[Zawgyi]

လွယဥ္ေက်း ေျပာျပတဲ့ မုျဒာရဲ႕ေခၚသံနဲ႕သူမရဲ႕အနုပညာအေၾကာင္း

မုျဒာရဲ႕ေခၚသံ ရုပ္ရွင္ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသမီးအေနနဲ႕ပါဝင္ခဲ့တဲ့ လွယဥ္ေက်းရဲ႕ အနုပညာလုပ္ငန္းစတင္ခဲ့ပံုေတြ အျပင္ မုျဒာေခၚသံ ဇာတ္လမ္းမွာ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႕ ပါဝင္ခဲ့တာေတြ ကို ေမးျမန္းခဲ့ပါတယ္။

အနုပညာေလာက ကို စဝင္တာကေတာ့

၂၀၀၃ခုနွစ္မွာေမာ္ဒယ္စလုပ္ေတာ့ အနုပညာေလာကထဲကို ဝင္ျဖစ္ခဲ့တာပါ။ ၁၀ တန္းေျဖၿပီးၿပီးခ်င္းမွာ ေမာ္ဒယ္ သင္တန္းကိို စတတ္ခဲ့ပါတယ္။၂၀၀၃ ကေန ၂၀၀၉ အထိ မတင္မိုးလြင္ရဲ႕ ေမာ္ဒယ္ေအဂ်င္စီ နဲ႕ အတူတူတြဲၿပီး လုပ္ခဲ့ပါတယ္။ အဲ့မွာ ခဏနားၿပီးေတာ့ ဒူဘုိင္းမွာ အလုပ္လုပ္ျဖစ္တယ။္ ၂၀၁၁ ေလာက္မွာ Laurel Art ေက်ာင္းမွာ ျပန္တတ္ရင္းနဲ႕ အနုပညာေလာကထဲျပန္ဝင္ၿပီး အခုထိလုပ္ျဖစ္ေနတာပါ။ ၂၀၁၄ နွစ္စမွာ မုျဒာကို ရိုက္ကူးခဲ့ပါတယ္။ ၂၀၁၄ ဒီဇင္ဘာလမွာ ေတာ့ မလွနုထြန္းတို႕နဲ႕ခ်ိတ္ဆက္မိၿပီးေတာ့ Miss Heritage International 2014 ကို နီေပါမွာ က်င္းပတဲ့ အခါၿပိဳင္ျဖစ္တယ္။ အဲ့ဒီမွာ Winner ဆုကို ရရွိခဲ့ပါတယ္။

မုျဒာေခၚသံမွာပါဝင္ခဲ့တဲ့ လွယဥ္ေက်း

မုျဒာေခၚသံမွာပါဝင္ခဲ့တဲ့ လွယဥ္ေက်း

ေမာင့္အိမ္သူ မွာပါဝင္ခဲ့တဲ့ လွယဥ္ေက်း

ေမာင့္အိမ္သူ မွာပါဝင္ခဲ့တဲ့ လွယဥ္ေက်း

ရုပ္ရွင္ဘယ္နွစ္ကားေလာက္ရိုက္ၿပီးၿပီလဲ?

ရုပ္ရွင္သရုပ္ေဆာင္ပိုင္းကိုေတာ့ Laurel ကထုတ္တဲ့ ရုပ္ရွင္ဇာတ္ကားေတြနဲ႕ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္တယ္။ ရုပ္ရွင္ကားႀကီးအေနနဲ႕ကေတာ့ မုျဒာရဲ႕ေခၚသံကို ရိုက္ျဖစ္တယ္ ၿပီးေတာ့ ေမာင့္အိမ္သူ အခု ဘာတဲ့လဲေဟ့ လာ ဆိုတဲ့ ရုပ္ရွင္ဇာတ္ကား Laurel ကပဲထုတ္တဲ့ ကားမွာပဲ ဧည့္သည္သရုပ္ေဆာင္အေနနဲ႕ သရုပ္ေဆာင္ထားပါတယ္။

မုျဒာေခၚသံထဲက နွင္းသူဇာ

မုျဒာရဲ႕ေခၚသံထဲကနွင္းသူဇာကေတာ့ အနုပညာတကၠသိုလ္ေက်ာင္းဆင္းအမ်ိဳးသမီး တစ္ေယာက္ ၊ ခရီးသြားကုမၸဏီေထာင္ထားတယ္ ရိုးရိုးယဥ္ယဥ္ျမန္မာအမ်ိဳးသမီးတစ္ေယာက္ တိုင္းျပည္ကုိခ်စ္တယ္ ၊ လူမ်ိဳးကိုခ်စ္တယ္ ၊ ရိုးရာယဥ္ေက်းမႈေတြကိုခ်စ္ျမတ္နိုးတဲ့ အမ်ိဳးသမီး တစ္ေယာက္ ဇာတ္ရုပ္ကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Miss Heritage International 2014 လွယဥ္ေက်း

Miss Heritage International 2014 လွယဥ္ေက်း

ဇာတ္ေကာင္နဲ႕အျပင္ တစ္ထပ္တည္းက်ရဲ႕လား ?

