[Zawgyi]

သခင္မဲ့ဆာမူ႐ုိင္း ဒါမွမဟုတ္ ေလလြင့္ဓါးသမားလို႔ လူေတြသိၾကတဲ့ ႐ုိနင္ေတြအေၾကာင္း

ဆာမူ႐ိုင္းလုိ႔ဆုိလုိက္တာနဲ႔ အားလုံး ဘာကုိဆုိလုိသလဲဆုိတာ သိၾကမွာပါ။ ကၽြန္ေတာ္တုိ႔ငယ္စဥ္ကတည္းက ႐ုပ္ရွင္ဇာတ္လမ္းေတြ၊ ႐ုပ္ျပကာတြန္းေတြနဲ႔ ဝတၳဳစာအုပ္ေတြကေနတဆင့္ ေတြ႔ျမင္ရင္းႏွီးခဲ့ၾကတဲ့ သိပ္ကုိရဲရင့္ၿပီး သစၥာတရားနဲ႔ သိကၡာတရားကို အေလးအနက္ထားၾကတဲ့ ဂ်ပန္ျပည္က စစ္သူရဲေကာင္းေတြေပါ့။ ဒါေပမယ့္ ဆာမူ႐ုိင္းေတြအားလံုးကေတာ့ သိကၡာတရားနဲ႔ ေနၾကသူေတြေတာ့ မဟုတ္ပါဘူး၊ တစ္ခ်ိဳ႕ေသာ ဆာမူ႐ုိင္းေတြကေတာ့ ဆာမူ႐ုိင္းဆုိတဲ့ ဂုဏ္ပုဒ္ကုိစြန္႔လႊတ္ၿပီး လုပ္ႀကံသူလုိ႔ အဓိပၸါယ္ဖြင့္ဆုိႏုိင္တဲ့ ႐ုိနင္ (Ronin) ဘဝကုိ ေရြးခ်ယ္ၾကပါတယ္။ အဲဒီေတာ့ ႐ုိနင္ဆိုတာကို အတိအက်ေျပာရမယ္ဆုိရင္ ေလလြင့္ေနတဲ့ ဆာမူ႐ုိင္းေဟာင္းေတြလို႔ ေခၚဆုိရမွာျဖစ္ပါတယ္။ တကယ္တမ္း အက်ယ္ျဖန္႔ၿပီး အနက္ဖြင့္ဆုိရမယ္ဆုိရင္ေတာ့ ႐ုိနင္ဆိုတာဟာ သခင္မ႐ွိတဲ့ ဆာမူ႐ုိင္းကုိ ဆိုလိုျခင္းပဲ ျဖစ္ပါတယ္။ ဂ်ပန္ပေဒသရာဇ္ေခတ္ျဖစ္တဲ့ ၁၁၈၅ ခုႏွစ္ကေန ၁၈၆၉ ခုႏွစ္အထိ ဆာမူ႐ုိင္းေတြမွာ ဘူရွီဒုိ ႐ွိဳရွင္႐ွဴ (Bushido Shoshinshu) လို႔ေခၚတဲ့ စည္းမ်ဥ္းတစ္ခု႐ွိပါတယ္။ အဲဒီစည္းမ်ဥ္းကေတာ့ ဆာမူ႐ုိင္းတစ္ေယာက္ဟာ သူခစားရာအထက္ကသခင္ ေသဆံုးသြားရင္ ဟာရာကီရီ (hara kiri) လို႔ေခၚတဲ့ ကိုယ့္ကိုယ္ကိုအဆုံးစီရင္ျခင္းကုိ လုပ္ေဆာင္ရပါတယ္။ ဒါေပမယ့္ တကယ္တမ္း သခင္မဲ့သြားတဲ့အခ်ိန္မွာ ဆာမူ႐ုိင္းတစ္ေယာက္ဟာ အဲဒီစည္းမ်ဥ္းကို မလိုက္နာဘူးဆိုရင္ေတာ့ အထက္ကေျပာသလုိ ေလလြင့္ဆာမူ႐ုိင္းေဟာင္း ႐ုိနင္ေတြျဖစ္လာၾကပါတယ္။

