[ZawGyi]

Zara ရဲ႕သမိုင္းေၾကာင္းနဲ႔ Zara ဆိုင္ေတြမွာေစ်းဝယ္နည္းမ်ား

Zara ဟာ ကမၻာ႔အေကာင္းဆံုး Brand ေတြထဲမွာ အဆင္႔ ၃၀ ေနရာမွာရွိပါတယ္။ Zara လို႔ဆုိလုိက္ရင္ အားလံုးလုိခ်င္ႏွစ္သက္ တန္ဖိုးထားတဲ႔ Brand တစ္ခုဆိုတာ ခံစားရမွာပါ။ ဒီေတာ႔ Zara အေၾကာင္းနဲ႔ Zara ကိုတည္ေထာင္သူရဲ႕ အေၾကာင္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

Zara ရဲ႕ Founder သူေဌး အမန္စီယုိ အုိတီဂါ(Amancio Ortega) ကပထမဆံုးေသာ Zara Store ကို ၁၉၇၅ ခုနစ္က စပိန္မွာစတင္ဖြင္႔လွစ္ခဲ႔တာပါ။ Zara ကိုအစက Zorba လုိ႔နာမည္ေပးခဲ႔တာပါ။ Classic ရုပ္ရွင္ Zorba The Greek ေပၚျပဴလာျဖစ္ျပီးေနာက္ပိုင္း ဒီရုပ္ရွင္နာမည္ကိုယူျပီး Zorba လို႔နာမည္ေပးဖုိ႔စဥ္းစားခဲ႔ေပမယ္႔ ဒီနာမည္နဲ႔ Bar တစ္ခုရွိေနတာျဖစ္တဲ႔အတြက္ Zara လို႔နာမည္ေပးျဖစ္ခဲ႔တာျဖစ္ပါတယ္။ ကနဦးမွာေတာ႔ Zara ဟာ ေစ်းျမင္႔တဲ႔ဖက္ရွင္ေတြနဲ႔မတိမ္းမယိမ္း အရည္အေသြးရွိတဲ႔ အဝတ္အထည္ေတြကို ေစ်းသက္သက္သာသာနဲ႔ေရာင္းခ်ဖို႔ ဆံုးျဖတ္ခဲ႔တာပါ။ စပိန္တစ္ဝွမ္းမွာ စတိုးဆိုင္ေတြအမ်ားၾကီး ဖြင္႔လွစ္ခဲ႔ျပီး ၁၉၈၀ ျပည္႔ႏွစ္ေတြမွာေတာ႔ Ortega ဟာ Zara ရဲ႕ဦးတည္ခ်က္ကိုေျပာင္းပစ္ခဲ႔ပါတယ္။ ဒီဇိုင္းပိုင္း၊ ထုတ္လုပ္မႈအပိုင္း၊ ျဖန္႔ခ်ိေရးပိုင္းေတြကိုလံုးဝေျပာင္းပစ္ခဲ႔ျပီး အသင္႔ဝတ္ဆင္ႏိုင္တဲ႔ Instant Fashion ဘက္ကို သြားခဲ႔တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ နည္းပညာပိုင္းကိုလည္း အသံုးခ်ေနျပီျဖစ္သလုိ ဒီဇိုင္နာတစ္ေယာက္ခ်င္းအစာ အဖြဲ႔လိုက္ဖန္တီးတဲ႔ပံုစံသြားခဲ႔တာျဖစ္ပါတယ္။

Zara ဟာ ၁၉၈၈ ခုနစ္မွာေပၚတူဂီ၊ ၁၉၈၉ ခုနစ္မွာ အေမရိကန္၊ ၁၉၉၀ မွာ ျပင္သစ္ကို ေျခဆန္႔ခဲ႔ပါတယ္။ ၁၉၉၀ ျပည္႔ႏွစ္ေတြမွာ မက္ဆီကို၊ ဂရိ၊ ဘယ္လ္ဂ်ီယမ္၊ ဆြီဒင္ေတြကို ေျခဆန္႔ခဲ႔ျပီး ၂၀၀၀ျပည္႔ႏွစ္ေတြမွာေတာ႔ ဂ်ပန္၊ စင္ကာပူ၊ ရုရွား၊ မေလးရွား၊ တရုတ္၊ မိုရိုကို၊ အက္စ္တိုနီယား၊ ဟန္ေဂရီ၊ ရိုေမးနီးယား၊ ဖီလစ္ပိုင္၊ ကိုစတာရီကာ အျပင္ အင္ဒိုနီးရွား၊ ေတာင္ကိုရီးယား၊ အိႏၵိယ၊ ေတာင္အာဖရိက ၊ ၾသစေတးလ်ဘက္ကို ထိုးေဖာက္ခဲ႔တာျဖစ္ပါတယ္။
၂၀၁၀ ခုနစ္မွာေတာ႔ Zara က အြန္လိုင္းကေနေရာင္းမယ္ဝယ္မယ္ဆိုတဲ႔ စနစ္ကိုစတင္ခဲ႔ပါတယ္။ သူတုိ႔ကိုယ္ပိုင္ Website ကိုစတင္ခဲ႔ျပီး ဥေရာပ ၆ ႏိုင္ငံနဲ႔ အျခားေသာ ႏိုင္ငံ ၅ ႏိုင္ငံကိုပါ အြန္လိုင္းကေနမွာယူေပးပို႔တဲ႔စနစ္ကိုစတင္ခဲ႔တာပါ။ အဲဒီေနာက္မွာေတာ႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေရာင္းခ်လာခဲ႔ပါတယ္။

