[Zawgyi] 

Nokia ဖုန္းေတြကို Android One Project ေအာက္မွာ HMD က ထုတ္ေပးလာတာ အခုဆို ေစ်းကြက္ထဲမွာလည္း Nokia ဆိုတာ ျပန္ၿပီးစိတ္ဝင္စားဖို႔ေကာင္းလာပါၿပီ။ လာမယ့္ ဒီဇင္ဘာ ၅ ရက္ေန႔မွာလည္း HMD က Dubai မွာ Nokia ဖုန္း ၃ လံုးကို မိတ္ဆက္ေပးသြားဖို႔ ျပင္ဆင္ေနပါၿပီ။ 

ဒီပြဲမွာေတာ့ HMD မိတ္ဆက္သြားမယ့္ Nokia ဖုန္း ၃ လံုးကို Teaser ဓာတ္ပံုတစ္ခုတင္ေပးခဲ့ၿပီး Hint ေပးထားပါတယ္။ Nokia 8.1 အပါအဝင္ Model ၃ မ်ိဳးျဖစ္ႏိုင္ၿပီး ပံုကို ျပင္ၿပီးၾကည့္လိုက္မယ္ဆိုရင္ေတာ့ Notch ေတြကို ေကာင္းေကာင္းျမင္ရပါတယ္။ ဒါေပမယ့္ ဘယ္ Model ေတြျဖစ္မလဲဆိုတာကိုေတာ့ မွန္းရခက္ေနပါေသးတယ္။ 

HMD အေနနဲ႔လည္း Teaser ေတြအမ်ားႀကီးလုပ္ေပးမထားလို႔ ဘယ္ဖုန္းေတြျဖစ္မလဲဆိုတာ အခုပံုေၾကာင့္ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းလာပါတယ္။ ပံုေတြထဲမွာေတာ့ ဖုန္း Size က သံုးမ်ိဳးျဖစ္လို႔ Mid-Range ကေန Flagship အထိ ပါႏိုင္ပါတယ္။ ဒါေပမယ့္ အရင္က ေကာလဟလေတြထြက္ေနခဲ့တဲ့ Nokia 9 ကေတာ့ ပါလာမယ္မထင္ရပါဘူး။ ဘယ္ဖုန္းေတြကို #ExpectMore Hashgtag ေအာက္မွာ ထုတ္ျပလာမလဲဆိုတာကိုေတာ့  လာမယ့္ ဒီဇင္ဘာ ၅ ရက္ေန႔မွာ ေစာင့္ၾကည့္ရမွာပါ။ 

Ref: Nokia Mobile | GSM Arena

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

HMD က Nokia ဖုန်း ၃ လုံးကို လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ မိတ်ဆက်တော့မယ်

Nokia ဖုန်းတွေကို Android One Project အောက်မှာ HMD က ထုတ်ပေးလာတာ အခုဆို ဈေးကွက်ထဲမှာလည်း Nokia ဆိုတာ ပြန်ပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီ။ လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာလည်း HMD က Dubai မှာ Nokia ဖုန်း ၃ လုံးကို မိတ်ဆက်ပေးသွားဖို့ ပြင်ဆင်နေပါပြီ။ 

ဒီပွဲမှာတော့ HMD မိတ်ဆက်သွားမယ့် Nokia ဖုန်း ၃ လုံးကို Teaser ဓာတ်ပုံတစ်ခုတင်ပေးခဲ့ပြီး Hint ပေးထားပါတယ်။ Nokia 8.1 အပါအဝင် Model ၃ မျိုးဖြစ်နိုင်ပြီး ပုံကို ပြင်ပြီးကြည့်လိုက်မယ်ဆိုရင်တော့ Notch တွေကို ကောင်းကောင်းမြင်ရပါတယ်။ ဒါပေမယ့် ဘယ် Model တွေဖြစ်မလဲဆိုတာကိုတော့ မှန်းရခက်နေပါသေးတယ်။ 

HMD အနေနဲ့လည်း Teaser တွေအများကြီးလုပ်ပေးမထားလို့ ဘယ်ဖုန်းတွေဖြစ်မလဲဆိုတာ အခုပုံကြောင့် ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ ပုံတွေထဲမှာတော့ ဖုန်း Size က သုံးမျိုးဖြစ်လို့ Mid-Range ကနေ Flagship အထိ ပါနိုင်ပါတယ်။ ဒါပေမယ့် အရင်က ကောလဟလတွေထွက်နေခဲ့တဲ့ Nokia 9 ကတော့ ပါလာမယ်မထင်ရပါဘူး။ ဘယ်ဖုန်းတွေကို #ExpectMore Hashgtag အောက်မှာ ထုတ်ပြလာမလဲဆိုတာကိုတော့  လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ စောင့်ကြည့်ရမှာပါ။ 

Ref: Nokia Mobile | GSM Arena

Min Than Htike (Akhayar)

www.akhayar.com