Ronin

Ronin

တစ္ေခတ္တစ္ခါတုန္းကေတာ့ တစ္ခ်ိဳ႕ေသာဆာမူ႐ုိင္းေတြဟာ တုိခုဂါဝါ ႐ွိဳဂန္နိတ္ (Tokugawa Shogunate) လို႔ေခၚတဲ့ အစိုးရကို ဆန္႔က်င့္ဖို႔အတြက္ ရုိနင္အျဖစ္ကို ရည္ရြယ္ခ်က္ရွိစြာ ခံယူတက္ၾကပါတယ္။ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြမ႐ွိ၊ လိုက္နာရမယ့္က်င့္ဝတ္ေတြနဲ႔ ေစာင့္ထိန္းရမယ့္ သိကၡာနဲ႔ သစၥာတရားေတြမ႐ွိတာေၾကာင့္ ႐ုိနင္ေတြဟာ လြတ္လပ္စြာပဲ အစိုးရကို ဆန္႔က်င္ၾကပါတယ္။ အဲဒီလုိႏုိင္ငံေရးနဲ႔ စစ္ေရးစစ္ရာေတြ ႐ႈပ္ေထြးေနခ်ိန္မွာ တစ္ခ်ိဳ႕သခင္ေတြဟာ သူတို႔ရဲ႕ လက္ေအာက္ခံ ဆာမူ႐ုိင္းေတြကို ႐ုိနင္အျဖစ္ ခံယူခိုင္းၾကပါတယ္။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ အဲဒီလုိလုပ္လုိက္တဲ့အခါ သူတုိ႔ရဲ႕နာမည္နဲ႔ ဂုဏ္သိကၡာကုိ မထိခုိက္ဘဲ လက္ရွိအစိုးရနဲ႔ အုပ္စုိးေနတဲ့စနစ္ကို ဆန္႔က်င္ႏုိင္မွာျဖစ္ပါတယ္။ တုိခုဂါဝါအစိုးရ အုပ္ခ်ဳပ္ခဲ့တဲ့ကာလမွာ ေျပာင္းလဲလာတဲ့ စနစ္အသစ္ေတြကို ျပည္နယ္အသီးသီးက ဒုိင္မ်ိဳေတြနဲ႔ အရွင္သခင္ေတြဟာ မႏွစ္ၿမိဳ႕တာေၾကာင့္ ႐ုိနင္အေရအတြက္ဟာ ဂ်ပန္ႏုိင္ငံမွာ ျမင့္တက္လာခဲ့ပါတယ္။ ဆာမူ႐ုိင္းဆုိတဲ့ စစ္သူရဲေကာင္းေတြဆီမွာရွိတဲ့ ကန္႔သတ္ခ်က္အတုိင္း ဆာမူ႐ုိင္းတစ္ေယာက္ဟာ သူ႔အထက္ကသခင္ရဲ႕ ခြင့္ျပဳခ်က္မရပဲ အျခားသခင္တစ္ေယာက္စီမွာ အမႈထမ္းခြင့္မ႐ွိ ဆိုတဲ့ ဥပေဒေၾကာင့္ ဆာမူ႐ုိင္းအမ်ားစုဟာ လက္႐ွိသခင္ေတြဆီက ထြက္ခြာၿပီး ႐ုိနင္အျဖစ္နဲ႔ အစိုးရကို အတိအလင္း ဆန္႔က်င္လာၾကပါတယ္။