Zara ရဲ႕ ပဲ႔ကိုင္ရွင္ Amancio Ortega အေၾကာင္း

Zara ရဲ႕တည္ေထာင္သူ Amancio Ortega က စပိန္လုပ္ငန္းရွင္ျဖစ္ပါတယ္။ Inditex fashion group ရဲ႕ CEOနဲ႔ Chairman ျဖစ္ျပီးလက္ရွိမွာေတာ႔ သူ႔ရာထူးကို Pablo Isla ကိုလႊဲေျပာင္းခဲ႔ျပီးျဖစ္ပါတယ္။ လက္ရွိမွာေတာ႔ Ortega ရဲ႕ခ်မ္းသာ ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၆၉.၅ ဘီလီယံအသားတင္ၾကြယ္ဝမႈရွိတယ္လုိ႔ သိရပါတယ္။ ဥေရာပတိုက္မွာေတာ႔ IKEA Founder Ingvar Kamprad ျပီးရင္ သူကအခ်မ္းသာဆံုး ပုဂၢိဳလ္ၾကီးျဖစ္သလို ကမၻာ႔အခ်မ္းသာဆံုး လက္လီအေရာင္းသမားအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။

သူေဌးၾကီး Ortega ဆုိလုိ႔ သူဟာ လြယ္လြယ္နဲ႔သူေဌးၾကီးျဖစ္လာသူလုိ႔ဆုိလုိ႔မရပါဘူး။ သူဟာဆင္းရဲက်ပ္တည္းတဲ႔ ဘဝကေနၾကိဳးစားခဲ႔ရသူပါ။

သူ႔ကို ၁၉၃၆ မတ္လ ၂၈ ရက္ေန႔မွာေမြးဖြားျပီး ေမာင္ႏွမေလးေယာက္မွာ အငယ္ဆံုးကေလးျဖစ္ပါတယ္။ မိသားစုမွာ အငယ္ဆုံးျဖစ္ေပမယ့္လည္း စီးပြားေရးမေျပလည္မႈေတြေၾကာင့္ ၁၄ႏွစ္မွာတင္ ေက်ာင္းထြက္လုိက္ရပါတယ္။ ဖခင္တာဝန္က်ရာ ေကာ္ရူနာ (Coruna) ၿမိဳ႕မွာ လုိက္ေနရင္း Gala အထည္ခ်ဳပ္ဆုိင္မွာ အပုိ႔သမားေလးအျဖစ္နဲ႔ အလုပ္လုပ္ခဲ့ရတယ္။ မီးရထားတန္းလ်ားက ႏုံခ်ာလွတဲ့ ဝန္ထမ္းအိမ္ယာမွာေနထုိင္ရင္း ဘဝကုိ ခက္ခက္ခဲခဲရပ္တည္ခဲ့ရပါတယ္။

