[Zawgyi]

ဒ႑ာရီမိုးရုပ္ရွင္ကားမွာ မင္းသားသံုးေယာက္နဲ႔ သရုပ္ေဆာင္မယ့္ ဝတ္မႈန္ေရႊရည္

ဝတ္မႈန္ေရႊရည္က ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားအတြက္ ကန္ေတာ့ပြဲေပးအခမ္းအနား သြားခဲ့စဥ္ Snap ေလးေတြကို သေဘာက်လို႔ဆိုၿပီး သူမရဲ ႔လူမႈကြန္ရက္မွာတင္ထားတာေတြ႔ရပါတယ္။ဒီဇာတ္ကားမွာ ဝတ္မႈန္ေရႊရည္ က မင္းသားသံုးေယာက္နဲ႔ အတူတူသရုပ္ေဆာင္ရမွာလည္း ျဖစ္ပါတယ္။

ပါဝင္တဲ့ မင္းသားသံုးေယာက္ထဲမွာ ေရႊထူးနဲ႔ေတာ့ တြဲဖက္သရုပ္ဖူးျခင္းမရွိေသးေပမယ့္ ရဲတိုက္နဲ႔ေတာ့ ေၾကာ္ျငာအတူတူရိုက္ဖူးၿပီး ေဒါင္းနဲ႔ေတာ့ လိပ္ျပာစံအိမ္ဆိုတဲ့ ဇာတ္ကားကိုတြဲဖက္သရုပ္ေဆာင္ဖူးတယ္လို႔သိရပါတယ္။

Fan ေတြနဲ႔ေပ်ာ္ရႊင္စြာေတြ႔ရတဲ့ ဝတ္မႈန္ေရႊရည္

ဝတ္မႈန္ေရႊရည္ ဝတ္ဆင္ထားတဲ့ ဝတ္စံုေလးကဆိုရင္လည္း အရင္ပြဲတတ္ဖက္ရွင္ေတြနဲ႔ ကြဲျပားတာကိုေတြ႕ရပါတယ္။ အက်ႌခ်ဳပ္ထားတဲ့ ပံုစံေလးဟာ အရင္ေခတ္က အမ်ိဳးသမီးေတြဝတ္ဆင္တဲ့ ဒီဇိုင္းမ်ိဳးေလးျဖစ္တဲ့ အတြက္ သူမဝတ္ဆင္လိုက္တဲ့ အခါအျမင္ဆန္းေနတာကို ေတြ႕ျမင္ရတာလည္းျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Wutt Hmone Shwe Yi(Amazing Grace)

www.akhayar.com
[Unicode]

ဒဏ္ဍာရီမိုးရုပ်ရှင်ကားမှာ မင်းသားသုံးယောက်နဲ့ သရုပ်ဆောင်မယ့် ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်က ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပွဲပေးအခမ်းအနား သွားခဲ့စဉ် Snap လေးတွေကို သဘောကျလို့ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာတင်ထားတာတွေ့ရပါတယ်။ဒီဇာတ်ကားမှာ ဝတ်မှုန်ရွှေရည် က မင်းသားသုံးယောက်နဲ့ အတူတူသရုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

ပါဝင်တဲ့ မင်းသားသုံးယောက်ထဲမှာ ရွှေထူးနဲ့တော့ တွဲဖက်သရုပ်ဖူးခြင်းမရှိသေးပေမယ့် ရဲတိုက်နဲ့တော့ ကြော်ငြာအတူတူရိုက်ဖူးပြီး ဒေါင်းနဲ့တော့ လိပ်ပြာစံအိမ်ဆိုတဲ့ ဇာတ်ကားကိုတွဲဖက်သရုပ်ဆောင်ဖူးတယ်လို့သိရပါတယ်။

Fan တွေနဲ့ပျော်ရွှင်စွာတွေ့ရတဲ့ ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည် ဝတ်ဆင်ထားတဲ့ ဝတ်စုံလေးကဆိုရင်လည်း အရင်ပွဲတတ်ဖက်ရှင်တွေနဲ့ ကွဲပြားတာကိုတွေ့ရပါတယ်။ အကျႌချုပ်ထားတဲ့ ပုံစံလေးဟာ အရင်ခေတ်က အမျိုးသမီးတွေဝတ်ဆင်တဲ့ ဒီဇိုင်းမျိုးလေးဖြစ်တဲ့ အတွက် သူမဝတ်ဆင်လိုက်တဲ့ အခါအမြင်ဆန်းနေတာကို တွေ့မြင်ရတာလည်းဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Wutt Hmone Shwe Yi(Amazing Grace)

www.akhayar.com