Ronin

Ronin

အေၾကာင္းတစ္ခုခုေၾကာင့္ သခင္ေသဆံုးတာျဖစ္ေစ၊ သခင္ရဲ႕ စြန္႔ပစ္ျခင္းကို ခံရတာမ်ိဳးျဖစ္ေစ၊ အစရွိတဲ့ ကိစၥမ်ိဳးျဖစ္လာတဲ့အခ်ိန္မ်ိဳးမွာ ဆာမူ႐ုိင္းေတြဟာ ျပဠာန္းထားတဲ့ဥပေဒအရ အျခားသခင္တစ္ေယာက္ေအာက္မွာ အမႈထမ္းခြင့္မ႐ွိတာေၾကာင့္ အသက္ေမြးဝမ္းေၾကာင္းျပဳဖို႔ လုပ္ငန္း႐ွာရပါတယ္။ ဒါေပမယ့္ စစ္ပညာရပ္နဲ႔ ဓားေရးကၽြမ္းက်င္မႈကလြဲၿပီး အျခားဘယ္လုိပညာရပ္မွ မတက္ကၽြမ္းတာေၾကာင့္ သခင္မဲ့တဲ့ ဆာမူ႐ုိင္းေတြဟာ ေနာက္ဆံုးမွာ ႐ုိနင္ေတြအျဖစ္နဲ႔ အခေၾကးေငြယူတဲ့ လုပ္ႀကံသတ္ျဖတ္သူ (assassin) ေတြျဖစ္လာၾကပါတယ္။ ႐ုိနင္အမ်ားစုကေတာ့ ဓားႏွစ္လက္ကုိ ခါးမွာခ်ိတ္ဆြဲၿပီး လက္နက္အျဖစ္ အသံုးျပဳၾကပါတယ္။ ဒါတင္မက တစ္ျခားလက္နက္ပုန္းမ်ားစြာကိုလည္း အသံုးျပဳၾကပါေသးတယ္။ ေငြေၾကးခ်ိဳ႔တဲ့သူေတြကေတာ့ ဓားေရးေလ့က်င့္ရာမွာသံုးတဲ့ ဝါးစိမ္းတုတ္အ႐ွည္ကို လက္နက္အျဖစ္ကိုင္ေဆာင္တတ္ၾကပါတယ္။ သမုိင္းေၾကာင္းတစ္ေလွ်ာက္မွာမွ နာမည္ႀကီးတဲ့ ႐ုိနင္အဖြဲ႔ကေတာ့ 47 Ronins ဆုိတဲ့ ႐ုိနင္ေလးဆယ့္ခုႏွစ္ဦးအဖြဲ႔ပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ သခင္ျဖစ္သူ အဆႏုိ နာဂႏုိရိ (Asano Naganori) ဟာ ကီရာ ႐ုိရွီနာခါ (Kira Yoshinaka) လုိ႔အမည္ရတဲ့ အစိုးရအရာ႐ွိတစ္ေယာက္ကို ကိုယ္ထိလက္ေရာက္ေစာ္ကားမႈေၾကာင့္ ကုိယ့္ကုိယ္ကုိယ္ (hara kiri) လုပ္ၿပီး သတ္ေသဖို႔ တြန္းအားေပးခံရတဲ့အခါမွာ သခင္မဲ့သြားတဲ့ ဆာမူ႐ုိင္း ၄၇ ဦး ႐ုိနင္ေတြျဖစ္လာၾကၿပီး ကြယ္လြန္သြားတဲ့ သခင္အတြက္ အမွန္တရားကိုျပန္လည္ယူေဆာင္ၿပီး လက္စားေခ်ဖို႔ သစၥာဆိုခဲ့ၾကပါတယ္။