အထည္ခ်ဳပ္လုပ္ငန္းကုိ လုပ္ကုိင္ရင္း အဝတ္အထည္ဘယ္လုိခ်ဳပ္ရတယ္ဆုိတာ ေလ့လာခဲ့ပါတယ္။ ေကာ္ရူနာၿမိဳ႕ထဲမွာ အထည္ခ်ဳပ္တတ္ေပမယ့္လည္း အလုပ္မရွိျဖစ္ေနတဲ့ အမ်ိဳးသမီးေတြကုိ ေတြ႕ၿပီးသူ အၾကံတစ္ခုရသြားပါတယ္။ အဲဒီအၾကံကပဲ သူေဌးႀကီးဘဝကုိ ေရာက္ေစခဲ့တယ္လုိ႔ေျပာရမယ္ထင္ပါတယ္။ သူ႔ရဲ႕အထည္ခ်ဳပ္ဆုိင္ေလးကုိ ၁၉၅ဝမွာ ဖြင့္ထားလုိက္ပါတယ္။ ၁၉၇၂ ခုနစ္ မွာေတာ႔ Bathrobes လို႔ေခၚတဲ႔ကြာလတီေကာင္းတဲ႔ ေရခ်ိဳးခန္းသံုးအက်ီရွည္ဆိုင္ၾကီးကို ဖြင္႔လွစ္ႏိုင္ခဲ႔ပါတယ္။ သူဟာ အသက္ ၃၆ ႏွစ္အရြယ္မွာမွ ကိုယ္ပိုင္ဆုိင္ကိုစတင္ႏိုင္ခဲ႔တာျဖစ္ပါတယ္။

၁၉၇၅ ခုနစ္မွာေတာ႔ သူ႔ရဲ႕ဇနီး Rosalía Mera နဲ႔အတူ Zara စတုိးကိုစတင္ တည္ေထာင္လုိက္ပါတယ္။ အဝတ္အထည္ေစ်းကြက္မွာ ထုံးလုိေမႊေရလုိေသာက္လာတဲ့သူဟာ Zara ကုိ ေပၚတူဂီေစ်းကြက္၊ ေနာက္ဆယ္ႏွစ္ေလာက္ၾကာတဲ့အခ်ိန္မွာ ဖက္ရွင္ေလာကကုိ မင္းမူေနတဲ့ အဂၤလန္၊ ျပင္သစ္ေစ်းကြက္ထဲကုိ ထုိးေဖာက္ဝင္ေရာက္လာခဲ့ပါတယ္။ ၁၉၈၅မွာ Inditex ကုမၸဏီစုႀကီးကုိတည္ေထာင္ၿပီး Zara နဲ႔အတူ Pull and Bear ၊ Massimo Dutti ၊ Bershka ၊ Stradivarius ၊ Oysho ၊ Uterqüe နဲ႔ Zara Home တုိ႔လုိဖက္ရွင္ကုမၸဏီေတြကုိ Inditex ထဲကုိ ထည့္သြင္းလုိက္ပါတယ္။ အခုဆုိရင္ဝန္ထမ္းေပါင္း ၉၂၀၀၀ ရွိေနျပီျဖစ္ပါတယ္။

Ortega ဟာ အခ်မ္းသာဆံုး သူေဌးၾကီးတစ္ဦးျဖစ္ေပမယ္႔ သိပ္ျပီးေပၚေပၚထင္ထင္ေနေလ႔မရွိဘဲ ရိုးရွင္းတဲ႔လူေနမႈဘဝပံုစံရွိပါတယ္။ သူ႔ရဲ႕ဓာတ္ပံုတစ္ပံုကိုေတာင္ ေတြ႔ရဖုိ႔မလြယ္ကူဘဲ ဒီအခ်ိန္ထိ သတင္းေထာက္ ၃ ေယာက္နဲ႔သာ လက္ခံေတြ႔ဆံုအင္တာဗ်ဴးလုပ္ခဲ႔သူပါ။ သူမ်ားေတြ Zara မွ Zara ျဖစ္ေနခ်ိန္မွာ သူ႔ဝတ္စားဆင္ယင္ပံုကိုလည္း ၾကည္႔ပါဦး။ အျမဲလုိလုိအျပာေရာင္ကုတ္၊ ရွပ္အျဖဴေရာင္နဲ႔ မီးခုိးေရာင္ေဘာင္းဘီကုိသာ ၿခိဳးျခံေခြ်တာစြာ ဝတ္ဆင္ခဲ့ပါတယ္။ ျပီးေတာ႔ ဒါေတြဟာလည္း Zara ေလာက္ေတာင္ ေစ်းမၾကီးတဲ႔အရာေတြပါ။ အဝတ္အစားကုိၾကည့္လုိက္ရင္ေတာ့ အမန္စီယုိ အုိတီဂါကုိ သူေဌးတစ္ေယာက္ဆုိတာ ဘယ္သူမွအကဲခတ္မိမွာ မဟုတ္ပါဘူး။

