ရန်ကုန်၊ မေ ၂၆ ရက်။

တေးသံရှင် လွှမ်းပိုင်က သူ့ရဲ့တတိယမြောက် တစ်ကိုယ်တော်အခွေကို လာမယ့် ဇွန် ၂၄ ရက်မှာ ဖြန့်ချိတော့မှာ ဖြစ်ပြီး ဒီတေးအယ်လ်ဘမ်နဲ့ပတ်သက်ပြီး လွှမ်းပိုင်က အခုလိုပြောပါတယ်။

“ကျွန်တော့် တစ်ကိုယ်တော်ခွေကို ဇွန်လ ၂၄ ရက်မှာဖြန့်မှာပါ။ သီချင်းစုစုပေါင်း(၁၄)ပုဒ် ပါပါမယ်။ သီချင်းပုံစံ တွေကတော့ အဓိက Hip Hop ကိုပဲ အခြေခံထားတယ်။

ကျွန်တော်ထွက်ခဲ့ပြီးတဲ့ အရင်အခွေတွေနဲ့တော့ ကွာမှာပါ။ ပြီးတော့ ကျွန်တော်က အရင်အခွေကသီချင်းတွေထက် ဒီအခွေထဲကသီချင်းတွေကို ပိုကြိုက်တယ်။ အဲဒါ ကြောင့် ဒီအခွေက ကျွန်တော်အကြိုက်ဆုံးအခွေလို့ပြောရင် ရပါတယ်။ ကျွန်တော့်ကို အားပေးနေကြတဲ့ ပရိ သတ်တွေအနေနဲ့လည်း ကျွန်တော့်ပုံစံနဲ့မတူတဲ့ နောက်ထပ်ပုံစံတစ်မျိုးကိုတွေ့ရမှာပါ။”ဟု လွှမ်းပိုင်က ပြောပါ တယ်။

သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ကို “ဂီတဗေဒ” လို့ အမည်ပေးထားပြီး၊ ဒီအယ်လ်ဘမ်ခေါင်းစဉ်နဲ့ ပတ်သတ်ပြီးတော့လည်း လွှမ်းပိုင်က အခုလိုရှင်းပြခဲ့ပါတယ်။

“သီချင်းတော်တော်များများက ဇာတ်လမ်းပုံစံလေးတွေ များတယ်။ ဒါကလည်း ကျွန်တော်လုပ်ထားတဲ့ ဂီတ ပညာရပ်တစ်ခုပါပဲ။

အဓိကကတော့ ကျွန်တော့်ရဲ့ဂီတပညာရပ်ဆိုတာထက် ကျွန်တော်ဖန်တီးထားတဲ့ ဂီတပုံစံ ကိုတွေ့ရမှာပါ။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာလေးတွေကို ဂီတပုံစံနဲ့ပြောထားတဲ့အတွက် “ဂီတဗေဒ” လို့ ပေးဖြစ်ခဲ့တာပါ”လို့ လွှမ်းပိုင်က ပြောပြခဲ့ပါတယ်။

တေးသံရှင် လွှမ်းပိုင်ဟာ ဟစ်ဟော့ပ်ဂီတလောကမှာ ဒုံးပျံနဲ့ ဂီတစာဆိုလွှမ်းပိုင်ဆိုတဲ့ စီးရီးနှစ်ခွေ ထွက်ရှိ ထားသူဖြစ်ပြီး ထပ်မံထွက်ရှိမယ့် ဂီတဗေဒစီးရီးကတော့ သူ့ရဲ့ တတိယမြောက်စီးရီးပဲဖြစ်ပါတယ်။

ဂီတဘက်မှာလှုပ်ရှားနေသလို သရုပ်ဆောင်ပိုင်းမှာလည်း ဂျာကင်ဟောင်းလေးဗီဒီယိုဇာတ်လမ်း၊ ကြွေရုပ်ရှင် ဇာတ်ကားတွေနဲ့ ခြေဆန့်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

 

စံပယ်ဖြူ

www.akhayar.com