ဒီလုိနဲ႔ တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္နီးပါး ျပင္ဆင္မႈေတြအၿပီး ၁၇၀၃ ခုႏွစ္၊ ဇန္နဝါရီလ ၃၀ ရက္ေန႔၊ ႏွင္းမုန္တိုင္းေတြ တိုက္ခတ္ေနတဲ့ ညတစ္ညမွာေတာ့ အဲဒီ႐ုိနင္ ၄၇ ေယာက္ဟာ ကီရာရဲ႕ေနအိမ္ကို အုပ္စုႏွစ္စုခြဲၿပီး အိမ္အေ႐ွ႔ဖက္က တစ္ဖြဲ႔၊ အိမ္အေနာက္ကတစ္ဖြဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အိမ္ထဲက လူအားလံုးကိုမသတ္ပဲ ကီရာနဲ႔ သူ႔ရဲ႔ေနာက္လုိက္ ၁၄ ဦးကုိသာ ကလဲ့စားေခ်တဲ့အေနနဲ႔ သတ္ခဲ့ပါတယ္။ ဒီလုပ္ၾကံသတ္ျဖတ္မႈဟာ တရားမဝင္ေပမယ့္ ဂ်ပန္ျပည္အစိုးရဟာ အဲဒီ႐ုိနင္ ၄၇ ဦးရဲ႕ ရဲရင့္မႈ၊ သတၱိနဲ႔ တည္တံ့လွတဲ့သစၥာတရားကုိ ေလးစားတဲ့အေနနဲ႔ ဆာမူ႐ုိင္းေတြရဲ႕ထုံးတမ္းျဖစ္တဲ့ ဟာရာကီရီနဲ႔ ကုိယ့္ကုိယ္ကုိယ္သတ္ေသေစဖို႔ ခြင့္ျပဳခဲ့ၿပီး တုိက်ိဳၿမိဳ႕ ဆန္ဂါခုဂ်ီ (Sengakuji) ဘုရားေက်ာင္းမွာ ႐ုပ္အေလာင္းေတြကုိ ျမႇဳပ္ႏွံေစခဲ့ပါတယ္။ ဆာမူ႐ုိင္း ဒါမွမဟုတ္ ႐ုိနင္ေတြရဲ႕ အခုလုိသမုိင္းဝင္ျဖစ္ရပ္ကို ျပန္လည္အသက္သြင္းတဲ့အေနနဲ႔ ၂၀၁၃ ခုႏွစ္မွာ နာမည္ေက်ာ္မင္းသား Keanu Reeves ဦးေဆာင္တဲ့ 47 Ronins ႐ုပ္႐ွင္ထြက္႐ွိခဲ့တာေၾကာင့္ ႐ုိနင္ဆုိတဲ့ စကားလုံးဟာ လူေတာ္ေတာ္မ်ားမ်ားနဲ႔လည္း မစိမ္းတဲ့စကားလုံးျဖစ္ခဲ့ပါတယ္။

ဒီျဖစ္ရပ္အျပင္ သမိုင္းတစ္ေလ်ွာက္မွာ နာမည္ႀကီးတဲ့ ေနာက္ထပ္႐ုိနင္တစ္ေယာက္ကေတာ့ မီရာမုိတုိ မူဆာရွီ (Miyamoto Musashi) ပဲျဖစ္ပါတယ္။ သူ႔ကိုေတာ့ မသိတဲ့သူ႐ွားပါးပါတယ္၊ ဘာေၾကာင့္လည္းဆုိေတာ့ မီရာမုိတုိဟာ တစ္ကမာၻလံုးအတိုင္းအတာနဲ႔ အေတာ္ဆံုးဓားသမားလို႔ သတ္မွတ္ခံထားရတဲ့ သူတစ္ေယာက္ျဖစ္လုိ႔ပါပဲ။ အသက္ ၁၃ ႏွစ္သား အရြယ္ကစလို႔ တတ္ေပ့၊ ကၽြမ္းေပ့ဆုိတဲ့ ဓားပညာ႐ွင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္နဲ႔ စိန္ေခၚ စီးခ်င္းထိုးခဲ့ၿပီး ေနာက္ဆုံးအနားယူတဲ့အခ်ိန္အထိ ႐ႈံးပြဲမ႐ွိခဲ့လုိ႔ပါပဲ။ သူ႔ရဲ႕အေတြးအေခၚေတြ၊ သင္ၾကားမႈေတြဟာ သိပ္ကိုေကာင္းမြန္သလို ဓားပညာမွာ ၿပိဳင္ဘက္မ႐ွိဘြဲ႔ကို ရခဲ့တာေၾကာင့္ ဂ်ပန္သာမက ကမာၻ႕သမိုင္းမွာပါ အားလံုးအမွတ္ရေနၾကတဲ့ ႐ုိနင္တစ္ေယာက္ပဲျဖစ္ပါတယ္။

