[Zawgyi]

ကမာၻ႔ေက်ာ္ H&M မွ ေစ်းတန္တဲ့ Wedding Dress Line ေတြကို ထုုတ္လုပ္ေရာင္းခ်ေပးေနၿပီ

ကမာၻ႔ေပၚမွာ အႀကီးဆံုး High Street Brand တစ္ခုျဖစ္တဲဲ႔ H&M က ေနာက္ထပ္ ဖန္တီးမႈအသစ္တစ္ခုကို ထပ္မံခ်ျပလုိက္ၿပီ ျဖစ္ပါတယ္။ H&M အသစ္ခ်ျပလိုက္တဲ႔ ဖန္တီးမႈကေတာ့ သူတို႔ခ်ျပေနက် ဖန္တီးမႈမ်ဳိး မဟုတ္ဘဲ ကဲြျပားတဲ့ ဒီဇိုင္းေလးေတြျဖစ္ၿပီး ေစ်းႏႈန္းသင့္တင့္တဲ႔ Wedding Dress လိုင္းေလးေတြပဲ ျဖစ္ပါတယ္။

H&M Wedding Dress

H&M Wedding Dress

Wedding Dress ေတြက ပံုမွန္ဆိုရင္ တန္ဖုိးႀကီးေလ့ရွိၿပီး ဝယ္ယူဖို႔ ခက္ခဲသလို သာမန္လူတန္းစားေတြအေနနဲ႔ မဂၤလာေဆာင္ရင္ ဝတ္စံုကို ငွားဝတ္ရတာမ်ဳိးေတြေတာင္ ရွိပါတယ္။ အထူးသျဖင့္ နာမည္ႀကီး ဒီဇုိင္နာေတြ ဖန္တီးထားတဲ႔ ဝတ္စံုမ်ဳိးဆိုရင္ အနားကပ္ဖို႔ေတာင္ မလြယ္ကူပါဘူး။ အဲ႔ဒီအခ်က္ကို အဓိကအသံုးခ်ၿပီး H&M က ေစ်းႏႈန္းသင့္တင့္ၿပီး ရုိးရွင္းလွပတဲ့ ေခတ္မီ Wedding Dress ေတြကို ဖန္တီးထုတ္လုပ္ ေရာင္းခ်ခဲ႔တာ ျဖစ္ပါတယ္။

H&M Wedding Dress

H&M Wedding Dress

H&M က ဖန္တီးထုတ္လုပ္ေရာင္းခ်တဲ႔ Wedding Dress ေတြထဲက အနိမ္႔ဆံုး Collection ရဲ႕ေစ်းႏႈန္းေတြက ေပါင္ ၁၄၉.၉၉ ေလာက္နီးပါးကေန စရွိပါတယ္။ ေစ်းအႀကီးဆံုး Collection ကေတာ့ ထူးျခားေကာင္းမြန္တဲ႔ Bandeau Dress ျဖစ္ၿပီး ပံုစံကေတာ့ ကိုယ္က်ပ္ေဘာ္လီအက်ီၤလို ပံုစံမ်ုဳိးကို Draped Skirt ပံုစံနဲ႔ ေပါင္းစပ္ဖန္တီးထားတဲ့ Dress မ်ဳိး ျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ ေပါင္ ၁၉၉.၉၉ ရွိပါတယ္။

H&M Wedding Dress

H&M Wedding Dress

အသစ္ထုတ္လုပ္လိုက္တဲ႔ Wedding Dress Line မွာ ေတာ္ဝင္မဂၤလာဝတ္စံုေတြရဲ႕ စတိုင္လ္ကို Inspire ယူၿပီး ရုိးရွင္းလွပစြာ ဖန္တီးထားပါတယ္။ဒါ့အျပင္ ၂၀၁၁ ခုနစ္ ဒီဇုိင္နာ Alexander McQueen ဖန္တီးထားၿပီး Cambridge ျမိဳ႕စားကေတာ္ Kate Middleton မဂၤလာပဲြမွာ ဝတ္ဆင္ခဲ႔တဲ႔  ရုိးရွင္းလွပဝတ္စံုလိုမ်ဳိး ဒီဇုိင္းခပ္ဆင္ဆင္ Wedding Dress ပံုစံေတြလည္း ပါဝင္ပါတယ္။

