This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားခ်န္ပီယံျဖစ္ဖုိ႔ အဂၤလန္အသင္း ကံၾကမၼာတစ္ပတ္လည္လာၿပီလား

ကံၾကမၼာကုိ ယုံၾကည္ပါသလား။ တခ်ိဳ႕တခ်ိဳ႕ေသာျဖစ္ရပ္ေတြမွာ ကံၾကမၼာက အဆုံးအျဖတ္ေပးသြားတဲ့အျဖစ္အပ်က္ေတြကုိ ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ဖူးမွာေပါ့။ “ကံကုိ ယုံၿပီး ဆူးပုံမနင္းရ”ဆုိတဲ့ ျမန္မာစကားပုံရွိေပမယ့္ လူတစ္ဦးရဲ႕ ေကာင္းျခင္း၊ ဆုိးျခင္းေတြက ကံအေပၚမွာ အနညး္နဲ႔အမ်ားမူတည္တာကုိေတာ့ ဘယ္သူမွ ျငင္းႏုိင္မွာ မဟုတ္ေလာက္ဘူး။ အခုလုိ စကားပ်ိဳးေနရတာက ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဆီမီးဖုိင္နယ္အဆင့္အထိ တက္ေရာက္သြားၿပီျဖစ္တဲ့ အဂၤလန္အသင္းအေၾကာင္းကုိ ေျပာျပခ်င္လုိ႔ပါပဲ။ ေဘာလုံးေလာကရဲ႕ ဘုိးေအ လုိ႔ တင္စားခံထားရတဲ့ အဂၤလန္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ဆီမီးဖုိင္နယ္အဆင့္ကုိ တက္ခဲ့တာက အခုတစ္ခါအပါအ၀င္မွ (၃)ႀကိမ္ (၁၉၆၆၊ ၁၉၉၀၊ ၂၀၁၈)ပဲရွိပါေသးတယ္။ ၁၉၆၆ မွာ ဗုိလ္စဲြၿပီးေနာက္ပုိင္း ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ျပန္လည္ကုိင္ေျမွာက္ဖုိ႔ဆုိတာ ေ၀းစြ၊ ဗုိလ္လုပဲြေတာင္ ေနာက္တစ္ႀကိမ္ မေရာက္ေတာ့ပါဘူး။

History-Repeat-Its-self-For-England

History-Repeat-Its-self-For-England

အခု အဂၤလန္အသင္း ကမၻာ႔ဖလားခ်န္ပီယံျဖစ္ဖုိ႔ ကံၾကမၼာတစ္ပတ္ ျပန္လည္လာၿပီလားဆုိတာ စိတ္၀င္စားစရာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၁၉၆၆ မွာ အဂၤလန္ဗုိလ္စဲြတုန္းက အဲဒီႏွစ္မွာပဲ ရီးယဲလ္အသင္း ဥေရာပဖလား (အခုခ်န္ပီယံလိဂ္)ရခဲ့တယ္၊ မန္စီးတီးအသင္း အမွတ္ေပးဖလားရခဲ့တယ္၊ ခ်ယ္လ္ဆီးအသင္း အမွတ္ေပးဇယားမွာ အဆင့္(၅)ရခဲ့တယ္၊ ဘန္ေလအသင္း ဥေရာပ၀င္ခြင့္ရခဲ့တယ္။ တိုက္ဆုိင္မႈလုိ႔ပဲ ဆုိရမလား၊ ကံၾကမၼာဘီး တစ္ပတ္လွည္ၿပီလုိ႔ပဲဆုိရမလား၊ အခုႏွစ္မွာ အရာအားလုံးက တိုက္တိုက္ဆုိင္ဆုိင္ လာျဖစ္ေနတာကုိ ပရိသတ္ေတြ သတိထားမိရဲလား။ ၁၉၆၆ တုန္းကလုိပဲ ဒီႏွစ္မွာ ရီးယဲလ္ ခ်န္ပီယံလိဂ္ရတယ္၊ မန္စီးတီး အမွတ္ေပးဖလားရတယ္၊ ခ်ယ္လ္ဆီး အဆင့္(၅)ရတယ္၊ ဘန္ေလ ဥေရာပ၀င္ခြင့္ရခဲ့တယ္။ ဒါဟာ ထူးျခားမႈတစ္ခုျဖစ္သလုိ အဂၤလန္အသင္း ကမၻာ႔ဖလားဆြတ္ခူးဖုိ႔ နမိတ္ပုံရိပ္တစ္ခုမ်ားလား။ အဂၤလန္အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ ဆီမီးဖုိင္နယ္မွာ ခ႐ုိေအးရွားနဲ႔ ဆုံေတြ႕ေနတယ္၊ အမွားအယြင္းမရွိခဲ့ရင္ ဗုိလ္လုပဲြတက္ဖုိ႔ မ်ားေနၿပီး ဗုိလ္လုပဲြမွာ ျပင္သစ္(ဒါမွတ္မဟုတ္)ဘယ္လ္ဂ်ီယံနဲ႔ ဆုံေတြ႕ရမယ္။ ကံတရားရဲ႕ေဖးမမႈသာရွိခဲ့ရင္ ဗုိလ္စဲြဖုိ႔ ေမွ်ာ္လင့္ႏုိင္တဲ့အေနအထားပဲ။ ကဲ ..ပရိသတ္ႀကီးေရ (၅၂)ႏွစ္ၾကာ ေပ်ာက္ဆုံးေနတဲ့ ကမၻာ႔ဖလားခ်န္ပီယံအိပ္မက္ကုိ အဂၤလန္အသင္း ျပန္မက္ခြင့္ရမလားဆုိတာ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္လုိက္ရေအာင္လား . . .