Ronin

Ronin

ဒီေလာက္ဆုိရင္ ႐ုိနင္ဆုိတာ ဘာလဲ? ေလလြင့္ေနတဲ့ဆာမူ႐ုိင္းေတြနဲ႔ သူတုိ႔ရဲ႔သမုိင္းဝင္ျဖစ္ရပ္ေတြကုိ သိရွိသြားေလာက္ၿပီ ထင္ပါတယ္။ ေနာက္ထပ္ၿပီးလည္း အခုလုိ စိတ္ဝင္စားဖုိ႔ေကာင္းတဲ့ ဗဟုသုတျဖစ္ဖြယ္ေဆာင္းပါးေလးေတြကုိ ျပန္လည္တင္ဆက္သြားမွာမုိ႔ ေစာင့္ေမွ်ာ္ႏုိင္ပါတယ္။ ဖတ္႐ႈသူအားလုံးကုိ ေက်းဇူးတင္ပါတယ္။

Ref: historycollections

Wine & Yan

www.akhayar.com

[Unicode]

သခင်မဲ့ဆာမူရိုင်း ဒါမှမဟုတ် လေလွင့်ဓါးသမားလို့ လူတွေသိကြတဲ့ ရိုနင်တွေအကြောင်း

ဆာမူရိုင်းလို့ဆိုလိုက်တာနဲ့ အားလုံး ဘာကိုဆိုလိုသလဲဆိုတာ သိကြမှာပါ။ ကျွန်တော်တို့ငယ်စဉ်ကတည်းက ရုပ်ရှင်ဇာတ်လမ်းတွေ၊ ရုပ်ပြကာတွန်းတွေနဲ့ ဝတ္ထုစာအုပ်တွေကနေတဆင့် တွေ့မြင်ရင်းနှီးခဲ့ကြတဲ့ သိပ်ကိုရဲရင့်ပြီး သစ္စာတရားနဲ့ သိက္ခာတရားကို အလေးအနက်ထားကြတဲ့ ဂျပန်ပြည်က စစ်သူရဲကောင်းတွေပေါ့။ ဒါပေမယ့် ဆာမူရိုင်းတွေအားလုံးကတော့ သိက္ခာတရားနဲ့ နေကြသူတွေတော့ မဟုတ်ပါဘူး၊ တစ်ချို့သော ဆာမူရိုင်းတွေကတော့ ဆာမူရိုင်းဆိုတဲ့ ဂုဏ်ပုဒ်ကိုစွန့်လွှတ်ပြီး လုပ်ကြံသူလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်တဲ့ ရိုနင် (Ronin) ဘဝကို ရွေးချယ်ကြပါတယ်။ အဲဒီတော့ ရိုနင်ဆိုတာကို အတိအကျပြောရမယ်ဆိုရင် လေလွင့်နေတဲ့ ဆာမူရိုင်းဟောင်းတွေလို့ ခေါ်ဆိုရမှာဖြစ်ပါတယ်။ တကယ်တမ်း အကျယ်ဖြန့်ပြီး အနက်ဖွင့်ဆိုရမယ်ဆိုရင်တော့ ရိုနင်ဆိုတာဟာ သခင်မရှိတဲ့ ဆာမူရိုင်းကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ဂျပန်ပဒေသရာဇ်ခေတ်ဖြစ်တဲ့ ၁၁၈၅ ခုနှစ်ကနေ ၁၈၆၉ ခုနှစ်အထိ ဆာမူရိုင်းတွေမှာ ဘူရှီဒို ရှိုရှင်ရှူ (Bushido Shoshinshu) လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခုရှိပါတယ်။ အဲဒီစည်းမျဉ်းကတော့ ဆာမူရိုင်းတစ်ယောက်ဟာ သူခစားရာအထက်ကသခင် သေဆုံးသွားရင် ဟာရာကီရီ (hara kiri) လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းကို လုပ်ဆောင်ရပါတယ်။ ဒါပေမယ့် တကယ်တမ်း သခင်မဲ့သွားတဲ့အချိန်မှာ ဆာမူရိုင်းတစ်ယောက်ဟာ အဲဒီစည်းမျဉ်းကို မလိုက်နာဘူးဆိုရင်တော့ အထက်ကပြောသလို လေလွင့်ဆာမူရိုင်းဟောင်း ရိုနင်တွေဖြစ်လာကြပါတယ်။

