[Zawgyi]

သွေးသားရင်းချာ တွေဖြစ်ကြတဲ့ အနုပညာရှင် ညီအစ်ကိုနှစ်ယောက် လွှမ်းပိုင်နဲ့ ကျော်ဆု



 



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

သွေးသားရင်းချာ ညီအစ်ကို တွေဖြစ်ကြတဲ့ အနုပညာရှင် ညီအစ်ကိုနှစ်ယောက် လွှမ်းပိုင်နဲ့ ကျော်ဆု

အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ ကျော်ဆုနဲ့ လွှမ်းပိုင် တို့ဟာ သွေးသားရင်းညီအစ်ကိုတွေဖြစ်ကြပါတယ်။ ကျော်ဆု က အစ်ကို အကြီးဖြစ်ပြီး လွှမ်းပိုင်ကတော့ အငယ်ပါ။ ညီအစ်ကိုနှစ်ယောက်လုံး က အနုပညာကိုသူ့နယ်ပယ်နဲ့ သူ အောင်မြင်နေကြသူတွေလည်း ဖြစ်ပါတယ်။ကျော်ဆုနဲ့ လွှမ်းပိုင်ဆိုတာ ညီအစ်ကိုရင်းဖြစ်တယ်ဆိုတာ လွှမ်းပိုင်ရဲ့အမာခံပရိသတ်တွေက သိပေမယ့် တချို့တွေကတော့ သိကြမှာ မဟုတ်ပါဘူး

ကျော်ဆု ကိုတော့ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေကို ကြည့်ဖူးသူတွေကရင်းနှီးကြမယ်လို့ထင်ပါတယ်။ သရုပ်ဆောင်လည်း ကောင်းသလို အရည်အသွေးရှိတဲ့ လူငယ်အနုပညာရှင်တစ်ဦးပါ။

 

လွှမ်းပိုင် ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား Rapper အဆိုတော် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အခုနောက်ပိုင်းမှာ တော့ လွှမ်းပိုင်ကလည်း အစ်ကိုဖြစ်သူလိုပဲ သရုပ်ဆောင်အလုပ်ကို ဝါသနာပါလာပုံရပါတယ်။ ကြွေရုပ်ရှင်ဇာတ်ကားကြီးမှာ လွှမ်းပိုင်ရဲ့သရုပ်ဆောင်မှုတွေကို လူငယ်တွေကြိုက်နှစ်သက်ကြတာကိုတွေ့ရပါတယ်။

Photo Credit: Kyaw Hsu Instagram ၊ Hlwan Paing Facebook

ကြည်သာ (Akhayar)

www.akhayar.com