ဘာပဲျဖစ္ျဖစ္ ငယ္ဘဝမွာဆင္းရဲခက္ခဲက်ပ္တည္းခဲ႔ေပမယ္႔ သူ႔ရဲ႕ကၽြမ္းက်င္မႈကို အေျခတည္ျပီးအိပ္မက္ၾကီးၾကီးမက္ခဲ႔တာမုိ႔ ခုခ်ိန္မွာ ကမၻာ႔အခ်မ္းသာဆံုး သူေဌးထဲပါဝင္ေနပါျပီ။

Zara Store ေတြမွာ ေစ်းဝယ္မယ္ဆုိရင္

Zara ခ်စ္သူေတြ Zara ကိုဝယ္မယ္ဆုိရင္ တျခားေသာဖက္ရွင္စတိုးေတြနဲ႔မတူ ကြဲျပားတဲ႔အခ်က္ေတြရွိပါတယ္။ ဒီေတာ႔ ဒီအခ်က္ေလးေတြကိုသိထားမယ္ဆုိရင္ လူေတြရႈပ္ယွက္ခတ္ျပီး ကုိယ္ဝယ္ခ်င္တာကို ေအးေအးေဆးေဆးဝယ္မရတဲ႔ အျဖစ္ဆုိးကေနကင္းေဝးပါလိမ္႔မယ္။

– Zara စတုိးေတြက ႏိုင္ငံေပါင္း ၈၈ ႏိုင္ငံမွာ စတုိးဆိုင္ေပါင္း ၂၁၀၀ ေက်ာ္ရွိပါတယ္။ ကိုယ္ကအျမဲတမ္း စတုိးတစ္ခုမွာပဲ ဝယ္မယ္ဆိုရင္ေတာ႔ ကိုယ္လိုခ်င္တဲ႔ပစၥည္းေတြက ဘယ္ေနရာမွာရွိလဲ၊ အဝတ္လဲခန္းက ဘယ္မွာလဲ Cash Register ကဘယ္မွာလဲ သိႏိုင္မွာပါ။ ဒါဆိုရင္ေတာ႔ သင္လိုခ်င္တဲ႕ ပစၥည္းကိုအလြယ္တကူ အခ်ိန္တုိအတြင္းဝယ္ႏိုင္ပါတယ္။

– Zara Store ေတာ္ေတာ္မ်ားမ်ားဟာ တစ္ႏွစ္မွာ ႏွစ္ၾကိမ္ေစ်းေရာင္းပြဲေတာ္ၾကီးလုပ္ပါတယ္။ ဇန္နဝါရီနဲ႔ ဇူလိုင္လေတြမွာျဖစ္ပါတယ္။ အထူးသျဖင္႔ အဲဒီလေတြရဲ႕ တတိယပတ္မွာသြားဝယ္မယ္ဆုိရင္ ၆၀% ေလွ်ာ႔ေစ်းရႏိုင္ပါတယ္။ ေနာက္ဆံုးလက္က်န္အထည္ေတြဆိုရင္ ၇၀% ၈၀% ထိ Discount ရႏိုင္ပါတယ္။

– Zara ဝန္ထမ္းေတြရဲ႕ ေျပာၾကားခ်က္အရ အဂၤါေန႔နဲ႔ ၾကာသပေတးေန႔ေတြတုိင္းမွာ ပစၥည္းသစ္ေတြေရာက္ေလ႔ရွိပါတယ္တဲ႔။ ဒါေၾကာင္႔ တနလၤာေန႔မွာ သင္လိုခ်င္တဲ႔ Size ရွာမေတြ႔ခဲ႔ရင္ အဂါၤေန႔မွာ သြားရွာႏိုင္ပါတယ္။ Size ေမးဖို႔အတြက္ေတာ႔ဆိုင္ဝန္ထမ္းေတြကို အားမနာတမ္းေမးႏိုင္ပါတယ္။

– Zara ရဲ႕ New Discount နဲ႔ Collection ေတြအေၾကာင္းကို သိခ်င္ရင္ေတာ႔ Newsletter ယူထားႏိုင္ပါတယ္။ ကိုယ္႔အီးေမးလ္ေလးေပးထားလိုက္ရံုပါပဲ။

– Zara ကိုကိုယ္တုိင္သြားမဝယ္ႏိုင္ရင္ အြန္လိုင္းေရွာ႔ပင္းကေနတဆင္႔လည္းမွာယူလုိ႔ရပါတယ္။

– Zara မွာ တကယ္႔သားေရစစ္စစ္ဂ်ာကင္ေတြ၊ ရွဴးဖိနပ္ေတြ၊ အိတ္ေတြ ကအရမ္းကို အရည္အေသြးေကာင္းျပီး နာမည္ၾကီးပါတယ္။ ဒီပစၥည္းေတြကို ဝယ္ယူမယ္ဆုိရင္ေတာ႔ Discount ခ်တဲ႔အခ်ိန္ဝယ္ယူႏိုင္ရင္ေတာ႔ အေကာင္းဆံုးပါပဲ။

