖြားခဲ့တာျဖစ္ပါတယ္။

သူတို႕နွစ္ေယာက္ရဲ ႔အစ္မျဖစ္သူကလည္း ေဟာလီးဝုဒ္ စတားတစ္ေယာက္ျဖစ္တဲ့ Elizabeth Olsen ျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:Huffington Post

www.akhayar.com

[Unicode]

နာမည်ကြီးဟောလီးဝုဒ်သရုပ်ဆောင်တွေရဲ့ အမြွှာသွေးသားများ

ဟောလီးဝုဒ်မှာနာမည်ကြီး မင်းသား ၊ မင်းသမီးတွေဖြစ်ကြသူတွေထဲမှာမှ အမြွှာရှိတဲ့သူတွေ ကိုဖော်ပြပေးချင်ပါတယ်။ အမြွှာရှိတဲ့ မင်းသားမင်းသမီးတွေများစွာရှိကြတဲ့အထဲ ပရိသတ်နဲ့ထိတွေ့မှုများတဲ့ သရုပ်ဆောင်တွေကိုတော့ အဓိကထားဖော်ပြပေးလိုက်ပါတယ်။

Vin Diesel

Fast and Furious မင်းသားကြီး Vin Diesel မှာအမြွှာညီအစ်ကို တစ်ယောက်ရှိပါတယ်။

သူ့ရဲ့ နာမည်ကတော့ Paul Diesel ပဲဖြစ်ပါတယ်။ သူတို့အမြွှာညီအစ်ကိုနှစ်ယောက်ကိုတော့ ၁၉၆၇ခုနှစ် ဇူလိုုင်လ ၁၈ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။

Scarlett Johansson

မင်းသမီး Scarlett Johansson မှာလည်း အမြွှာမောင်နှမ ရှိပါတယ်။ သူ့ရဲ့နာမည်ကတော့ Hunter Johansson ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို ၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။

အမြွှာတွေမွေးရင် မောင်နှမ အမြွှာတွေဟာများသောအားဖြင့် ချွတ်စွတ်တော့ရုပ်ချင်းတူလေ့မရှိတက်ကြပါဘူး။ ဒါကြောင့် Scarlett Johansson နဲ့ သူမရဲ့မောင်ဖြစ်သူတို့ ရုပ်ချင်းမဆင်တာကတော့ သိပ်ထူးဆန်မယ်မထင်ပါဘူး။

Ashton Kutcher

ဟောလီးဝုဒ်မင်းသား Ashton Kutcher မှာလည်း အမြွှာညီအစ်ကိုတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ Michael Kutcher ပဲဖြစ်ပါတယ်။

အမြွှာဆိုပေမယ့်လို့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာရုပ်ချင်းဆင်တူခြင်းတော့ မရှိပါဘူး။ သူတို့နှစ်ယောက်ရဲ့ မွေးနေ့ကတော့ ၁၉၇၈ ခုနှစ်ဖေဖော်ဝါရီလ ၇ ရက်နေ့ပဲဖြစ်ပါတယ်။

Mary Kate Olsen and Ashley Olsen

သူမတို့နှစ်ယောက်စလုံးကတော့ ဟောလီးဝုဒ်ရဲ့ နာမည်ကြီးကလေးသရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ ဒီအမြွှာသရုပ်ဆောင်ညီအစ်မ နှစ်ယောက်ကိုတော့ ၁၉၈၆ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့အစ်မဖြစ်သူကလည်း ဟောလီးဝုဒ် စတားတစ်ယောက်ဖြစ်တဲ့ Elizabeth Olsen ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Huffington Post

www.akhayar.com