
[ZawGyi]
သင္႔ကိုပိုစမတ္က်လာေစမယ္႔ ဝါသနာ ၅ ခု
လူတုိင္းမွာဝါသနာပါရာကိုယ္စီရွိၾကပါတယ္။ တခ်ိဳ႕ေသာဝါသနာေတြက ေငြကုန္ေၾကးက်မ်ားတယ္၊ ဓာတ္ပံုရိုက္တာလုိ ေဂါက္ရိုက္တာလုိမ်ိဳးေပါ႔။ တခ်ိဳ႕ဝါသနာေတြက်ျပန္ေတာ႔ ကိုယ္႔ကိုပ်က္စီးေစတယ္။ ဒီလုိ အမ်ိဴးမ်ိဴးအေထြေထြရွိတဲ႔အထဲမွာမွ ကိုယ္႔ကိုပိုျပီးစမတ္ျဖစ္လာေစမယ္႔ ေကာင္းက်ိဳးဘက္ကိုဦးတည္တဲ႔ဝါသနာ ၅ ခုရွိပါတယ္။ ဒီအထဲကတစ္ခုခုမွာကိုယ္ဝါသနာထံုေနတယ္ဆုိရင္ေတာ႔ ကံေကာင္းတယ္လုိ႔ဆုိရမွာပါ။
Exercise မွန္မွန္ျပဳလုပ္ျခင္း
ကိုယ္လက္လႈပ္ရွားမႈကို မျဖစ္မေနလုပ္ေနရတာထက္ဝါသနာပါတဲ႔အဆင္႔ကိုေရာက္ေနျပီဆိုရင္ေတာ႔ ဆက္သြားပါလုိ႔ေျပာရမွာပါ။ သင္႔ကိုအျမဲက်န္းမာ ဖ်တ္လတ္တဲ႔ပံုနဲ႔ေတြ႔ျမင္ေနရမွာမုိ႔ပါပဲ။ ကိုယ္လက္လႈပ္ရွားမႈမွန္မွန္ျပဳလုပ္မယ္ဆုိရင္ ဦးေႏွာက္ကိုလည္းမ်ားစြာ ေကာင္းက်ိဳးေပးျပီး မွတ္ဥာဏ္လည္းေကာင္းေနေစမယ္။ BDNF လို႔ေခၚတဲ႔ပရိုတင္းထြက္ရွိလာတဲ႔အတြက္ Long-term memory လိုမ်ိဳး Cognitive Benefits ေတြရရွိလာဖို႔အေထာက္အကူေပးတယ္။ ဒီလိုခႏၶာကိုယ္ကိုေရာ ဦးေႏွာက္ကိုပါေကာင္းက်ိဳးေတြမ်ားေစတာမုိ႔ သင္႔ကိုပိုေတာ္ ပိုသြက္ျပီး ပိုစမတ္က်လာေစပါတယ္။
MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္
တူရိယာတစ္ခုခုတီးခတ္ျခင္း
တူရိယာတစ္ခုခုကို သင္ယူဖို႔ဝါသနာပါတယ္ဆုိရင္ သင္႔အတြက္အရမ္းေကာင္းတဲ႔အခ်က္ပါပဲ။ သူကစိတ္ဖိစီးမႈ စိတ္ညစ္ညဴးမႈေတြကို ေျပေပ်ာက္ေစျပီး စိတ္ႏွလံုးေက်နပ္ႏွစ္သိမ္႔ျခင္းကိုယူေဆာင္လာေပးပါတယ္။ ဦးေႏွာက္နဲ႔ပတ္သက္ရင္ Cognitive Skills ပိုေကာင္းလာသလို ခြဲျခမ္းစိတ္ျဖာျခင္း စီမံခန္႔ခြဲမႈနဲ႔ပတ္သက္တဲ႔ Skill ေတြလည္း တက္လာေစပါတယ္။ ကေလးေတြကိုတူရိယာတစ္ခုခုနဲ႔တီးခတ္ေဆာ႔ကစားခိုင္းရင္လည္း သူတုိ႔ရဲ႕ဆက္သြယ္ေျပာဆုိႏိုင္တဲ႔စြမ္းရည္တက္လာျပီး စကားသြက္သြက္ေျပာတတ္လာတယ္ဆိုတာေလ႔လာေတြ႔ရွိရပါတယ္။
ဗီဒီယိုဂိမ္းေဆာ႔ျခင္း
