[Zawgyi]

အာရွမွသည္ ကမ႓ာေက်ာ္ခဲ့တဲ့ Fashion က်သူတိုင္းရဲ႕လက္စြဲ UNIQLO Brand

UNIQLO ဆိုတာကေတာ့ Asia စီးပြားေရးရဲ႕ အခ်က္အခ်ာျဖစ္တဲ့ ဂ်ပန္ႏိုင္ငံကေန စတင္ေမြးဖြားခဲ့တဲ့ နာမည္ေက်ာ္ Brand တစ္ခုျဖစ္ၿပီး ႏွစ္ကာလအေတာ္ၾကာၾကာ တစ္ကမ႓ာလံုးအႏွံ႔ ေအာင္ျမင္မႈကို ထိန္းသိမ္းထားႏိုင္ခဲ့တဲ့ Brand ပါ။

Unique Clothing ရဲ႕ အတိုေကာက္ UNIQLO ဆိုၿပီး ျဖစ္ေပၚလာခဲ့တဲ့ Clothing Brand မွအစျပဳၿပီး တစ္ကမ႓ာလံုးအႏွံ႔ လက္လီ၊ လက္ကား Company Operations ေပါင္းမ်ားစြာနဲ႔ ေအာင္ျမင္လာခဲ့ပါၿပီ။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

မတ္လ ၁၉၄၉ ခုႏွစ္တည္းက စတင္အေျခစိုက္ခဲ့တဲ့ Yamaguchi အေျခစိုက္ကုမၸဏီျဖစ္ခဲ့တဲ့ Ogori Shoji ဆိုတဲ့ ကုမၸဏီဟာ အစပထမမွာေတာ့ အမ်ိဳးသားသီးသန္႔အဝတ္အစားေတြကို “Men’s Shop OS” ဆိုတဲ့ နာမည္နဲ႔ ထုတ္လုပ္ခဲ့ပါတယ္။

အဲ့ဒီေနာက္ ၁၉၈၄ ေမလမွာပဲ “Unique Clothing Warehouse” ဆိုတဲ့ နာမည္နဲ႔ ပထမဆံုး အမ်ိဳးသား၊ အမ်ိဳးသမီး ဝတ္စံုမ်ားကို စတင္ေျပာင္းလဲထုတ္လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ ၁၉၈၈ မွာေတာ့ Brand နဲ႔သက္ဆိုင္တဲ့ Hong Kong မွ စီမံခန္႔ခြဲမႈဝန္ထမ္းမ်ားက ကုမၸဏီနာမည္ကို မွတ္ပံုတင္ရာမွာ “C” နဲ႔ “Q” မွားေရးခဲ့ရာမွ UNIQLO ဆိုၿပီး ေျပာင္းလဲခဲ့ပါတယ္။

အဓိကထုတ္လုပ္တာကေတာ့ အမ်ိဳးသမီး၊ အမ်ိဳးသား၊ ကေလး၊ လူႀကီး အဝတ္အထည္အတြင္းခံမွသည္ ဂ်င္းဖက္ရွင္အမ်ိဳးမ်ိဳး ဦးထုပ္အထိကို ေခါင္းအစ ေျခအဆံုး က်ယ္ျပန္႔လြန္းပါတယ္။

UNIQLO Brand ရဲ႕ ရပ္တည္မႈနဲ႔ ေအာင္ျမင္မႈဟာလည္း မယံုႏိုင္ေလာက္စရာပါပဲ။ UNIQLO မွထုတ္လုပ္တဲ့ Products ေတြအားလံုးဟာ Fashion က်၊ Style က်တာထက္ ႐ိုး႐ိုးရွင္းရွင္းနဲ႔ လူႀကီးလူငယ္အရြယ္မေရြး ဝတ္ဆင္ရအဆင္ေျပတဲ့ ေစ်းႏႈန္းေတြနဲ႔ထုတ္လုပ္ထားတာပါ။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

H&M ၊ Forever 21 ၊ ZARA တို႔ရဲ႕ Fashion Line အတိုင္းသြားတာမဟုတ္ဘဲ Customer Group တစ္ခုကိုပဲ အာရံုမစိုက္ဘဲ လူတန္းစားအားလံုးအတြက္အဆင္ေျပေအာင္ ဖန္တီးထုတ္လုပ္ျခင္းနဲ႔ ေစ်းကြက္ထဲကိုတျဖည္းျဖည္းက်ယ္က်ယ္ျပန္႔ျပန္႔ထိုးေဖာက္လာပါတယ္။

