[Zawgyi]
Ref: Nokia Poweruser
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
Nokia 8 Pro လာတော့မှာလား
Nokia က HMD Global လက်အောက်ကနေဖုန်းတွေထုတ်လာခဲ့တာအခုဆိုရင် Android ဈေးကွက်မှာနေရာတစ်နေရာအထိရရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ 2017 October ကနေ December အတွင်းမှာကို Nokia Android Phone ပေါင်း ၄ သန်းကျော်အထိတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာ HMD Global အတွက်အောင်မြင်မှုကြီးဖြစ်ပြီး Nokia ပရိတ်သတ်အတွက်လည်းအကျိုးသက်ရောက်မှုရှိပါတယ်။
Nokia ရဲ့အောင်မြင်မှုကြောင့် Flagship ဖုန်းအသစ်တွေ ဈေးကွက်တင်ဖို့ HMD Global ကစတင်နေပါပြီ။ Nokia 8 Pro လို့သတင်းထွက်ထားတာဖြစ်ပါတယ်။ Nokia 8 Pro ကို Qualcomm Snapdragon 845 ကိုပဲသုံးမှာလို့ သိရတဲ့အတွက် ဒါဟာ Nokia ရဲ့ Flagship အသစ်ဖြစ်ဖို့သေခြာပါတယ်။ Nokia 8 လို့တော့ အတိအကျမသေခြာသေးတာကြောင့် Nokia 6 (2018) ၊ Nokia 7 Plus စသဖြင့်ပြောင်းလဲနိုင်ပါတယ်။ 18:9 Display ကတော့ပြောစရာမလိုတော့ဘူးထင်ပါတယ်။ 2018 Flagship တွေအားလုံး Wide Ratio နဲ့ပဲလာသင့်နေပါပြီ။
Flagship အသစ်အတွက်စိတ်ဝင်စားဖို့ကောင်းတာကတော့ Camera မှာသုံးမယ့် Penta-Lens ပဲဖြစ်ပါတယ်။ Penta ဆိုတာကတော့ ဂရိအက္ခရာ ၅ ဖြစ်တဲ့အတွက် Lens ၅ ချပ်ဖြစ်ပါတယ်။ Lens တွေက Zeiss Lens ကဖြစ်ပါတယ်။ Zeiss Lens ရဲ့ မသုံးရသေးတဲ့နည်းပညာတစ်ခုဖြစ်တဲ့ Rotating Zoom ကိုလည်းမေ ျှာ်လင့်စရာပါ။ Rotating Zoom ဆိုတာကတော့ Camera အပေါ်မှာ Lens တွေအများကြီးတပ်ထားပြီး လှည့်လို့ရတဲ့ အဝိုင်းတစ်ခုပါ။ Zeiss ကတော့ Rotating Zoom ကဖုန်းအတွက်လို့မပြောထားပေမယ့် Nokia ရဲ့ Camera Housing အဝိုင်းကြီးကသိသာနေပါတယ်။ Lens တွေထည့်ထားတဲ့ အပြားလေးကို Camera Housing မှာထည့်ဖို့ဖြစ်နိုင်ခြေများပါတယ်။ Lens တွေပြေင်းလို့ရလာရင် Optical Zoom ၊ Wide Angle နဲ့ Portrait Mode တွေမှာအများကြီးအပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ Lens တွေအမျိုးမျိုးပြောင်းလို့ရခဲ့ရင် Samsung Galaxy S9 နဲ့ယှဉ်ပြိုင်စရာဖြစ်လာမှာပါ။ Nokia Flagship အသစ်ကို MWC 2018 မှာတွေ့ရဖို့တော့ Chance နည်းတယ်လို့သိရပါတယ်။
Ref: Nokia Poweruser
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။