Photo:ESPN,World Cup 2018
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ အင်္ဂလန်အသင်း ကံကြမ္မာတစ်ပတ်လည်လာပြီလား

ကံကြမ္မာကို ယုံကြည်ပါသလား။ တချို့တချို့သောဖြစ်ရပ်တွေမှာ ကံကြမ္မာက အဆုံးအဖြတ်ပေးသွားတဲ့အဖြစ်အပျက်တွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ဖူးမှာပေါ့။ “ကံကို ယုံပြီး ဆူးပုံမနင်းရ”ဆိုတဲ့ မြန်မာစကားပုံရှိပေမယ့် လူတစ်ဦးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေက ကံအပေါ်မှာ အနည်းနဲ့အများမူတည်တာကိုတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်လောက်ဘူး။ အခုလို စကားပျိုးနေရတာက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်သွားပြီဖြစ်တဲ့ အင်္ဂလန်အသင်းအကြောင်းကို ပြောပြချင်လို့ပါပဲ။ ဘောလုံးလောကရဲ့ ဘိုးအေ လို့ တင်စားခံထားရတဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ခဲ့တာက အခုတစ်ခါအပါအဝင်မှ (၃)ကြိမ် (၁၉၆၆၊ ၁၉၉၀၊ ၂၀၁၈)ပဲရှိပါသေးတယ်။ ၁၉၆၆ မှာ ဗိုလ်စွဲပြီးနောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည်ကိုင်မြှောက်ဖို့ဆိုတာ ဝေးစွ၊ ဗိုလ်လုပွဲတောင် နောက်တစ်ကြိမ် မရောက်တော့ပါဘူး။

History-Repeat-Its-self-For-England

History-Repeat-Its-self-For-England

အခု အင်္ဂလန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ ကံကြမ္မာတစ်ပတ် ပြန်လည်လာပြီလားဆိုတာ စိတ်ဝင်စားစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၆ မှာ အင်္ဂလန်ဗိုလ်စွဲတုန်းက အဲဒီနှစ်မှာပဲ ရီးယဲလ်အသင်း ဥရောပဖလား (အခုချန်ပီယံလိဂ်)ရခဲ့တယ်၊ မန်စီးတီးအသင်း အမှတ်ပေးဖလားရခဲ့တယ်၊ ချယ်လ်ဆီးအသင်း အမှတ်ပေးဇယားမှာ အဆင့်(၅)ရခဲ့တယ်၊ ဘန်လေအသင်း ဥရောပဝင်ခွင့်ရခဲ့တယ်။ တိုက်ဆိုင်မှုလို့ပဲ ဆိုရမလား၊ ကံကြမ္မာဘီး တစ်ပတ်လှည်ပြီလို့ပဲဆိုရမလား၊ အခုနှစ်မှာ အရာအားလုံးက တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်နေတာကို ပရိသတ်တွေ သတိထားမိရဲလား။ ၁၉၆၆ တုန်းကလိုပဲ ဒီနှစ်မှာ ရီးယဲလ် ချန်ပီယံလိဂ်ရတယ်၊ မန်စီးတီး အမှတ်ပေးဖလားရတယ်၊ ချယ်လ်ဆီး အဆင့်(၅)ရတယ်၊ ဘန်လေ ဥရောပဝင်ခွင့်ရခဲ့တယ်။ ဒါဟာ ထူးခြားမှုတစ်ခုဖြစ်သလို အင်္ဂလန်အသင်း ကမ္ဘာ့ဖလားဆွတ်ခူးဖို့ နမိတ်ပုံရိပ်တစ်ခုများလား။ အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားနဲ့ ဆုံတွေ့နေတယ်၊ အမှားအယွင်းမရှိခဲ့ရင် ဗိုလ်လုပွဲတက်ဖို့ များနေပြီး ဗိုလ်လုပွဲမှာ ပြင်သစ်(ဒါမှတ်မဟုတ်)ဘယ်လ်ဂျီယံနဲ့ ဆုံတွေ့ရမယ်။ ကံတရားရဲ့ဖေးမမှုသာရှိခဲ့ရင် ဗိုလ်စွဲဖို့ မျှော်လင့်နိုင်တဲ့အနေအထားပဲ။ ကဲ ..ပရိသတ်ကြီးရေ (၅၂)နှစ်ကြာ ပျောက်ဆုံးနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်ကို အင်္ဂလန်အသင်း ပြန်မက်ခွင့်ရမလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ရအောင်လား . . .

Photo:ESPN,World Cup 2018
Naing Linn(Akhayar)
www.akhayar.com