ေစ်းႏႈန္းအဖိုးခ်ိဳသာေနေပမယ့္ အရည္အေသြးကေတာ့ လံုးဝမက်သြားဘဲ Technical Specialists ေတြခန္႔အပ္ၿပီး အဝတ္အထည္ထုတ္ကုန္ရဲ႕ အရည္အေသြးကို ထိန္းသိမ္းခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ေစ်းကြက္ေျခလွမ္းျဖန္႔က်က္လာခဲ့ရာမွ ၁၉၉၄ ခုႏွစ္အေရာက္မွာပဲ ဂ်ပန္ျပည္တြင္းတင္ ဆိုင္ေပါင္း ၁၀၀ ေက်ာ္ ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္အဆံုးမွာေတာ့ ဆိုင္ခြဲေပါင္း ၇၀၀ ေက်ာ္နဲ႔ ဂ်ပန္ႏိုင္ငံအႏွံ႔ကို ျဖန္႔ေဝႏိုင္ခဲ့ပါၿပီ။ ၂၀၀၆ ခုႏွစ္ရဲ႕ အေရာင္းဝင္ေငြခ်ည္း ေလးဘီလီယံခန္႔ရွိခဲ့ၿပီး ၂၀၀၇ မွာေတာ့ ဆယ္ဘီလီယံခန္႔ရွိလာခဲ့ပါေတာ့တယ္။

တစ္ဖက္မွာလည္း ၂၀၁၅ ၊ ၂၀၁၆ ခုႏွစ္ေတြကစၿပီး အလုပ္သမားဆူပူအံုႂကြမႈေတြ၊ အလုပ္သမားသပိတ္ေတြနဲ႔ အခက္အခဲေတြအားလံုးကို ေက်ာ္ျဖတ္ခဲ့ရပါေသးတယ္။

UNIQLO ရဲ႕ 2020 Goal ကေတာ့ ႏွစ္စဥ္ Group Sale ကို ၅ ထရီလီယံအထိရဖို႔ ခန္႔မွန္းေျခ Target သတ္မွတ္ႏိုင္ခဲ့တဲ့အထိပါပဲ။

2017 ၾသဂုတ္လကုန္မွာေတာ့ ကုမၸဏီရဲ႕ တရားဝင္သတင္းထုတ္ျပန္ခ်က္အရ တစ္ကမ႓ာလံုးအႏွံ႔ UNIQLO Store 1920 ဆိုင္အထိ က်ယ္ျပန္႔လာခဲ့ပါၿပီ။

UNIQLO ရဲ႕ ေအာင္ျမင္မႈကေတာ့ အေရွ႕အာရွဂ်ပန္ႏိုင္ငံမွသည္ တစ္ကမ႓ာလံုးအထိ သူ႕ရဲ႕ တန္ဖိုးနည္း၊ အရည္အေသြးေကာင္း အဝတ္အထည္ လူသံုးကုန္ေတြနဲ႔ ေျခလွမ္းခ်ဲ႕လာခဲ့တာ ခုဆိုရင္ေတာ့ ထိပ္တန္းအေအာင္ျမင္ဆံုး Brand အျဖစ္ ရပ္တည္လာခဲ့ၿပီးအေရွ႕အာရွတိုက္အတြက္ ဂုဏ္ယူစရာတစ္ရပ္အေနနဲ႔ ေဖာ္က်ဴးေနပါေတာ့တယ္။

EiEiKhineMinn (Akhayar)

[Unicode]

အာရှမှသည် ကမ္ဘာကျော်ခဲ့တဲ့ Fashion ကျသူတိုင်းရဲ့လက်စွဲ UNIQLO Brand

UNIQLO ဆိုတာကတော့ Asia စီးပွားရေးရဲ့ အချက်အချာဖြစ်တဲ့ ဂျပန်နိုင်ငံကနေ စတင်မွေးဖွားခဲ့တဲ့ နာမည်ကျော် Brand တစ်ခုဖြစ်ပြီး နှစ်ကာလအတော်ကြာကြာ တစ်ကမ္ဘာလုံးအနှံ့ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ Brand ပါ။

Unique Clothing ရဲ့ အတိုကောက် UNIQLO ဆိုပြီး ဖြစ်ပေါ်လာခဲ့တဲ့ Clothing Brand မှအစပြုပြီး တစ်ကမ္ဘာလုံးအနှံ့ လက်လီ၊ လက်ကား Company Operations ပေါင်းများစွာနဲ့ အောင်မြင်လာခဲ့ပါပြီ။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

မတ်လ ၁၉၄၉ ခုနှစ်တည်းက စတင်အခြေစိုက်ခဲ့တဲ့ Yamaguchi အခြေစိုက်ကုမ္ပဏီဖြစ်ခဲ့တဲ့ Ogori Shoji ဆိုတဲ့ ကုမ္ပဏီဟာ အစပထမမှာတော့ အမျိုးသားသီးသန့်အဝတ်အစားတွေကို “Men’s Shop OS” ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် ၁၉၈၄ မေလမှာပဲ “Unique Clothing Warehouse” ဆိုတဲ့ နာမည်နဲ့ ပထမဆုံး အမျိုးသား၊ အမျိုးသမီး ဝတ်စုံများကို စတင်ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ မှာတော့ Brand နဲ့သက်ဆိုင်တဲ့ Hong Kong မှ စီမံခန့်ခွဲမှုဝန်ထမ်းများက ကုမ္ပဏီနာမည်ကို မှတ်ပုံတင်ရာမှာ “C” နဲ့ “Q” မှားရေးခဲ့ရာမှ UNIQLO ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။