ဂိမ္းေဆာ႔ရင္မေကာင္းဘူးလုိ႔ လူၾကီးသူမေတြကထင္ၾကပါတယ္။ တကယ္တမ္းမွာေတာ႔ ဂိမ္းကိုအခ်ိန္အကန္႔အသတ္ေလးတစ္ခုနဲ႔ေဆာ႔ကစားေပးရင္ ေကာင္းက်ိဳးေတြအမ်ားၾကီးရပါတယ္။ သူက Working memory ပိုေကာင္းလာေစတယ္တဲ႔။ လုပ္ခဲ႔တဲ႔အလုပ္နဲ႔ လုပ္ေဆာင္ရဦးမယ္႔အလုပ္ေတြကို မွတ္မိေနေစတယ္။ သိုေလွာင္ထားျပီးတဲ႔မွတ္ဥာဏ္ေကာင္းေနသလို အေၾကာင္းအရာသစ္ေတြကိုေလ႔လာႏိုင္စြမ္းလည္း တိုးတက္ေစပါတယ္။ နည္းဗ်ဴဟာခ်မွတ္ျပီး အလုပ္လုပ္တတ္လာေစပါတယ္။ ဒါေၾကာင္႔ အခ်ိန္အတိုင္းအတာသတ္မွတ္ျပီး ဂိမ္းေဆာ႔ေပးပါ။ ၂၄ နာရီ Dota ခုတ္ေနတာမ်ိဳးေတာ႔ မလုပ္ရဘူးေပါ႔။
ဘာသာစကားအသစ္သင္ယူျခင္း
ဘာသာစကားအသစ္သင္ယူတာကို ဝါသနာပါရင္ေတာ႔ အက်ိဳးေက်းဇူးကအမ်ားၾကီးပါ။ သိသာတဲ႔ရလဒ္ကေတာ႔ ခရီးသြားရင္သူမ်ားထက္ပိုအဆင္ေျပတယ္။ ျပီးေတာ႔ ဦးေႏွာက္ဆိုတာၾကြက္သားတစ္ခုပဲျဖစ္တာမို႔ မ်ားမ်ားေလ႔က်င္႔ေပးေလ ပိုျပီးရလဒ္ေကာင္းေတြထြက္ေပၚေလပါပဲ။ ဒါေၾကာင္႔ ဘာသာစကားသင္ယူျခင္းက ဦးေႏွာက္အိုမင္းလာျခင္းကိုကာကြယ္ေပးပါတယ္။ စီမံခန္႔ခြဲမႈပိုင္းကိုပိုေကာင္းလာေစသလုိ စိတ္ခံစားခ်က္နဲ႔စဥ္းစားဆံုးျဖတ္ရတဲ႔ ကိစၥေတြမွာလည္း ပိုျပီးေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္စြမ္းရွိေစပါတယ္။ ပုစာၦေတြ အခက္အခဲေတြကိုေျဖရွင္းႏိုင္တဲ႔စြမ္းရည္လည္းပိုတိုးလာေစပါတယ္တဲ႔။ အာရံုစူးစိုက္မႈေကာင္းျပီး အိုင္ဒီယာေကာင္းေတြထြက္ေပၚလာတာေၾကာင္႔ ပိုစမတ္က်လာရတာျဖစ္ပါတယ္။
Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္
စာဖတ္ျခင္း
စာဖတ္ျခင္းဝါသနာဟာေကာင္းတဲ႔ဝါသနာတစ္ရပ္ဆုိတာ အားလံုးလက္ခံၾကျပီးသားပါ။ ဒါေပမဲ႔ ဦးေႏွာက္ပိုင္းကိုဘယ္လုိအက်ိဳးမ်ားေစတယ္ဆုိတာကိုေတာ႔ တိတိက်က်သိသူနည္းေလာက္ပါေသးတယ္။ စာဖတ္ျခင္းေၾကာင္႔ ဘာသာစကားနဲ႔ဆိုင္တဲ႔ဘယ္ဘက္ဦးေႏွာက္ဖြ႔ံျဖိဳးလာေစသလုိ Mirrors brain connectivity လုိ႔ေခၚတဲ႔ တကယ္႔လက္ေတြ႔မွာ အသံုးခ်စီမံတတ္ျခင္းအစြမ္းလည္းရွိလာေစပါတယ္။ ဥပမာ- ကားေမာင္းျခင္းနဲ႔ပတ္သက္တဲ႔စာအုပ္ဖတ္ထားတယ္ဆုိရင္ တကယ္ကားေမာင္းတဲ႔အခါမွာ ျပန္အသံုးႏိုင္တာမ်ိဳးပါ။ ဒါေၾကာင္႔ ေန႔တိုင္းစာဖတ္ပါ။ စာဆုိတဲ႔ေနရာမွာစာၾကီးေပၾကီးေတြကိုခ်ည္းေျပာတာမဟုတ္တာမုိ႔ ရုပ္ျပစာအုပ္ဖတ္သူေတြလည္း ဒီအက်ိဳးေတြကိုရႏိုင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။
ဒီဝါသနာ ၅ ခုထဲကတစ္ခုခုရွိေနရင္ ဒါမွမဟုတ္တစ္ခုထက္မကရွိေနရင္ သင္ပိုစမတ္က်လာႏိုင္ျပီမို႔ ဆက္လက္ဆုပ္ကိုင္ထားလိုက္ပါေနာ္။
[Unicode]
သင့်ကိုပိုစမတ်ကျလာစေမယ့် ဝါသနာ ၅ ခု