Ronin

Ronin

တစ်ခေတ်တစ်ခါတုန်းကတော့ တစ်ချို့သောဆာမူရိုင်းတွေဟာ တိုခုဂါဝါ ရှိုဂန်နိတ် (Tokugawa Shogunate) လို့ခေါ်တဲ့ အစိုးရကို ဆန့်ကျင့်ဖို့အတွက် ရိုနင်အဖြစ်ကို ရည်ရွယ်ချက်ရှိစွာ ခံယူတက်ကြပါတယ်။ ချမှတ်ထားတဲ့ စည်းမျဉ်းတွေမရှိ၊ လိုက်နာရမယ့်ကျင့်ဝတ်တွေနဲ့ စောင့်ထိန်းရမယ့် သိက္ခာနဲ့ သစ္စာတရားတွေမရှိတာကြောင့် ရိုနင်တွေဟာ လွတ်လပ်စွာပဲ အစိုးရကို ဆန့်ကျင်ကြပါတယ်။ အဲဒီလိုနိုင်ငံရေးနဲ့ စစ်ရေးစစ်ရာတွေ ရှုပ်ထွေးနေချိန်မှာ တစ်ချို့သခင်တွေဟာ သူတို့ရဲ့ လက်အောက်ခံ ဆာမူရိုင်းတွေကို ရိုနင်အဖြစ် ခံယူခိုင်းကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလိုလုပ်လိုက်တဲ့အခါ သူတို့ရဲ့နာမည်နဲ့ ဂုဏ်သိက္ခာကို မထိခိုက်ဘဲ လက်ရှိအစိုးရနဲ့ အုပ်စိုးနေတဲ့စနစ်ကို ဆန့်ကျင်နိုင်မှာဖြစ်ပါတယ်။ တိုခုဂါဝါအစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလမှာ ပြောင်းလဲလာတဲ့ စနစ်အသစ်တွေကို ပြည်နယ်အသီးသီးက ဒိုင်မျိုတွေနဲ့ အရှင်သခင်တွေဟာ မနှစ်မြို့တာကြောင့် ရိုနင်အရေအတွက်ဟာ ဂျပန်နိုင်ငံမှာ မြင့်တက်လာခဲ့ပါတယ်။ ဆာမူရိုင်းဆိုတဲ့ စစ်သူရဲကောင်းတွေဆီမှာရှိတဲ့ ကန့်သတ်ချက်အတိုင်း ဆာမူရိုင်းတစ်ယောက်ဟာ သူ့အထက်ကသခင်ရဲ့ ခွင့်ပြုချက်မရပဲ အခြားသခင်တစ်ယောက်စီမှာ အမှုထမ်းခွင့်မရှိ ဆိုတဲ့ ဥပဒေကြောင့် ဆာမူရိုင်းအများစုဟာ လက်ရှိသခင်တွေဆီက ထွက်ခွာပြီး ရိုနင်အဖြစ်နဲ့ အစိုးရကို အတိအလင်း ဆန့်ကျင်လာကြပါတယ်။