– Zara က ႏိုင္ငံအလိုက္ ရာသီအလုိက္ ေရြးခ်ယ္ျပီးမွ ပစၥည္းေတြကိုပို႔ေဆာင္တာျဖစ္ပါတယ္။
ဒါေၾကာင္႔ ကိုယ္ခရီးသြားတဲ႔အခ်ိန္မွာ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္မွာ Zara ပစၥည္းေတြတင္ထားတာ တူခ်င္မွတူမွာပါ။ ဥပမာ- စက္တင္ဘာလမွာဆုိရင္ ဘာလင္မွာ ဘယ္လုိမွ Swimsuit ရွာမေတြ႔ႏိုင္တာမ်ိဳးေပါ႔။

-Receipts မျဖစ္မေနယူခဲ႔ဖုိ႔လည္းအေရးၾကီးပါတယ္။ ဘာလုိ႔လဲဆိုရင္ ကိုယ္ဝယ္လာတဲ႔အရာကို ၂၈ အတြင္းလဲလွယ္ခ်င္တယ္ဆုိရင္ ဒီ Receipts နဲ႔လဲလုိ႔ရတာမို႔ပါ။

ကဲ …ကမၻာ႔နာမည္ၾကီး Zara အေၾကာင္းနဲ႔ ခက္ခဲတဲ႔ဘဝကေန တက္လွမ္းလာတဲ႔ အမန္စီယုိ အုိတီဂါ(Amancio Ortega) အေၾကာင္းကို ဖတ္ရႈရင္း ခြန္အားေတြတက္ႏိုင္ပါေစနာ္။

www.akhayar.com
[Unicode]

Zara ရဲ့သမိုင်းကြောင်းနဲ့ Zara ဆိုင်တွေမှာဈေးဝယ်နည်းများ

Zara ဟာ ကမ္ဘာ့အကောင်းဆုံး Brand တွေထဲမှာ အဆင့် ၃၀ နေရာမှာရှိပါတယ်။ Zara လို့ဆိုလိုက်ရင် အားလုံးလိုချင်နှစ်သက် တန်ဖိုးထားတဲ့ Brand တစ်ခုဆိုတာ ခံစားရမှာပါ။ ဒီတော့ Zara အကြောင်းနဲ့ Zara ကိုတည်ထောင်သူရဲ့ အကြောင်းတွေကို မျှဝေပေးချင်ပါတယ်။

Zara ရဲ့ Founder သူဌေး အမန်စီယို အိုတီဂါ(Amancio Ortega) ကပထမဆုံးသော Zara Store ကို ၁၉၇၅ ခုနစ်က စပိန်မှာစတင်ဖွင့်လှစ်ခဲ့တာပါ။ Zara ကိုအစက Zorba လို့နာမည်ပေးခဲ့တာပါ။ Classic ရုပ်ရှင် Zorba The Greek  ပေါ်ပြူလာဖြစ်ပြီးနောက်ပိုင်း ဒီရုပ်ရှင်နာမည်ကိုယူပြီး Zorba လို့နာမည်ပေးဖို့စဉ်းစားခဲ့ပေမယ့် ဒီနာမည်နဲ့ Bar တစ်ခုရှိနေတာဖြစ်တဲ့အတွက် Zara လို့နာမည်ပေးဖြစ်ခဲ့တာဖြစ်ပါတယ်။ ကနဦးမှာတော့ Zara ဟာ ဈေးမြင့်တဲ့ဖက်ရှင်တွေနဲ့မတိမ်းမယိမ်း အရည်အသွေးရှိတဲ့ အဝတ်အထည်တွေကို ဈေးသက်သက်သာသာနဲ့ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ စပိန်တစ်ဝှမ်းမှာ စတိုးဆိုင်တွေအများကြီး ဖွင့်လှစ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွေမှာတော့ Ortega ဟာ Zara ရဲ့ဦးတည်ချက်ကိုပြောင်းပစ်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်း၊ ထုတ်လုပ်မှုအပိုင်း၊ ဖြန့်ချိရေးပိုင်းတွေကိုလုံးဝပြောင်းပစ်ခဲ့ပြီး အသင့်ဝတ်ဆင်နိုင်တဲ့ Instant Fashion ဘက်ကို သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ နည်းပညာပိုင်းကိုလည်း အသုံးချနေပြီဖြစ်သလို ဒီဇိုင်နာတစ်ယောက်ချင်းအစာ အဖွဲ့လိုက်ဖန်တီးတဲ့ပုံစံသွားခဲ့တာဖြစ်ပါတယ်။