H&M Wedding Dress

H&M Wedding Dress

အသစ္မိတ္ဆက္လိုက္တဲ႔ ေစ်းတန္တဲ႔ H&M ရဲ႕ Wedding Dress Line မွာ ရုိးရုုိးရွင္းရွင္းသိမ္ေမြ႕လွပတဲ႔ Long Stain Dress (သို႔) Long-sleeved Dress ပံုစံေတြ ၊ ဇာ Bohoo Design ပံုစံေတြ နဲ႔ V ပံုသ႑န္ ေနာက္ေက်ာေပါက္ပံုစံ အစရွိတာေတြ ပါဝင္တာကို ေတြ႔ရပါတယ္။

H&M Wedding Dress

H&M Wedding Dress

တရားဝင္ Wedding Section ကိုေတာ့ ခုခ်ိန္ထိ ေသေသခ်ာခ်ာေလး မခ်ျပေသးေပမယ့္ H&M ရဲ႕ Wedding Collection ကို ဝယ္ယူဖို႔ စိတ္ကူးရွိလို႔ ဒီဇိုင္းေတြ ဝင္ၾကည္႔ခ်င္တယ္ဆိုရင္ေတာ့ ဒီမွာ ၾကည္႔လို႔ ရပါတယ္။

H&M Wedding Dress

H&M Wedding Dress

ဝါလည္းကၽြတ္ၿပီးဆိုေတာ့ မဂၤလာေဆာင္ဖို႔ အစီအစဥ္ရွိတဲ႔သူေတြအေနနဲ႔လည္း H&M က ေစ်းတန္တဲ႔ Wedding Dress Line ေတြ ထုတ္လုပ္ေပးလိုက္ၿပီး ျဖစ္တဲ့အတြက္ Wedding Dress ကို ငွားမဝတ္ဘဲ အပိုင္လုိိခ်င္တဲ႔သူေတြအေနနဲ႔ ဝယ္ယူလို႔ရၿပီျဖစ္ေၾကာင္း လက္တို႔ေပးလိုက္ရျခင္းျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာ့ကျော် H&M မှ ဈေးတန်တဲ့ Wedding Dress Line တွေကို ထုတ်လုပ်ရောင်းချပေးနေပြီ

ကမ္ဘာ့ပေါ်မှာ အကြီးဆုံး High Street Brand တစ်ခုဖြစ်တဲ့ H&M က နောက်ထပ် ဖန်တီးမှုအသစ်တစ်ခုကို ထပ်မံချပြလိုက်ပြီ ဖြစ်ပါတယ်။ H&M အသစ်ချပြလိုက်တဲ့ ဖန်တီးမှုကတော့ သူတို့ချပြနေကျ ဖန်တီးမှုမျိုး မဟုတ်ဘဲ ကွဲပြားတဲ့ ဒီဇိုင်းလေးတွေဖြစ်ပြီး ဈေးနှုန်းသင့်တင့်တဲ့ Wedding Dress လိုင်းလေးတွေပဲ ဖြစ်ပါတယ်။

H&M Wedding Dress

H&M Wedding Dress

Wedding Dress တွေက ပုံမှန်ဆိုရင် တန်ဖိုးကြီးလေ့ရှိပြီး ဝယ်ယူဖို့ ခက်ခဲသလို သာမန်လူတန်းစားတွေအနေနဲ့ မင်္ဂလာဆောင်ရင် ဝတ်စုံကို ငှားဝတ်ရတာမျိုးတွေတောင် ရှိပါတယ်။ အထူးသဖြင့် နာမည်ကြီး ဒီဇိုင်နာတွေ ဖန်တီးထားတဲ့ ဝတ်စုံမျိုးဆိုရင် အနားကပ်ဖို့တောင် မလွယ်ကူပါဘူး။ အဲ့ဒီအချက်ကို အဓိကအသုံးချပြီး H&M က ဈေးနှုန်းသင့်တင့်ပြီး ရိုးရှင်းလှပတဲ့ ခေတ်မီ Wedding Dress တွေကို ဖန်တီးထုတ်လုပ် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

