[Zawgyi]

လွှမ်းပိုင် ရဲ့ ကြွေဆိုတဲ့ စာသားလေးနဲ့ အတူတူ ချစ်သူ့လက်တွဲပွဲတက်ရောက်ခဲ့ပုံများ




စေ…..



ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

လွှမ်းပိုင် ရဲ့ကြွေဆိုတဲ့ စာသားလေးနဲ့ အတူတူ ချစ်သူ႔လက်တွဲပွဲတက်ရောက်ခဲ့ပုံများ

အခုတွေ့ရမှာကတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ကြွေရုပ်ရှင် ဇာတ်ကားအထူးပွဲပြသတဲ့ အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။လွှမ်းပိုင်ဟာဆိုရင် ဒီကြွေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး အိချောပို နဲ့တွဲဖက်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

လွှမ်းပိုင်ဟာအထူးပွဲပြသပွဲကို ချစ်သူဖြစ်တဲ့ Bobby Soxer နဲ့ တက်ရောက်ခဲ့တဲ့ ပုံတွေကို တင်ထားပြီး “ကိုယ့်ရဲ့ချစ်ခြင်း….

သူ့ခြေရင်းတွင်ဖြန့်ခင်းနင်း၍လျှေက်ပါ

စေ…..

ကြွေ…….” ဆိုတာလေးကိုလည်း သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ကြွေရုပ်ရှင်ဇာတ်ကားကိုတော့ ဇူလိုင်လ၂၀ရက်နေ့ မြန်မာတစ်နိုင်ငံလုံးမှာ စတင်ပြသမယ်လို့သိရပါတယ်။ မင်းသားတွေကတော့ ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ခန့်စည်သူ ၊ ထွန်းထွန်း ၊ Tyron ၊ ဗေလုဝ တို့ပါဝင်မှာဖြစ်ပြီး တခြားသောအနုပညာရှင်များစွာလည်း ပါဝင်တဲ့ အချစ်ဟာသဇာတ်ကားဖြစ်တယ်လို့ သိရပါတယ်။

ကြည်သာ (Akhayar)

Photo Credit: ကြွေရုပ်ရှင် Facebook Page ၊ Hlwan Paing Facebook(Amazing Grace)

www.akhayar.com