နွင္းသူဇာကာရိုက္တာကို သိပ္ထူးထူးျခားျခား သရုပ္ေဆာင္တာေတြကို လုပ္စရာမလိုပါဘူး အျပင္ကကာရိုက္တာနဲ႕လည္းကိုက္ပါတယ္။ ပညာရေလာက္ေအာင္ လုပ္ရတဲ့ အရမ္းကြာတဲ့ ကာရိုက္တာမ်ိဳးေတာ့မဟုတ္ပါဘူး။

အမွတ္တရေတြ

ဇာတ္ကားရိုက္ဖို႕အတြက္ အေရြးခ်ယ္ခံလိုက္ရတဲ့ အခါမွာ Acting Coach နဲ႕ သင္ၾကားေပးတာကို ခံရပါတယ္။ အမတို႕ပါဝင္တဲ့ အဓိက ဇာတ္ေဆာင္သံုးေယာက္ထဲမဟုတ္ဘဲ အျခားသူေတြပါပါဝင္ပါတယ္။ အမွတ္တရ အေနနဲ႕ကေတာ့ တစ္ခါမွမလုပ္ဘူးတဲ့ Acting Workshop ေပါ့ေနာ္ သူ႕ရဲ႕သီအိုရီ ေတြ ကို နားေထာင္တဲ့ အခ်ိန္ သူက အဂၤလိပ္လိုေျပာေပမယ့္ ျပင္သစ္လူမ်ိဳးျဖစ္တဲ့ အခါက်ေတာ့ နားေထာင္ရတာေလးေတြ ကတစ္မ်ိဳးျဖစ္တယ္ ။ နားလည္တာလည္းရွိသလို နားမလည္တာလည္းရွိတယ္။ သူဘာလိုခ်င္မွန္းကိုလည္းမသိဘူး အဲ့လိုအခက္အခဲေတြ ရွိတယ္ အမွတ္တရကေတာ့ အမတို႕ Workshop တစ္ေလ်ာက္လံုး ေန႕တိုင္းနီးပါးကိုငိုခဲ့ရပါတယ္။ အဓိကကေတာ့ နားလည္မႈလြဲတယ္ သူကက်ေတာ့ သူေျပာတာကိုနားမလည္လို႕ အားမလုိအားမရျဖစ္တယ္။ အမ တုိ႕ကက်ေတာ့ လုပ္ေနရက္နဲ႕အေျပာခံရလို႔ဆိုၿပီး ငိုခဲ့ရတာမ်ိဳးေတြ ရွိတာေပါ့ေနာ္။

ထူးျခားတဲ့ ဇာတ္ဝင္ခန္း

ေကာင္းမႈေတာ္မွာရိုက္ရတဲ့ ဇာတ္ဝင္ခန္းရွိတယ္ ။ ေကာင္းမႈေတာ္မွာက်ေတာ့ အဲ့အခ်ိန္မွာက်ေတာ့ တကယ့္ အခက္အခဲကေတာ့ ဇတ္ဝင္ခန္းက အာရံုစိုက္ၿပီး Mood အျပည့္နဲ႕လုပ္ရမယ့္ အခါမွာ ဘုရားပတ္ပတ္လည္မွာ ေႏြရာသီ ျဖစ္ျဖစ္တဲ့ အတြက္ ဘုရားပြဲေတြရွိတယ္ ၊ ဇာတ္ပြဲေတြရွိတယ္ အဲ့က အသံေတြ နဲ႕ အလႈဳေတြဘုရားပြဲေတြ က သီခ်င္းသံ အက်ယ္ႀကီးေတြ ေၾကာင့္ တကယ္ကို ဝမ္းနည္းၿပီး ေကာင္ေလးနဲ႕ခြဲရေတာ့မယ္ ဆိုတဲ့ Mood ျဖစ္ရမယ့္ အခ်ိန္မွာ ဒီလိုပတ္ဝန္းက်င္က အသံေတြ က တကယ္ကို အခက္ခဲျဖစ္ေနတယ္။ ဒါေလးကေတာ့ မွတ္မွတ္ရရပါပဲ။