H&M Wedding Dress

H&M Wedding Dress

H&M က ဖန်တီးထုတ်လုပ်ရောင်းချတဲ့ Wedding Dress တွေထဲက အနိမ့်ဆုံး Collection ရဲ့ဈေးနှုန်းတွေက ပေါင် ၁၄၉.၉၉ လောက်နီးပါးကနေ စရှိပါတယ်။ ဈေးအကြီးဆုံး Collection ကတော့ ထူးခြားကောင်းမွန်တဲ့ Bandeau Dress ဖြစ်ပြီး ပုံစံကတော့ ကိုယ်ကျပ်ဘော်လီအကျီၤလို ပုံစံမျိုုးကို Draped Skirt ပုံစံနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ Dress မျိုး ဖြစ်ပြီး ဈေးနှုန်းကတော့ ပေါင် ၁၉၉.၉၉ ရှိပါတယ်။

H&M Wedding Dress

H&M Wedding Dress

အသစ်ထုတ်လုပ်လိုက်တဲ့ Wedding Dress Line မှာ တော်ဝင်မင်္ဂလာဝတ်စုံတွေရဲ့ စတိုင်လ်ကို Inspire ယူပြီး ရိုးရှင်းလှပစွာ ဖန်တီးထားပါတယ်။ဒါ့အပြင် ၂၀၁၁ ခုနစ် ဒီဇိုင်နာ Alexander McQueen ဖန်တီးထားပြီး Cambridge မြို့စားကတော် Kate Middleton မင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့တဲ့  ရိုးရှင်းလှပဝတ်စုံလိုမျိုး ဒီဇိုင်းခပ်ဆင်ဆင် Wedding Dress ပုံစံတွေလည်း ပါဝင်ပါတယ်။

H&M Wedding Dress

H&M Wedding Dress

အသစ်မိတ်ဆက်လိုက်တဲ့ ဈေးတန်တဲ့ H&M ရဲ့ Wedding Dress Line မှာ ရိုးရိုးရှင်းရှင်းသိမ်မွေ့လှပတဲ့ Long Stain Dress (သို့) Long-sleeved Dress ပုံစံတွေ ၊ ဇာ Bohoo Design ပုံစံတွေ နဲ့ V ပုံသဏ္ဍန် နောက်ကျောပေါက်ပုံစံ အစရှိတာတွေ ပါဝင်တာကို တွေ့ရပါတယ်။

H&M Wedding Dress

H&M Wedding Dress

တရားဝင် Wedding Section ကိုတော့ ခုချိန်ထိ သေသေချာချာလေး မချပြသေးပေမယ့် H&M ရဲ့ Wedding Collection ကို ဝယ်ယူဖို့ စိတ်ကူးရှိလို့ ဒီဇိုင်းတွေ ဝင်ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ကြည့်လို့ ရပါတယ်။

H&M Wedding Dress

H&M Wedding Dress

ဝါလည်းကျွတ်ပြီးဆိုတော့ မင်္ဂလာဆောင်ဖို့ အစီအစဉ်ရှိတဲ့သူတွေအနေနဲ့လည်း H&M က ဈေးတန်တဲ့ Wedding Dress Line တွေ ထုတ်လုပ်ပေးလိုက်ပြီး ဖြစ်တဲ့အတွက် Wedding Dress ကို ငှားမဝတ်ဘဲ အပိုင်လိုချင်တဲ့သူတွေအနေနဲ့ ဝယ်ယူလို့ရပြီဖြစ်ကြောင်း လက်တို့ပေးလိုက်ရခြင်းဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com