အဓိကထုတ်လုပ်တာကတော့ အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီး အဝတ်အထည်အတွင်းခံမှသည် ဂျင်းဖက်ရှင်အမျိုးမျိုး ဦးထုပ်အထိကို ခေါင်းအစ ခြေအဆုံး ကျယ်ပြန့်လွန်းပါတယ်။

UNIQLO Brand ရဲ့ ရပ်တည်မှုနဲ့ အောင်မြင်မှုဟာလည်း မယုံနိုင်လောက်စရာပါပဲ။ UNIQLO မှထုတ်လုပ်တဲ့ Products တွေအားလုံးဟာ Fashion ကျ၊ Style ကျတာထက် ရိုးရိုးရှင်းရှင်းနဲ့ လူကြီးလူငယ်အရွယ်မရွေး ဝတ်ဆင်ရအဆင်ပြေတဲ့ ဈေးနှုန်းတွေနဲ့ထုတ်လုပ်ထားတာပါ။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

H&M ၊ Forever 21 ၊ ZARA တို့ရဲ့ Fashion Line အတိုင်းသွားတာမဟုတ်ဘဲ Customer Group တစ်ခုကိုပဲ အာရုံမစိုက်ဘဲ လူတန်းစားအားလုံးအတွက်အဆင်ပြေအောင် ဖန်တီးထုတ်လုပ်ခြင်းနဲ့ ဈေးကွက်ထဲကိုတဖြည်းဖြည်းကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်လာပါတယ်။

ဈေးနှုန်းအဖိုးချိုသာနေပေမယ့် အရည်အသွေးကတော့ လုံးဝမကျသွားဘဲ Technical Specialists တွေခန့်အပ်ပြီး အဝတ်အထည်ထုတ်ကုန်ရဲ့ အရည်အသွေးကို ထိန်းသိမ်းခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဈေးကွက်ခြေလှမ်းဖြန့်ကျက်လာခဲ့ရာမှ ၁၉၉၄ ခုနှစ်အရောက်မှာပဲ ဂျပန်ပြည်တွင်းတင် ဆိုင်ပေါင်း ၁၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်အဆုံးမှာတော့ ဆိုင်ခွဲပေါင်း ၇၀၀ ကျော်နဲ့ ဂျပန်နိုင်ငံအနှံ့ကို ဖြန့်ဝေနိုင်ခဲ့ပါပြီ။ ၂၀၀၆ ခုနှစ်ရဲ့ အရောင်းဝင်ငွေချည်း လေးဘီလီယံခန့်ရှိခဲ့ပြီး ၂၀၀၇ မှာတော့ ဆယ်ဘီလီယံခန့်ရှိလာခဲ့ပါတော့တယ်။

တစ်ဖက်မှာလည်း ၂၀၁၅ ၊ ၂၀၁၆ ခုနှစ်တွေကစပြီး အလုပ်သမားဆူပူအုံကြွမှုတွေ၊ အလုပ်သမားသပိတ်တွေနဲ့ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ခဲ့ရပါသေးတယ်။

UNIQLO ရဲ့ 2020 Goal ကတော့ နှစ်စဉ် Group Sale ကို ၅ ထရီလီယံအထိရဖို့ ခန့်မှန်းခြေ Target သတ်မှတ်နိုင်ခဲ့တဲ့အထိပါပဲ။

2017 သြဂုတ်လကုန်မှာတော့ ကုမ္ပဏီရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးအနှံ့ UNIQLO Store 1920 ဆိုင်အထိ ကျယ်ပြန့်လာခဲ့ပါပြီ။

UNIQLO ရဲ့ အောင်မြင်မှုကတော့ အရှေ့အာရှဂျပန်နိုင်ငံမှသည် တစ်ကမ္ဘာလုံးအထိ သူ့ရဲ့ တန်ဖိုးနည်း၊ အရည်အသွေးကောင်း အဝတ်အထည် လူသုံးကုန်တွေနဲ့ ခြေလှမ်းချဲ့လာခဲ့တာ ခုဆိုရင်တော့ ထိပ်တန်းအအောင်မြင်ဆုံး Brand အဖြစ် ရပ်တည်လာခဲ့ပြီးအရှေ့အာရှတိုက်အတွက် ဂုဏ်ယူစရာတစ်ရပ်အနေနဲ့ ဖော်ကျူးနေပါတော့တယ်။

EiEiKhineMinn (Akhayar)