ဇာတ္ကားသြားရိုက္ခဲ့တဲ့ေနရာေတြ

မုျဒာရဲ႕ေခၚသံကို မႏၱေလး ၊ ပုဂံ ၊ ေတာင္ႀကီး ၊ အင္းေလး နဲ႕ ရန္ကုန္ စတဲ့ ျမိဳ႕ေတြမွာ ရိုက္ကူးခဲ့တာပါ။ ရိုက္ကူးတဲ့ အခ်ိန္ကေတာ့ နားလိုက္၊ ရိုက္လိုက္ နဲ႕အခက္အခဲေတြမ်ိဳးစံုလည္းရွိခဲ့ပါတယ္။ ဘတ္ခ်က္ အခက္အခဲလည္း ရွိသလို ေနရာအခက္အခဲလည္း ရွိခဲ့တဲ့အတြက္ ၆လေလာက္ေတာ့ ၾကာခဲ့ပါတယ္။

ၾကည္သာ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လှယဉ်ကျေး ပြောပြတဲ့ မုဒြာရဲ့ခေါ်သံနဲ့သူမရဲ့အနုပညာအကြောင်း

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ခဲ့တဲ့ လှယဉ်ကျေးရဲ့ အနုပညာလုပ်ငန်းစတင်ခဲ့ပုံတွေ အပြင် မုဒြာခေါ်သံ ဇာတ်လမ်းမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာတွေ ကို မေးမြန်းခဲ့ပါတယ်။

အနုပညာလောက ကို စဝင်တာကတော့

၂၀၀၃ခုနှစ်မှာမော်ဒယ်စလုပ်တော့ အနုပညာလောကထဲကို ဝင်ဖြစ်ခဲ့တာပါ။ ၁၀ တန်းဖြေပြီးပြီးချင်းမှာ မော်ဒယ် သင်တန်းကို စတတ်ခဲ့ပါတယ်။၂၀၀၃ ကနေ ၂၀၀၉ အထိ မတင်မိုးလွင်ရဲ့ မော်ဒယ်အေဂျင်စီ နဲ့ အတူတူတွဲပြီး လုပ်ခဲ့ပါတယ်။ အဲ့မှာ ခဏနားပြီးတော့ ဒူဘိုင်းမှာ အလုပ်လုပ်ဖြစ်တယ။် ၂၀၁၁ လောက်မှာ Laurel Art ကျောင်းမှာ ပြန်တတ်ရင်းနဲ့ အနုပညာလောကထဲပြန်ဝင်ပြီး အခုထိလုပ်ဖြစ်နေတာပါ။ ၂၀၁၄ နှစ်စမှာ မုဒြာကို ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၄ ဒီဇင်ဘာလမှာ တော့ မလှနုထွန်းတို့နဲ့ချိတ်ဆက်မိပြီးတော့ Miss Heritage International 2014 ကို နီပေါမှာ ကျင်းပတဲ့ အခါပြိုင်ဖြစ်တယ်။ အဲ့ဒီမှာ Winner ဆုကို ရရှိခဲ့ပါတယ်။

မုဒြာခေါ်သံမှာပါဝင်ခဲ့တဲ့ လှယဉ်ကျေး

မုဒြာခေါ်သံမှာပါဝင်ခဲ့တဲ့ လှယဉ်ကျေး

မောင့်အိမ်သူ မှာပါဝင်ခဲ့တဲ့ လှယဉ်ကျေး

မောင့်အိမ်သူ မှာပါဝင်ခဲ့တဲ့ လှယဉ်ကျေး

ရုပ်ရှင်ဘယ်နှစ်ကားလောက်ရိုက်ပြီးပြီလဲ?

ရုပ်ရှင်သရုပ်ဆောင်ပိုင်းကိုတော့ Laurel ကထုတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ကတော့ မုဒြာရဲ့ခေါ်သံကို ရိုက်ဖြစ်တယ် ပြီးတော့ မောင့်အိမ်သူ အခု ဘာတဲ့လဲဟေ့ လာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား Laurel ကပဲထုတ်တဲ့ ကားမှာပဲ ဧည့်သည်သရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

မုဒြာခေါ်သံထဲက နှင်းသူဇာ

မုဒြာရဲ့ခေါ်သံထဲကနှင်းသူဇာကတော့ အနုပညာတက္ကသိုလ်ကျောင်းဆင်းအမျိုးသမီး တစ်ယောက် ၊ ခရီးသွားကုမ္ပဏီထောင်ထားတယ် ရိုးရိုးယဉ်ယဉ်မြန်မာအမျိုးသမီးတစ်ယောက် တိုင်းပြည်ကိုချစ်တယ် ၊ လူမျိုးကိုချစ်တယ် ၊ ရိုးရာယဉ်ကျေးမှုတွေကိုချစ်မြတ်နိုးတဲ့ အမျိုးသမီး တစ်ယောက် ဇာတ်ရုပ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Miss Heritage International 2014 လှယဉ်ကျေး

Miss Heritage International 2014 လှယဉ်ကျေး

ဇာတ်ကောင်နဲ့အပြင် တစ်ထပ်တည်းကျရဲ့လား ?