Ronin

Ronin

အကြောင်းတစ်ခုခုကြောင့် သခင်သေဆုံးတာဖြစ်စေ၊ သခင်ရဲ့ စွန့်ပစ်ခြင်းကို ခံရတာမျိုးဖြစ်စေ၊ အစရှိတဲ့ ကိစ္စမျိုးဖြစ်လာတဲ့အချိန်မျိုးမှာ ဆာမူရိုင်းတွေဟာ ပြဠာန်းထားတဲ့ဥပဒေအရ အခြားသခင်တစ်ယောက်အောက်မှာ အမှုထမ်းခွင့်မရှိတာကြောင့် အသက်မွေးဝမ်းကြောင်းပြုဖို့ လုပ်ငန်းရှာရပါတယ်။ ဒါပေမယ့် စစ်ပညာရပ်နဲ့ ဓားရေးကျွမ်းကျင်မှုကလွဲပြီး အခြားဘယ်လိုပညာရပ်မှ မတက်ကျွမ်းတာကြောင့် သခင်မဲ့တဲ့ ဆာမူရိုင်းတွေဟာ နောက်ဆုံးမှာ ရိုနင်တွေအဖြစ်နဲ့ အခကြေးငွေယူတဲ့ လုပ်ကြံသတ်ဖြတ်သူ (assassin) တွေဖြစ်လာကြပါတယ်။ ရိုနင်အများစုကတော့ ဓားနှစ်လက်ကို ခါးမှာချိတ်ဆွဲပြီး လက်နက်အဖြစ် အသုံးပြုကြပါတယ်။ ဒါတင်မက တစ်ခြားလက်နက်ပုန်းများစွာကိုလည်း အသုံးပြုကြပါသေးတယ်။ ငွေကြေးချို့တဲ့သူတွေကတော့ ဓားရေးလေ့ကျင့်ရာမှာသုံးတဲ့ ဝါးစိမ်းတုတ်အရှည်ကို လက်နက်အဖြစ်ကိုင်ဆောင်တတ်ကြပါတယ်။ သမိုင်းကြောင်းတစ်လျှောက်မှာမှ နာမည်ကြီးတဲ့ ရိုနင်အဖွဲ့ကတော့ 47 Ronins ဆိုတဲ့ ရိုနင်လေးဆယ့်ခုနှစ်ဦးအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သခင်ဖြစ်သူ အဆနို နာဂနိုရိ (Asano Naganori) ဟာ ကီရာ ရိုရှီနာခါ (Kira Yoshinaka) လို့အမည်ရတဲ့ အစိုးရအရာရှိတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားမှုကြောင့် ကိုယ့်ကိုယ်ကိုယ် (hara kiri) လုပ်ပြီး သတ်သေဖို့ တွန်းအားပေးခံရတဲ့အခါမှာ သခင်မဲ့သွားတဲ့ ဆာမူရိုင်း ၄၇ ဦး ရိုနင်တွေဖြစ်လာကြပြီး ကွယ်လွန်သွားတဲ့ သခင်အတွက် အမှန်တရားကိုပြန်လည်ယူဆောင်ပြီး လက်စားချေဖို့ သစ္စာဆိုခဲ့ကြပါတယ်။