Zara ဟာ ၁၉၈၈ ခုနစ်မှာပေါ်တူဂီ၊ ၁၉၈၉ ခုနစ်မှာ အမေရိကန်၊ ၁၉၉၀ မှာ ပြင်သစ်ကို ခြေဆန့်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ မက်ဆီကို၊ ဂရိ၊ ဘယ်လ်ဂျီယမ်၊ ဆွီဒင်တွေကို ခြေဆန့်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်တွေမှာတော့ ဂျပန်၊ စင်ကာပူ၊ ရုရှား၊ မလေးရှား၊ တရုတ်၊ မိုရိုကို၊ အက်စ်တိုနီယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဖီလစ်ပိုင်၊ ကိုစတာရီကာ အပြင် အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ တောင်အာဖရိက ၊ သြစတေးလျဘက်ကို ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။
၂၀၁၀ ခုနစ်မှာတော့ Zara က အွန်လိုင်းကနေရောင်းမယ်ဝယ်မယ်ဆိုတဲ့ စနစ်ကိုစတင်ခဲ့ပါတယ်။ သူတို့ကိုယ်ပိုင် Website ကိုစတင်ခဲ့ပြီး ဥရောပ ၆ နိုင်ငံနဲ့ အခြားသော နိုင်ငံ ၅ နိုင်ငံကိုပါ အွန်လိုင်းကနေမှာယူပေးပို့တဲ့စနစ်ကိုစတင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ နိုင်ငံတော်တော်များများမှာ ရောင်းချလာခဲ့ပါတယ်။

Zara ရဲ့ ပဲ့ကိုင်ရှင် Amancio Ortega အကြောင်း

Zara ရဲ့တည်ထောင်သူ Amancio Ortega က စပိန်လုပ်ငန်းရှင်ဖြစ်ပါတယ်။ Inditex fashion group ရဲ့ CEOနဲ့ Chairman ဖြစ်ပြီးလက်ရှိမှာတော့ သူ့ရာထူးကို Pablo Isla ကိုလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ Ortega ရဲ့ချမ်းသာ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၆၉.၅ ဘီလီယံအသားတင်ကြွယ်ဝမှုရှိတယ်လို့ သိရပါတယ်။ ဥရောပတိုက်မှာတော့ IKEA Founder Ingvar Kamprad ပြီးရင် သူကအချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံး လက်လီအရောင်းသမားအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။

သူဌေးကြီး Ortega ဆိုလို့ သူဟာ လွယ်လွယ်နဲ့သူဌေးကြီးဖြစ်လာသူလို့ဆိုလို့မရပါဘူး။ သူဟာဆင်းရဲကျပ်တည်းတဲ့ ဘဝကနေကြိုးစားခဲ့ရသူပါ။

သူ့ကို ၁၉၃၆ မတ်လ ၂၈ ရက်နေ့မှာမွေးဖွားပြီး မောင်နှမလေးယောက်မှာ အငယ်ဆုံးကလေးဖြစ်ပါတယ်။ မိသားစုမှာ အငယ်ဆုံးဖြစ်ပေမယ့်လည်း စီးပွားရေးမပြေလည်မှုတွေကြောင့် ၁၄နှစ်မှာတင် ကျောင်းထွက်လိုက်ရပါတယ်။ ဖခင်တာဝန်ကျရာ ကော်ရူနာ (Coruna) မြို့မှာ လိုက်နေရင်း Gala အထည်ချုပ်ဆိုင်မှာ အပို့သမားလေးအဖြစ်နဲ့ အလုပ်လုပ်ခဲ့ရတယ်။ မီးရထားတန်းလျားက နုံချာလှတဲ့ ဝန်ထမ်းအိမ်ယာမှာနေထိုင်ရင်း ဘဝကို ခက်ခက်ခဲခဲရပ်တည်ခဲ့ရပါတယ်။

အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်ရင်း အဝတ်အထည်ဘယ်လိုချုပ်ရတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ ကော်ရူနာမြို့ထဲမှာ အထည်ချုပ်တတ်ပေမယ့်လည်း အလုပ်မရှိဖြစ်နေတဲ့ အမျိုးသမီးတွေကို တွေ့ပြီးသူ အကြံတစ်ခုရသွားပါတယ်။ အဲဒီအကြံကပဲ သူဌေးကြီးဘဝကို ရောက်စေခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ သူ့ရဲ့အထည်ချုပ်ဆိုင်လေးကို ၁၉၅ဝမှာ ဖွင့်ထားလိုက်ပါတယ်။ ၁၉၇၂ ခုနစ် မှာတော့ Bathrobes လို့ခေါ်တဲ့ကွာလတီကောင်းတဲ့ ရေချိုးခန်းသုံးအကျီရှည်ဆိုင်ကြီးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သူဟာ အသက် ၃၆ နှစ်အရွယ်မှာမှ ကိုယ်ပိုင်ဆိုင်ကိုစတင်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၇၅ ခုနစ်မှာတော့ သူ့ရဲ့ဇနီး Rosalía Mera နဲ့အတူ Zara စတိုးကိုစတင် တည်ထောင်လိုက်ပါတယ်။ အဝတ်အထည်ဈေးကွက်မှာ ထုံးလိုမွှေရေလိုသောက်လာတဲ့သူဟာ Zara ကို ပေါ်တူဂီဈေးကွက်၊ နောက်ဆယ်နှစ်လောက်ကြာတဲ့အချိန်မှာ ဖက်ရှင်လောကကို မင်းမူနေတဲ့ အင်္ဂလန်၊ ပြင်သစ်ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ ၁၉၈၅မှာ Inditex ကုမ္ပဏီစုကြီးကိုတည်ထောင်ပြီး Zara နဲ့အတူ Pull and Bear ၊ Massimo Dutti ၊ Bershka ၊ Stradivarius ၊ Oysho ၊ Uterqüe နဲ့ Zara Home တို့လိုဖက်ရှင်ကုမ္ပဏီတွေကို Inditex ထဲကို ထည့်သွင်းလိုက်ပါတယ်။ အခုဆိုရင်ဝန်ထမ်းပေါင်း ၉၂၀၀၀ ရှိနေပြီဖြစ်ပါတယ်။

Ortega ဟာ အချမ်းသာဆုံး သူဌေးကြီးတစ်ဦးဖြစ်ပေမယ့် သိပ်ပြီးပေါ်ပေါ်ထင်ထင်နေလေ့မရှိဘဲ ရိုးရှင်းတဲ့လူနေမှုဘဝပုံစံရှိပါတယ်။ သူ့ရဲ့ဓာတ်ပုံတစ်ပုံကိုတောင် တွေ့ရဖို့မလွယ်ကူဘဲ ဒီအချိန်ထိ သတင်းထောက် ၃ ယောက်နဲ့သာ လက်ခံတွေ့ဆုံအင်တာဗျူးလုပ်ခဲ့သူပါ။ သူများတွေ Zara မှ Zara ဖြစ်နေချိန်မှာ သူ့ဝတ်စားဆင်ယင်ပုံကိုလည်း ကြည့်ပါဦး။ အမြဲလိုလိုအပြာရောင်ကုတ်၊ ရှပ်အဖြူရောင်နဲ့ မီးခိုးရောင်ဘောင်းဘီကိုသာ ခြိုးခြံချွေတာစွာ ဝတ်ဆင်ခဲ့ပါတယ်။ ပြီးတော့ ဒါတွေဟာလည်း Zara လောက်တောင် ဈေးမကြီးတဲ့အရာတွေပါ။ အဝတ်အစားကိုကြည့်လိုက်ရင်တော့ အမန်စီယို အိုတီဂါကို သူဌေးတစ်ယောက်ဆိုတာ ဘယ်သူမှအကဲခတ်မိမှာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ငယ်ဘဝမှာဆင်းရဲခက်ခဲကျပ်တည်းခဲ့ပေမယ့် သူ့ရဲ့ကျွမ်းကျင်မှုကို အခြေတည်ပြီးအိပ်မက်ကြီးကြီးမက်ခဲ့တာမို့ ခုချိန်မှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးထဲပါဝင်နေပါပြီ။

Zara Store တွေမှာ ဈေးဝယ်မယ်ဆိုရင်

Zara ချစ်သူတွေ Zara ကိုဝယ်မယ်ဆိုရင် တခြားသောဖက်ရှင်စတိုးတွေနဲ့မတူ ကွဲပြားတဲ့အချက်တွေရှိပါတယ်။ ဒီတော့ ဒီအချက်လေးတွေကိုသိထားမယ်ဆိုရင် လူတွေရှုပ်ယှက်ခတ်ပြီး ကိုယ်ဝယ်ချင်တာကို အေးအေးဆေးဆေးဝယ်မရတဲ့ အဖြစ်ဆိုးကနေကင်းဝေးပါလိမ့်မယ်။