လူတိုင်းမှာဝါသနာပါရာကိုယ်စီရှိကြပါတယ်။ တချို့သောဝါသနာတွေက ငွေကုန်ကြေးကျများတယ်၊ ဓာတ်ပုံရိုက်တာလို ဂေါက်ရိုက်တာလိုမျိုးပေါ့။ တချို့ဝါသနာတွေကျပြန်တော့ ကိုယ့်ကိုပျက်စီးစေတယ်။ ဒီလို အမျိူးမျိူးအထွေထွေရှိတဲ့အထဲမှာမှ ကိုယ့်ကိုပိုပြီးစမတ်ဖြစ်လာစေမယ့် ကောင်းကျိုးဘက်ကိုဦးတည်တဲ့ဝါသနာ ၅ ခုရှိပါတယ်။ ဒီအထဲကတစ်ခုခုမှာကိုယ်ဝါသနာထုံနေတယ်ဆိုရင်တော့ ကံကောင်းတယ်လို့ဆိုရမှာပါ။
Exercise မှန်မှန်ပြုလုပ်ခြင်း
ကိုယ်လက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်နေရတာထက်ဝါသနာပါတဲ့အဆင့်ကိုရောက်နေပြီဆိုရင်တော့ ဆက်သွားပါလို့ပြောရမှာပါ။ သင့်ကိုအမြဲကျန်းမာ ဖျတ်လတ်တဲ့ပုံနဲ့တွေ့မြင်နေရမှာမို့ပါပဲ။ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်မယ်ဆိုရင် ဦးနှောက်ကိုလည်းများစွာ ကောင်းကျိုးပေးပြီး မှတ်ဉာဏ်လည်းကောင်းနေစေမယ်။ BDNF လို့ခေါ်တဲ့ပရိုတင်းထွက်ရှိလာတဲ့အတွက် Long-term memory လိုမျိုး Cognitive Benefits တွေရရှိလာဖို့အထောက်အကူပေးတယ်။ ဒီလိုခန္ဓာကိုယ်ကိုရော ဦးနှောက်ကိုပါကောင်းကျိုးတွေများစေတာမို့ သင့်ကိုပိုတော် ပိုသွက်ပြီး ပိုစမတ်ကျလာစေပါတယ်။
MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်
တူရိယာတစ်ခုခုတီးခတ်ခြင်း
တူရိယာတစ်ခုခုကို သင်ယူဖို့ဝါသနာပါတယ်ဆိုရင် သင့်အတွက်အရမ်းကောင်းတဲ့အချက်ပါပဲ။ သူကစိတ်ဖိစီးမှု စိတ်ညစ်ညူးမှုတွေကို ပြေပျောက်စေပြီး စိတ်နှလုံးကျေနပ်နှစ်သိမ့်ခြင်းကိုယူဆောင်လာပေးပါတယ်။ ဦးနှောက်နဲ့ပတ်သက်ရင် Cognitive Skills ပိုကောင်းလာသလို ခွဲခြမ်းစိတ်ဖြာခြင်း စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ Skill တွေလည်း တက်လာစေပါတယ်။ ကလေးတွေကိုတူရိယာတစ်ခုခုနဲ့တီးခတ်ဆော့ကစားခိုင်းရင်လည်း သူတို့ရဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့စွမ်းရည်တက်လာပြီး စကားသွက်သွက်ပြောတတ်လာတယ်ဆိုတာလေ့လာတွေ့ရှိရပါတယ်။
ဗီဒီယိုဂိမ်းဆော့ခြင်း