ဒီလိုနဲ့ တစ်နှစ်ကျော် နှစ်နှစ်နီးပါး ပြင်ဆင်မှုတွေအပြီး ၁၇၀၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နှင်းမုန်တိုင်းတွေ တိုက်ခတ်နေတဲ့ ညတစ်ညမှာတော့ အဲဒီရိုနင် ၄၇ ယောက်ဟာ ကီရာရဲ့နေအိမ်ကို အုပ်စုနှစ်စုခွဲပြီး အိမ်အရှေ့ဖက်က တစ်ဖွဲ့၊ အိမ်အနောက်ကတစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် အိမ်ထဲက လူအားလုံးကိုမသတ်ပဲ ကီရာနဲ့ သူ့ရဲ့နောက်လိုက် ၁၄ ဦးကိုသာ ကလဲ့စားချေတဲ့အနေနဲ့ သတ်ခဲ့ပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ တရားမဝင်ပေမယ့် ဂျပန်ပြည်အစိုးရဟာ အဲဒီရိုနင် ၄၇ ဦးရဲ့ ရဲရင့်မှု၊ သတ္တိနဲ့ တည်တံ့လှတဲ့သစ္စာတရားကို လေးစားတဲ့အနေနဲ့ ဆာမူရိုင်းတွေရဲ့ထုံးတမ်းဖြစ်တဲ့ ဟာရာကီရီနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေစေဖို့ ခွင့်ပြုခဲ့ပြီး တိုကျိုမြို့ ဆန်ဂါခုဂျီ (Sengakuji) ဘုရားကျောင်းမှာ ရုပ်အလောင်းတွေကို မြှုပ်နှံစေခဲ့ပါတယ်။ ဆာမူရိုင်း ဒါမှမဟုတ် ရိုနင်တွေရဲ့ အခုလိုသမိုင်းဝင်ဖြစ်ရပ်ကို ပြန်လည်အသက်သွင်းတဲ့အနေနဲ့ ၂၀၁၃ ခုနှစ်မှာ နာမည်ကျော်မင်းသား Keanu Reeves ဦးဆောင်တဲ့ 47 Ronins ရုပ်ရှင်ထွက်ရှိခဲ့တာကြောင့် ရိုနင်ဆိုတဲ့ စကားလုံးဟာ လူတော်တော်များများနဲ့လည်း မစိမ်းတဲ့စကားလုံးဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြင် သမိုင်းတစ်လျှောက်မှာ နာမည်ကြီးတဲ့ နောက်ထပ်ရိုနင်တစ်ယောက်ကတော့ မီရာမိုတို မူဆာရှီ (Miyamoto Musashi) ပဲဖြစ်ပါတယ်။ သူ့ကိုတော့ မသိတဲ့သူရှားပါးပါတယ်၊ ဘာကြောင့်လည်းဆိုတော့ မီရာမိုတိုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အတော်ဆုံးဓားသမားလို့ သတ်မှတ်ခံထားရတဲ့ သူတစ်ယောက်ဖြစ်လို့ပါပဲ။ အသက် ၁၃ နှစ်သား အရွယ်ကစလို့ တတ်ပေ့၊ ကျွမ်းပေ့ဆိုတဲ့ ဓားပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ စိန်ခေါ် စီးချင်းထိုးခဲ့ပြီး နောက်ဆုံးအနားယူတဲ့အချိန်အထိ ရှုံးပွဲမရှိခဲ့လို့ပါပဲ။ သူ့ရဲ့အတွေးအခေါ်တွေ၊ သင်ကြားမှုတွေဟာ သိပ်ကိုကောင်းမွန်သလို ဓားပညာမှာ ပြိုင်ဘက်မရှိဘွဲ့ကို ရခဲ့တာကြောင့် ဂျပန်သာမက ကမ္ဘာ့သမိုင်းမှာပါ အားလုံးအမှတ်ရနေကြတဲ့ ရိုနင်တစ်ယောက်ပဲဖြစ်ပါတယ်။

Ronin

Ronin

ဒီလောက်ဆိုရင် ရိုနင်ဆိုတာ ဘာလဲ? လေလွင့်နေတဲ့ဆာမူရိုင်းတွေနဲ့ သူတို့ရဲ့သမိုင်းဝင်ဖြစ်ရပ်တွေကို သိရှိသွားလောက်ပြီ ထင်ပါတယ်။ နောက်ထပ်ပြီးလည်း အခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဗဟုသုတဖြစ်ဖွယ်ဆောင်းပါးလေးတွေကို ပြန်လည်တင်ဆက်သွားမှာမို့ စောင့်မျှော်နိုင်ပါတယ်။ ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်။

Ref: historycollections

Wine & Yan

www.akhayar.com