– Zara စတိုးတွေက နိုင်ငံပေါင်း ၈၈ နိုင်ငံမှာ စတိုးဆိုင်ပေါင်း ၂၁၀၀ ကျော်ရှိပါတယ်။ ကိုယ်ကအမြဲတမ်း စတိုးတစ်ခုမှာပဲ ဝယ်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ပစ္စည်းတွေက ဘယ်နေရာမှာရှိလဲ၊ အဝတ်လဲခန်းက ဘယ်မှာလဲ Cash Register ကဘယ်မှာလဲ သိနိုင်မှာပါ။ ဒါဆိုရင်တော့ သင်လိုချင်တဲ့ ပစ္စည်းကိုအလွယ်တကူ အချိန်တိုအတွင်းဝယ်နိုင်ပါတယ်။

– Zara Store တော်တော်များများဟာ တစ်နှစ်မှာ နှစ်ကြိမ်ဈေးရောင်းပွဲတော်ကြီးလုပ်ပါတယ်။ ဇန်နဝါရီနဲ့ ဇူလိုင်လတွေမှာဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီလတွေရဲ့ တတိယပတ်မှာသွားဝယ်မယ်ဆိုရင် ၆၀% လျှော့ဈေးရနိုင်ပါတယ်။ နောက်ဆုံးလက်ကျန်အထည်တွေဆိုရင် ၇၀% ၈၀% ထိ Discount ရနိုင်ပါတယ်။

– Zara ဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေတိုင်းမှာ ပစ္စည်းသစ်တွေရောက်လေ့ရှိပါတယ်တဲ့။ ဒါကြောင့် တနင်္လာနေ့မှာ သင်လိုချင်တဲ့ Size ရှာမတွေ့ခဲ့ရင် အဂါၤနေ့မှာ သွားရှာနိုင်ပါတယ်။ Size မေးဖို့အတွက်တော့ဆိုင်ဝန်ထမ်းတွေကို အားမနာတမ်းမေးနိုင်ပါတယ်။

– Zara ရဲ့ New Discount နဲ့ Collection တွေအကြောင်းကို သိချင်ရင်တော့ Newsletter ယူထားနိုင်ပါတယ်။ ကိုယ့်အီးမေးလ်လေးပေးထားလိုက်ရုံပါပဲ။

– Zara ကိုကိုယ်တိုင်သွားမဝယ်နိုင်ရင် အွန်လိုင်းရှော့ပင်းကနေတဆင့်လည်းမှာယူလို့ရပါတယ်။

– Zara မှာ တကယ့်သားရေစစ်စစ်ဂျာကင်တွေ၊ ရှူးဖိနပ်တွေ၊ အိတ်တွေ ကအရမ်းကို အရည်အသွေးကောင်းပြီး နာမည်ကြီးပါတယ်။ ဒီပစ္စည်းတွေကို ဝယ်ယူမယ်ဆိုရင်တော့ Discount ချတဲ့အချိန်ဝယ်ယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

– Zara က နိုင်ငံအလိုက် ရာသီအလိုက် ရွေးချယ်ပြီးမှ ပစ္စည်းတွေကိုပို့ဆောင်တာဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ခရီးသွားတဲ့အချိန်မှာ တစ်နိုင်ငံနဲ့တစ်နိုင်မှာ Zara ပစ္စည်းတွေတင်ထားတာ တူချင်မှတူမှာပါ။ ဥပမာ- စက်တင်ဘာလမှာဆိုရင် ဘာလင်မှာ ဘယ်လိုမှ Swimsuit ရှာမတွေ့နိုင်တာမျိုးပေါ့။

-Receipts မဖြစ်မနေယူခဲ့ဖို့လည်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်ဝယ်လာတဲ့အရာကို ၂၈ အတွင်းလဲလှယ်ချင်တယ်ဆိုရင် ဒီ Receipts နဲ့လဲလို့ရတာမို့ပါ။

ကဲ …ကမ္ဘာ့နာမည်ကြီး Zara အကြောင်းနဲ့ ခက်ခဲတဲ့ဘဝကနေ တက်လှမ်းလာတဲ့ အမန်စီယို အိုတီဂါ(Amancio Ortega) အကြောင်းကို ဖတ်ရှုရင်း ခွန်အားတွေတက်နိုင်ပါစေနာ်။

www.akhayar.com