ဂိမ်းဆော့ရင်မကောင်းဘူးလို့ လူကြီးသူမတွေကထင်ကြပါတယ်။ တကယ်တမ်းမှာတော့ ဂိမ်းကိုအချိန်အကန့်အသတ်လေးတစ်ခုနဲ့ဆော့ကစားပေးရင် ကောင်းကျိုးတွေအများကြီးရပါတယ်။ သူက Working memory ပိုကောင်းလာစေတယ်တဲ့။ လုပ်ခဲ့တဲ့အလုပ်နဲ့ လုပ်ဆောင်ရဦးမယ့်အလုပ်တွေကို မှတ်မိနေစေတယ်။ သိုလှောင်ထားပြီးတဲ့မှတ်ဉာဏ်ကောင်းနေသလို အကြောင်းအရာသစ်တွေကိုလေ့လာနိုင်စွမ်းလည်း တိုးတက်စေပါတယ်။ နည်းဗျူဟာချမှတ်ပြီး အလုပ်လုပ်တတ်လာစေပါတယ်။ ဒါကြောင့် အချိန်အတိုင်းအတာသတ်မှတ်ပြီး ဂိမ်းဆော့ပေးပါ။ ၂၄ နာရီ Dota ခုတ်နေတာမျိုးတော့ မလုပ်ရဘူးပေါ့။
ဘာသာစကားအသစ်သင်ယူခြင်း
ဘာသာစကားအသစ်သင်ယူတာကို ဝါသနာပါရင်တော့ အကျိုးကျေးဇူးကအများကြီးပါ။ သိသာတဲ့ရလဒ်ကတော့ ခရီးသွားရင်သူများထက်ပိုအဆင်ပြေတယ်။ ပြီးတော့ ဦးနှောက်ဆိုတာကြွက်သားတစ်ခုပဲဖြစ်တာမို့ များများလေ့ကျင့်ပေးလေ ပိုပြီးရလဒ်ကောင်းတွေထွက်ပေါ်လေပါပဲ။ ဒါကြောင့် ဘာသာစကားသင်ယူခြင်းက ဦးနှောက်အိုမင်းလာခြင်းကိုကာကွယ်ပေးပါတယ်။ စီမံခန့်ခွဲမှုပိုင်းကိုပိုကောင်းလာစေသလို စိတ်ခံစားချက်နဲ့စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စတွေမှာလည်း ပိုပြီးကောင်းမွန်အောင်လုပ်ဆောင်နိုင်စွမ်းရှိစေပါတယ်။ ပုစ္ဆာတွေ အခက်အခဲတွေကိုဖြေရှင်းနိုင်တဲ့စွမ်းရည်လည်းပိုတိုးလာစေပါတယ်တဲ့။ အာရုံစူးစိုက်မှုကောင်းပြီး အိုင်ဒီယာကောင်းတွေထွက်ပေါ်လာတာကြောင့် ပိုစမတ်ကျလာရတာဖြစ်ပါတယ်။
Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်
စာဖတ်ခြင်း
စာဖတ်ခြင်းဝါသနာဟာကောင်းတဲ့ဝါသနာတစ်ရပ်ဆိုတာ အားလုံးလက်ခံကြပြီးသားပါ။ ဒါပေမဲ့ ဦးနှောက်ပိုင်းကိုဘယ်လိုအကျိုးများစေတယ်ဆိုတာကိုတော့ တိတိကျကျသိသူနည်းလောက်ပါသေးတယ်။ စာဖတ်ခြင်းကြောင့် ဘာသာစကားနဲ့ဆိုင်တဲ့ဘယ်ဘက်ဦးနှောက်ဖွံ့ဖြိုးလာစေသလို Mirrors brain connectivity လို့ခေါ်တဲ့ တကယ့်လက်တွေ့မှာ အသုံးချစီမံတတ်ခြင်းအစွမ်းလည်းရှိလာစေပါတယ်။ ဥပမာ- ကားမောင်းခြင်းနဲ့ပတ်သက်တဲ့စာအုပ်ဖတ်ထားတယ်ဆိုရင် တကယ်ကားမောင်းတဲ့အခါမှာ ပြန်အသုံးနိုင်တာမျိုးပါ။ ဒါကြောင့် နေ့တိုင်းစာဖတ်ပါ။ စာဆိုတဲ့နေရာမှာစာကြီးပေကြီးတွေကိုချည်းပြောတာမဟုတ်တာမို့ ရုပ်ပြစာအုပ်ဖတ်သူတွေလည်း ဒီအကျိုးတွေကိုရနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
ဒီဝါသနာ ၅ ခုထဲကတစ်ခုခုရှိနေရင် ဒါမှမဟုတ်တစ်ခုထက်မကရှိနေရင် သင်ပိုစမတ်ကျလာနိုင်ပြီမို့ ဆက်လက်ဆုပ်ကိုင်ထားလိုက်ပါနော်။