နှင်းသူဇာကာရိုက်တာကို သိပ်ထူးထူးခြားခြား သရုပ်ဆောင်တာတွေကို လုပ်စရာမလိုပါဘူး အပြင်ကကာရိုက်တာနဲ့လည်းကိုက်ပါတယ်။ ပညာရလောက်အောင် လုပ်ရတဲ့ အရမ်းကွာတဲ့ ကာရိုက်တာမျိုးတော့မဟုတ်ပါဘူး။

အမှတ်တရတွေ

ဇာတ်ကားရိုက်ဖို့အတွက် အရွေးချယ်ခံလိုက်ရတဲ့ အခါမှာ Acting Coach နဲ့ သင်ကြားပေးတာကို ခံရပါတယ်။ အမတို့ပါဝင်တဲ့ အဓိက ဇာတ်ဆောင်သုံးယောက်ထဲမဟုတ်ဘဲ အခြားသူတွေပါပါဝင်ပါတယ်။ အမှတ်တရ အနေနဲ့ကတော့ တစ်ခါမှမလုပ်ဘူးတဲ့ Acting Workshop ပေါ့နော် သူ့ရဲ့သီအိုရီ တွေ ကို နားထောင်တဲ့ အချိန် သူက အင်္ဂလိပ်လိုပြောပေမယ့် ပြင်သစ်လူမျိုးဖြစ်တဲ့ အခါကျတော့ နားထောင်ရတာလေးတွေ ကတစ်မျိုးဖြစ်တယ် ။ နားလည်တာလည်းရှိသလို နားမလည်တာလည်းရှိတယ်။ သူဘာလိုချင်မှန်းကိုလည်းမသိဘူး အဲ့လိုအခက်အခဲတွေ ရှိတယ် အမှတ်တရကတော့ အမတို့ Workshop တစ်လျောက်လုံး နေ့တိုင်းနီးပါးကိုငိုခဲ့ရပါတယ်။ အဓိကကတော့ နားလည်မှုလွဲတယ် သူကကျတော့ သူပြောတာကိုနားမလည်လို့ အားမလိုအားမရဖြစ်တယ်။ အမ တို့ကကျတော့ လုပ်နေရက်နဲ့အပြောခံရလို့ဆိုပြီး ငိုခဲ့ရတာမျိုးတွေ ရှိတာပေါ့နော်။

ထူးခြားတဲ့ ဇာတ်ဝင်ခန်း

ကောင်းမှုတော်မှာရိုက်ရတဲ့ ဇာတ်ဝင်ခန်းရှိတယ် ။ ကောင်းမှုတော်မှာကျတော့ အဲ့အချိန်မှာကျတော့ တကယ့် အခက်အခဲကတော့ ဇတ်ဝင်ခန်းက အာရုံစိုက်ပြီး Mood အပြည့်နဲ့လုပ်ရမယ့် အခါမှာ ဘုရားပတ်ပတ်လည်မှာ နွေရာသီ ဖြစ်ဖြစ်တဲ့ အတွက် ဘုရားပွဲတွေရှိတယ် ၊ ဇာတ်ပွဲတွေရှိတယ် အဲ့က အသံတွေ နဲ့ အလှုုတွေဘုရားပွဲတွေ က သီချင်းသံ အကျယ်ကြီးတွေ ကြောင့် တကယ်ကို ဝမ်းနည်းပြီး ကောင်လေးနဲ့ခွဲရတော့မယ် ဆိုတဲ့ Mood ဖြစ်ရမယ့် အချိန်မှာ ဒီလိုပတ်ဝန်းကျင်က အသံတွေ က တကယ်ကို အခက်ခဲဖြစ်နေတယ်။ ဒါလေးကတော့ မှတ်မှတ်ရရပါပဲ။

ဇာတ်ကားသွားရိုက်ခဲ့တဲ့နေရာတွေ

မုဒြာရဲ့ခေါ်သံကို မန္တလေး ၊ ပုဂံ ၊ တောင်ကြီး ၊ အင်းလေး နဲ့ ရန်ကုန် စတဲ့ မြို့တွေမှာ ရိုက်ကူးခဲ့တာပါ။ ရိုက်ကူးတဲ့ အချိန်ကတော့ နားလိုက်၊ ရိုက်လိုက် နဲ့အခက်အခဲတွေမျိုးစုံလည်းရှိခဲ့ပါတယ်။ ဘတ်ချက် အခက်အခဲလည်း ရှိသလို နေရာအခက်အခဲလည်း ရှိခဲ့တဲ့အတွက် ၆လလောက်တော့ ကြာခဲ့ပါတယ်။

ကြည်သာ (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။